Recent in Technology

Kali မှာ Proton VPN install မရသူတွေအတွက်

Proton VPN ကို Download ဆွဲ မရဘူး၊ install လုပ်မရဘူးဆိုသူတွေအတွက် ဒီ article ကို ရေးပါတယ်။ ဘာလို့ download & install လုပ်မရတာလဲဆိုရင်တော့ ISP က ပိတ်ထားလို့ပါ။ ဘာလို့ ပိတ်ထားတာလဲဆိုရင်တော့ မသုံးအောင်လို့ (သုံးမရအောင်လို့) ပါ။ ဘာလို့ မသုံးစေချင်တာလဲဆိုတာတော့ ရှင်းပါတယ်။ သုံးချင်တယ်ဆိုရင်တော့ configuration file ကို အောက်ပါ link ကနေ download ဆွဲနိုင်ပါတယ်။

Download ဆွဲပြီးပြီဆိုရင်တော့ Terminal မှာ Downloads directory ဆီ သွားပြီးတော့ အောက်ပါအတိုင်း install လုပ်နိုင်ပါတယ်။

khitminnyo@aio:~#  sudo dpkg -i protonvpn-stable-release_1.0.3-3_all.deb

protonvpn-stable-release_1.0.3-3_all.deb ဖိုင်က တကယ်တမ်း proton vpn application ကို install လုပ်တာ မဟုတ်သေးပါဘူး။ သူက proton vpn ကို install လုပ်ပေးနိုင်မယ့် source ကို ကျွန်တော်တို့ရဲ့ Kali (Linux) machine ရဲ့ /etc/apt/sources.list.d ဆိုတဲ့ directory ထဲမှာ source file တစ်ခုကို တည်ဆောက်ပေးရုံသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ install ပြီးသွားတဲ့အခါ update လုပ်ပေးဖို့ လိုအပ်ပါတယ်။

khitminnyo@aio:~#  sudo apt update

apt update လုပ်ပြီးသွားတဲ့အခါ proton-vpn ကို install လုပ်ပြီး သုံးလို့ရပြီ ဖြစ်ပါတယ်။ install မလုပ်ခင်မှာ ကျွန်တော်တို့ရဲ့ source မှာ ရှိတဲ့ package တွေ update လုပ်လို့ရတာတွေ ရှိနေနိုင်တာမို့လို့ system upgrade လုပ်စရာတွေရှိရင်လည်း လုပ်ထားဖို့ လိုပါတယ်။ အောက်ပါ command ကို အသုံးပြုနိုင်ပါတယ်။

khitminnyo@aio:~#  sudo apt full-upgrade -y

အားလုံး အသင့်ဖြစ်ပြီဆိုတဲ့အခါ proton-vpn ကို အောက်ပါအတိုင်း install လုပ်နိုင်ပြီ ဖြစ်ပါတယ်။

khitminnyo@aio:~#  sudo apt install proton-vpn-gnome-desktop

ဒါဆိုရင် Proton VPN ကို install လုပ်ပြီးပြီ ဖြစ်ပါတယ်

Post a Comment

0 Comments

People