Metasploitable 3 (Labs) ကို ဖန်တီးခြင်း
Metasploitable ဆိုတာက Metasploit Framework နဲ့ attack လုပ်ရာမှာ တရားဝင် စမ်းသပ်နိုင်စေဖို့အတွက် ဖန်တီးထားတဲ့ Labs machine ဖြစ်ပါတယ်။ Metasploitable, Metasploitable2 နဲ့ ခု metasploitable3 ဆိုပြီးတော့ version တွေ ရှိခဲ့ပါတယ်။ Metasploitable 2 ရယ် သူ့ကို attack လုပ်ပုံတွေရယ်ကိုတော့ ကျွန်တော့်ရဲ့ Hacking ဒုတိယတန်း စာအုပ်မှာ ရေးခဲ့ပြီး ဖြစ်လို့မို့ သိတဲ့သူတွေလည်း သိပြီးသား ဖြစ်ပါတယ်။
မသိသေးဘူးဆိုရင်တော့ ဒီ blog menu ကနေ ကျွန်တော့်စာအုပ်များ ဆိုတဲ့ ကဏ္ဍမှာ သွားရောက်ဒေါင်းယူနိုင် ပါတယ်ဗျ။ Link လိုချင်ရင်တော့
👉👉👉👉👉👉👉👉👉👉 ဒီမှာ နှိပ်ပါ 👈👈👈👈👈👈👈👈👈👈
Metasploitable3 ကို Windows မှာရော Linux မှာပါ ကိုယ့်ဘာသာ ဖန်တီးလို့ရပါတယ်။
1. VirtualBox နဲ့ vagrant ကို install ထားပါ။
2. VirtualBox Guest extension ကိုပါ install ထားပါ။
3. restart your computer
ပြီးရင် စတင် ဖန်တီးနိုင်ပါပြီ။
ဖန်တီးနိုင်ဖို့အတွက် လိုအပ်တဲ့ script တွေနဲ့ command တွေကိုတော့ အောက်ပါ official github repo မှာ ယူနိုင်ပါတယ်။ https://github.com/rapid7/metasploitable3
မှတ်ချက်။။။ ။ Create ဖို့အတွက် အင်တာနက် လိုင်း ကောင်းကောင်း လိုပါတယ်။ ဖုန်းဘေနဲ့ သုံးသူတွေ မကိုက်ပါဘူး။ အချိန်လည်း အများကြီး ကြာပါမယ်ဗျ။
ပြီးပြီဆိုရင်တော့ လက်တွေ့ စမ်းပြီး exploit လို့ ရပါပြီ။
ဘယ်လို exploit လုပ်ရမလဲဆိုတာ မသိသေးဘူးဆိုရင်တော့ (ခုချိန်မှာ ကျွန်တော် ရေးနေတဲ့)
The First Step Towards Hacking ဆိုတဲ့ (မြန်မာလို) စာအုပ် ကို ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။
Metasploitable 3 မှာက Windows နဲ့ Linux ဆိုပြီး Target System ၂ မျိုးစာ ပါပါတယ်။ ဆိုလိုတာက
Victim သည် Windows & Linux ဆိုပြီး machine ၂ လုံးစာ ဆိုတော့ စမ်းသပ် attack လုပ်တဲ့အခါ တကယ့်ကို ကောင်းမွန်တဲ့ အတွေ့အကြုံကို ရရှိမှာ ဖြစ်ပါတယ်။
အကယ်၍ Metasploitable 3 ကို create မလုပ်ချင်ဘူး
Download ဆွဲပြီးတော့ပဲ VirtualBox မှာ တန်းသုံးလို့ရချင်တယ်ဆိုရင်တော့ အသင့်လုပ်ပြီးသား ရှိပါတယ်။
အောက်ပါ Link တွေကနေ ဒေါင်းယူနိုင်ပါတယ်။ လေ့လာတဲ့အခါ တစ်ခုတည်းကိုပဲ ယူရုံနဲ့ မလုံလောက်ပါဘူး။
Download Links ==>>>>
Linux File Size (7 GB ခန့်)
Windows Version Size (3 GB)
အားလုံးကို ကျေးဇူးပါဗျ
very good
ReplyDelete