Mr. Robot - Hack Sense Review (အပိုင်း - ၁)
အားလုံး သိကြတဲ့အတိုင်း Mr. Robot စီးရီးဟာ ရှိခဲ့သမျှသော Hacker Movie တွေထဲမှာ Real World Taste ကို ခံစားရစေတဲ့ အကောင်းဆုံးသော ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကလည်း တော်ကြပြီး ပီပြင်သလို နည်းပညာ နောက်ခံတွေကလည်း လုံးဝ မိုက်နေတာပါပဲ။ ပြောစရာသိပ်မရှိလှတဲ့ စီးရီးလို့ ဆိုရပါလိမ့်မယ်။ အဲသည်မှာ Mr. Robot series ထဲက Hack တဲ့ အခန်းတွေနဲ့ အကြောင်းအရာတွေကို ကျွန်တော် အားလပ်ချိန်လေးတွေ ရရင် ရသလို YouTube မှာဖြစ်စေ၊ ကျွန်တော့်ရဲ့ ဒီ Blog လေးမှာ ဖြစ်စေ တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခု ဒီ article မှာ ပြထားတဲ့ ပုံကတော့ Mr. Robot - Season 1, Episode 1 ရဲ့ စ စချင်း ဇာတ်ဝင်ခန်းပါ။ ရွန် ဆိုသူ စားသောက်ဆိုင်ပိုင်ရှင်ကို Elliot က သွားပြောပြတဲ့ ဇာတ်ဝင်ခန်းမှာ သူပြောပြတဲ့ထဲက စကားအချို့က ဒီလိုပါ။
i know you run a website called plato's voice , you're using tor networking to keep the servers anonymous. you made it really hard for anyone to see it . but i saw it
the onion rooting protocol it's not as anonymous as you think it is whoever's in control of the exit nodes is also in control of the traffic which makes me the one in control
အဲမှာ သိပ်မရှင်းတဲ့ ကိစ္စ တစ်ခု ရှိပါတယ်။ tor ဆိုတာ အင်တာနက်ပေါ်မှာ user တွေ ဘာလုပ်တယ်ဆိုတာကို ဖုံးကွယ်နိုင်ဖို့အတွက် အသုံးပြုတဲ့ နက်ဝပ်ဖြစ်ပါတယ်။
သူက ဘယ်လိုအလုပ်လုပ်လဲဆိုတော့ ပထမဆုံး entry node ကို ဆက်တယ်။ ပြီးတော့ အဲသည် entry node ကနေမှ midpoint node, midpoint node ကနေတစ်ဆင့် exit node ကို ဆက်ပြီးတော့ အဲသည် exit node ကနေမှတစ်ဆင့် Website တွေဆီကို ဆက်သွားပါတယ်။
ပုံမှာကြည့်ပါ။ ဒီချိန်းထဲမှာ ပါဝင်နေတဲ့ node တွေသည် previous node နဲ့ next node ရဲ့ IP address ကိုပဲ သိကြပါတယ်။ ဒီတော့ Website က ဘာမြင်လဲဆိုရင် သူ့ဆီကို ဆက်သွယ်လာတဲ့ Exit Node ရဲ့ IP address ကိုပဲ မြင်ပါတယ်။ ဒီတော့ real IP ကို သိဖို့ဆိုရင် Exit node ကနေ midpoint node, minpoint node ကနေမှ entry node, entry node ကနေမှ user ဆီကို ဆိုပြီး အဆင့်ဆင့် trace လုပ်နေရမှာဖြစ်ပြီး အဲဒါက မဖြစ်နိုင်လောက်အောင် ခက်ခဲပါတယ်။
tor attack မှာ အဓိကအားဖြင့် ၂ မျိုး ရှိပါတယ်။
ပထမတစ်ခုက node တွေကို run လိုက်တဲ့အခါမှာ ဘယ်သူကတော့ဖြင့် entry node ကို connect လုပ်တယ်ဆိုတာ သိနိုင်ပါတယ်။
အဲကနေမှတစ်ဆင့် ဘယ် address ကို connect လုပ်ဖို့ ကြိုးစားတယ်ဆိုတာကို ဖော်ထုတ်လို့ ရနိုင်ပါတယ်။
ဒုတိယ attack ကတော့ exit node ပါ။ exit node က VPN လို့ပဲ အလွယ်မှတ်ရအောင်။ သူက ကျွန်တော်တို့ ချိတ်ဆက်ချင်တဲ့ website နဲ့ ချိတ်ဆက်ပေးတဲ့သူပါ။ အကယ်၍ attacker က ကျွန်တော်တို့ရဲ့ WiFi network ထဲမှာ ရောက်နေတယ်ဆိုရင် man in the middle attack ကို သုံးပြီးတော့ traffic ကို ရယူနိုင်ချေရှိပါတယ်။ အဲသည်မှာ malware တွေထည့်တာမျိုး၊ inject လုပ်တာမျိုး စတဲ့နည်းလမ်းတွေသုံးပြီးတော့ Website ကို attack လုပ်တာမျိုး လုပ်နိုင်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ Ron က tor network ထဲမှာ run နေတဲ့ hidden website (onion) ကို သုံးတဲ့သူပါ။ ဒီတော့ exit node ထွက်စရာမရှိဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
ဒါဆိုရင် Elliot က Ron ရဲ့ hidden website ကို တကယ်တမ်း တိုက်ရိုက်ရှာတွေ့ခဲ့တာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လို့ Ron ရဲ့ network ထဲမှာ သူ ရောက်နေတာမို့လို့ အဲကနေတစ်ဆင့် Ron ရဲ့ email ကို ရပြီး အဲသည်မှာ Onion Site register လုပ်ထားတဲ့ mail မျိုး တွေ့ခဲ့ပြီဆိုရင်တော့ Elliot က onion site ကို ရှာတွေ့နိုင်ပါတယ်။
အဲလိုမှ မဟုတ်ဘဲ exit node ကို သုံးပြီးတော့ Ron ရဲ့ hidden website ကို hack ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။
ဒီလောက်ဆို အတန်အသင့် နားလည်မယ်ထင်ပါတယ်။ နောက်အပိုင်းတွေမှာ ဆက် ဆုံကြတာပေါ့။
ဒီအကြောင်းကို video နဲ့ပါ ကြည့်ချင်ရင်တော့ YouTube Channel ကနေ 27.8.2022 (ခုစာ ရေးနေတဲ့ စနေနေ့ ) ည ၉ နာရီတိတိ မှာ YouTube channel ထဲဝင်ပြီး Live လေး ကြည့်လို့ ရပါတယ်ဗျ။
ပြီးသွားရင် link ကို edit လုပ်ပြီး တင်ပေးထားပါမယ်။
Thank you , all …
how can i download Mr.Robot seasons and full episodes ,sir...
ReplyDelete