VPN ဆိုတာ ဘာလဲ။ ဘာကြောင့် VPN သုံးဖို့ လိုအပ်တာလဲ ဆိုတာ …
VPN ဆိုတာ ဘာလဲ။ ဘာကြောင့် VPN သုံးဖို့ လိုအပ်တာလဲ ဆိုတာ …
VPN ဆိုတာ Virtual Private Network ရဲ့ အတိုကောက် ဆိုတာကိုတော့ တော်တော်များများ သိကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အတွင်းကျကျ သိသူတော့ ရှားပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေး ရေးဖြစ်ပါတယ်။ ဒီထဲမှာ လူအများစု အမှတ်မှားနေတဲ့ 1111 သည် VPN ဟုတ် မဟုတ် ဆိုတာကိုပါ ထည့်သွင်း ဆွေးနွေးပေးသွားပါမယ်။
VPN ဆိုတာ ဘာလဲ။
အင်တာနက် အသုံးပြုမှု တွင်ကျယ်လာတဲ့အမျှ လူမှုဘဝတွေမှာ ပိုပြီး အဆင်ပြေချာမွေ့လာတာကိုတော့ ငြင်းပယ်စရာမလိုအောင် ရှင်းလှပါတယ်။ ကျွန်တော်တို့ အားလုံးလိုလိုမှာ အင်တာနက် သုံးနိုင်တဲ့ ကိရိယာ တစ်ခုတော့ အနည်းဆုံး ရှိနေကြပါတယ်။ ကျွန်တော်တို့ လက်ထဲက ဖုန်းတွေ၊ ကွန်ပျူတာတွေကို အင်တာနက် ချိတ်ဆက်ပြီး ကမ္ဘာတစ်လွှားက အခြားသူတွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ချိတ်ဆက်နိုင် ဆက်သွယ်နိုင်လာကြပါတယ်။ ပညာတွေ လေ့လာဆည်းပူးနိုင်လာကြတယ်။ မသိသေးတဲ့ အကြောင်းအရာတွေကို ရှာဖွေဖတ်ရှုနိုင်လာကြတယ်။ ကမ္ဘာတစ်လွှားက မရောက်ဖူးတဲ့ နေရာဒေသတွေနဲ့ ထိတွေ့ခံစားနိုင်လာကြပါတယ်။ အင်တာနက်ရဲ့ ကောင်းကျိုးတွေက မနည်းလှပါဘူး။
ဒါပေမဲ့လို့ အင်တာနက် က အလုံးစုံ ပြည့်စုံကောင်းမွန်နေတဲ့အရာ တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အွန်လိုင်းအသုံးပြုနေတဲ့အချိန်မှာ အားနည်းချက်တွေလည်းပဲ မူလအင်တာနက်မှာကိုက ပါဝင်ဒွန်တွဲနေပါတယ်။ ကြော်ငြာလုပ်ငန်းလုပ်သူတွေ (e.g. Facebook, Google, …)၊ ကျွန်တော်တို့ကို spy လုပ်ချင်တဲ့သူတွေ၊ ကျွန်တော်တို့ကို စောင့်ကြည့်ဖို့ ကြိုးစားနေနိုင်တဲ့ Government တွေ၊ snooper တွေ၊ Hacker တွေသည် အင်တာနက်ရဲ့ အဲသည် အားနည်းချက်ကို အသုံးချကြပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ အင်တာနက် အသုံးပြုမှုကို ပိုပြီး လုံခြုံစိတ်ချရအောင် ကူညီပေးနိုင်တဲ့ အရာတွေ လိုအပ်လာပါတယ်။ အဲသည်အရာတွေထဲကမှ အရေးပါဆုံးတစ်ခုက VPN ဖြစ်ပါတယ်။
VPN သုံးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့မှာ ကောင်းကျိုးတွေ အများကြီး ရှိလာပါတယ်။ အဲထဲနေမှ ထုတ်နှုတ်ပြရမယ်ဆိုရင်
1.More Privacy
VPN သုံးလိုက်ခြင်းကြောင့် ကျွန်တော်တို့ရဲ့ connection သည် ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေ ဖုန်းတွေနဲ့ တိုက်ရိုက် မပတ်သက်တော့ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့သုံးနေတဲ့ အင်တာနက်လိုင်းကို ပိုင်ဆိုင်တဲ့ internet service privider (ISP) သည် ကျွန်တော်တို့ ဘယ် website တွေကို ဝင်ကြည့်တယ်။ ဘာတွေလုပ်တယ်ဆိုတာကို မသိနိုင်တော့ပါဘူး။ ဒါကြောင့်မို့ VPN သုံးရင် More Privacy ဖြစ်ပါတယ်။
2.Better Security
VPN connection တွေသည် လုံခြုံမှအတွက် အတော်စိတ်ချရပါတယ်။ ကျွန်တော်တို့ရဲ့ အင်တာနက်ပေါ်မှာ လုပ်ဆောင်သမျှ လုပ်ငန်းဆောင်တာတွေအားလုံးကို encrypt လုပ်ပေးထားတာဖြစ်လို့မို့ ကြားဖြတ်ဖမ်းယူလို့ရ သွားရင်တောင်မှ ဘာလုပ်နေမှန်း မသိနိုင်ကြပါဘူး။ အချက်အလက် ပေါက်ကြားဖို့ မဖြစ်နိုင်ကြပါဘူး။ ဒါသည် ပိုပြီး လုံခြုံမှုရှိတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။
3. Access
VPN server အများစုမှာ block လုပ်ထားတာ ဘာမှ မရှိတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကြိုက်နှစ်သက်ရာ Website ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အင်တာနက် ဆင်ဆာ ပိတ်ဆို့တာမျိုး (ဥပမာ - မြန်မာပြည်မှာ Facebook သုံးမရအောင် ပိတ်ထားတာမျိုး) ကိုပါ ကျော်လွှားနိုင်လာပါတယ်။
4. Anonymity
VPN သုံးမယ်ဆိုရင် အင်တာနက်ပေါ်မှာ ကျွန်တော်တို့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ပေးနိုင်တာမို့ anonymous ပိုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တကယ့် IP အစစ်က ပျောက်ကွယ်နေမှာဖြစ်ပြီးတော့ VPN server ရဲ့ အလှည့်ကျ IP ကိုသာ ကျွန်တော်တို့ရဲ့ ချိတ်ဆက်မှုတိုင်းမှာ ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်က မြန်မာပြည်မှာရှိနေပေမယ့်လို့ VPN server ကို US မှာ ထားထားလိုက်ရင် US က user တစ်ယောက် သုံးနေသလို ဖြစ်သွားစေပါတယ်။ ဒါဟာ ခြေရာခံဖို့ ခက်ခဲအောင် ဖန်တီးပေးနိုင်တဲ့ VPN ရဲ့ အားသာချက် တစ်ခု ဖြစ်ပါတယ်။
ဘာကြောင့် VPN သုံးဖို့ လိုအပ်တာလဲ။
ဒီမေးခွန်းကို အတိုဆုံး ဖြေရရင် အင်တာနက်မှာ အဓိကအားဖြင့် ယိုပေါက် ၇ ခု ရှိလို့ပါပဲ။ ဘာတွေလဲဆိုရင် -
1. Free WiFi can be dangerous
Free WiFi ဆိုတာ လူအတော်များများ စိတ်ဝင်စားမယ့်အရာပါ။ အထူးသဖြင့် မိုဘိုင်းဒေတာတွေ စျေးသိပ်ကြီးနေတဲ့ ခုလိုကာလတွေမျိုးမှာပေါ့။ ဒီတော့ လက်ဖက်ရည်ဆိုင် ထိုင်ရင်တောင် Free WiFi လေးရတော့ ပိုအဆင်ပြေတာဖြစ်လို့ အဲလိုရတဲ့ ဆိုင်မှာ ရွေးထိုင်ဖြစ်တာပါပဲ။ Free WiFi တွေရဲ့ အားနည်းချက်က Free Network ထဲမှာ Hacker တစ်ယောက်ယောက်ရှိနေနိုင်ပြီး communication ကို eavesdrop လုပ်နိုင်ပါတယ်။ အခြားသော attack တွေလည်း လုပ်နိုင်ပါတယ်။
2. Malicious Hackers are everywhere
Hacker တွေသည် နေရာတိုင်းမှာ ရှိပါတယ်။ အင်တာနက်ပေါ်ကနေတစ်ဆင့် အချက်အလက်တွေကို ခိုးယူကြသလို ကျွန်တော်တို့ရဲ့ IOT device တွေကိုလည်းပဲ attack လုပ်ဖို့ ကြိုးစားနေနိုင်ပါတယ်။
3. Public IP gives our Location
အင်တာနက် ချိတ်သုံးလိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့မှာ Public IP တစ်ခု ရှိလာပြီးတော့ အဆိုပါ IP သည် ကျွန်တော်တို့ရဲ့ အနီးစပ်ဆုံး Location ကို ပြနိုင်ပါတယ်။ VPN ကို ခဏ ပိတ်ပြီး 👉👉👉👉👉👉 whatismyipaddress.com 👈👈👈👈👈👈👈ကို နှိပ်ကြည့်ပါ။ သင့်ရဲ့ IP address နဲ့အတူ အနီးစပ်ဆုံး location တစ်ခုကို ညွှန်ပြနေတာကို တွေ့ရပါလိမ့်မယ်။
4. Someone can trace our online activity
အင်တာနက်ပေါ်မှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ရှာဖွေမှုတွေ၊ လုပ်ဆောင်မှုတွေကို စုံစမ်းထောက်လှမ်းနိုင်စေပါတယ်။
5. Censorship
Gov က ဖြစ်စေ၊ ISP က ဖြစ်စေ မသွားရောက်စေချင်တဲ့ Website တွေကို IP ကို အခြေခံပြီး block လုပ်ထားနိုင်ပါတယ်။ (ခု ကျွန်တော်တို့နိုင်ငံမှာ Facebook ကို ပိတ်ထားသလိုမျိုးပေါ့)
6. Websites can block us
ကျွန်တော်တို့ သွားကြည့်ချင်တဲ့ Website တွေကလည်းပဲ ကျွန်တော်တို့ရဲ့ IP address ကို ကြည့်ပြီး ဒီနိုင်ငံကလူတွေ သုံးမရအောင် ဆိုတာမျိုး ပိတ်ထားနိုင်ပါတယ်။ (ဥပမာ - တရုတ် မှာ Google သုံးမရတာမျိုးက တရုတ်အစိုးရက ပိတ်တာမဟုတ်ဘူးလို့ သိရပါတယ်)
7. Police can track us by name
အဆိုးဆုံးကတော့ ရဲတွေက ISP နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့အိမ်အထိ ရောက်လာနိုင်တာပါ။
ဒီအချက်တွေကို ကြည့်ရင် အင်တာနက် သုံးတဲ့အခါမှာ ကျွန်တော်တို့ ကြုံရနိုင်တဲ့ အားနည်းချက် ၇ ချက် ကို မြင်သာနိုင်မယ်ထင်ပါတယ်။ ဒီ ၇ ချက်လုံးကို ပြင်ဆင်အားဖြည့်နိုင်ဖို့အတွက် VPN တွေကို ကျွန်တော်တို့ သုံးကြပါတယ်။
1111 က VPN လား။ သုံးရော သုံးသင့်လား။
ကဲ မြန်မာပြည်မှာ VPN ဆိုပြီး အသုံးများဆုံး ဖြစ်တဲ့ 1111 ကို လေ့လာရအောင်။ သူ့ရဲ့ official website ဖြစ်တဲ့ 1.1.1.1 မှာ အောက်ပါအတိုင်း ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။
our Internet service provider can see every site and app you use—even if they’re encrypted. Some providers even sell this data, or use it to target you with ads.
1.1.1.1 with WARP prevents anyone from snooping on you by encrypting more of the traffic leaving your device.
We believe privacy is a right. We won't sell your data, ever.
သူက ကျွန်တော်တို့ရဲ့ Traffic တွေကို encrypt လုပ်ပေးတယ် လို့ ပြောပါတယ်။ ပြီးတော့ censorship ကိုတော့ သူ့ရဲ့ proxy server ကနေတစ်ဆင့် ကျော်ပြီး သုံးပါတယ်။
ဒီတော့ 1111 ကို ကျွန်တော်တို့ သုံးတဲ့အခါ Facebook ကို ပိတ်ထားပေမယ့် သုံးလို့ရသွားတယ် ဆိုတဲ့ သဘောနဲ့ပဲ သုံးလိုက်ကြပါတော့တယ်။
ပိတ်ထားတာကို ကျော်ပြီး သုံးပေးလို့ သူ့ကိုလည်း VPN လို့ပဲ အလွယ် ခေါ်လိုက်ကြ သုံးနှုန်းလိုက်ကြပါတယ်။
VPN ရဲ့ main signature ၄ ချက် ထဲမှာ ၂ ချက်ပဲ သူက လုပ်ပေးပါတယ်။ ဒါကြောင့် 1111 သုံးတာက အခြားဟာတွေထက် ပိုမြန်တယ် လို့ ခံစားရတာ ဖြစ်ပါတယ်။ အဓိကအချက်ကို ကြည့်ရင် သူသည် ကျွန််တော်တို့ရဲ့ IP ကို hide မပေးနိုင်ပါဘူး။ ဒါကြောင့်မို့ 1111 သုံးတယ်ဆိုပြီး လုံခြုံမှုရှိနေတယ်လို့တော့ မယူဆ သင့်ပါဘူး။ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ အိမ်ရှေ့ထိ ရောက်လာနိုင်ပါတယ်။
မယုံရင် 1111 ဖွင့်ထားပြီး 👉👉👉👉👉👉 whatismyipaddress.com 👈👈👈👈👈👈👈ကို နှိပ်ကြည့်ပါ။
1111 ကို သုံးရင် အင်တာနက်ရဲ့ အဓိက အားနည်းချက် ၇ ချက် ထဲမှာလည်း 1 & 5 လောက်ကိုပဲ ပြေလည်စေမှာပါ။ သုံးသင့်လား ဆိုတာကိုတော့ ကျွန်တော်တို့ VPN ဘာကြောင့် သုံးလဲ ဆိုတာနဲ့ ချိန်ထိုးပြီးတော့ စဥ်းစားရမှာ ပါ။ ဒီတော့ ကိုယ့်ရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး 1111 ဆက်သုံးသင့် မသုံးသင့်ကို ကိုယ့်ဘာသာ ချိန် ဆ ကြည့်လို့ ရမယ် ထင်ပါတယ်။
စာလည်း ရှည်သွားပါပြီ။ ဒီထိ ဖတ်ပေးကြသူအပေါင်းကိုလည်း အထူး ကျေးဇူးပါ။
how to install myanmar font in kali 2022.2 , Sir ? Please .
ReplyDeletehttps://www.khitminnyo.com/2022/03/kali-font.html
DeleteThanks for sharing
ReplyDeleteThank You
ReplyDeleteThanks
ReplyDelete