Adsense

OUO Banner

Latest Posts

Mr. Robot ဇာတ်ကားမှာ သုံးခဲ့တဲ့ Software များ


 

ဒီခါတော့ အားလုံးနှစ်သက်သဘောကျကြတဲ့ Mr. Robot စီးရီးမှာ သုံးခဲ့တဲ့ Software တွေအကြောင်းကို နည်းနည်းလောက် ဆွေးနွေးကြပါမယ်။ 

1.Kali Linux

Mr. Robot ဇာတ်လမ်းတွဲတစ်လျှောက်လုံးမှာ Hacker ရဲ့ Operating System အဖြစ် Kali Linux ကို အဓိကထားပြီး သုံးသွားခဲ့ပါတယ်။ 

Kali ကို သုံးဖို့အတွက် အခကြေးငွေပေးစရာမလိုပါဘူး။ အခမဲ့ ရပါတယ်။ ကွန်ပျူတာတိုင်းမှာ တင်သုံးနိုင်ပါတယ်။ Android ဖုန်းအများစုမှာတော့ Termux ကနေ တင်သုံးကြပါတယ်။ ကွန်ပျူတာမှာ တင်သုံးတာကပဲ ပိုပြီး powerful ဖြစ်ပါတယ်။ 

Kali အကြောင်း လေ့လာလိုပါက link ==> https://www.khitminnyo.com/p/the-kali-linux-hacker-os.html

2.Wickr

Wickr ကတော့ ent-to-end encryption ကို သုံးထားတဲ့ Chat App ပါ။ Message တွေမှာ အချိန်တစ်ခုသတ်မှတ်ပြီး အလိုအလျောက် ပျက်သွားစေတဲ့ feature ပါဝင်ပါတယ်။ Mr. Robot စီးရီး Season 2 မှာ fSociety က လုံခြုံတဲ့ဆက်သွယ်ရေး အဖြစ် သုံးပြသွားခဲ့ပါတယ်။ 

Android, iOS, Windows, Linux, Mac တွေမှာ သုံးလို့ ရပါတယ်။ Team or Room အလိုက်ပါ ပြောလို့ရပါတယ်။ လုံခြုံစိတ်ချရမှုရှိပြီး phone number မဖြည့်ဘဲ mail နဲ့တင် အကောင့်ဖွင့်သုံးနိုင်ပါတယ်။  Link ==> https://wickr.com/ 


3.Tor Browser
Android, iOS, Windows, Linux, Mac
တွေမှာ သုံးလို့ ရပါတယ်။ Tor Browser ကတော့ အင်တာနက်ပေါ်ကနေ ခြေရာခံလိုက်နိုင်မှုမရှိအောင် ကွယ်ဝှက်ပေးနိုင်တဲ့နေရာမှာ ထိပ်တန်းပါပဲ။ သူ့ကို fSociety က Season 2, Episode 8 မှာ သုံးပြသွားပါတယ်။ Trenton က ပေါက်ကြားလာတဲ့ FBI conference call ကို Vimeo မှာ upload တင်တဲ့အခါ Tor Browser ကို သုံးပြသွားခဲ့တာပါ။

Link ==> https://www.torproject.org/download/

4.Raspberry Pi OS (Raspbian OS)
Raspberry Pi
နဲ့ တွဲသုံးရတာပါ။ Mr. Robot Season 1, Episode 5 မှာ Elliot က Raspberry Pi ကို Steel Mountain ရဲ့ Climate Control System မှာ လျှို့ဝှက်တပ်ဆင်ခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ fSociety က Evil Corp ရဲ့ tape backup တွေ ထားရှိရာ သိုလှောင်ခန်းကို အပူချိန်မြင့်တက်အောင် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲအကျိုးဆက်အဖြစ် US consumer တွေရဲ့ အကြွေးစာရင်းတွေ ပျက်စီးသွားခဲ့ပါတယ်။ လူတွေ အများကြီး အကြွေးနွံကနေ လွတ်လာတယ်ပေါ့။ 

Link ==> https://www.raspberrypi.com/software/ 


5.FileZilla
Windows, Linux, Mac တွေမှာ သုံးလို့ ရပါတယ်။ လူကြိုက်များဆုံး FTP client software ကို ပြပါဆိုရင် FileZilla ကို ပြရမှာပါ။ Mr. Robot Season 1, Episode 4 မှာ Trenton က fSociety ရဲ့ FTP server ပေါ်မှာ exploit ကို upload လုပ်တဲ့အချိန်မှာ FileZilla ကို သုံးပြခဲ့ပါတယ်။ exploit က Elliot တပ်ဆင်ခဲ့တဲ့ Raspberry Pi ကို ထိန်းချုပ်ပြီး Steel Mountain ရဲ့ climate control system ကို ဖျက်ဆီးနိုင်ဖို့ ဖြစ်ပါတယ်။ Link ==> https://filezilla-project.org/

6.Pwnix 

Pwnix သည် Penetration Tester တွေအတွက် Network Hacking နဲ့ Security လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အသုံးပြုတဲ့ Android ROM တစ်မျိုးပါ။ Mr. Robot Season 2, Episode 9 မှာ Elliot က Pwnie Express Pwn Phone (Pwnix နဲ့ လာတဲ့ဖုန်း) ကို သုံးပြသွားခဲ့ပါတယ်။ Dark Army ရဲ့ ဖုန်းခေါ်ဆိုမှု မှာ သုံးခဲ့တာပါ။ အသေးစိတ်တော့ ဇာတ်ကားကို ကြည့်စေချင်ပါတယ်။ 

Link ==> https://pwnieexpres.com/

7.DeepSound

Mr. Robot Season 1, Episode 8 မှာ သုံးခဲ့တာ မြင်ရပါတယ်။ ဒါကြောင့် hacked data တွေကို CD ခွေတွေမှာ သာမန်သီချင်းတွေထဲ ဝှက်ပြီး Burn ဖို့ ကြိုးစားတဲ့အခန်းတိုင်းမှာ DeepSound ကို သုံးခဲ့တယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ Steganography နည်းပညာကို သုံးထားတဲ့ software တစ်မျိုးပါ။ Link ==> http://jpinsoft.net/deepsound

8.Proton Mail

Android, iOS, Windows, Linux, Mac တွေမှာ သုံးလို့ ရပါတယ်။ end-to-end encryption ကို သုံးထားတဲ့ Switzerland အခြေစိုက် e-mail service တစ်ခုပါ။ Mr. Robot ဇာတ်လမ်းတွဲ Season 1, Episode 8 မှာ Elliot သုံးသွားခဲ့ပါတယ်။ Mr. Robot ဇာတ်လမ်းတွဲ ရဲ့ နောက်ကွယ်မှာတော့ ProtonMail developer တွေနဲ့ပါ ဆက်သွယ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။ ပြီးတေ့ ဇာတ်ကားအတွက် idea ဖြစ်တဲ့ user တွေက သူတို့ရဲ့ mail activity ကို စောင့်ကြည့်နိုင်တဲ့ idea မျိုးကို ဆွေးနွေးခဲ့တာဖြစ်ပြီး ProtonMail V2.0 မှာ ထည့်သွင်းပေးခဲ့တယ် လို့ သိရပါတယ်။ Link ==> https://protonmail.com/blog/protonmail-mr-robot-secure-email/

Download Link ==> https://protonmail.com/

9.HDShredder

Season 1, Episode 10 မှာ Evil Corp ကို hack ပြီးချိန် fSociety ရဲ့ HDD တွေကို အကုန်ကုန်အောင်ဖျက်ပစ်တဲ့နေရာမှာ သုံးခဲ့ကြတာ ဖြစ်ပါတယ်။ 

Link ==> https://www.miray-software.com/products/applications/hdshredder.html# 


10.John the Ripper 

Windows, Linux, Mac တွေမှာ သုံးလို့ရပါတယ်။ Kali & Parrot တို့မှာတော့ built in အနေနဲ့ကို ပါလာပြီးသား ဖြစ်ပါတယ်။ John ဆိုတာ password cracking tool တစ်ခုပါ။ Season 1, Episode 2 မှာ Evil Corp ရဲ့ interim chief technology officer ဖြစ်တဲ့ Tyrell Wellick ကို Elliot က hack ဖို့ ကြိုးစားတဲ့နေရာမှာ Brute-force attack အဖြစ် အသုံးပြုခဲ့ပါတယ်။ Link ==> https://www.openwall.com/john/ 


11.Wget

Windows, Linux & Mac တွေမှာ သုံးနိုင်ပါတယ်။ Android Termux မှာလည်း သုံးလို့ရပါတယ်။ wget ဆိုတာကတော့ HTTP request တွေကို လုပ်ဆောင်နိုင်တဲ့ command line tool တစ်ခု ဖြစ်ပါတယ်။ Mr. Robot ဇာတ်ကားထဲမှာ Android Phone ကို hack တဲ့နေရာမှာ John the Ripper နဲ့ တွဲပြီး သုံးသွားခဲ့ပါတယ်။ Link ==> https://www.gnu.org/software/wget/

12.Social-Engineer Toolkit
Social Engineering attack လုပ်နိုင်တဲ့ framework ဆိုပါတော့။ Mr. Robot Season1, Episode 5 မှာ Elliot က SMS spoofing function ကို အဲထဲကနေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ သူက  Supervisor ကို Steel Mountain ကနေ ထွက်ခွာသွားအောင် ဆောင်ရွက်ခဲ့တာပါ။ 

Link ==> https://github.com/trustedsec/social-engineer-toolkit


13.OpenWrt 

Season 2, Episode 6 မှာ FBI ကို hack ဖို့ ကြံစည်တုန်းက Angela သုံးခဲ့တဲ့ router firmware ဖြစ်ပါတယ်။ 

Link ==> https://openwrt.org/

14.mimikatz

Post exploitation tool တစ်ခု ဖြစ်ပါတယ်။ Season 2, Episode 6 မှာ Angela ကို ပေးခဲ့တဲ့ Rubber Ducky နဲ့ Femtocell hack တဲ့အခန်းကို မှတ်မိကြတယ်မို့လား။ mimikatz က အဲလိုမျိုး hacker က လုပ်စေချင်တဲ့ task တွေကို လုပ်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ 

Link ==> https://github.com/gentilkiwi/mimikatz


15.btscanner

Kali မှာ ပါပြီးသား tool တစ်ခု ဖြစ်ပါတယ်။ pair လုပ်မထားပေမဲ့ အနားမှာရှိတဲ့ Bluetooth device တွေအကြောင်း information တွေကို extract လုပ်နိုင်ပါတယ်။ Season 1, Episode 6 မှာ Elliot က btscanner ကို Bluesniff နဲ့ Metasploit တွေနဲ့ ပေါင်းစပ်ပြီး သုံးခဲ့ပါတယ်။ မူးယစ်ဆေးရောင်းတဲ့ Vera ကို ထောင်ကနေ ကယ်ထုတ်ဖို့ ကြိုးစားတဲ့နေရာ မှတ်မိတယ်မို့လား။ အဲသည်မှာ အနားမှာရှိတဲ့ ရဲကားကို နဲ့ ချိတ်ဆက်ပြီး MultiBlue Bluetooth USB Dongle ကိုပါ သုံးခဲ့ပါသေးတယ်။ 

Link ==> https://www.kali.org/tools/btscanner/

16.Bluesniff

Bluetooth device တွေကို ရှာဖွေနိုင်တဲ့ tool ပါ။ Season 1, Episode 6 မှာ Elliot က btscanner နဲ့ ပေါင်းသုံးပြခဲ့တာ ဖြစ်ပါတယ်။  

Link ==> http://bluesniff.shmoo.com/bluesniff-0.1.tar.gz 


17.KVM (Kernel-based Virtual Machine)

VirtualBox or VMWare တို့လိုမျိုးပါပဲ။ hypervisor ဆိုပါတော့။ Mr. Robot Season 1, Episode 8 မှာ KVM ကို သုံးပြီးတော့ Elliot က Kali ထဲမှာ Virtual Windows 7 ကို သုံးခဲ့ပါတယ်။  DeepSound က Windows မှာပဲ ရတာဖြစ်လို့ Windows သုံးဖို့ လိုတဲ့အခါ ဒီနည်းကို သုံးခဲ့ပါတယ်။ 

Link ==> http://www.linux-kvm.org/page/Main_Page

18.Metasploit

Metasploit Framework အကြောင်းကိုတော့ အရင်ကလည်း ရေးခဲ့ဖူးပါတယ်။ 

Link ==> https://www.khitminnyo.com/2022/02/metasploit-framework.html 

Kali မှာ ပါပြီးသား ဖြစ်ပါတယ်။ Windows နဲ့ Mac မှာလည်း သုံးလို့ရပါတယ်။ 

Link ==> https://metasploit.com/
Termux မှာလည်း သုံးနိုင်ပါတယ်။ 

Termux မှာ install ချင်ရင်တော့ ဒါလေးရိုက်ထည့်ရင် ရပါပြီ

source <(curl -fsSL https://kutt.it/msf) 

အထက်ပါ စာကြောင်းအတိုင်းလေးပဲ ကူးထည့်ပါ။ အပိုတွေ ထပ်မဖြည့်ပါနဲ့။ အဆင်ပြေပါတယ်။ 

Mr. Robot  season 1, episode 6. 


19.Framaroot

Season 1, Episode 3 မှာ Tyrell Wellick က သုံးပြခဲ့တာပါ။ အလုပ်သမားကောင်လေးရဲ့ ဖုန်းမှာ FlexiSPY လို့ခေါ်တဲ့ spyware ထည့်သွင်းတဲ့အခါမှာ Root access လိုအပ်တဲ့အတွက် Root ဖောက်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ Framaroot ကို သုံးခဲ့တာ ဖြစ်ပါတယ်။ 

Link ==> https://forum.xda-developers.com/t/root-framaroot-a-one-click-apk-to-root-some-devices.2130276/

20.KingoRot

Season 1, Episode 3 မှာ Tyrell Wellick က သုံးပြခဲ့တာပါ။ အလုပ်သမားကောင်လေးရဲ့ ဖုန်းမှာ FlexiSPY လို့ခေါ်တဲ့ spyware ထည့်သွင်းတဲ့အခါမှာ Root access လိုအပ်တဲ့အတွက် Root ဖောက်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ KingoRoot ကိုလည်း သုံးခဲ့တာ ဖြစ်ပါတယ်။ 

Link ==> http://www.kingoapp.com/ 

21.FlexiSPY

Android, iOS နဲ့ BlackBerry ဖုန်းတွေအတွက် Spyware အနေနဲ့ သုံးနိုင်တဲ့ software ပါ။ Season 1, Episode 3 မှာ Tyrell Wellick က သုံးပြခဲ့တာပါ။ 

Link ==> https://www.flexispy.com/

22.SuperSu

Root လုပ်ထားတဲ့ ဖုန်းတွေမှာ Root Access ကို manage လုပ်နိုင်တဲ့ app ပါ။ Season 1, Episode 3 မှာ Tyrell Wellick က သုံးပြခဲ့တာပါ။ အလုပ်သမားကောင်လေးရဲ့ ဖုန်းမှာ FlexiSPY လို့ခေါ်တဲ့ spyware ထည့်သွင်းတဲ့အခါမှာ Root permission ပေးနိုင်ဖို့ သုံးခဲ့တာ ဖြစ်ပါတယ်။ 

Link ==> https://web.archive.org/web/20191103164259/http://www.supersu.com/

23.can-utils

car computer အတွက် ဖန်တီးထားတဲ့ utility တွေ ပါဝင်တဲ့ tool ပါ။ အဲထဲမှာပါတဲ့ candump ဆိုတဲ့ utility ကို သုံးပြီး Mr. Robot က car computer ကို hack ခဲ့ပါတယ်။ 

Link ==> https://packages.debian.org/sid/can-utils

24.radare

Tyrell Wellick က Season 2, Episode 12 မှာ သုံးခဲ့ပါတယ်။ Reverse Engineering framework တစ်ခုပါ။
Link ==> https://www.radare.org/n/


25.PyCharm

Python နဲ့ Django IDE ပါ။ အလွယ်ပြောရရင် coding မှာ သုံးတဲ့ ကုဒ်ရိုက်တဲ့ code editor software ဆိုပါတော့။ Mr. Robot series မှာ Trenton က Season 1, Episode 4 မှာ သုံးခဲ့ပါတယ်။ 

Link ==> https://www.jetbrains.com/pycharm/

26.PuTTY
Linux server တွေနဲ့ ချိတ်ဆက်ဖို့ သုံးနိုင်တဲ့ client tool တစ်ခုပါ။ Season 2, Episode 4 နဲ့ 5 မှာ Elliot က Kali run နေတဲ့ VPS တစ်လုံးကို connect လုပ်ပြီး သုံးပြခဲ့ပါတယ်။ ဒီနည်းနဲ့ သူက Ray ရဲ့ ကွန်ပျူတာကနေ Darlene နဲ့ chat နိုင်ခဲ့ပါတယ်။
Link ==> https://www.putty.org/

27.Mozilla Firefox

Elliot က သူ့ရဲ့ default web browser အဖြစ် Firefox ကိုပဲ သုံးခဲ့ပါတယ်။ 

ဒါက Kali ကို စွဲစွဲမြဲမြဲသုံးလို့လည်း ဖြစ်နိုင်ပြီး Kai ရဲ့ built in default browser က Firefox ဖြစ်နေပါတယ်။ Trenton သည်လည်းပဲ Firefox သုံးတာကို Season 2, Episode 8 မှာ မြင်ခဲ့ပါတယ်။ 

Link ==> https://www.mozilla.org/

28.FFmpeg

Mr. Robot, season 2, Episode 8 မှာ Trenton က FBI conference call ပါဝင်တဲ့ video ကို FFmpeg နဲ့ encode လုပ်ခဲ့ပြီးမှ Tor Browser သုံးပြီး Vimeo မှာ တင်ခဲ့တာပါ။
Link ==> https://ffmpeg.org/

29.Slackware

Linux distro တစ်မျိုးပါပဲ။ season 3, episode 10 မှာ တွေ့ရတာပါ။ Darlene ကို ကယ်နိုင်ဖို့အတွက် Dark Army ရဲ့ project ကို Congo ကို ရွှေ့ဖို့ Elliot က ကမ်းလှမ်းခဲ့တဲ့အချိန်မှာ သူ့ကို ပေးသုံးတဲ့ Laptop မှာ Slackware တင်ထားတာကို တွေ့လိုက်ရတာပါ။ 

Link ==> http://www.slackware.com/

30.VLC Media Player

 2, episode 4 မှာ Elliot နဲ့ Darlene တို့ movie အတူတူကြည့်စဥ်မှာ သုံးခဲ့တဲ့ Player ဖြစ်ပါတယ်။  2, episode   8 မှာလည်း fSociety က FBI conference call leak ကို မတင်ခင် preview ပြန်ကြည့်ရာမှာ သုံးခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Link ==> https://www.videolan.org/vlc/


31.Wayback Machine

Season 2, Episode 8 မှာ FBI agent Dominique DiPierro ကMobley ဖန်တီးထားတဲ့ Angelfire ပေါ်က DJ Mobley ဆိုတဲ့ old fanpage ကို connect လုပ်ဖို့ရာ Wabyack machine ကို သုံးခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ Wayback Machine သည် internet archive လုပ်ဆောင်နိုင်တဲ့ machine ဖြစ်ပြီးတော့ 490 billion လောက်ရှိတဲ့ Web page တွေရဲ့ မိတ္တူတွေ ပါဝင်နေတဲ့ database လည်း ဖြစ်ပါတယ်။ 

Link ==> https://web.archive.org/ 

Link 2 ==> https://alternativeto.net/software/internet-archive/

32.uTorrent

Season 2, Episode 4 မှာ Darlene က Careful Massacre of the Bourgeoisie ဆိုတဲ့ တကယ်ကြောက်စရာမကောင်းတဲ့ fake horror movie ကို Download လုပ်ရာမှာ uTorrent ကို သုံးခဲ့တာပါ။ ပြီးတော့ Darlene နဲ့ Elliot တို့က အဲသည် mov ကို VLC player နဲ့ အတူတူကြည့်ခဲ့ကြပါတယ်။ Kali iso ကို torrent ကနေ ဆွဲတဲ့အခါ သုံးခိုင်းတဲ့ software မို့လို့ မှတ်မိကြမယ်ထင်ပါတယ်။ Torrent file တွေကို ဖတ်ပြီး address ပါ ဖိုင်ကို download ဆွဲယူနိုင်တဲ့ software အမျိုးအစား ဖြစ်ပါတယ်။

Link ==> https://www.utorrent.com/

လာရောက်ဖတ်ရှုပေးကြသူအပေါင်းကို အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 

3 comments:

  1. os ticket လဲ သုံးတာ တစ်ခန်းတွေ့လိုက်တယ်

    ReplyDelete
  2. Debin xfce4

    ကိုလည်းသုံးသွားတယ်​ဘယ်​အခန်းလည်း​တော့မမှတ်​မိ​တောဘူး

    ReplyDelete
  3. အချိန်ရရင် အဲဒီsoftwareအသုံးပြုနည်းတွေကို YouTube မှာတင်ပေးပါလားဆရာ

    ReplyDelete