AstraLocker ransomware ပိတ်သိမ်းပြီး Decryptor ကို အခမဲ့ ထုတ်ပေး
AstraLocker ransomware ကတော့ သူတို့ရဲ့ operation ကို လုံးဝ ရပ်တန့်ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး cryptojacking ဘက်ကို ကူးပြောင်းတော့မယ်လို့ သိရပါတယ်။ Ransomware developer တွေက VirusTotal malware analysis platform မှာ သူတို့ရဲ့ Decryptor key ကို တင်ပေးခဲ့ပါတယ်။
Link ==> ZIP archive with AstraLocker decryptors
စမ်းသပ်မှုတွေအရ အဆိုပါ decryptor သည် ကောင်းစွာ အလုပ်လုပ်ပြီး အမှန်အကန် decrypt လုပ်နိုင်ကြောင်း သိရပါတယ်။


အဆိုပါ Ransomware ထိမိထားတဲ့သူတွေအတွက်ကတော့ ဒေတာတွေ ပြန်ရဖို့ သေချာပြီဖြစ်ပါတယ်။
နောက်ထပ် Ransomware မမိအောင်တော့ ဂရုစိုက်ကြဖို့လိုပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေ
No comments