Adsense

OUO Banner

Latest Posts

SSID, ESSID နဲ့ BSSID ဆိုတာ ဘာတွေလဲဆိုတာ


BSSID, ESSID နဲ့ SSID ဆိုတာတွေကို Wireless Network (WLAN) ရဲ့ section တွေကို ဖော်ပြဖို့အတွက် သုံးပါတယ်။ သူတို့မှာ မတူညီတဲ့ အဓိပ္ပါယ်တွေလည်း ရှိကြပါတယ်။ ကျွန်တော်တို့က သာမန် WiFi user ဆိုရင်တော့ wifi network နဲ့ ချိတ်ဆက်ဖို့အတွက် လိုအပ်တဲ့ broadcast SSID တွေနဲ့ပဲ သက်ဆိုင်ပါတယ်။ user မဟုတ်ဘဲ network administrator ဆိုရင်တော့ BSSID တွေ၊ ESSID တွေနဲ့ ပတ်သက်ပြီးတော့လည်း ထိန်းသိမ်းဖို့ လိုအပ်တာလေးတွေ ရှိလာပါလိမ့်မယ်။

SSID ဆိုတာ ဘာလဲ
SSID ဆိုတာ Service Set Identifier ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်က လေထုထဲမှာ WiFi လိုင်းတွေ အများကြီးလည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ WLAN တစ်ခုစီမှာ မတူညီတဲ့ နာမည်တွေ ရှိနေသင့်ပါတယ်။ အဲဒါကို Service Set Identifier (SSID) လို့ ခေါ်ပါတယ်။ သူ့လိုပဲ အလားသဏ္ဍာန်တူ ပြုမူတဲ့ နောက်တစ်ခု ရှိပါသေးတယ်။ ESSID ပါ။ E ဆိုတာက Extended ကို ဆိုလိုပါတယ်။ ကျွန်တော်တို့က သာမန် ကွန်ယက်ချိတ်သုံးရုံလောက်ဆိုရင် SSID/ESSID ကိုပဲ အဓိက သုံးရမှာပါ။ ဥပမာဗျာ WiFi ဖွင့်လိုက်ပြီး အနားမှာရှိတဲ့ လိုင်းတွေကို ရှာမယ်ဆိုပါစို့။ 
တွေ့လာရမယ့်လိုင်းတွေထဲကမှ ကိုယ်ချိတ်ဆက်သုံးမယ့်လိုင်းကို ရှာပြီးချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ ချိတ်ဆက်ရာမှာတော့ သူ့ရဲ့ system အရ Password ပဲ ရိုက်ဖို့လိုတာ ရှိသလို၊ Username & Password ဆိုပြီး ရိုက်ထည့်ရတာမျိုးလည်း ရှိပါတယ်။ နောက်တစ်ချက်က WiFi ထုတ်လွှင့်ပေးတဲ့ စက်တစ်လုံးတည်းကနေပဲ SSID တွေ အများကြီး ခွဲထုတ်ထားနိုင်ပါတယ်။ အောက်ပါ ပုံကို နမူနာ ကြည့်ရင် ပိုရှင်းမှာပါ။ 

အထက်ပါပုံမှာဆိုရင် Administrator က Student အတွက် SSID, Faculty SSID နဲ့ Voice SSID ဆိုပြီး သပ်သပ်စီ ခွဲထုတ်ဖန်တီးပေးထားတာ တွေ့ရမှာပါ။ WiFi Router တစ်ခုတည်းကနေ SSID တွေ ခွဲထားပေးလို့ ရပါတယ်။ အချို့သော Router တွေမှာဆိုရင် ခွဲထုတ်ထားပေးတဲ့ SSID တွေကို လိုင်းဆွဲအားတောင်မှ ပြန်ကန့်သတ်ပေးထားနိုင်ပါတယ်။ ဥပမာ 50mbps လိုင်းကနေ Guest ဆိုပြီး 10mbps လောက် limit လုပ်ပြီး ထားပေးထားတာမျိုးပါ။ ဧည့်သည်လာရင် အဲလိုင်းကို ပေးသုံးတယ်ပေါ့။ အဲဒါမျိုးပါ။ 


BSSID ဆိုတာ ဘာလဲ

WLAN ထဲမှာ ရှိနေတဲ့ device တွေအတွက် Packet တွေသည် မှန်ကန်တဲ့နေရာကို ရောက်ဖို့ လိုအပ်ပါတယ်။ ထပ်နေတဲ့ WLAN တွေ ရှိနေရင်တောင်မှပဲ packet တွေကို မှန်မှန်ကန်ကန် ထိန်းသိမ်းထားပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါတွေကို လုပ်ဆောင်ဖို့အတွက် Basic Service Set Identifier (BSSID) ကို အသုံးပြုတာ ဖြစ်ပါတယ်။ 

အောက်ပါ ပုံကို ကြည့်ကြည့်ပါ။ WLAN network တစ်ခုမှာ Access Point တွေ ရှိနေတဲ့ ပုံစံပါ။



အထက်ပါကွန်ယက်မှာ ကျွန်တော်တို့က ဖုန်းနဲ့ WiFi သုံးနေတယ် ဆိုကြပါစို့။ ကျွန်တော်တို့ ဖုန်းကို အခန်းတစ်ခန်းကနေ ဒီ့ပြင်နောက်တစ်ခန်းကို ယူသွားတဲ့အခါ BSS သည် ပြောင်းလဲသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သည် access point တစ်ခုရဲ့ ဧရိယာကနေ နောက်တစ်ခုရဲ့ ဧရိယာထဲကို ရောက်သွားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့ရဲ့ connection ကတော့ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ 

Access Point ရဲ့ MAC address ကို BSS (BSSID) အဖြစ် အသုံးပြုပါတယ်။ 


ဒီစာတွေသည် သင့်အနေနဲ့ ပျင်းစရာကောင်းတဲ့စာတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ 

လိုရင်းပဲ မှတ်လိုက်ရင်

SSID or ESSID ဆိုတာ သင်ချိတ်ဆက်မယ့် ကွန်ယက်ရဲ့ နာမည် (WiFi လိုင်း နာမည်) ဖြစ်ပါတယ်။

BSSID ဆိုတာကတော့ အဲသည် WiFi လိုင်းကို ထုတ်လွှင့်ပေးနေတဲ့ Access Point (AP) ရဲ့ Mac Address သာ ဖြစ်ပါတယ်။ 


Mr. Robot ဇာတ်လမ်းတွဲ၊ Season 1, Episode 6 မှာ အကျဥ်းထောင်တံခါးတွေကို ဖွင့်ဖို့ ကြိုးစားတဲ့ ဇာတ်ဝင်ခန်းထဲက Eliot လက်ထဲက ဖုန်း screen ကို ပြတဲ့အခါ အောက်ပါပုံအတိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။ 


ခုဆိုရင်တော့ ပုံထဲမှာ ဘယ်နေရာလေး လွဲနေတယ်ဆိုတာ သိလောက်ပါပြီ။ မသိသေးရင်တော့ အနီရောင်နဲ့ ရေးထားတဲ့ စာတန်းလေး ၂ တန်းကို ပြန်ဖတ်ကြည့်ပေးပါဗျ


Wireless Technologies && WiFi Hacking ဆိုတဲ့ (မြန်မာလိုရေးထားတဲ့) စာအုပ်လေးလည်း အားပေးလို့ရသေးတယ်ဗျနော် ☺️☺️ စာအုပ်ဝယ်ယူလိုပါက Viber +95 9 976 41 3560 

Facebook Messenger = m.me/AllInOneHackingTraining တို့ကနေ ဆက်သွယ်မှာယူနိုင်ပါတယ်ဗျ

(စာအုပ်တန်ဖိုး ၁၅၀၀၀ ကျပ်ပါ)

စာအုပ်အကြောင်း အသေးစိတ် ကိုတော့ အောက်ပါ link ကနေ ဖတ်နိုင်ပါတယ်ဗျ
ကြော်ငြာတက်ပါက back ပြန်ထွက်ပြီး ကြည့်နိုင်ပါတယ်ဗျ။ 😍


လာရောက်ဖတ်ရှုပေးကြသူအပေါင်းကို အထူးကျေးဇူးပါဗျ

1 comment: