NetHunter Rootless Edition (2022 Updated)

Kali Nethunter ROM ကို Officially support ပေးတဲ့ ဖုန်းအမျိုးအစားတွေရှိပါတယ်။ Officially support ပေးတာဖြစ်လို့ error ကင်းတယ်ပေါ့။ ဘာတွေပါလဲဆိုရင်တော့ https://www.kali.org/get-kali/#kali-mobile အဲသည်လိပ်စာမှာ ကိုယ့်ဖုန်းပါ မပါ သွားစစ်ပြီးတော့ စမ်းသပ်သုံးစွဲနိုင်ပါတယ်။ NetHunter ROM ကတော့ Hacking လေ့လာဖို့အတွက် အထူးကောင်းမွန်တဲ့ Android System ဖြစ်ပါတယ်။ Official List ထဲမှာ မပါတာတွေအတွက်လည်း ROM ပေးထားသေးပေမယ့် at own your risk ပါ။
ဒီတော့ NteHunter Rootless Edition လေးကသာ အတော်များများအတွက် အဆင်ပြေဆုံးဖြစ်ပါလိမ့်မယ်။ တစ်ခုရှိတာက ကျွန်တော်တို့ဖုန်းမှာ root access မရှိတဲ့အတွက် အားလုံးလုပ်နိုင်ဖို့တော့ အဆင်မပြေပါဘူး။ လုပ်လို့ရတဲ့အတိုင်းအတာတစ်ခု ရှိနေပါလိမ့်မယ်။ ဒါပေမဲ့လို့ ဒီတိုင်းထားထားထက်စာရင်တော့ အများကြီး လေ့လာလို့ရပါတယ်။ ဒီတော့ အဆင်ပြေသလိုပဲ တင်ကြတာပေါ့။
Installation:
Install မလုပ်ခင် NetHunter-Store app ကို store.nethunter.com ကနေ ဒေါင်းယူပြီး install လုပ်ရပါမယ်။ လိုအပ်တဲ့ Application တွေက Termux, NetHunter-KeX client နဲ့ Hacker’s keyboard
Termux apk ကို PlayStore ကနေ မသွင်းရပါဘူး။ fdroid or NetHunter Store ကနေ သွင်းနိုင်ပါတယ်။ လိုအပ်တဲ့ application တွေ စုံပြီဆိုရင်တော့
Termux ကိုဖွင့်ပြီး အောက်ပါအတိုင်း ရိုက်ဖို့လိုအပ်ပါမယ်။ $ နောက်က command တွေကိုပဲ ရိုက်ပါ သို့မဟုတ် ကူးထည့်ပါ။
kali@kali:~$ termux-setup-storage
kali@kali:~$ pkg install wget
kali@kali:~$ wget -O install-nethunter-termux https://offs.ec/2MceZWr
kali@kali:~$ chmod +x install-nethunter-termux
kali@kali:~$ ./install-nethunter-termux
Usage:
command တွေနဲ့ ပတ်သက်ပြီး သိသင့်တာတွေကတော့
Command | အသုံးပြုပုံ |
---|---|
nethunter | Kali NetHunter command line interface ကို စတင် |
nethunter kex passwd | KeX အတွက် password သတ်မှတ်ခြင်း (ပထမဆုံးတစ်ကြိမ်ပဲ လုပ်ရန်လို) |
nethunter kex & | Kali NetHunter Desktop Experience user sessions ကို စတင် |
nethunter kex stop | Kali NetHunter Desktop Experience ကို ပိတ် |
nethunter <command> | NetHunter ထဲမှာ command run |
nethunter -r | Kali NetHunter cli ကို root နဲ့ဖွင့် |
nethunter -r kex passwd | KeX အတွက် root password သတ်မှတ် |
nethunter -r kex & | Kali NetHunter Desktop Experience ကို root နဲ့ဝင် |
nethunter -r kex stop | Kali NetHunter Desktop Experience root sessions ကိုပိတ် |
nethunter -r kex kill | KeX sessions ရှိသမျှအကုန်ပိတ် |
nethunter -r <command> | <command> ကို NetHunter environment မှာ root နဲ့ run |
Kex ကို သုံးမယ်ဆိုရင် KeX client app ကို ဖွင့်။ password ရိုက်ပြီး connect လုပ်ပါ။
ပိုကောင်းတဲ့ viewing experience ကို လိုချင်ရင်တော့ KeX Client မှာ Advanced Settings ဆိုတာရှိတယ်။ အဲဒါကိုဖွင့်ပြီးတော့ resolution ကို အဆင်ပြေအောင် ပြင်ဆင်ချိန်ညှိနိုင်ပါတယ်။
Tips:
- တင်ပြီးသွားတဲ့အခါမှာ ပထမဆုံးအနေနဲ့
sudo apt update && sudo apt full-upgrade -y
ဆိုတာကို ရိုက်ဖို့လိုပါမယ်။ အဲဒီ command က Kali ကို update & upgrade လုပ်ဖို့အတွက်ဖြစ်ပါတယ်။ . ပြီးရင် ကျွန်တော်တို့ဖုန်းမှာ storage လုံလုံလောက်လောက် ရှိတယ်ဆိုရင်တော့ Penetration Testing (Hacking) လုပ်နိုင်ဖို့အတွက်sudo apt install -y kali-linux-default
ဆိုပြီး လိုအပ်တာလေးတွေကို ထည့်သွင်းထားသင့်ပါတယ်။ - အထဲမှာပါတဲ့ Tool တိုင်းပေါ်ကိုတော့ မျှော်လင့်ချက်ကြီးလို့ မရပါဘူး။ ဥပမာ - Metasploit သုံးလို့ရပါတယ်။ ဒါပေမဲ့ Database support တော့ ရမှာမဟုတ်ပါဘူး။ ကိုယ့်လက်ထဲမှာရှိတာက rootless android တစ်လုံးဆိုတာ သတိရပေးပါ။
- “top” လိုမျိုး command တွေသည် unrooted phones တွေမှာ သုံးလို့မရပါဘူး။
- Non-root users တွေသည် chroot မှာ root access ရပါတယ်။ သတိထားသုံးပါ။
- Galaxy phone တွေသည် non-root တွေကို sudo မသုံးနိုင်အောင် တားထားပါတယ်။ “su -c” ကို ပြောင်းလဲ အစားထိုးသုံးနိုင်ပါတယ်။ 😁
- NetHunter Session တွေကို စနစ်တကျ ပိတ်ခြင်းအားဖြင့် Kali rootfs ကို backup ဖြစ်အောင်လုပ်ပါ။ သီးသန့် Backup ထပ်လုပ်ဖို့လိုအပ်ပါက Termux မှာ
tar -cJf kali-arm64.tar.xz kali-arm64 && mv kali-arm64.tar.xz storage/downloads
လို့ ရိုက်ပါ။ သေချာမသုံးတတ်ရင်တော့ မလိုအပ်ပါဘူး။ ဒါ့ပြင် သင့်ဖုန်းရဲ့ စနစ်ပေါ်လိုက်ပြီး “arm64” နေရာမှာ “armhf” လို့ ပြောင်းပြီး ရိုက်ထည့်ရတာမျိုးလည်း ရှိနိုင်ပါတယ်။
လာရောက်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ
htet Htet
ReplyDelete