Mr. Robot ဇာတ်လမ်းတွဲထဲက Rubber Duck အကြောင်း

သာမန် USB drive လေးတစ်ခုကိုသုံးပြီး backdoor ကို install လုပ်တာ၊ လိုအပ်တဲ့ document တွေကို ရှာထုတ်ရယူတာမျိုး နဲ့ Keyboard က ရိုက်သွင်းလိုက်တဲ့ Key Strokes တွေကို ဖမ်းယူတာလိုမျိုး လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုရင်တော့။ Rubber Duck က တကယ်ကောင်းတဲ့ device တစ်ခုပါ။
Keyboard ကနေ ရိုက်သွင်းလိုက်တဲ့ key တွေကို ကွန်ပျူတာက ယုံကြည်မှုအပေါ် Rubber Duck က အားသာချက်ရယူတိုက်ခိုက်ပါတယ်။ သူက Keyboard အယောင်ဆောင်ပြီး Keystrokes တွေကို superhuman speed နဲ့ ရိုက်သွင်းလိုက်တဲ့သဘောပါ။ ဒီအခါ ကွန်ပျူတာသည် Keyboard ကနေ လူက ရိုက်ထည့်လိုက်တဲ့ Keystrokes တွေလို့ ထင်မြင်ယူဆသွားစေပါတယ်။



Rubber Duck ကို program ထည့်ဖို့အတွက်တော့ Ducky Script ကို သုံးနိုင်ပါတယ်။ Ducky Script ဆိုတာက အတော့်ကို ရိုးရှင်းတဲ့ Language တစ်မျိုးပါပဲ။ Text editor တွေမှာ အလွယ်ကူဆုံးဖန်တီးနိုင်ပါတယ်။
အောက်ပါပုံမှာ နမူနာ ကြည့်နိုင်ပါတယ်။
REM ဆိုတာ comment လို့ ကြောငြာတာဖြစ်ပြီး String တွေကို STRING မှာ ရေးနိုင်ပါတယ်။

ဟုတ်ပါတယ်။ Duckey Script ကို လေ့လာထားရင် အေးဆေးလုပ်ဆောင်နိုင်ပါတယ်။

Specs & Features
60 MHz 32-bit CPU,
convenient type-A USB connector,
Micro SD expandable memory,
programmable payload replay button,
Specs & FeaturesJTAG interface with GPIO and DFU bootloader
AS SEEN ON MR. ROBOT
Mr. Robot ဇာတ်လမ်းတွဲထဲက Rubber Duck ကို သုံးထားခဲ့တဲ့ ဇာတ်ဝင်ခန်းလေးပါ။

HUMBLE BEGINNINGS
ကမ္ဘာ့ ပထမဆုံးသော USB Rubber Duckyကို Hak5 founder Darren Kitchen က sysadmin လုပ်နေစဥ်မှာ စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။
သူက Printer တွေ၊ Network Sharing တွေကို fix လုပ်တဲ့အခါမှာ တူညီတဲ့ command တွကို အကြိမ်ကြိမ်အထပ်ထပ် ရိုက်ရိုက်နေရတာ ပျင်းရိလာတဲ့အတွက် စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ စပြီး Keystroke injection attack စတင် လာခဲ့တာပါ။
လျှပ်စစ်မီး မရတာကြောင့် ဖြစ်သလိုလေးပဲ ရေးတင်လိုက်ရပါတယ်
အမြဲတမ်း လာရောက်ဖတ်ရှုပေးကြလို့ အထူး ကျေးဇူးပါ 😍😍😍
No comments