Hacking တတ်သွားပြီဆိုရင် ဘာလုပ်လို့ရလဲ
Hacking တတ်သွားပြီဆိုရင် ဘာလုပ်လို့ရလဲ
ဒီအကြောင်းအရာက လူစိတ်ဝင်စားမှု အများဆုံးသော အကြောင်းအရာဆို မမှားပါဘူး။ အချို့ကလည်း Hacking ဆိုတာနဲ့ ပတ်သက်ပြီးတော့ သိထား မြင်ထားတာတွေ အားလုံး လွဲနေတယ်။ အချို့ကလည်း Hacking ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘာဆိုတာ သေချာမသိဘဲ Mov တွေထဲက hacker တွေ နဲ့ Facebook မှာ မြင်ရတဲ့ hacker story တွေဖတ်ပြီး သူတို့လို ဖြစ်ချင်ကြတာရယ်။ ဒီတော့ What is Hacking ဆိုတာကို နားမလည်တော့ဘဲနဲ့ How to hack ဆိုတာနောက်ကို လိုက်ကြတော့တယ်။ အချို့ကတော့ ဒီနေ့ သင်တန်းတက် မနက်ဖြန် hacker ဖြစ်ချင်ကြပြန်ပါတယ်။ အချို့ကျတော့လည်း Hacking ဆိုတာ သင်လို့ရတာမဟုတ်ဘူးဆိုတဲ့ မျက်ကန်းယုံကြည်မှုကို တရားသေဆုပ်ကိုင်ရင်း အမှန်တရားနဲ့ ဝေးသထက် ဝေးကွာသွားကြပါတော့တယ်။ ဒီအကြောင်းအရာကို မဖတ်ခင် သင့်အနေနဲ့ သိထားသင့်တာတွေ ရှိပါတယ်။ မဖတ်ရသေးဘူး ဆိုရင် ဒါတွေ ဖတ်ထားပါဦး။ ပြီးတော့မှပဲ ဆက်ဖတ်ရင် ပိုကောင်းပါတယ်။ ကျွန်တော့် Blog လေးမှာ တင်ပေးသမျှကို မလွတ်တမ်း ဖတ်နေသူတွေအတွက်ကတော့ ဒီအကြောင်းအရာတွေကို ဖတ်ထားပြီးသား ဖြစ်နိုင်ပါတယ်။ ၂ ထပ်ရှိမှ မှတ်မိတယ်ဆိုတာမျိုး ဆိုရင်တော့ ထပ်ဖတ်လို့ရတယ်ဗျနော် ☺️
၁. Hacking ကို ဘာကြောင့် လေ့လာသင့်လဲ? လေ့လာပြီးရင် ဘာအကျိုးထူးမလဲ? ဘာအလုပ်တွေ ရနိုင်မလဲ? https://www.khitminnyo.com/2021/06/answer-for-3-question-hacking.html
၂. Hacking နဲ့ ပတ်သက်ပြီး မေးလေ့ရှိသော မေးခွန်းများ နှင့် လွဲမှားတတ်သော အယူအဆအချို့အကြောင်း https://www.khitminnyo.com/2022/05/hacking.html
၃. Hacking သမိုင်းကြောင်းနှင့် သိထားသင့်တာလေးများ (မှတ်စု) https://www.khitminnyo.com/2018/07/hacking.html
၄. Hack ဆိုတဲ့ စကားလုံးကို နည်းပညာနယ်ပယ်မှာ အစောဆုံး သုံးခဲ့ကြတဲ့ သမိုင်းကြောင်း https://www.khitminnyo.com/2022/05/hack.html
၁ နဲ့ ၂ ကိုတော့ မဖြစ်မနေ ဖတ်ပြီးဖို့ လိုပါတယ်။ ၃ နဲ့ ၄ ကတော့ စိတ်ဝင်စားရင် ဖတ်နိုင်အောင် related articles ပြပေးတာပါ။ သက်ဆိုင်ရာ ခေါင်းစဥ်ကို ပြန်ဆက်ရအောင်။
Hacking ရယ်မှ မဟုတ်ပါဘူး။ ဘယ်ပညာရပ်မဆို အသုံးချနိုင်တဲ့အဆင့် ရောက်အောင်လေ့လာရင် အသုံးချနိုင်မှာပါ။ ကိုယ့်မှာ လုံလောက်တဲ့ ပညာ ရှိထားရင် အဲသည်ပညာကိုအခြေခံတဲ့ အလုပ်တွေ လုပ်လို့ ရလာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်ရဲ့ ပုဂ္ဂလိက ထင်မြင်ချက်တစ်ခုကို ပြောရရင် အလုပ်ရဖို့ ပညာ မရှာသင့်ပါဘူး။ ပညာရှိလို့ အလုပ်ရှိတာ ပဲ ဖြစ်စေချင်ပါတယ်။ ဒီလိုပြောတော့ အချို့တွေက ဒီပညာတတ်လည်း ဘာမှလုပ်မရပါဘူး ဆိုတာမျိုး တလွဲတွေး တွေးတတ်ကြပါသေးတယ်။ ဒါကြောင့်မို့လို့ ဒီစာကို ရေးလိုက်တာဖြစ်ပါတယ်။
Computer Science နယ်ပယ်မှာ အကြီးမားဆုံး တိုးတက်လာတွေထဲက တစ်ခုက Cyber Security ဖြစ်ပါတယ်။ ဒီဘက်ခေတ်က ဒီဂျစ်တယ်ခေတ် ဖြစ်ပါတယ်။ အားလုံးရဲ့ လက်ထဲမှာ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်နိုင်တဲ့ IoT device တွေ ရှိနေကြပြီဖြစ်ပါတယ်။ သင့်လက်ထဲမှာရှိနေတဲ့ smart phone ကနေ ရိုက်တင်လိုက်တဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို သင်နဲ့ဆန့်ကျင်ဖက် ကမ္ဘာတစ်ခြမ်းမှာ ရောက်နေတဲ့ သင့်မိတ်ဆွေတွေလည်း ချက်ချင်းမြင်တွေ့နိုင်ရလောက်တဲ့အထိ ကမ္ဘာကြီးက နည်းပညာကို အခြေပြုပြီး ပြောင်းလဲတိုးတက်နေပါပြီ။ Cisco ရဲ့ report တစ်ခုအရ ၂၀၃၀ လောက်မှာ ဘီလျံ ၅၀၀ ကျော်သာ device တွေသည် အင်တာနက် ချိတ်ဆက်သုံးလာလိမ့်မယ်လို့ မျှော်မှန်းထားကြောင်း ရေးထားတာ ဖတ်ဖူးလိုက်ပါတယ်။
Cisco report အရ ၂၀၂၃ မှာ ကမ္ဘာ့လူဦးရေရဲ့ ၅၆ ရာနှုန်းသည် အင်တာနက် ချိတ်ဆက်သုံးကြလိမ့်မယ်လို့ တွေ့ရပါတယ်။ ဒါဟာ ၅.၃ ဘီလျံပဲ ရှိပါသေးတယ်။ လူတစ်ယောက်ကို တစ်ခုထက်ပိုတဲ့ ကိရိယာတွေ (ဖုန်း, ကွန်ပျူတာ, tablet, …) သုံးနိုင်တာဖြစ်တဲ့အတွက် ၂၀၃၀ လောက်မှာ ဘီလျံ ၅၀၀ ကျော် ဆိုတာ (ကမ္ဘာ့လူဦးရေ ရဲ့ ၄ ဆ ခန့်) ဖြစ်နိုင်ချေရှိပါတယ်။ Cisco report တွေကို စိတ်ဝင်စားရင် အောက်ပါ link မှာ ကြည့်နိုင်ပါတယ်ဗျ။
ဒီတော့ cyberspace သည် နှစ်စဥ်နှစ်တိုင်း ၃ဆ ထက်ပိုပြီး တိုးပွားကျယ်ပြန့်လာနေပါတယ်။ Cyber space ကျယ်ပြန့်လာတာနဲ့အမျှ ကမ္ဘာတစ်ဝှမ်းမှာ ဆိုက်ဘာတိုက်ခိုက်ခံရမှု ဖြစ်နိုင်ချေတွေလည်း ပိုပိုပြီးများပြားလာမှာဖြစ်ပါတယ်။ ပြီးတော့ လုပ်ငန်းသဘောအရ ကွန်ပျူတာတွေ၊ တက်ဘလက်တွေနဲ့ သုံးနေကြရတဲ့ company, organization တွေနဲ့ business လုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ၊ စနစ်တွေ စတဲ့ ထိခိုက်နိုင်ချေရှိတဲ့ asset တွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ပိုပိုပြီး လိုအပ်လာမှာဖြစ်ပါတယ်။ ဒီအခြေအနေကပဲ Cyber Security နယ်ပယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ပိုပိုပြီး တိုးတက်လာစေမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုတိုက်ခိုက်ခံရနိုင်ချေတွေကို ရှာဖွေဖော်ထုတ်ပြီး ကာကွယ်နိုင်ဖို့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်မယ့်သူတွေသည် Ethical Hackers/ Penetration Testers/ Cyber Security Specialist စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲကြတဲ့ Hacker တွေ ဖြစ်လို့ပါပဲ။ Hacker တွေ ဘယ်လိုတိုက်ခိုက်လေ့ရှိတယ်ဆိုတာကို Hacker တွေကသာ အသိဆုံးဖြစ်ပြီး Hacker တွေကို တားဆီးနိုင်ဖို့လည်း hacking တတ်ဖို့ လိုအပ်ပါတယ်။
Ethical Hacking ကို ဘာကြောင့် သင်သင့်တာလဲ။ Hacking လေ့လာရင် ဘာအကျိုးရမလဲ။
ဒီအချက်ကိုတော့ ရှေ့မှာ ဖတ်ခဲ့တဲ့ အကြောင်းအရာတွေထဲမှာလည်း တွေ့နိုင်ပြီးဖြစ်ပါတယ်။ ဒီထဲမှာလည်း တိုတိုရှင်းရှင်း ထပ်ပြောရရင် ——
- နည်းပညာဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ၃၉ စက္ကန့်တိုင်းမှာ attack တစ်ခု ဖြစ်ပွားတတ်တယ်လို့ Maryland တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်တစ်ခုထဲမှာ တွေ့ဖူးပါတယ်။ ပြီးတော့ အမေရိကန် ၃ ယောက်မှာ ၁ ယောက်က Cyber Security Threat ကြုံရလေ့ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ စိတ်ဝင်စားရင် link က ဒီမှာပါ https://www.securitymagazine.com/articles/87787-hackers-attack-every-39-seconds
- နောက်တစ်ချက်က ၂၀၂၀ မှာ Cyber Security အတွက် တစ်ကမ္ဘာလုံးမှာ သုံးစွဲခဲ့တဲ့ စရိတ်က အမေရိကန်ဒေါ်လာ ၁ ထရီလျံ ရှိခဲ့ပြီးတော့ အမေရိကန်ဒေါ်လာ ၆ ထရီလျံထိ မြင့်တက်နိုင်တယ်လို့ forbes မဂ္ဂဇင်းက ခန့်မှန်းထားပါသေးတယ်။ စိတ်ဝင်စားရင် link က ဒီမှာပါ။ https://www.forbes.com/sites/forbestechcouncil/2018/11/09/how-not-to-waste-a-trillion-dollars-on-cybersecurity/?sh=6e172b69df9a
- Facebook, Google, Microsoft, Amazon, စတဲ့ organization အကြီးကြီးတွေမှာ bounty program ဆိုတာတွေ ရှိပါတယ်။ နားလည်လွယ်အောင်ပြောရရင် hacker တွေ မတိုက်ခိုက်ခင်မှာ တိုက်ခိုက်ခံရနိုင်ချေရှိတဲ့ Security Flaws (လုံခြုံရေးဆိုင်ရာ အားနည်းချက်/ပြစ်ချက်) တွေကို ရှာဖွေဖော်ထုတ်ပြီး report လုပ်ခြင်းအားဖြင့် ထိုက်တန်တဲ့ ဆုကြေးငွေတွေ ပြန်ချီးမြင့်တဲ့ အစီအစဥ် ဆိုပါတော့။ (အဲဒါတွေကို လေ့လာခြင်းအားဖြင့် လူသစ်တွေလည်း ပညာတိုးစေမှာပါ) Bounty program တွေကို လေ့လာကြည့်ချင်တယ်ဆိုရင်တော့ google ကနေ ရှာကြည့်နိုင်ပါတယ်။ နမူနာ link ဆိုရင်တော့ Facebook’s Bug Bounty Program ==> https://www.facebook.com/whitehat မှာ ကြည့်နိုင်ပါတယ်။
- Hacker တစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်ပြီး Vulnerability လို့ခေါ်တဲ့ အားနည်းချက်တွေကို ရှာဖွေဖော်ထုတ်ပြီး တင်ပြနိုင်ဖို့၊ ကာကွယ်တားဆီးနိုင်ဖို့၊ ပြင်ဆင်နိုင်ဖို့ဆိုတာ Hacking ကို မသိဘဲ မဖြစ်နိုင်ပါဘူး။
- ဒါ့ပြင် Government data တွေ၊ consumer information တွေ၊ system တွေ စသည်ဖြင့် အရေးကြီးတဲ့အချက်အလက်တွေသည် Government level ကနေ ပုဂ္ဂလိက လုပ်ငန်းလေးတစ်ခုအထိ ရှိနေတာဖြစ်လို့မို့ ဒါတွေရဲ့ လုံခြုံရေးအရ Cyber Security ပိုင်းမှာ ကျွမ်းကျင်မှု ရှိသူတွေ လိုအပ်ချက်က တစ်နေ့ထက်တစ်နေ့ ပိုများလာမှာပါ။
- Hacking သည် ကိုယ့်ကွန်ပျူတာမှာ သုံးနေတဲ့ သာမန် software လေးတစ်ခုရဲ့ရဲ့ အားနည်းချက် နဲ့ bug တွေကိုပါ ရှာဖွေဖော်ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။
- ကိုယ်က Web Developer ဆိုရင်လည်း ကိုယ့်ရဲ့ Web မှာ ဖြစ်နေ ရှိနေတဲ့ vulnerability တွေကို သတိပြုမိပြီး ပိုမိုကောင်းမွန်လုံခြုံတဲ့ Web တွေ ဖန်တီးတည်ဆောက်နိုင်လာမှာ ဖြစ်ပါတယ်။ ထို့အတူ programmer ဆိုရင်လည်း ကိုယ့်ရဲ့ program မှာ ရှိနေတဲ့bug တွေ၊ weakness တွေကို ရှာဖွေဖော်ထုတ်နိုင်ပြီး ပိုကောင်းတဲ့ Program တွေကို တည်ဆောက်လာနိုင်ဖို့အတွက် Hacking က လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။
- နိုင်ငံတစ်နိုင်ငံကနေ အခြားနိုင်ငံတွေကို ထောက်လှန်း (စောင့်ကြည့်) ချင်တဲ့အခါ Hacking ပညာရပ်ကိုပဲ အသုံးချရမှာ ဖြစ်ပါတယ်။
- ရှိနေတဲ့ vulnerability တွေကို ရှာဖွေဖော်ထုတ်ပြီး လုံခြုံမှုရှိစေရန် ကြိုးပန်းနိုင်ခြင်းကြောင့် Hacking သည် ပိုမိုကောင်းမွန်သော society အတွက် မရှိမဖြစ် အရေးပါတဲ့ ပညာတစ်ခုလည်း ဖြစ်ပါတယ်။ သင်က မှန်ကန်စွာ အသုံးပြုဖို့ပဲ လိုပါတယ်။
ဒါတွေကို ပြောလိုက်တော့ Hacking ရဲ့ ကောင်းကျိုးတွေချည်းပဲ ဖြစ်နေပြီး အလုပ်နဲ့ ပတ်သက်တာကျတော့ မပါဘူး လို့ ထင်ရင်တော့ hacking တတ်ရင် ဘာအလုပ်တွေ ဝင်လို့ရတယ်ဆိုတာကို အောက်မှာ တည့်တည့် ထပ်ရေးပါပါမယ်။ Hacking ရဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။ အဲဒါကတော့ Hacking လေ့လာသူရဲ့ ethic နဲ့ ဆိုင်တာမို့လို့ ရှင်းပြစရာတောင် လိုမယ်မထင်တော့ပါဘူး။ သေနတ်တစ်လက် ကိုင်ထားရင် လူသတ် ဓားပြတိုက်တဲ့ နေရာမှာသုံးနိုင်သလို အဲသည် ဓားပြ/ လူသတ်သမားတွေကို နှိမ်နင်းတဲ့နေရာမှာလည်း သုံးနိုင်ပါတယ်။ အရေးကြီးတာက သင်က ဘယ်နေရာမှာ သုံးမှာလဲ ဆိုတာ ဖြစ်ပါတယ်။
Ethical Hacking ကို တတ်ကျွမ်းထားရင် ဘာအလုပ်တွေ လုပ်လို့ရမလဲ
ဒီဘက်ခေတ်က နည်းပညာပေါ်မှာ မှီခိုရတဲ့ခေတ် ဖြစ်တာနဲ့အညီ နည်းပညာတွေထဲမှာလည်း လူသားတွေကို အကျိုးပြုတဲ့ နည်းပညာအသစ် အသစ်တွေ ပေါ်ထွန်းလာသလို လူသားတွေကို အကျိုးစီးပွားပျက်စီးစေမဲ့ နည်းပညာဆိုးတွေလည်း ပေါ်ထွန်းလျက်ရှိပါတယ်။ Malware, Spyware, Ransomware, Trojan နဲ့ worm တွေသည်လည်းပဲ နေ့စဥ်လိုလို ပေါ်ထွက်လျက်ရှိနေပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ကုမ္ပဏီတွေသာမက အစိုးရဌာနဆိုင်ရာတွေသည်ပင်လျင် အဆိုပါ လုံခြုံရေးခြိမ်းခြောက်မှုတွေကနေ လွတ်နိုင်သမျှလွတ်မြောက်ဖို့အတွက် Cybersecurity Professional တွေကို ငှားရမ်းပြီး ကာကွယ်စောင့်ရှောက်ဖို့ ခန့်ထားကြရပါတယ်။
Security Magazine ရဲ့ အဆိုအရ ၂၀၂၁ အထိအတွင်း Cybersecurity အလုပ်နေရာ ၃.၅သန်းကျော် ခန့်ထားလျက်ရှိတယ် လို့ သိရပြီး နှစ်စဥ်တိုးပွားလျက်ရှိနေပါတယ်။
Link https://www.securitymagazine.com/articles/90182-the-cybersecurity-talent-gap-an-industry-crisis
အမေရိကန် အလုပ်သမားရေးရာဝန်ကြီးဌာက ဖော်ပြချက်အရ Information Security analyst (ethical hacker) တစ်ယောက်ရဲ့ တစ်နှစ်စာဝင်ငွေသည် 102600 US$ ရှိပါတယ်။ (မြန်မာငွေနဲ့ဆို သိန်း ၂၀၀၀ နီးပါးပါ) ဒါဟာ ၁ နာရီကို $50 လုပ်ခလစာ ရတဲ့သဘောပါ။ ပြီးတော့ ဒါက median salary သာဖြစ်ပါသည်။ ဒါကြောင့်မို့ Programmer တွေရဲ့ လစာ 85000 US$ ထက် အတော့်ကို ပိုများပါတယ်။ Cyber Security မှာ Senior level ဆိုရင်တော့ (ဥပမာ - Chief Information Security Officer) တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄ သိန်းလောက် ရပါတယ်။
Link https://www.bls.gov/ooh/computer-and-information-technology/information-security-analysts.htm#tab-1
Cisco ရဲ့ အဆိုအရ organization တွေရဲ့ အမြတ်ငွေ ၃၀ ရာနှုန်းလောက်သည် Security Breach တွေကြောင့် ဆုံးရှုံးရတယ် လို့ ပါရှိပါတယ်။ ဒီအချက်အလက်တွေအရ Hacker တွေသည် ဘာကြောင့်လစာကောင်းတဲ့အလုပ် ရတာလဲဆိုတာ ရှင်းပါတယ်။
ဒီတော့ သင်သာ Cyber Security (Hacking) ကို ကောင်းမွန်ကျွမ်းကျင်စွာ တတ်မြောက်ထားမယ်ဆိုရင်တော့ အောက်ပါ ရာထူးတွေနဲ့ ခေါ်တဲ့အလုပ်အကိုင်တွေကို လျှောက်လို့ရပါလိမ့်မယ်။
- Cyber security auditor
- Information technology security administrator
- Information assurance security auditor (mid-level)
- Systems security administrator
- Cyber defence/ vulnerability assessment analyst
- Warning analyst
- InfoSec analyst
- InfoSec Security analyst
- Cyber security analyst
- Network security engineer
- Ethical hacker (manual)
- SOC Analyst
- Network Engineering
- Security Consultant (senior)
- InfoSec Manager
- Penetration Tester (junior)
- Solutions Architect
- Cyber security consultant
- Cybersecurity and Technology Risk Auditor
- Security compliance analyst
ဒါတွေကတော့ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းကို ပြတာပါ။ ဒါတွေကို မလုပ်ဘဲနဲ့လည်း
- Bug Bounty Hunting လိုမျိုး အလုပ်တွေ လုပ်နိုင်ပါတယ်။
- Freelance အလုပ်တွေ လုပ်နိုင်ပါတယ်။
- Penetration Testing အလုပ်တွေကို လုပ်နိုင်ပါတယ်။
- Training တွေ လုပ်နိုင်ပါမယ်။
- စာအုပ်တွေ ရေးလို့ရပါမယ်။
- ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်နိုင်ပါမယ်။
စသည်ဖြင့် ကိုယ်ပိုင်လုပ်လို့ရတာတွေလည်း ရှိပါတယ်။
ဒါတွေကို သင့်အနေနဲ့ ဘာမှ မလုပ်ဘူးဆိုရင်တော့ သင်နဲ့ သင့်ပတ်ဝန်းကျင်မှာ ရှိသူတွေအတွက် ဆောင်ရန် ရှောင်ရန်တွေကို ကောင်းကောင်း သိရှိနိုင်သလို Cyber Threat တွေရဲ့ ရန်ကနေ သင်နဲ့ သင့်မိသားစုကို ကာကွယ်နိုင်တဲ့ အကျိုးကျေးဇူး ရရှိမှာဖြစ်ပါတယ်။
ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ နိဂုံးချုပ်ရမယ်ဆိုရင်တော့ ဘယ်ပညာရပ်ကိုမဆို ကျွမ်းကျင်စွာ တတ်မြောက်ရင် သင်တတ်ကျွမ်းသလောက် အလုပ်လုပ်နိုင်လာပါလိမ့်မယ်။ ဒါပေမဲ့ အလုပ်လိုချင်စိတ်နဲ့ လေ့လာတာမျိုးတော့ မဖြစ်ပါစေနဲ့။ တကယ့်ကို ပညာရပ်ပေါ် စိတ်ဝင်စားမှု ရှိမှသာ လေ့လာအောင်မြင်ဖို့ ပိုများပါလိမ့်မယ်။ Ethical Hacking ကို ကိုယ့်အိမ်ကနေကိုယ် အေးဆေး လေ့လာချင်တယ်ဆိုရင်တော့ မြန်မာလိုသင်ပေးတဲ့ Online Classroom တွေ ရှိတာမို့ စိတ်ဝင်စားရင် အောက်ပါ link ကနေ လေ့လာနိုင်ပါကြောင်း …
https://www.khitminnyo.com/p/online-classes.html
လာရောက်ဖတ်ရှုပေးကြသူ အားလုံးကို ကျေးဇူးပါ
ဆရာ ကျနော်နားလဲမလယ်ပါဘူး သိလဲမသိပါဘူး ဘာမှလဲမတက်ပါဘူး တကယ်တော့ကျနော်က နည်းပညာအကူညီလိုအပ်နေသူပါ သည်းခံပြီးဖတ်ပေးစေချင်မိတယ်ကျနော်က အရွယ်မရောက်သေးတဲ့ကလေးနှစ်ယောက်နဲ့ ဒုတ်ရောက်နေသူပါ ကျနော် လူတယောက်ကိုရှာချင်လို့ပါကျနော့အမျိုးသမီးပါ သူ့ရဲ့ဖုန်း imei ရှိပါတယ်ပြီးတော့ ကျနော်ဖျက်ပစ်လိုက်တဲ့မတ်ဆေ့ တေ ဖုန်းပြောတဲ့အသံဖိုင်တေကို ပြန်ရရင်ရှာဖို့လမ်းစ ရမယ်ထင်ပါတယ် ပြီးခဲ့တဲ့တလလောက်ဟာတေဆိုတော့ ပြန်ရှာဖို့ဖြစ်နိုင်ပါ့မလား youtub ထဲကဟာတေနဲ့လုပ်ကြည့်ပါတယ် နှစ်ရက်လောက်ကဟာပဲရတော့အဆင်မပြေပါဘူး ဖုန်းrootဖောက်ရတယ်ဆိုလားအဲ့ဒါမှရမယ်ပြောတယ် ဆော့ဝဲရှိရင်ပြောပြပေးပါလား ဖုန်းနံပါတ်တခုလဲသိထားပါတယ် ဖုန်းနံပါတ်နဲ့ရှာလို့ရောရလားဆရာရယ်ထြစ်နိုင်ရင်ကူညီပေးပါလားဆရာ အမေပျောက်နေတဲ့ကလေးနှစ်ယောက်ကိုလဲသနားလို့ပါဆရာ
ReplyDeleteကနော်ကိုပြန်ပြောထားခဲ့ပါနော် ဒီနေရာကိုပဲပြန်လာ ကြည့်တက်လို့ပါ ကျနေုာ့ဖုန်းပါ 09688075970ပါဆရာ viber သုံးပါတယ်ဆရာ ပညာမတက်လက်လှမ်းမမီတဲ့ကျနော့အတွက်အားကိုးခွင့်ပြုပါနော်
ReplyDeleteEthical hacking တတ်ဖို့အချိန်းဘယ်လောက်လိုလဲဗျ
ReplyDeletehacking လေ့လာမို့အချိန်ဘယ်လောက်လိုလဲsir
ReplyDelete