Adsense

OUO Banner

Latest Posts

Chapter 2 - (Camera App များကို လေ့လာခြင်း) Smartphone Photography စာအုပ်မှ

 အခန်း

ကျွန်တော်တို့ဖုန်းက ကင်မရာ App အကြောင်း


ဒီနေရာမှာ Physical အရ ကျွန်တော်တို့ ဖုန်းတွေက တစ်လုံးနဲ့တစ်လုံး ကင်မရာချင်း တူညီကြမှာ မဟုတ်ပါဘူး။ Megapixel ချင်း မတူတာအပြင် sensor company အရ ကွာခြားမှုတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါတွေကို ကျွန်တော်တို့ ဘာမှ လုပ်စရာလည်း မလိုတာမို့ camera app အကြောင်းလို့ပဲ ရေးရတာပါ။ 

camera application လို့ဆိုတဲ့ ကင်မရာဖွင့်နိုင်တဲ့ ဖုန်းအပလီကေးရှင်းတွေသည် ဖုန်း ထုတ်လုပ်သည့် vendor မတူညီခြင်းကြောင့် အနည်းငယ် ကွဲပြားမှုရှိနိုင်ပါတယ်။ ဒါပေမဲ့ တူတာတွေ အတော်များပါတယ်။ ဒါတွေကို ဒီတိုင်းပြောတာထက် ပိုမြင်သာစေဖို့  ကျွန်တော့်အနီးမှာ ရှိနေတဲ့ ဖုန်းအချို့ရဲ့ ကင်မရာ app တွေကို လေ့လာကြည့်ရအောင်ပါ။


Xiaomi ကတော့ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာ အသုံးများလှတဲ့ ဖုန်းတစ်မျိုး ဖြစ်ပါတယ်။ ကျွန်တော်ကတော့ လောလောဆယ် mi 8 model နဲ့ ယူသုံးထားတာပါ။ ကျန်တာတွေနဲ့လည်း တူမယ်ထင်ပါတယ်။ 

အထက်ပါပုံမှာကြည့်ရင် Pro, Video, Photo, Portrait နဲ့ More ဆိုပြီး တွေ့ရမှာဖြစ်ပြီးတော့ More မှာတော့ Night, Short Video, Panorama, Slow Motion နဲ့ Time-Lapse ဆိုပြီး တွေ့နိုင်ပါတယ်။  


Pro ထဲမှာတော့ manual ချိန်ညှိလို့ ရနိုင်တာအချို့ကို တွေ့ရမှာဖြစ်ပြီး menu ကို နှိပ် ကြည့်ရင်တော့ အပေါ်က ညာဘက်ပုံလိုမျိုး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။  


Samsung မှာတော့ Galaxy Note 10+ ကနေ ယူသုံးထားပါတယ်။ ဖွင့်ဖွင့်ချင်း Single Take, Photo, Video နဲ့ more ဆိုပြီး တွေ့နိုင်မှာဖြစ်ပြီးတော့ setting ခလုတ်လေးကိုပါ တွေ့ရမှာဖြစ်ပါတယ်။  more ထဲမှာတော့ အထက်ပါအတိုင်း အများကြီး ထပ်တွေ့ရမှာပါ။ 

သူ့မှာတော့ model အလိုက် ကွာခြားမှုအချို့ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီ့ပြင် model phone တွေလိုပဲ Pro, Panorama, Night, Portrait, Slow Motion နဲ့ Hyperlapse ဆိုပြီး တွ့ရမှာ ဖြစ်ပါတယ်။ ဘုံ တူတဲ့ဟာတွေကိုပဲ အဓိက ဆွေးနွေးသွားမှာပါ။ 



ပတ်ဝန်းကျင်မှာ တွေ့ရအများဆုံးသော ဖုန်းတွေက Xiaomi, Samsung, Huawei, Oppo, Vivo, OnePlus, iPhone စတာတွေ ဖြစ်ပါတယ်။ အားလုံးကို ပုံမထည့်ပြတော့ဘူးနော်။ အားလုံးကို လေ့လာကြည့်ပြီးတဲ့အခါ တူညီမှုရှိတဲ့အပိုင်းတွေကို ရွေးထုတ်လိုက်မယ် ဆိုရင်တော့ Photo, Video, Slow Motion, Portrait, Time-lapse နဲ့ panorama ဆိုပြီးတော့ တူတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ 

ပထမဆုံးအနေနဲ့ Grid line လေးတွေ ဖော်ထားလိုက်ကြရအောင်ပါ။ (အချို့က မြင်ကွင်းမှာ မျဥ်းတွေရှုပ်တယ်ဆိုပြီး grid မဖော်ချင်ကြပါဘူး။ ဖော်ထားကြဖို့ request လုပ် ပါရစေ။ 

ဘယ်လိုဖွင့်မလဲဆိုရင် Camera App ကို ဖွင့်ပြီး settings ကို နှိပ်ဝင်ရုံနဲ့ grid ဆိုပြီး မြင်ရမှာပါ။ အဲဒါလေးကို ဖွင့်လိုက်ရုံပါပဲ။ Xiaomi ဖုန်းတွေမှာတော့ setting နှိပ်စရာမလိုပါဘူး။ အပေါ်က xiaomi ပုံလေးမှာ ပြန်ကြည့်ရင် menu နှိပ်ကတည်းက show grid ဆိုတဲ့  ခလုတ်ကို တွေ့ရမှာပါ။ 


One Plus မှာတော့ Camera App ကို ဖွင့်ပြီး settings ကိုနှိပ်၊ Grid ကို နှိပ်ဝင်တဲ့အခါ အထက်ပါအတိုင်း ထပ်ရွေးစရာကို မြင်ရပါလိမ့်မယ်။ အားလုံးနဲ့ တူသွားအောင် 3 x 3 ကိုပဲ ရွေးထားကြဦးစို့။ နောက်မှ ကျန်တာတွေပါ ဆက်လေ့လာ စမ်းကြည့်ပေါ့။ 

iPhone မှာတော့ camera app ထဲမှာ settings ခလုတ် မရှိပါဘူး။ settings (app) ကနေ ဖွင့်ဝင်ပြီး camera ထဲမှာ ဝင်ဖွင့်ရမှာ ဖြစ်ပါတယ်။ 


အထက်ပါအတိုင်း composition ထဲမှာ Grid ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါလေး ဖွင့်ထားလိုက်ရုံပါပဲ။ Gridline လေး ဖွင့်ပြီးသွားပြီဆိုတော့ တကယ်က ကျွန်တော်တို့ သုံးသွားမယ့် အဓိက တူတာတွေအကြောင်းကို တစ်ခုစီ ပြောရမှာပါ။ ဒါပေမဲ့ photo, video, portrait ဆိုပြီး တစ်ခုချင်းစီ ဘယ်လိုသုံးတယ်ဆိုတာ အားလုံးသိပြီးသားတွေမို့ ပျင်းစရာဖြစ် နေနိုင်လို့ ချန်ခဲ့လိုက်ပါတယ်။ လိုအပ်လာတဲ့အခါမှပဲ ပြောပါတော့မယ်။ 

ဒီတော့ ကျွန်တော်တို့ရဲ့ ဖုန်း ကင်မရာနဲ့ ရိုက်လိုက်တဲ့ ပုံတွေတိုင်းမှာ ပိုကောင်းတဲ့ quality ကို ရဖို့အတွက် လုပ်သင့်တာလေးတွေကို ပြောရရင် -

  1. Grid (Gridlines) ဖော်ထားပါ။
  2. Camera settings ထဲမှာ Mirror Front Camera ပါရင် ဖွင့်ထားပါ။ (ဖွင့်မထားတဲ့အခါ ကျွန်တော်တို့က ညာဘက်မှာရှိနေတဲ့ selfie တစ်ပုံရိုက်တဲ့အခါ ထွက်လာရင် ဘယ်ဘက် ကို ရောက်နေတာ တွေ့ရမှာဖြစ်လို့ပါ။)
  3. iPhone Camera တွေမှာ ပါတဲ့ View Outside the Frame ကို ပိတ်ထားပါ။ (ပိတ်မထားမိရင် screen မှာ ပေါ်နေတာတွေအားလုံး ပါလာမှာမဟုတ်တဲ့အတွက် ရိုက်ရတာ စိတ်ရှုပ်စရာ ဖြစ်နိုင်ပါတယ်)
  4. HDR ကို ဖွင့်ထားပါ။ (အချို့ဖုန်းတွေမှာတော့ တစ်ခါတစ်ရံ HDR ပိတ်ထားခြင်းက ပိုအဆင်ပြေတတ်သည်။ HDR ဖွင့်ပြီး ရိုက်တာနဲ့ ပိတ်ထားပြီး ရိုက်တာကို လေးငါးပုံလောက်စီ ယှဥ်ပြီး စမ်းကြည့်ပါ။ အဆင်ပြေရာကိုသာ သုံးပါ)

(ထပ်ပြောစရာလေးရှိတာက iPhone တွေမှာ smart HDR ပါခဲ့ပေမယ့် iPhone 13 မှာ စပြီး disabled လုပ်ထားပါတယ်။ ပါလာတာ မတွေ့ရတော့တာက default အနေနဲ့ ထားသုံးထားလို့ ဖြစ်ပါတယ်။ ဖွင့်ဖို့/ပိတ်ဖို့မလိုတဲ့အတွက် ထည့်မထားတာ ဆိုတဲ့ သဘောမျိုးပါ)

  1. ဖုန်းကို တည်ငြိမ်အောင် ကိုင်ပါ။ 
  2. ကင်မရာကို အမြန်ဆုံး သုံးတတ်ပါစေ။ (screen lock ဖွင့်စရာမလိုဘဲ camera ဖွင့်ရိုက်နိုင်ပါတယ်။ မဟုတ်ရင် အချို့သော လျှပ်တပြက် ရိုက်ရမယ့်ပုံတွေကို လွတ်သွားနိုင်လို့ပါ)

ခုတော့ ဒီလောက်ပါပဲ။ နောက်လိုတာရှိရင် အလျဥ်းသင့်တဲ့နေရာရောက်မှ ထပ်ပြောပေးပါမယ်။ 


နောက်တစ်ပိုင်း ဆက်ပါမည် ...


လာရောက်ဖတ်ရှုပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်

လေးစားစွာဖြင့် 

Khit Minnyo

3 comments:

  1. မိုက်တယ်ဆရာကျေးဇူးပါ😊

    ReplyDelete
  2. နောက်တစ်ပိုင်းစောင့်နေပါတယ်ဆရာ

    ReplyDelete