Adsense

OUO Banner

Latest Posts

Chapter 1 - (ဖုန်းကို ဘယ်လိုကိုင်မလဲ) Smartphone Photography စာအုပ်မှ

 


အခန်း

ဖုန်းကို ဘယ်လိုကိုင်မလဲ


ဓာတ်ပုံကောင်းတစ်ပုံ ရရှိဖို့အတွက် ကင်မရာကို ဘယ်လိုကိုင်မလဲဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ဖုန်းကင်မရာနဲ့ ရိုက်မှာဆိုတော့ ဖုန်းကို  ဘယ်လိုကိုင်မလဲဆိုတဲ့အချက်ပေါ့။ ကျွန်တော်တို့ ကိုင်နေကျ ပုံစံကို ကြည့်ရအောင်။ 


ကျွန်တော်တို့ များသောအားဖြင့် ကင်မရာ ကိုင်လေ့ရှိတဲ့ ပုံစံပါ။ အဲလိုကိုင်တာ မှားနေတယ် လို့ မပြောချင်ပေမဲ့ ဒါဟာ ကောင်းတဲ့ ကိုင်ပုံကိုင်နည်းတော့ မဟုတ်ပါဘူး။ 

ကျွန်တော်တို့ ဓာတ်ပုံရိုက်လိုက်တယ် ဆိုကြပါစို့။ ကင်မရာပွင့်သွားပြီးတော့ ကင်မရာ ဆင်ဆာထဲကို အလင်း ဝင်ရောက်လာဖို့အတွက် အချိန်ကာလတစ်ခု ကြာပါတယ်။ အဲဒါကို shutter speed လို့ ခေါ်ပါတယ်။ အဲသည်ကာလအတွင်းမှာ လှုပ်ရှားမှု တစ်ခုခု ရှိတဲ့အခါ ပုံက ဝါးသွားတတ်ပါတယ်။ 

ကျွန်တော်တို့ ရိုက်လိုက်တဲ့ ဓာတ်ပုံ ဝါးသွားတာမျိုး ကြုံဖူးတယ်မို့လား။ ဒီနေရာမှာ ကျွန်တော်တို့ ရိုက်နေတာက သက်ရှိတွေမဟုတ်ဘူး ဆိုရင်တောင် shutter ခလုတ် နှိပ်လိုက်တဲ့အချိန် (ရိုက်လိုက်တဲ့ အချိန်) လေး အတွင်းမှာ ကျွန်တော်တို့ လက်သည် အမှတ်မထင် လှုပ်သွားတတ်ပါတယ်။ (ဖုန်းကိုဖွင့် ကင်မရာလေးထုတ်ကိုင်ပြီး ပုံတစ်ပုံရိုက် သတိထားစောင့်။  ကြည့်ကြည့်ပါ။) 

ကျွန်တော်တို့ သတိထားပြီး ငြိမ်အောင်ကိုင်နိုင်တယ်ဆိုရင်တောင် ဒါဟာ အမြဲတမ်းအတွက်တော့ မဟုတ်ပါဘူး။ ပိုခက်တာက night mode လိုမျိုး ရိုက်တဲ့အခါမျိုးမှာဆိုရင် အတော်ကြာတဲ့အထိ ငြိမ်ငြိမ်လေး ကိုင်ထားရတတ်ပါသေးတယ်။ 

ကျွန်တော်တို့လက်ထဲက ဖုန်းက တော်ရုံ တုန်ခါမှုအတွက် ကင်မရာမှာ သက်ရောက်မှု မရှိအောင် stablization နည်းပညာ သုံးထားတယ်ဆိုရင်တောင်မှ ရသင့်တဲ့ အရည်အသွေး  အပြည့်အဝတော့ ရမှာမဟုတ်တော့ပါဘူး။ ဒီအချက်က ပြန်မရနိုင်တော့တဲ့ အခိုက်အတန့်တွေ အတွက် နှမြောစရာကောင်းပါတယ်။ 

နောက်တစ်ခုရှိသေးတာက ခုခေတ်ဖုန်းတွေမှာ ကင်မရာက လုံးတည်း မတွေ့ရတော့ပါဘူး။ အနည်းဆုံး လုံး၊ လုံး ပါနေပြန်ပါတယ်။ အဲသည်အတွက် ခုကိုင်နည်းကြီးက တစ်ခါတစ်ရံ ကျွန်တော်တို့ လက်တွေကပါ ကင်မရာကို ကွယ်သွားတတ်ပါသေးတယ်။ ပုံထဲမှာ ကိုယ့်လက်နဲ့ ကွယ်မိတဲ့ပုံမျိုးရော ရှိဖူးလားခင်ဗျ။ (ကျွန်တော်တော့ ကြုံဖူးတယ်ဗျို့။ နေပူကြီးထဲ အမြန်ရိုက်ရတဲ့အခါမျိုးဆို ပုံကို ချက်ချင်း ပြန်မကြည့်ဖြစ်ဘူးလေ။ အိမ်ပြန်ရောက်မှ ပုံကို လက်တစ်ချောင်းက ကွယ်နေတာတို့ ဘာတို့ပေါ့။ )

နောက်ပြီး ဖုန်းကို tripods မှာ တပ်ဆင်ထားပြီး ရိုက်ထားတဲ့ ပုံတွေက ပိုပြီး တည်ငြိမ် ကြည်ရှင်းတာကိုလည်း သတိထားမိပါလိမ့်မယ်။ ဒါကြောင့် လက်နဲ့ကိုင်ရိုက်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ တည်ငြိမ်မှုရှိအောင် ကိုင်နိုင်မယ့် နည်းလမ်းတစ်ခုကို မျှဝေချင်ပါတယ်။ 

ကျွန်တော်တို့ရဲ့ လက် ဖက်ကို ဖုန်းကိုကိုင်မယ့်လက် နဲ့ shutter နှိပ်မယ့်လက် ဆိုပြီး ခွဲထားလိုက်ရအောင်။ (ကိုယ်သန်သလို လက်ပြောင်းလဲပြီး စမ်းကြည့်ပါ။)  


လက်သန်းက ဖုန်းရဲ့ အောက်ကနေ ထိန်းထားပြီး လက်မက ဖုန်းရဲ့ အပေါ်ကနေ ဖိထားတဲ့ ပုံစံပါ။ ဖုန်းရဲ့ နောက်ကျောမှာတော့ ကျန် လက် ချောင်း ရှိနေပါမယ်။  


ဒီလိုကိုင်လိုက်ခြင်းက ကျွန်တော်တို့ လမ်းလျှောက်သွားနေရင်တောင်မှ ဖုန်းကို ထိန်းထားနိုင်ပါလိမ့်မယ်။ ရှေ့နားရောက်လို့ ထပ်ရိုက်စရာရှိတဲ့အခါလည်း အသင့် ဖြစ်နေစေမှာပါ။ စစမ်းကာစမှာတော့ သက်သောင့်သက်သာ မဖြစ်သလို ခံစားရနိုင်ပါတယ်။ အလေ့အကျင့်  တော့ လိုတာပေါ့။ 


ကျန်တဲ့ shutter နှိပ်မယ့်လက်ကို အထက်ပါ ပုံထဲကအတိုင်း ကိုင်ကြည့်ပါ။ shutter အတွက် လက်မ ကိုသာ အသုံးပြုမှာဖြစ်ပြီး ကျန်တဲ့ လက်ချောင်းတွေကတော့ ညာဘက် အပေါ်ပုံထဲကလိုမျိုး ဖုန်းကိုင်ထားတဲ့လက်ကို support လုပ်ပေးထားပါ။ shutter သာမက camera mode ပြောင်းတာ၊ zoom ဆွဲတာလိုမျိုး လုပ်ဆောင်ချက်တွေအတွက်ပါ ထို လက်မ ကိုပဲ သုံးကြည့်ပါ။ စပြောင်းကာစမှာတော့ မိတ်ဆွေတို့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲသည်ကရတဲ့ sharpness ကိုတော့ စိတ်ကျေနပ်ရမှာ သေချာပါတယ်။  ကိုင်တတ်သွားပြီဆိုရင် နောက်တစ်ပုံ ဆက်ကြည့်ရအောင်ပါ။ 


များသောအားဖြင့် ကျွန်တော်တွေ့ဖူးတာတွေက ဓာတ်ပုံရိုက်တဲ့အခါ လက်ကို အဲသည်လို ဆန့်ထုတ်ထားပြီး ရိုက်ကြတာပါ။ ကျွန်တော်လည်း ရိုက်ခဲ့ဖူးပါတယ်။ ဖုန်းက လေးလေလေ ထိန်းရ ပိုခက်ခဲလေလေပါပဲ။ တုန်ခါမှုဖြစ်ဖို့အတွက်လည်း အခွင့်အလမ်း ပိုများလေလေပါ။  အောက်ပါပုံထဲကလို body နဲ့ပါ ထိန်းထားရင်တော့ ပိုပြီးငြိမ်မှာပါ။ 


ထောင်လိုက် ပုံ ရိုက်ချင်တယ်ဆိုရင်လည်း လက်ကို အဲသည်အနေအထားအတိုင်း ထောင်လိုက်ရုံပါပဲ။ တစ်မျိုးစီလုပ်နေစရာမလိုဘူးပေါ့။ 


ထိုင်ပြီးရိုက်တဲ့အခါ ပိုပြီး တည်ငြိမ်မှုရှိစေဖို့အတွက်တော့ အောက်ပါပုံစံအတိုင်း  ရိုက်ယူနိုင်ပါတယ်။ 


ဒါ့ပြင်ပေါ့။ ကျွန်တော်တို့ရဲ့ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ချင်ထည့်နိုင်သလို၊ ကျောပိုးအိတ်ထဲလည်း ထည့်ချင်ထည့်သယ်တတ်တာကြောင့် ဖုန်းမှာ ချွေး သို့မဟုတ် ဖုန်      စတာတွေ ပေနေတတ်ပါတယ်။ ဒါကြောင့်မို့ lens တွေကို သေချာ သန့်ရှင်းထားဖို့လည်း လိုအပ်ပါလိမ့်မယ်။ သောင်ပြင်ကလို သဲမျိုးတွေ သင့်ကင်မရာပေါ်မှာ ပေနေတယ်ဆိုရင်တော့ အဲဒါကို အဝတ်နဲ့ ဖိမသုတ်မိတာက ပိုကောင်းပါလိမ့်မယ်။ 

ယခုအခန်း မှ အကြောင်းအရာများကို iPhone Photography School (YouTube Channel) မှ ပုံများ ယူသုံးထားပါသည်ခင်ဗျာ။ 

Channel Link ==> https://www.youtube.com/EmilPakarklis/ 

အထက်ပါ channel မှာလည်း ယခုအကြောင်းအရာအပါအဝင် iPhone Photography များကို ဖော်ပြပေးထားတာ တွေ့နိုင်ပါတယ်။ iPhone အတွက်ဆိုပေမဲ့ အချို့သော သဘောတရားတွေက တူတာမို့ လေ့လာလို့ အကျိုးရှိမယ့် ချန်နယ်တစ်ခု ဖြစ်ပါတယ်။ 

👉👉👉👉👉 နောက်တစ်ပိုင်းဖတ်ရန် ဒီစာကြောင်းကို နှိပ်ပါ 👈👈👈👈👈


လာရောက်ဖတ်ရှုပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်

လေးစားစွာဖြင့် 

Khit Minnyo

No comments