Adsense

OUO Banner

Latest Posts

Kali မှာ User Data တွေကို encrypt လုပ်ထားနိုင်မယ့် နည်းလမ်း ၂ ခု




Encrypting Kali Linux Disk BEFORE Installation

Kali က default အားဖြင့် Disk Encrypt လုပ်ပေးမထားပါဘူး။ ဒါကြောင့်မို့ Encrypt လုပ်ချင်တဲ့အခါ ကြိုတင်ပြင်ဆင်စရာတွေတော့ ရှိပါမယ်။ ဒီနည်းက မတင်ခင် ကြိုပြင်ဆင်တဲ့နည်းပါ။ တင်ပြီးမှ ဆိုရင်တော့ နောက်တစ်နည်းပေါ့။ 

ဒီလိုလုပ်ဖို့အတွက် အဓိကကျတာက Kali ကို ပြန်တင်ရမယ်ဆိုတဲ့ အချက်ပါ။ Kali Only သုံးမယ့်သူတွေပဲ လုပ်ဆောင်သင့်ပါတယ်။ တင်နည်းက အတူတူပါပဲ။ Kali ISO ကို အရင်ယူ (Torrent ကနေယူ) (မယူတတ်ရင် the Kali Linux ဆိုတဲ့ စာအုပ်မှာ ကြည့်နိုင်ပါတယ်။) ပြီးရင် stick ထဲထည့် (ထည့်နည်းလည်း the Kali Linux ဆိုတဲ့ စာအုပ်မှာ ကြည့်နိုင်ပါတယ်။) ပြီးရင် တင်ရုံပါပဲ။ 


encrypt လုပ်ဖို့အတွက်တော့ တင်တဲ့နေရာမှာ အောက်ပါ အဆင့်ရောက်တဲ့အခါမှာတော့ ပုံထဲကအတိုင်းပဲ ရွေးပေးဖို့လိုအပ်ပါလိမ့်မယ်။Setting Kali Linux disk encryption during the installation

ပုံထဲကအတိုင်း use entire disk and set up encrypted LVM ဆိုတာကို ရွေးပြီး ရှေ့ဆက်ရမှာပါ။ HDD ကို သူ့ဘာသာ လိုအပ်သလို ပိုင်းပစ်မှာဖြစ်လို့မို့ partition ကိုတော့ ကိုယ်တိုင်လုပ်လို့ မရတော့ပါဘူး။ 

ဒါဆိုရင်တော့ သင့် Kali မှာ သုံးထားတဲ့ HDD ကို ဖြုတ်ယူပြီး အခြားသော  ကွန်ပျူတာတွေမှာ သွားတပ်သုံးလည်းပဲ အထဲကဒေတာတွေကို ဖတ်လို့ ရတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ Acc မေ့ပြီး ဝင်မရလို့ ဒေတာတွေဆုံးရင်တော့ တာဝန်မယူဘူးဗျနော။ 😂😂😂😂

How to Encrypt Disk of Kali Linux AFTER the Installation

တင်ပြီးမှဆိုရင်တော့  ecryptfs-utils package ကို တင်ဖို့ပါ။ (Debian package link နဲ့ ချိတ်ပေးထားပါတယ်။ apt ကနေ သွင်းမရရင် သွားယူတင်နိုင်ဖို့ပါ။)

sudo  apt-get  install  ecryptfs-utils
Installing the ecryptfs-utils package

အပေါ်က command ကို ကူးပြီးလည်း သုံးနိုင်ပါတယ်။ screenshot ထဲကနဲ့ အတူတူပါပဲ။ Y/n မေးလာရင် y ပေါ့။ ပြီးရင်တော့ လိုအပ်တဲ့ util တွေ ရပြီမို့ encrypt လုပ်လို့ ရပါပြီ။ 

ecryptfs-migrate-home   -u   username

username နေရာမှာ သင့်ရဲ့ login name ကို ထည့်ရမှာပါ။ 

ecryptfs-unwrap-passphrase

passphrase သတ်မှတ်ချင်ရင်တော့ အထက်ပါအတိုင်း သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ reboot ချလိုက်ရင် ရပါပြီ။ 

သတိပြုရန်။      ။ ဒီနည်းက /home/ အောက်က User (login User) နဲ့ဆိုင်တဲ့ folder ကိုပဲ Encrypt လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သင့်ရဲ့ Documents, Downloads, Desktop, Music, .. စတဲ့ သင့်ရဲ့ user home directory ကိုသာ encrypt လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်တာတွေကိုတော့ encrypt လုပ်မသွားဘူးဆိုတာပါ။ 

အားလုံးအဆင်ပြေကြပါစေဗျ Thank you for reading....

No comments