Latest Posts

Hack ဆိုတဲ့ စကားလုံးကို နည်းပညာနယ်ပယ်မှာ အစောဆုံး သုံးခဲ့ကြတဲ့ သမိုင်းကြောင်း

 


Hack ဆိုတဲ့ စကားလုံးကို နည်းပညာနယ်ပယ်မှာ အစောဆုံး သုံးခဲ့ကြတဲ့ သမိုင်းကြောင်း


Hack ဆိုတဲ့ မူရင်း အင်္ဂလိပ်စကားလုံး ကိုတော့ 1200 ခုနှစ် ဝန်းကျင်လောက်မှ စတင် တွေ့ခဲ့ရပြီး Oxford Dictionary မှာတော့ “cut with heavy blows in an irregular or random fashion,” လို့ ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။ (👉👉👉 ဒီအကြောင်းကို The First Step towards Hacking ဆိုတဲ့ စာအုပ်ရဲ့ ပထမဆုံးအခန်းမှာ ရေးခဲ့ပြီးဖြစ်သလို ကျွန်တော့် page နဲ့ blog မှာလည်း တင်ပေးခဲ့ပြီး ဖြစ်ပါတယ်။👈👈👈) အဲသည် Oxford Dictionary မှာ ဖော်ပြထားတဲ့ သဘောသဘာဝ အရ ခု ကျွန်တော်တို့ သိကြတဲ့ hack ဆိုတဲ့ သဘောတရားနဲ့ အတော်ဆင်တူတာကတော့ (irregular) ပုံမှန်မဟုတ်သော ဆိုတဲ့ အဓိပ္ပါယ်လေးပါပဲ။ ယနေ့ခေတ်မှာ ကျွန်တော်တို့ နားလည်ခံယူထားကြတဲ့ hack ဆိုတာ တကယ်တော့ ပုံမှန်မဟုတ်သော  အသုံးပြုခြင်း တစ်မျိုးသာ ဖြစ်လို့ပါ။ ထားပါတော့။ ခေါင်းစဥ်နဲ့ အံချော်ကုန်မှာစိုးလို့။ ဆက်ရအောင်။ 


Hacking ဆိုတာတွေ Hacker ဆိုတာတွေ နဲ့ hack ဆိုတဲ့ စကားလုံးတွေကို နည်းပညာနယ်ပယ်မှာ မသုံးသေးခင်တုန်းက Hack လို့ ပြောရမယ့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲသည် ဖြစ်ရပ်ဟာ ၁၈၇၈ ခုနှစ်မှာ ဖုန်းကုမ္ပဏီတစ်ခုက စပါတယ်။ ဆယ်ကျော်သက် ဝန်ထမ်းလေးတွေကို ခန့်ထားတဲ့ ကုမ္ပဏီပါ။ အဲသည်ခေတ်က switchboard တွေကို သုံးပြီးတော့ customer တွေနဲ့ connect ရအောင် လုပ်ပေးရတဲ့ ခေတ် ဖြစ်ပါတယ်။ အဆိုပါ ဆယ်ကျော်သက် ကောင်လေးတွေအုပ်စုက ဒီစနစ်တွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို သိပြီးနောက် သူတို့က နောက်တဲ့အနေနဲ့ ဖုန်းတွေ ခေါ်မရအောင် နဲ့ ဖုန်းခေါ်ချင်တဲ့သူဆီမရောက်ဘဲ အခြားသူတွေဆီကို ရောက်အောင် စတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒါသည်ပင်လျင် hack ရဲ့ သဘောသဘာဝ ဖြစ်တဲ့ ပုံမှန်မဟုတ်သော  ဆိုတဲ့ ကိစ္စ ဖြစ်သွားရပါတယ်။  အဆိုပါ ဖြစ်ရပ်ကြောင့်ပဲ အဲသည် ဆယ်ကျော်သက်ကောင်လေးတွေအားလုံး အလုပ်ထုတ်ခံခဲ့ကြရပါတယ်။ သူတို့က အဲဒါကို အကြိမ်ကြိမ်အထပ်ထပ် လုပ်ဆောင်နေခဲ့ကြလို့ပါ။ အဲဒါသည် ၁၈၇၈ ခုနှစ်မှာ ဖြစ်ပြီးတော့ ဒါဟာ အလက်ဇန္ဒား ဂရေဟမ်ဘဲလ် က တယ်လီဖုန်းအတွက် ပထမဆုံးသော US မူပိုင်ခွင့် ရပြီးနောက် နှစ်မြောက်မှာ ဖြစ်ပါတယ်။ 


1995 မှာတော့ machine တွေရဲ့ fuse ကို ကျော်(skip) သွားအောင် လုပ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ hacking ဆိုတဲ့ စကားလုံးကို M.I.T က စတင် သုံးစွဲခဲ့ပါတယ်။ တစ်စုံတစ်ယောက်က fuse ပြတ်တောက်သွားခြင်း မရှိဘဲနဲ့ လျပ်စစ် စံနစ်တစ်ခုကို ပါဝါပိတ်အောင် လုပ်ဆောင်ခဲ့လို့ ဖြစ်ပါတယ်။ 1995 ဧပြီလရဲ့ တစ်ခုသော အစည်းဝေးပွဲတစ်ခုမှာ အဲသည်အကြောင်းကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အဲသည်နည်းလမ်းကို ပေးဖို့အတွက် Mr. Eccles က  anyone working or hacking on the electrical system turn the power off to avoid fuse blowing.” လို့ တောင်းဆိုခဲ့တာကို meeting minutes မှာ မှတ်တမ်း ရှိခဲ့ပါတယ်။  hacking ဆိုတဲ့စာလုံးကို ပထမဆုံး တွေ့ခဲ့ရတဲ့ ဖြစ်ရပ်ပါပဲ။ 


ဒါပေမဲ့လို့ အဲသည်အချိန်အထိ hack, hacker, hacking စတာတွေသည် နည်းပညာနယ်ပယ်မှာ ခေတ်မစားခဲ့သေးပါဘူး။ 1975 မှာ ထွက်ခဲ့တဲ့ Jargon File တစ်ခုဖြစ်တဲ့ ကွန်ပျူတာပရိုဂရမ်မာတွေအတွက် အဘီဓာန် ဆိုတဲ့ထဲမှာ Hacker ဆိုတဲ့ စကားလုံးကို definitaiton ခုနဲ့ အဓိပ္ပါယ် ဖွင့်ခဲ့ပါတယ်။ (👉👉👉ဒီအကြောင်းကို The First Step towards Hacking ဆိုတဲ့ စာအုပ်ရဲ့ ပထမဆုံးအခန်းမှာ ရေးခဲ့ပြီးဖြစ်သလို ကျွန်တော့် page နဲ့ blog မှာလည်း တင်ပေးခဲ့ပြီး ဖြစ်ပါတယ်။👈👈👈) အဲသည် Jargon file မှာတော့ Malicious Hacker တွေကို cracker လို့ သုံးနှုန်းထားခဲ့ပါတယ်။ အဲလိုပဲ အချိန်အတော်ကြီးကြာတဲ့အထိ ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ cracker 

http://www.catb.org/~esr/jargon/html/C/cracker.html 


တကယ့်ကို ပထမဆုံးလို့ ဆိုရမယ့် ကွန်ပျူတာဟက်ကာ တွေကတော့ 1960 ခုနှစ်များအတွင်းမှာ ပေါ်ပေါက်လာတယ်လို့ ဆိုရပါမယ်။ (အဲမတိုင်ခင် ဖြစ်ရပ်တွေလည်း ရှိခဲ့သေးပေမယ့် နောက်ရေးမယ့် အကြောင်းအရာနဲ့ ပိုပြီး သက်ဆိုင်တာမို့လို့ ချန်ခဲ့ပါမယ်။) အဲသည် ၁၉၆၀ ခုနှစ်တွေအတွင်းမှာ သုံးခဲ့ကြတာက main frame computers တွေ ဖြစ်ပါတယ်။ (ဒီဘက်ခေတ် ကွန်ပျူတာတွေလို အလွယ်တကူ သယ်သွားနိုင်တဲ့ အခြေအနေနဲ့ဆိုရင်တော့ အများကြီး ကွာခြားနေတာပေါ့။) main frame computer တွေသည် အတော့်ကို ပူတာမို့လို့ အပူချိန်ကို ထိန်းသိမ်းထားတဲ့ အခန်းတွေထဲမှာ ထားထားရသလို အဆိုပါ ဧရိယာကို မှန်တွေနဲ့လည်း ကာရံထားခဲ့ကြပါတယ်။ ဆိုလိုတာကတော့ လူတိုင်းကို ပေးမဝင်ဘူးပေါ့။ ဒီတော့ လူတိုင်း ကွန်ပျူတာ ကိုင်နိုင်ဖို့ မလွယ်သလို progrmmer တွေတောင်မှပဲ ကွန်ပျူတာကို ကောင်းကောင်း ကိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။ main frame computer တွေအတွက် ကုန်ကျစရိတ်ကလည်း သိပ်ကြီးလွန်းတာမို့ ဒီလို ကန့်သတ်ထားရတာ ဖြစ်နိုင်ပါတယ်။ 


ဒါကြောင့်မို့ M.I.T ထဲက တကယ့်ကို ထူးချွန်တဲ့ ကျောင်းသားတွေဟာ hack လို့ ခေါ်တဲ့ programming shortcuts တွေကို ဖန်တီးခဲ့ကြပါတယ်။ (မှတ်ချက်။      ဒီနေ့ခတ်မှာ အသုံးပြုနေတဲ့ Hack ဆိုတဲ့ programming language နဲ့ မတူပါ။ Hack Programming Language ကို လေ့လာလိုပါက https://hacklang.org/ မှာ ရယူလေ့လာနိုင်ကြပါတယ်။) သူတို့ဖန်တီးခဲ့တဲ့ shortcuts တွေသည် computing task တွေကို ပိုမိုလွယ်ကူလျင်မြန်စေခဲ့ပါတယ်။ အချို့မှာ original program တွေထက်တောင်မှ shortcuts က ပိုကောင်းနေပါသေးတယ်။ အဲသည် hack တွေထဲက တစ်ခုကတော့ 1969 မှာ Bell Lab ရဲ့ ဝန်ထမ်း ယောက်ဖြစ်တဲ့ Dennis Ritchie နဲ့ Ken Thompson တို့ရဲ့ hack ဖြစ်ပြီး ကွန်ပျူတာနယ်ပယ်မှာ (run ဖို့လိုအပ်တဲ့) machine rules တွေကို ချမှတ်ပေးခဲ့တဲ့ hack ဖြစ်ပါတယ်။ အသည် hack ကိုတော့ UNIX လို့ နာမည်ပေးခဲ့ကြပြီးတော့ ခုထိ နာမည်ကျော်လျက်ရှိဆဲ ဖြစ်ပါတယ်။ 


(UNIX system နဲ့ ဆင်တူတဲ့ လုပ်ဆောင်ပုံရှိတဲ့ စနစ်တွေကို UNIX-like လို့ သုံးကြပြီးတော့ UNIX-Like Operating System တွေထဲမှာ ကျွန်တော်တို့ သိကြတဲ့ Kali, Ubuntu စတဲ့ Debian Linux တွေ၊ Other Linux တွေ၊ Android, iOS, MacOS စတဲ့ စတဲ့ နာမည်ကျော် Operating Sysem တွေ ပါဝင်ကြပါတယ်။ )


1970 နောက်ပိုင်းတွေမှာတော့ Hacker တွေအတွက် လက်တည့်စမ်းစရာတွေ ပိုပိုများလာတယ်လို့ ဆိုရမှာပါ။ 

1971 မှာ John Draper လို့ခေါ်တဲ့ ဗီယက်နမ် (တိရစ္ဆာန်ဆေးကုဆရာဝန်) တစ်ယောက်သည် ဖုန်း အလကား ပြောနိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒါကို Phreaking လို့ ခေါင်းစဥ်တပ် သုံးနှုန်းခဲ့ကြပါတယ်။ 


1993 မှာ War Games လို့ခေါ်တဲ့ ရုပ်ရှင် ထွက်ရှိလာခဲ့ပြီးတော့ ဒါဟာ Hacker တွေရဲ့ inner working ကို ပထမဆုံး ဖော်ပြခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အဲသည်နောက်ပိုင်းမှာ Hacking world ကို ပြောင်းရွေ့လာကြသူတွေ အတော့်ကို ပိုပိုများလာခဲ့ပါတယ်။ Online world ကို ပြောင်းရွေ့လာခဲ့သူတွေ များပျားလာတာကြောင့် ARPNET ကို internet အဖြစ် ပြောင်းလဲလာခဲ့ရပါတော့တယ်။ internet က အဲမတိုင်ခင်ကတည်းက ရှိနှင့်ပြီးသား ဖြစ်ပြီး 1983, January 1 ကို internet ရဲ့ Official Birthday အဖြစ် သတ်မှတ်ထားပါတယ်။


စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တဲ့ အမေရိကန်ရဲ့ populous city တစ်ခုဖြစ်သော  Milwaukee မြို့က ဖြစ်ရပ်တစ်ခုကို ပြောပြရင်း နိဂုံး ချုပ်ပါမယ်။ 

 Milwaukee မြို့မှာ 414 လို့ ခေါ်တဲ့ Hacker အဖွဲ့ တစ်ခုရှိခဲ့ပြီး သူတို့ဟာ Manhattan's Memorial Sloan Kettering Cancer Center က စနစ်တွေထဲကို ဖောက်ထွင်းဝင်ခဲ့ပါတယ်။ နောက်တော့ အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။ အဲသည်မှာ LOD နဲ့ MOD လို့ ခေါ်တဲ့ အုပ်စု စု အဖြစ် ပြန့်သွားပြီးတော့ သူတို့ချင်းကြား ပြိုင်ဆိုင်မှု ကြီးထွားလာခဲ့ပါတယ်။ သူတို့ရဲ့ ပြိုင်ဆိုင်မှုကြီးကို "The Great Hacker War" လို့ နာမည် ပေးထားကြပါတယ်။ 


အစတုန်းကတော့ LOD တစ်ဖွဲ့တည်းပါ။ Lex Luthor လို့ သူ့ကိုယ်သူ နာမည်ပေးထားသူက Legion of Doom (LOD) ဆိုတဲ့ အဖွဲ့ကို တည်ထောင်ခဲ့တာပါ။ Saturday morning cartoon ထဲက နာမည်ကို အစွဲပြုပြီး အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ LOD သည် အဖွဲ့ဝင် Phiber Optik ကို Erik Bloodaxe နဲ့ ရန်ဖြစ်လို့ ဆိုပြီး အဖွဲ့ကနေ ထုတ်ပယ်မပစ်ခင် အချိန်အထိအတွင်း အကောင်းတကာ့ အကောင်းဆုံးဆိုတာတွေကို လုပ်ပြနိုင်ခဲ့သလို ဆွဲဆောင်မှုလည်း ပိုကောင်းခဲ့ပါတယ်။ 

Phiber Optik နဲ့ သူ့သူငယ်ချင်းတွေ ပေါင်းပြီး Master of Deception (MOD) ဆိုတဲ့ အဖွဲ့ကို LOD နဲ့ စင်ပြိုင် ဖွဲ့စည်းခဲ့ပါတယ်။ အဲသည်မှာ "The Great Hacker War" ဆိုတာကြီး ဖြစ်လာတာပါ။ 

1990-1992 အထိ သူတို့ရဲ့ပြိုင်ဆိုင်မှုကြီးက နှစ်တာခန့် ကြာမြင့်ခဲ့ပါတယ်။ သူတို့တွေသည် ဖုန်းလိုင်းတွေ ဖြတ်ပစ်တာမျိုး၊ ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ်နားထောင်တာ စောင့်ကြည့်တာမျိုး၊ တစ်ဘက်နဲ့တစ်ဘက် ကွန်ပျူတာတွေကို အပြန်အလှန် ထိိုးဖောက်တိုက်ခိုက်တာမျိုး စတာတွေ လုပ်ခဲ့ကြပြီး သူတို့ပြိုင်ဆိုင်မှုတွေကြားမှာ အခြားသူတွေလည်း ကြားညပ်ခံခဲ့ကြရပါသေးတယ်။ တဖြည်းဖြည်း ပိုပိုဆိုးလွန်းလာတာကြောင့် ပြည်ထောင်စုအစိုးရက ကြားဝင်ပါလာခဲ့ရပြီးတော့ နောက်ဆုံးမှာ Phiber Optik နဲ့ သူ့အပေါင်းအသင်းအချို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်တော့မှပဲ အဲသည် "The Great Hacker War"  ကြီးကို အဆုံးသတ်နိုင်ခဲ့ပါတော့တယ်။ 


References:

http://plaza.url.edu/

https://www.newyorker.com/

https://en.wikipedia.org/ 

https://www.khitminnyo.com/ 

https://www.usg.edu/ 


IMDB Rating 7.6 documentary film တစ်ပုဒ်ဖြစ်တဲ့ 

The Secret History of Hacking ဆိုတဲ့ documentary ထဲမှာလည်း စိတ်ဝင်စားဖွယ် လေ့လာနိုင်ပါသေးတယ်။

https://m.imdb.com/title/tt2335921/


The Secret History of Hacking is a 2001 documentary film that focuses on phreaking, computer hacking and social engineering occurring from the 1970s through to the 1990s. Wikipedia က ကူးလာတာပါ။


ခုတော့ ဒီလောက်နဲ့ပဲ ရပ်ပါရစေ။


နောက်တစ်ပုဒ်အနေနဲ့တော့ ၁၈၇၈ - ၂၀၁၆ အတွင်း စိတ်ဝင်စားစရာကောင်းတဲ့ hacking ဖြစ်ရပ်အချို့ကို ဖော်ပြပေးသွားမှာမို့ blog လေးကို မကြာခဏ လာလည်ဖတ်ရှုပေးကြပါဦးဗျ။ အားပေးဖတ်ရှုကြသူအပေါင်း ကိုလည်း အထူး ကျေးဇူးပါ။ Ad လေးတွေကိုတော့ သည်းခံကြည့်ပေးကြပါဗျ။ 


Thank You, all

No comments