Adsense

OUO Banner

Latest Posts

2017 မတိုင်မီက Hacking ဖြစ်ရပ်အချို့

 


2017 မတိုင်မီက Hacking ဖြစ်ရပ်အချို့

ပြီးခဲ့တဲ့ ဆောင်းပါးက Hacking ဆိုတဲ့ စကားလုံးကို နည်းပညာနယ်ပယ်မှာ အစောဆုံး သုံးခဲ့ကြတဲ့ သမိုင်းကြောင်းကို သိမီသလောက် ဖတ်မှတ်မိသလောက် ပြောပြထားခဲ့တာဖြစ်ပါတယ်။ 

👉👉👉👉👉 မဖတ်ရသေးရင် ဒီစာကြောင်းကို နှိပ်ကြည့်ပြီး သွားရောက်ဖတ်ရှုနိုင်ပါတယ်ဗျ 👈👈👈👈👈👈


ကျွန်တော်သိသလောက်တော့ 2015 နောက်ပိုင်းလောက်ကနေစပြီး မြန်မာပြည်မှာ Hacking ပိုင်းကို စိတ်ဝင်စားသူ ပိုများလာတယ်လို့ ဆိုရပါမယ်။ 


ဒါကြောင့် ဒီတစ်ခေါက်မှာတော့ လူသိနည်းသေးတဲ့ 2017 ကနေ ရှေ့ပိုင်း ခုနှစ်တွေက Hacking ဖြစ်ရပ်အချို့ကို ဖော်ပြပေးသွားပါမယ်


1878

Early telephone calls

ဟိုးအရင်ခေတ်တုန်းက တယ်လီဖုန်းခေါ်ဆိုမှုတွေဟာ ခုလောက်ထိ မလွယ်ကူခဲ့သေးပါဘူး။ မြန်မာပြည်မှာ ၂၀၁၀-၁၁ လောက်အထိ တွေ့နိုင်ခဲ့တဲ့ Auto exchange လို့ခေါ်တဲ့ ကျေးလက်တွေနဲ့ပါ ဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေး စနစ် ကို သိမီတဲ့သူတွေဆိုရင်တော့ မြင်သာနိုင်ပါတယ်။ ဝန်ထမ်းတွေက switchboard တွေကို သုံးပြီးတော့ customer တွေချင်း ကြားက ဆက်သွယ်ရေးကို connect လုပ်ပေးရတဲ့စနစ်ပါ။ 

​(အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။)



အစောဆုံးလို့ ဆိုရမယ့် ဒီဖြစ်ရပ်ကတော့ ဆယ်ကျော်သက် ဝန်ထမ်းလေးတွေကို ခန့်ထားတဲ့ the Bell ဆိုတဲ့ကုမ္ပဏီကနေ စတင်ခဲ့ပါတယ်။ အဆိုပါ ဆယ်ကျော်သက် ကောင်လေးတွေအုပ်စုက ဒီစနစ်တွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို သိပြီးနောက် သူတို့က နောက်တဲ့အနေနဲ့ ဖုန်းတွေ ခေါ်မရအောင် နဲ့ ဖုန်းခေါ်ချင်တဲ့သူဆီမရောက်ဘဲ အခြားသူတွေဆီကို ရောက်အောင် စတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့်ပဲ အဲသည် ဆယ်ကျော်သက်ကောင်လေးတွေအားလုံး အလုပ်ထုတ်ခံခဲ့ကြရပါတယ်။ သူတို့က အဲဒါကို အကြိမ်ကြိမ်အထပ်ထပ် လုပ်ဆောင်နေခဲ့ကြလို့ပါ။ အဲဒါသည် ၁၈၇၈ ခုနှစ်မှာ ဖြစ်ပြီးတော့ ဒါဟာ အလက်ဇန္ဒား ဂရေဟမ်ဘဲလ် က တယ်လီဖုန်းအတွက် ပထမဆုံးသော US မူပိုင်ခွင့် ရပြီးနောက် နှစ်မြောက်မှာ ဖြစ်ပါတယ်။ 

Hacking သဘောသဘာဝနဲ့ ကိုက်ညီတာမို့လို့ Hacking history ထဲ ထည့်သွင်းထားခဲ့ကြတဲ့ ဖြစ်ရပ်တစ်ခုပါ။ 


1903    

Wireless telegraphy

၁၉ရာစုနှောင်းပိုင်းကာလတွေမှာတော့ electromagnetic wave (လျှပ်စစ်သံလိုက်လှိုင်း) တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကပဲ တကယ့် hacking အစစ်ကို ပထမဆုံး စတင် ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုရမယ့် ဖြစ်ရပ်တစ်ခုကို ပေါ်ပေါက်စေခဲ့ပါတယ်။ ဖြစ်စဥ်က ဒီလိုပါ။ ၁၉၀၃ ခုနှစ်မှာ ကြိုးမဲ့နည်းပညာကို ဝါသနာထုံတဲ့ Nevil Maskelyne ဆိုသူက hack ခဲ့တာဖြစ်ပါတယ်။ လျှပ်စစ်သံလိုက်လှိုင်းရှာဖွေတွေ့ရှိမှုကြောင့် ကြိုးမဲ့ ကြေးနန်းနည်းပညာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ Guglielmo Marconi ဆိုသူ အီတလီနိုင်ငံသား သိပ္ပံပညာရှင်တစ်ဦးက ၁၈၉၅ မှာ ကြိုးမဲ့ကြေးနန်းကို တည်ထွင်ခဲ့တာပါ။ Marconi ဆီမှာ အလုပ်လုပ်ခဲ့သူတစ်ဦးရှိပါတယ်။ John Ambrose Fleming ဆိုသူ အင်္ဂလိပ်လူမျိုး လျပ်စစ်အင်ဂျင်နီယာ နှင့် ရူပဗေဒ ပညာရှင်တစ်ဦးပါ။ John Ambrose Fleming က ၁၉၀၃ မှာ Marconi ရဲ့လုံခြုံသော ကြိုးမဲ့ကြးနန်းနည်းပညာဆိုတာကို ပထမဆုံး အနေနဲ့ လူထုသရုပ်ပြမှု လုပ်ဆောင်ခဲ့ပါတယ်။ အဲသည်မှာတင်ပဲ Nevil Maskelyne က Morse code message တွေကို ပေးပို့ခြင်းအားဖြင့် John Ambrose Fleming ကို အနှောင့်အယှက် ပေးခဲ့တာပါ။ 

အဲကိစ္စပြီးပြီးချင်းလောက်မှာပဲ Times သတင်းစာမှာ  Fleming ကိုယ်တိုင်ကိုက အဆိုပါ ဖြစ်ရပ်အတွက် တာဝန်ရှိတဲ့ နှောင့်ယှက်သူ (သိပ္ပံနည်းကျ ဖျက်ဆီးသူ လို့ သုံးထား) ကို ဖုံးကွယ်ပေးကြဖို့ Times သတင်းစာရဲ့ reader တွေကို တောင်းဆိုခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို လေးစားစရာလည်း ကောင်းလှပါတယ်။  ပိုပြီးစိတ်ဝင်စားစရာကောင်းတာက Nevil Maskelyne ကိုယ်တိုင်က reply လုပ်ခဲ့ပြီး အဆိုပါကြိုးမဲ့ကြေးနန်းစနစ်ရဲ့ Vulnerability (အားနည်းချက်) ကို ထောက်ပြဖို့အတွက်ပဲ သက်သေပြခဲ့တာဖြစ်ကြောင်း reply ပြန်လာခဲ့တာပါ။ လေးစားစရာကောင်းသူတွေဖြစ်လို့ အောက်မှာ သူတို့ရဲ့ WiKi link ကိုပါ ပူးတွဲပေးထားပါတယ်။ သူတို့အကြောင်း ဖတ်ရှုလိုသူတွေက Link  နှိပ်ပြီး သွားဖတ်နိုင်ပါတယ်။ နောက်ဖြစ်ရပ်ကို ဆက်သွားကြစို့။ 

Guglielmo Marconi  https://en.wikipedia.org/wiki/Guglielmo_Marconi 

Ambrose Fleming  https://en.wikipedia.org/wiki/John_Ambrose_Fleming 

Nevil Maskelyne  

https://en.wikipedia.org/wiki/Nevil_Maskelyne_(magician)



1939-1945

Military Codebreaking     


Colossus machine ပုံ

ရှေးတုန်းက သတင်းအချက်အလက် ပေးပို့နည်း များစွာ ရှိခဲ့ကြပြီး အဆိုပါနည်းတွေသည် safe မဖြစ်ကြတဲ့အခါ ကြားဖြတ် ရယူပြီး ဖတ်ရှုလို့ မရနိုင်ဖို့အတွက် ရည်ရွယ်တည်ထွင်တဲ့ Cipher လို့ ခေါ်တဲ့ ဝှက်စာ စနစ်တွေ ထွန်းကားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ Axis Powers က သုံးတဲ့ ဝှက်စာစနစ်တွေကို ဖော်ထုတ်နိုင်ဖို့အတွက် အထူးစစ်ဆင်ရေးကြီးတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ UK ရဲ့ Bletchley Park မှာ အများဆုံး လုပ်ခဲ့ကြ တာပါ။ လူသိများခဲ့ဆုံးဖြစ်တဲ့ ၁၉၃၉ မှာ ဂျာမန်တွေရဲ့ Enigma-machine-encrypt ဝှက်စာကို ဖော်ထုတ်နိုင်မယ့် Bombe ဆိုတဲ့ electronic device ကို တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် ဂျာမန် အဆင့်မြင့် စစ်ထောက်လှမ်းရေးတို့ အသုံးပြုခဲ့တဲ့ Lorenz Cypher စနစ်ကိုပါ ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ ပြီးတော့ boolean နဲ့ counting လုပ်ငန်းစဥ်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် thermionic vulves တွေကို သုံးထားတဲ့ ကမ္ဘာ့ပထမဆုံးသော programmable electronic computer (Colossus လို့ အမည်ပေးထား) ကိုပါ တီထွင်နိုင်ခဲ့ကြပါတယ်။

Colossus အကြောင်း Wiki link ==>  https://en.wikipedia.org/wiki/Colossus_computer 

ဒုတိယကမ္ဘာစစ်အတွင်းက ဝှက်စာတွေအကြောင်း Wiki Link ==>

https://en.wikipedia.org/wiki/World_War_II_cryptography 


1957-1980

Phone Phreaking     



၁၉၅၀ နှောင်းပိုင်းကာလတွေမှာ Phone Hacker (Phone Phreakers) လို့ ခေါ်သူတွေ အမေရိက မှာ ခေတ်စားလာခဲ့ပါတယ်။ ဖုန်းခေါ်ဆိုမှု လမ်းကြောင်းတွေကို သိရှိဖော်ထုတ်နိုင်ဖို့အတွက် ဖုန်းတွေကနေ ထုတ်လွှတ်တဲ့ tone တွေကို နားထောင်ခဲ့ကြပါတယ်။ အများနဲ့ မတူခဲ့တာကတော့ နှစ်သာ ရှိသေးတဲ့ Joe Engressia လို့ခေါ်တဲ့ မျက်မမြင်ကောင်လေးတစ်ယောက်ပါ။ သူက ၁၉၅၇ မှာ ဖုန်းလိုင်းတစ်ခုကနေ high-pitched tone တစ်ခုကို ကြားခဲ့ပါတယ်။ ပြီးတော့ အဲသည်အတိုင်း အတိအကျ 2600Hz frequency ရှိတဲ့ လေချွန်သံတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါက ဖုန်းလိုင်းတွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ frequency အတိအကျ ဖြစ်ခဲ့ပါတယ်။ John Draper အပါအဝင် (Cap'n Crunch အစားအစာဘူး ထဲမှာ ပါသော ခရာကို အသုံးပြုမှုကြောင့်) Captain Crunch လို့ လူသိများတဲ့ Phreaker တွေရယ်၊  Apple တည်ထောင်သူတွေဖြစ်တဲ့ Steve Wonzniak နဲ့ Steve Jobs တို့သည် ဖုန်းလိုင်းများနဲ့ အတူ ဆက်သွယ်လုပ်ဆောင်နိုင်သော အီလက်ထရောနစ် ကိရိယာများဖြစ်တဲ့ blue boxes တွေကို 1975 မှာ စတင် တည်ဆောက်ခဲ့ကြပါတယ်။ သူတို့လည်း Phreaker တွေ လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

Wiki Link ==> https://en.wikipedia.org/wiki/Phreaking 


1970-1995

Kevin Mitnick


သမိုင်းမှာ ကျော်ကြားခဲ့တဲ့  Hacker တွေကို ပြောတဲ့အခါ Kevin Mitnick ကို မေ့ထားလို့ မရပါဘူး။ သူက ၁၉၇၀ ကနေ ၁၉၉၅ အတွင်း မှာ highly-guarded network တွေလို့ နာမည်ကျော်တဲ့ Motorola နဲ့ Nokia အပါအဝင် အတော်ခက်ခဲပါတယ်ဆိုတဲ့ ကွန်ယက်တွေအတော်များများကို ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ သူက Social Engineering ကို အဓိကသုံးခဲ့ပြီးတော့ အတွင်းလူ (insiders) တွေဆီကနေ passwords နဲ့ codes တွေကို ရအောင်လုပ်ခဲ့ပါတယ်။ ပြီးတော့ အဲဒါတွေကို အသုံးပြုပြီး အဆိုပါ ကွန်ပျူတာစနစ်တွေထဲကို ဝင်ရောက်နိုင်ခဲ့တာပါ။ စနစ်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို သိလိုစိတ်နဲ့ လုပ်ခဲ့တာတွေဖြစ်ပေမဲ့ အလိုရှိဆုံး ဆိုက်ဘာရာဇဝတ်သား အဖြစ် နာမည်ထွက်ခဲ့ပါတယ်။ နျူကလိယားစစ်ပွဲ ဖြစ်မှာစိုးရတဲ့အတွက် သူ့ကို ၁၉၈၈ မှာ တစ်ကြိမ်၊ ၁၉၉၅ မှာ တစ်ကြိမ် ၂ကြိမ် ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရပါတယ်။  တော်တော်ဆိုးဆိုးပါ 😁 

Wiki Link ==>  https://en.wikipedia.org/wiki/Kevin_Mitnick 


1988

The Morris Worm


၁၉၈၈ မှာ Cornell University က ဘွဲ့ရကျောင်းသားတစ်ယောက်ဖြစ်တဲ့ Robert Morris ဆိုသူက အင်တာနက်မှာ ပထမဆုံးလို့ နာမည်ကျော်တဲ့ worm တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။ ဖန်တီးသူဟာ MIT မှာ ကျောင်းသားတစ်ယောက်သာ ဖြစ်သေးတယ်ဆိုရုံလောက် သိစေချင်ရုံလေးနဲ့ MIT ထဲက ကွန်ပျူတာတစ်လုံးကနေ လွှတ်တင်ပေးခဲ့လိုက်တာ ဖြစ်ပါတယ်။ သူ တင်တုန်းကတော့ ဘာမှ အန္တရာယ်မရှိတဲ့ ပိုးမွှားကလေးအနေနဲ့ တင်ခဲ့တာပါ။ ဒါပေမဲ့လို့ အဲသည် worm ရဲ့ ပျံ့နှံ့စေတဲ့နည်းစနစ်မှာ bug ရှိနေခဲ့ပြီးတော့ အဲဒါကနေ မျှော်လင့်မထားတဲ့ DoS attack တွေ ဖြစ်သွားသလို၊ ကူးစက်ပျံ့နှံ့မှုကလည်း မျှော်မှန်းထားတာထက် အများကြီး ပိုမြန်လွန်းခဲ့တာကြောင့်မို့လို့ အကြီးအကျယ်ကူးစက်ပြီး သိပ်ဆိုးလွန်းသွားခဲ့ပါတယ်။ သူနားလည်ပြီးသားကိစ္စမို့လို့ Developer တွေကို ဘယ်လိုသတ်ရမယ်ဆိုတဲ့နည်းလမ်း ပြောပြပြီး ပြုပြင်ဖို့ကြိုးစားခဲ့ပေမယ့် နောက်ကျသွားပြီဖြစ်လို့မို့ ဒါကို ဘယ်သူက ဖန်တီးတယ်ဆိုတာကိုပါ သိရှိသွားပါတော့တယ်။ ဒါကြောင့်မို့ Morris သည် Computer Fraud and Abuse Act အရ ပထမဆုံး ကြားနာစီရင်ချက်ချခံခဲ့ရသူအဖြစ် စာရင်းဝင်သွားပါတယ်။ 

Wiki link ==> https://en.wikipedia.org/wiki/Morris_worm 


1988-1991

Kevin Poulsen


Dark Dante လို့ (attacker name) ပေးထားတဲ့ Kevin Poulsen က တကယ့်ကို talent ရှိတဲ့ ဘက်စုံတော်တဲ့ ဆယ်ကျော်သက်တစ်ဦးပါ။ သူက ဆယ်ကျော်သက်အရွယ်ကတည်းက ထောင်ထဲလည်း ရောက်ဖူးတဲ့သူပါ။ နောက်ပိုင်းမှာ Research Institute SRI international ကနေ ခေါ်ယူလေ့ကျင့်ပေးခဲ့သော်လည်း သူကတော့ လူကောင်းဖြစ်မလာခဲ့ဘဲ Underground မှာ ဆက်လက်လှုပ်ရှားခဲ့ပါတယ်။ တယ်လီဖုန်းကုမ္မဏီတစ်ခုကို ချိုးဖျက်ဝင်ရောက်ပြီးနောက် storage locker ပေါ်မှာ မပေးရသေးတဲ့ unpaid bill တစ်ခုကို တွေ့ရှိခဲ့ရာကနေ စပြီး သူ့ကို ခြေရာခံမိစေခဲ့ပါတယ်။ အဲကနေတစ်ဆင့် မွေးစာရင်း အလွတ် ၁ခု၊ ID အတုတွေနဲ့အတူ Poulsen ရဲ့ ဓာတ်ပုံတွေကိုပါ ရှာဖွေတွေ့ရှိခဲ့ကြပြီး သူ့လုပ်ရပ်တွေနဲ့ exploits တွေပါ ပေါက်ကြားသွားပါတော့တယ်။

အဲဒါက ၁၉၈၈ မှာပါ။ သူကတော့ ထွက်ပြေးသွားနိုင်ခဲ့ပြီး ၁၉၉၁ ဧပြီလလောက်မှာမှ သူ့ကို ပြန်လည်ဖမ်းမိခဲ့ပါတယ်။ သူ့ရဲ့ တိုက်ခိုက်မှုတွေထဲမှာ Los Angeles radio station တစ်ခုရဲ့ ဖုန်းလိုင်းတွေကို hijack လုပ်ခဲ့မှုက အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။ ဖုန်းလိုင်းတွေ ဆိုးဆိုးရွားရွား ပြတ်တောက်သွားခဲ့တာကြောင့်မို့လို့ NBC ရဲ့ Unsolved Mysteries ထဲမှာတောင်မှ ဖော်ပြခံခဲ့ရပါတယ်။ 

Wiki link ==> https://en.wikipedia.org/wiki/Kevin_Poulsen 



1994

Datastream Cowboy and Kuji

     Kuji

 Datastream Cowboy


လူငယ် hacker နှစ်ယောက်ကလည်း သမိုင်းတွင်မယ့် ကိစ္စရပ်တွေကို ဖန်တီးခဲ့ကြပါတယ်။ US လေတပ်ရဲ့ Research Facility ဖြစ်တဲ့ Rome Air Development Center က admin တွေသည် 1994 ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ သူတို့ရဲ့ ကွန်ယက်တွေထဲမှာ password sniffer တစ်ခု install ထားတာကို စတင် တွေ့ရှိခဲ့ကြပါတယ်။ အဲဒါကနေ Account ၁၀၀ လောက် password တွေပေါက်ကြားခဲ့ပြီးတော့ အဲသည် acc တွေသုံးပြီး ဝင်ကြည့်တာ ခံခဲ့ကြရပါတယ်။ နောက်တော့ စုံစမ်းထောက်လှမ်းရေးတွေက ဒီကိစ္စရဲ့ နောက်ကွယ်မှာ သူတို့ ယောက်ရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေအရ သူတို့ ၂ယောက်က အခြားတိုက်ခိုက်မှုပေါင်း ၁၅၀ လောက်ကို ပြုလုပ်ထားတာ တွေ့ရှိခဲ့ရပြီး Scotland Yard စုံထောက်အဖွဲ့က Datastream Cowboy ကို သူ့ရဲ့ နေအိမ်မှာ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အမည်ရင်းကတော့ Richard Pryce လို့ ခေါ်ပါတယ်။ Kuji ကိုတော့ နောက် နှစ်ကြာမှသာ ဖမ်းဆီးနိုင်ခဲ့ပြီး သူ့ရဲ့ အမည်ရင်းကတော့ Matthew Bevan လို့ ခေါ်ပါတယ်။ 

Kuji (Wiki link) ==> https://en.wikipedia.org/wiki/Mathew_Bevan 

Datastream Cowboy (Wiki Link မတွေ့ရ) 

https://www.soldierx.com/hdb/Datastream-Cowboy 



2001-2002

Gary McKinnon


သူကတော့ Facebook ပေါ်မှာ မြန်မာလို စာတွေရော ပုံတွေရာ နောက်ခံမြန်မာသံနဲ့ ဗီဒီယိုတွေနဲ့ရောပါ အလွယ်တကူတွေ့နိုင်သူပါ။ သူက ၂၀၀၁ ဖေဖော်ဝါရီ ကနေ ၂၀၀၂ ဖေဖော်ဝါရီ ဆိုတဲ့ ၁၃ လအတွင်းမှာ အမေရိကန်စစ်တပ် နဲ့ NASA ရဲ့ ကွန်ပျူတာ ၉၇ လုံးကို Hack ခဲ့ပါတယ်။ ဒါ့ပြင် ဝါရှင်တန်မှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ စစ်ဘက်ခရိုင်ကွန်ယက်က ကွန်ပျူတာ ၂၀၀၀ လောက်ကို ၂၄ နာရီကြာအောင် ပိတ်ပစ်ခဲ့ပြီးတော့ အရေးကြီးဖိုင်အချို့ကိုလည်း ဖျက်ခဲ့သေးတယ်လို့ စွပ်ဆွဲခံရသူပါ။ သူက အမေရိကန်စစ်တပ်ရဲ့ Website ကို hack ခဲ့ပြီးတော့ “Your security is crap” လို့ သတိပေးစာတောင် တင်ခဲ့ပါသေးတယ်။ သူက ဒါတွေကို solo ဆိုတဲ့နာမည်ဝှက်ကို သုံးပြီး လုပ်ခဲ့တာ ဖြစ်သလို သူ့ရည်းစားရဲ့ အဒေါ်အိမ်ကနေ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ သူလုပ်ခဲ့တာတွေကို ဖော်ထုတ်ဖို့နဲ့ ပြန်လည်ပြင်ဆင်ဖို့အတွက် အမေရိကန်ဟာ ဒေါ်လာ ၇သိန်းခန့် သုံးခဲ့ရပါတယ်။ သူ့အကြောင်းအပြည့်အစုံကို Wiki မှာ စုံစုံလင်လင် တွေ့နိုင်ပါတယ်။

Wiki link ==> https://en.wikipedia.org/wiki/Gary_McKinnon 



2010

The Stuxnet worm


၂၀၁၀ မှာ စတင်တွေ့ရှိခဲ့ကြတဲ့ Stuxnet Worm ကတော့ အစဥ်အလာ ရှိခဲ့တဲ့ Virus တွေနဲ့ မတူကွဲပြားပြီး ပြင်းထန်လှပါတယ်။ Stuxnet worm ကို ကမ္ဘာ့ပထမဆုံး digital weapon လို့တောင်မှ တင်စားခေါ်ကြပါတယ်။ ကွန်ပျူတာတွေကနေ ထိန်းချုပ်ထားတဲ့ equipment တွေကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှု ဖြစ်စေဖို့အတွက် ရည်ရွယ်ဖန်တီးထားတာမို့လို့ပါ။ ဒါဟာ real world မှာ hacker တွေကနေ ပထမဆုံးအဖြစ် equipment တွေကို physical damage ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပြီး ပိုမိုရှုပ်ထွေးလှသလို ပိုလည်း ကြောက်စရာကောင်းလှပါတယ်။ အီရန်မှာရှိတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ ယူရေနီယံအာရုံခံကိရိယာတွေ အများအပြား လုံးဝထင်မှတ်မထားဘဲ ကွဲပျက်သွားပြီးတဲ့နောက်မှာ ဒါကို သတိထားမိခဲ့တာ ဖြစ်ပါတယ်။ ၎င်း Stuxnet Worm သည် ကွန်ပျူတာ အနည်းဆုံး ၂သိန်းခန့်လောက်ကို ကူးစက်စေခဲ့ပြီး ၁၀၀၀ လောက်ကို ပျက်စီးဆုံးရှုံးစေခဲ့ပါတယ်။  အသေးစိတ်ကိုတော့ Wikipedia မှာ ဖတ်နိုင်ပါတယ်။ https://en.wikipedia.org/wiki/Stuxnet 


2011-2012

LulzSec

ထိုစဥ်က Twitter Screenshot တစ်ခု

Social Media တွေ ခေတ်ကောင်းလာတဲ့ကာလမို့ hack နဲ့ ပတ်သက်တာတွေကို social media တွေပေါ်မှာ တွေ့လာရပြီးတော့ hacker တွေအနေနဲ့လည်း လူအများရဲ့ အာရုံစိုက်မှုကို ရနိုင်စေဖို့အတွက် Social Media Platform တွေပေါ်မှာ သူတို့ hack နိုင်ခဲ့တဲ့ အရာတွေကို ချပြလာကြပါတယ်။ အဲသည်ထဲမှာ LulzSec လည်း အပါအဝင်ဖြစ်ပါတယ်။ သူတို့က website တွေကို hack ပြီး Twitter မှာ တင်ခြင်းအားဖြင့် website owner တွေကို အရှက်ရအောင်လုပ်တာမျိုးတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၁ fox.com တိုက်ခိုက်မှုအပါအဝင် public နဲ့ private အဖွဲ့အစည်း ၂၅၀ ကျော်သည် သူတို့ရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ Sony ရဲ့ PlayStation ကွန်ယက်တိုက်ခိုက်ခံရမှု အပါအဝင်ပေါ့။ အဆိုပါ sony တိုက်ခိုက်ခံရမှုမှာ customer ပေါင်း ၂၄. သန်းရဲ့ အချက်အလက်တွေ ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။ ဆိုးရွားလွန်းတာကြောင့် sony ဟာ သူ့ရဲ့ network ကို ၂၃ ရက်ကြာအောင် ပိတ်ထားခဲ့ရတယ် လို့ ဆိုပါတယ်။ နောက်တော့ FBI က LulzSec ကို ပူးတွဲတည်ထောင်သူ Hector Xavier Monsegur ဆိုသူကို ၂၀၁၂ မှာ ခြေရာခံဖမ်းမိခဲ့ပြီး သူ့ဆီက အခြားသော အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။ ရလဒ်အနေနဲ့  UK နဲ့ အိုင်ယာလန်နိုင်ငံတွေမှာ အဖွဲ့ဝင် ဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။  

Wiki link ==> https://en.wikipedia.org/wiki/LulzSec 



2016

DNC email leak


Hack & leak တွေသည် လူထုရဲ့ ထင်မြင်ယူဆချက်တွေကိုပါ သက်ရောက်မှုရှိကြောင်း ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲက သက်သေပြခဲ့သလို ရှိပါတယ်။ ၂၀၁၆ ဇူလိုင်လမှာ ဒီမိုကရက်တစ်အမျိုးသားလွှတ်တော်ကော်မတီတွေရဲ့ email တွေ အများကြီး ပေါက်ကြားခဲ့ပြီး WikiLeaks ကလည်း ဖော်ထုတ်ဖောက်ချခဲ့ပါတယ်။ ၁၉၂၅၂ စောင်သော email တွေနဲ့ 8034 attachment တွေစသည်ဖြင့် ပေါက်ကြားခဲ့ပြီး ပါတီအကြီးတန်းအရာရှိတွေက သူတို့ဘက်က သမ္မတလောင်းကို Barnie Sanders ထက် Hillary Clinton ကို မျက်နှာသာပေးဖွယ်ရှိတဲ့လို့ ပေါက်ကြားခဲ့ပါတယ်။ တကယ်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါတွေကလည်း ပြိုင်ဘက် Donal Trump ကို အနည်းငယ် ပိုပြီးအသာရစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

email leak အကြောင်း Wiki link

==> https://en.wikipedia.org/wiki/2016_Democratic_National_Committee_email_leak 


WikiLeaks အကြောင်း Wiki Link (မြန်မာလို Wiki link ဖြစ်လို့ ဒီ post ထဲမှာ သီးသန့် ထည့်မရေးတော့ပါဘူးဗျ) သွားဖတ်ကြည့်ကြပါ။ 

==> https://my.wikipedia.org/wiki/WikiLeaks 



References:

https://wikipedia.org/ 

https://www.khitminnyo.com/ 

https://eandt.theiet.org/ 



အားပေးဖတ်ရှုလျက်ရှိသူအပေါင်းအား အထူး ကျေးဇူးတင်ရှိပါကြောင်းနဲ့

Ad block မလုပ်ဘဲ ဖတ်ရှုသူများအားလည်း ပို၍ပို၍ ကျေးဇူးတင်ရှိပါကြောင်းခင်ဗျာ


နောက်ထပ် လာမယ့် အကြောင်းအရာကတော့ Yahoo အပါအဝင် တစ်ပြိုင်နက်တည်းမှာ user account သန်းပေါင်းများစွာ hack ခံခဲ့ကြရတဲ့ ဖြစ်ရပ်တွေကို စုစည်းဖော်ပြပေးသွားမှာဖြစ်လို့ blog လေးကို လာလာလည်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျ

No comments