Kali မှာ ပြည်ထောင်စု Font သုံးမယ်
Kali မှာ install ပြီး စ ဆိုရင် browser မှာ မြန်မာ site တွေကို ဖွင့်ကြည့်တဲ့အခါ အထက်ပါအတိုင်း ပေါ်နေမှာ ပါ။
မှတ်ချက်။ ။ ယခုလက်ရှိ ဗားရှင်းကို ဆိုလိုသည်။ ဗားရှင်း ကွာခြားမှုအရ ပါပြီးသား ဖတ်လို့ ရပြီးသား ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ ဖတ်လို့ရ ရိုက်လို့ရနေရင် ဒါကို လုပ်စရာမလိုပါ။ ကျော်ခဲ့နိုင်ပါသည်။
ဒီလို မပေါ်ဘူးဖြစ်နေတဲ့အခါ Font install လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီတော့ လိုအပ်တဲ့ ဖိုင်ကို အောက်မှာ Download ဆွဲပါ။ Download size 203KB only (<1MB)
Keyboard install က လုပ်စရာမလိုတာမို့လို့ ttf file လေးပဲ ဆွဲရတာမို့လို့ size မကြီးတာပါ။
Download ဆွဲပြီးပြီလို့ပဲ သဘောထားရအောင်။ Kali မှာ Download ဆွဲထားတဲ့ဖိုင်ကို R-Click >> Extract here နဲ့ extract (ဖြည်ချ) လိုက်ပါ။ PyiDaungSuForKali ဆိုတဲ့ Folder တစ်ခုကို တွေ့ရပါလိမ့်မယ်။ အဲထဲကို ဖွင့်ဝင်လိုက်ပါ။ လွယ်တာမို့ ပုံမပြတော့ဘူးနော်။
ဖွင့်ဝင်ပြီးသွားရင််တော့ အထက်ပါ ပုံထဲကအတိုင်း လွတ်တဲ့နေရာမှာ R-Click နှိပ်ပြီး Open Terminal Here ကို နှိပ်ပါ။ (ပုံမှာ ပြထားတဲ့အတိုင်းပါ)
Terminal ပွင့်လာမှာဖြစ်ပြီး ls လို့ ရိုက်ကြည့်ရင်တော့ အထက်ပါပုံထဲကအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
ရိုက်ထည့်နိုင်တဲ့ command ကို အောက်မှာ ကူးပြီး terminal မှာ ရိုက်ထည့်နိုင်ပါတယ်။
(ဒါမှမဟုတ်ရင်လည်း အထက်ပါ ပုံထဲကလို ./setup.sh လို့ run နိုင်ပါတယ်။ )
run ပြီးသွားရင်တော့ Terminal ကို ပိတ်လိုက်လို့ ရပါပြီ။
ခုဆိုရင် Browser မှာ မြန်မာစာတွေကို မြင်နိုင်ပြီ ဖြစ်ပါတယ်။
စာရိုက်ဖို့အတွက်ကတော့ အောက်ပါအတိုင်း ဆက်လုပ်ရပါမယ်။
ပြီးရင်တော့ ဘယ်ဘက်အောက်ထောင့်မှာ ရှိနေတဲ့ +Add ခလုတ်ကို နှိပ်ပြီး Burmese ဆိုတာကို ရွေးပါ။ အထက်ပါပုံထဲကအတိုင်းပဲ ရွေးပါ။ Burmese Zawgyi မဟုတ်ဘူးနော်။ သတိထားပါ။
ခုဆိုရင်တော့ အထက်ပါပုံအတိုင်း ကျွန်တော်တို့ထည့်သွင်းလိုက်တဲ့ Burmese ကို English (US) ဆိုတာရဲ့ အောက်မှာ မြင်ရပါပြီ။ မြန်မာစာနဲ့ အင်္ဂလိပ်စာကို ပြောင်းသုံးဖို့အတွက် Layout change ဖို့ လုပ်ရပါမယ်။
Change Layout Option ဆိုတာကို နှိပ်ပြီး ကိုယ်အဆင်ပြတာ တစ်ခုခု ရွေးလိုက်ပါ။ ကျွန်တော်ကတော့ Win+Space ကို ရွေးထားပါတယ်။ Windows Logo Key (Start Menu Key) နဲ့ Space bar ကို တွဲနှိပ်လိုက်ရုံနဲ့ ပြောင်းအောင်လို့ပါ။
သတိပြုရမှာက Ctrl + Shift ကို မရွေးရပါဘူး။ Linux Terminal မှာ shortcut key က Ctrl + Shift မို့လို့ပါ။ ဥပမာ - Terminal မှာ စာလုံးတွေကို ကော်ပီကူးချင်ရင် Ctrl+Shift+C ဖြစ်ပြီး paste လုပ်ချင်ရင် Ctrl+Shift+V ဖြစ်လို့ပါပဲ။
ခုဆို စာရိုက်လို့ ရပြီဖြစ်ပေမဲ့လို့ Onscreen Keyboard မှာတော့ မြန်မာစာ ပေါ်မှာမဟုတ်သေးပါဘူး။ ပေါ်အောင်လုပ်လို့ ရပါသေးတယ်။
အထက်ပါ ပုံထဲမှာ ပြထားတဲ့အတိုင်း Right Click Here လို့ ရေးထားတဲ့ အပေါ်ဘက် task bar ရဲ့ နေရာလွတ်မှာ R-Click နှိပ်ပါ။ ပြီးရင်ပုံထဲမှာ ကွင်းဝိုင်းပြထားတဲ့အတိုင်း Panel ကနေ +Add New Items ဆိုတာကို နှိပ်ပါ။
ပေါ်လာတဲ့ box မှာ Keyboard Layouts ဆိုတာကို ရွေးပြီး +Add ကို နှိပ်ပါ။ (Double click လည်း သုံးနိုင်ပါတယ်)
အားလုံး အဆင်ပြကြပါစေ
Thank you
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်
Thank you
ကျေးဇူးပါ ဆရာ ရေ 🙏🙏
ReplyDeletethanks
ReplyDeletesayar
အပိုင်း (၁၈) မျှော်နေပါတယ်ဗျ . .
ReplyDeleteေဖာင့်ကမမှန်ဘူးဖြစ်ေနတယ်ဗျာ သေဝထိုးတို့ ငသတ်တို့က ေနရာမမှန်ဖြစ်ေနလို့
ReplyDeleteတန်ဘိုးဖြတ်လို့မရတဲ့ ပညာရပ်တွေကိုအမြဲမျှဝေပေးတဲ့ဆရာ မင်းညို ထာဝရကျန်းမာပါေစ
ReplyDeleteThank a lots,sir
ReplyDeleteေကျးဇူးတင်ပါတယ်
ReplyDeleteဆရာ
ေကျးဇူးပါဆရာ
ReplyDelete