Adsense

OUO Banner

Latest Posts

Kali နှင့် မြန်မာပြည် - အပိုင်း ၂ (VPN installing in Kali Linux 2021.xxx)

(ပုံကို လေးစားစွာ credit ပေးပါသည်။  Source: https://imgur.com/gallery/AP6FxQY )

Kali နှင့် မြန်မာပြည် - 2

တကယ်တမ်း ပြောရရင်တော့ ရယ်စရာတစ်ခု ဖြစ်မှာပါ။ ဒါပေမယ့်လို့ပေါ့။ မောစရာ ပိုကောင်းတဲ့ ရယ်မောစရာ တစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရင်က Kali Linux ကို လွတ်လပ်စွာ သုံးပိုင်ခွင့် ရှိခဲ့ ကြပါတယ်။ ဒါကြောင့်လည်း အသုံးပြုသူ user တွေ အများကြီး တိုးတက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

Backtrack ခေတ် တုန်းက အသုံးပြုသူ လူဦးရေ သိပ်နည်းခဲ့ပါတယ်။ နောက်ပိုင်း Kali Linux ရယ်လို့ နာမည်ပြောင်းပြီးနောက်ပိုင်းမှာတော့ အသုံးပြုသူဟာ နှစ်စဥ် တိုးတက်လာခဲ့ပါတယ်။ ၂၀၂၁ က လွဲရင်ပေါ့။ 

၂၀၂၁ မှာတော့ ကျွန်တော်တို့တွေ အားလုံးရဲ့ လွတ်လပ်ခွင့် တွေ ပက်ပက်စက်စက် ချိုးဖောက်ခံခဲ့ကြရပါတယ်။ 

Kali Linux ရဲ့ main (default) source ဖြစ်တဲ့ http.kali.org ကို မြန်မာပြည်က ISP အတော်များများဆီမှာ ပိတ်ပစ်ဖို့ စာရင်းထဲ ထည့်သွင်းခံလိုက်ရပါတယ်။ 

Fiber Internet သုံးသူ WiFi user တွေအတွက် သိပ်မသိသာပေမယ့် ဖုန်းနဲ့ သုံးသူတွေ၊ အထူးသဖြင့် Telenor user တွေအတွက်ကတော့ တော်တော့်ကို သိသာသွားပါတယ်။ 

apt update

apt upgrade

apt dist-upgrade

apt full-upgrade

apt install  

စတဲ့ အရာတွေကို သုံးလို့ မရတော့ပါဘူး။ 🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬

အားလုံး သိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့က Linux ကို Primary အနေနဲ့ သုံးနေတဲ့အခါ ဒီ apt တွေကို သုံးမရခြင်းက ကျွန်တော်တို့အတွက် သိပ်ပြီး ဒုက္ခများစေပါတယ်။ 

အပိုင်း ၁ မှာတုန်းက ကျွန်တော် VPN  ချိတ်စရာမလိုတဲ့ mirror source change  ပြီး သုံးတဲ့ နည်းကို ဆွေးနွေးခဲ့ပါတယ်။ အပိုင်း ၂ မှာတော့ လိုင်းလည်း ကောင်းပြီး  free လည်း ရတဲ့ VPN install နည်းကို ဆွေးနွေးပါမယ်။ 

1. လိုအပ်တဲ့ ဖိုင်ကို အောက်ပါ Google Drive link ကနေ Download ရယူပါ

Download Here

2. 

cd Downloads လို့ ရိုက်ထည့်ပြီး Downloads directory ထဲကို ဝင်လိုက်ပါမယ်။ Browser ကနေ Download ဆွဲရင် default အနေနဲ့ Downloads directory ထဲကိုပဲ ရောက်မှာမို့လို့ပါ။ မှာချင်တာက စာလုံးပေါင်း မမှားဖို့ မကျန်ဖို့နဲ့ အကြီးအသေးကအစ ဂရုစိုက်ဖို့ပါပဲ။ ပြီးရင် ls (LS အသေး) ရိုက်ထည့်ကြည့်တဲ့အခါ အောက်ပါ ပုံထဲကအတိုင်း vvpn.tar.gz ဆိုတာကို မြင်ရပါမယ်။ မိမိတို့ ကွန်ပျူတာမှာတော့ download ဆွဲထားတဲ့ အခြားဖိုင်တွေ ရှိရင်လည်း အဲဒါတွေပါ မြင်ရမှာဖြစ်ပါတယ်။   

ခု ယူထားတဲ့ ဖိုင်က vvpn.tar.gz ဆိုတဲ့ ဖိုင်ပါ။ ဒါကြောင့်မို့လို့ tar.gz လို့ ဆုံးတဲ့ နာမည်နဲ့ tar file ဆိုတာ သိနိုင်ပါတယ်။ zip ချုပ်ထားသလိုပါပဲ။ သူ့ကို ဖြည်ဖို့က tar command ကို သုံးပြီး ဖြည်နိုင်ပါတယ်။ tar -xvf vvpn.tar.gz လို့ ရိုက်ပြီး enter တဲ့အခါ အောက်ပါအတိုင်း တွေ့ရပါမယ်။

ls နဲ့ list ဖော်ကြည့်မယ်ဆိုရင် vvpn ဆိုတဲ့ folder (directory) ကို အပြာရောင်စာနဲ မြင်ရပါမယ်။ cd vvpn ဆိုပြီးတော့ vvpn ထဲ ဆက်ဝင်လိုက်ပါမယ်။ ls နဲ့ list ဖော်ကြည့်မယ်ဆိုရင် အောက်ပါအတိုင်း ဖိုင် ၃ ဖိုင် တွေ့ရပါမယ်။
installer.sh ဆိုတဲ့ဖိုင်နာမည်က အစိမ်းရောင်လေးနဲ့ ပေါ်နေတယ်ဆိုရင်တော့ တိုက်ရိုက် run လို့ ရပါတယ်။ မဟုတ်ရင်တော့ chmod +x installer.sh ဆိုပြီး permission ပေးဖို့ လိုပါမယ်။ အဲလို ပေးဖို့အတွက် powerful အဖြစ်ဆုံး root user အဖြစ် ပြောင်းရအောင်။ root user အနေနဲ့ ဝင်သုံးနေသူတွေကတော့ ဒီအဆင့် မလိုပါဘူးဗျ။ root user မဟုတ်သေးရင် ဒီအတိုင်း ‌ပြောင်းပါ။ sudo su လို့ ရိုက်ပြီး enter လိုက်တာနဲ့ password မေးပါမယ်။ password က ကိုယ် login ဝင်တဲ့ password ပါပဲ။ သိမှတ်ထားရမှာက password ရိုက်နေတုန်းမှာ terminal မှာ ဘာမှ မြင်ရမှာ မဟုတ်ဘူးဆိုတာပါ။ ရိုက်စရာရှိတာ ရိုက်ပြီး enter ပါ။ မဟုတ်ရင် keyboard ပျက်နေတယ်ထင်ပြီး လာလာမေးကြလို့

root ဖြစ်သွားပြီးဆိုရင်တော့ အောက်ပုံထဲကလို အရိုးခေါင်းနဲ့ မြင်ရမယ်ဗျ။ မသုံးတတ်ရင် အန္တရာယ်ရှိတယ်ဆိုတဲ့သဘော။
installer.sh ဖိုင်ကို run နိုင်မယ့် executable permission ပေးမယ်ဆိုရင်တော့ chmod +x နဲ့ အောက်ပါတိုင်း ပေးပါမယ်။

ပြီးရင်တော့ ./installer.sh လို့ ရိုက်ထည့်ပြီး run လိုက်ရုံပါပဲ။ မြန်ပါတယ်။
‌ပြောစရာ တစ်ခု ကျန်ခဲ့လို့။ ပုံထဲမှာ တစ်ပုံကျန်နေခဲ့တယ်။
ဘာလဲဆိုတော့ installer run နေတုန်းမှာ y/N လို့ မေးလာခဲ့ရင် y လို့ ရိုက်ပြီး enter ရမှာ ဖြစ်ပါတယ်။




install ပြီးသွားရင်တော့ ဘယ်ဖက် အပေါ်ထောင့်က Kali dragon ပုံလေးကို နှိပ်ပြီး vpn လို့ ရိုက်ထည့်ပါ။ ဒါဆိုရင် connectVPN ဆိုတဲ့ App လေးကို အောက်ပါပုံအတိုင်း မြင်ရပါမယ်။
အဲဒီ App လေးကို နှိပ်လိုက်တာနဲ့ VPN connect ခြင်း ပြီးဆုံးပြီဖြစ်ပြီး facebook စတဲ့ အပိတ်ခံထားရတဲ့ site တွေကို ဖွင့်လို့ ရပြီဖြစ်ပါတယ်။



ပိုပြီးလွယ်လွယ်ရှာသုံးနိုင်အောင်လို့ Right click နှိပ်ပြီး add to favorites လုပ်ထားနိုင်ပါသေးတယ်။ အောက်ပါပုံထဲက အတိုင်း ဖြစ်ပါတယ်။




ဒါဆိုရင်တော့ အောက်ပါအတိုင်း အလွယ်တကူ မြင်ရပြီဖြစ်ပါတယ်ဗျ။


 


Thank you  

Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်  
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်

5 comments:

  1. ကျေးးဇူးပါ

    ReplyDelete
  2. vvpn.png file ပါမလာဘူး
    အာကြောင့် မချိတ်ဘူး

    ReplyDelete
  3. ေကျးဇူးပါ ဆရာ

    ReplyDelete
  4. 1.1.1.1 ကရောဗျ တင်တာမချိတ်လို့ပါ. Setup လုပ်နည်းလေးတင်ပေးပါဦးဗျ။

    ReplyDelete