Adsense

OUO Banner

Latest Posts

Kali နှင့် မြန်မာပြည်

 

(ပုံကို လေးစားစွာ credit ပေးပါသည်။  Source: https://imgur.com/gallery/AP6FxQY )

Kali နှင့် မြန်မာပြည်

တကယ်တမ်း ပြောရရင်တော့ ရယ်စရာတစ်ခု ဖြစ်မှာပါ။ ဒါပေမယ့်လို့ပေါ့။ မောစရာ ပိုကောင်းတဲ့ ရယ်မောစရာ တစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရင်က Kali Linux ကို လွတ်လပ်စွာ သုံးပိုင်ခွင့် ရှိခဲ့ ကြပါတယ်။ ဒါကြောင့်လည်း အသုံးပြုသူ user တွေ အများကြီး တိုးတက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

Backtrack ခေတ် တုန်းက အသုံးပြုသူ လူဦးရေ သိပ်နည်းခဲ့ပါတယ်။ နောက်ပိုင်း Kali Linux ရယ်လို့ နာမည်ပြောင်းပြီးနောက်ပိုင်းမှာတော့ အသုံးပြုသူဟာ နှစ်စဥ် တိုးတက်လာခဲ့ပါတယ်။ ၂၀၂၁ က လွဲရင်ပေါ့။ 

၂၀၂၁ မှာတော့ ကျွန်တော်တို့တွေ အားလုံးရဲ့ လွတ်လပ်ခွင့် တွေ ပက်ပက်စက်စက် ချိုးဖောက်ခံခဲ့ကြရပါတယ်။ 

Kali Linux ရဲ့ main (default) source ဖြစ်တဲ့ http.kali.org ကို မြန်မာပြည်က ISP အတော်များများဆီမှာ ပိတ်ပစ်ဖို့ စာရင်းထဲ ထည့်သွင်းခံလိုက်ရပါတယ်။ 

Fiber Internet သုံးသူ WiFi user တွေအတွက် သိပ်မသိသာပေမယ့် ဖုန်းနဲ့ သုံးသူတွေ၊ အထူးသဖြင့် Telenor user တွေအတွက်ကတော့ တော်တော့်ကို သိသာသွားပါတယ်။ 

apt update

apt upgrade

apt dist-upgrade

apt full-upgrade

apt install  

စတဲ့ အရာတွေကို သုံးလို့ မရတော့ပါဘူး။ 🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬

အားလုံး သိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့က Linux ကို Primary အနေနဲ့ သုံးနေတဲ့အခါ ဒီ apt တွေကို သုံးမရခြင်းက ကျွန်တော်တို့အတွက် သိပ်ပြီး ဒုက္ခများစေပါတယ်။ 


ဒီ article ကို မတင်ခင် ကျွန်တော် သေချာ စဥ်းစားပါသေးတယ်။ 

တင်သင့် မတင်သင့်ပေါ့။ ဒီမတိုင်ခင်အထိ ကျွန်တော့် သင်တန်းထဲက မဟုတ်တဲ့ အပြင်သူတွေကို Kali source ပိတ်ခံထားရတဲ့အကြောင်း လောက်ပဲ ပြောဖြစ်ပြီး ကျန်တာတွေ မပြောဖြစ်ခဲ့ပါဘူး။ 

ပြောသင့် မသင့် ချိန် ဆ နေရင်းနဲ့ ကြာနေတာပါ။ 

ဒီအကြောင်းအရာကို သိတဲ့သူတွကလည်း သိပြီး ဖြစ်ပါလိမ့်မယ်။ 

ပိတ်ထားတဲ့ ​source ကို ဘယ်လိုရအောင် သုံးမလဲဆိုတာကိုပေါ့။ 

မသိသေးတဲ့သူတွေ ဆက်ဖတ်လိုက်ရအောင်။ သိပြီးသူတွေကတော့ အေးဆေးထားလို့ ရပါတယ်။ 


Kali မှာ apt တွေကို သုံးချင်ရင် နည်းလမ်း ၂ ခု ရှိပါတယ်။ 

၁။ ပိတ်ခံထားရရင် ပိတ်မခံရသေးတဲ့ source ကို ပြောင်းသုံးမယ်

သို့မဟုတ်

၂။ VPN သုံးမယ်ပေ့ါ


အဲ ၂ မျိုးထဲမှာ ၁ က လွယ်တယ်။ ၂ ကတော့ ဘယ် VPN ကို ဘယ်လို သုံးရမလဲဆိုတာ ရွေးရဦးမယ်။ သုံးလို့ တကယ်ရတဲ့ VPN လည်း ဖြစ်ရဦးမယ်။ မဟုတ်ရင် မလွယ်ဘူးလေ။ ပြီးတော့ ရလာတဲ့ VPN ကလည်း 100% free ဖြစ်ဦးမှ။ မဟုတ်ရင် ဒီလို ဝင်ငွေကြပ်တည်းတဲ့ ကာလမှာ monthly fee တွေနဲ့ အဆင်ပြေမှာမဟုတ်ပြန်ဘူး။  စသဖြင့် စဥ်းစားစရာ တွေ ရှိပါတယ်။ 

၁ က လွယ်ပါတယ်။ ၂ က ပိုတောင်လွယ်ပါသေးတယ်။ ပိုပြီးလည်း ကောင်းပါတယ်။


ဒီ article မှာတော့ ၁ ကို ပြောပြပေးသွားပါမယ်။ 

အခြေအနေကို စောင့်ကြည့်ပြီးမှပဲ ၂ တင်သင့်ရင် ဆက်တင်ပေးပါမယ်။ 

လောလောဆယ်တော့ Public အနေနဲ့ ပြောပြဖို့ အစီစဥ် မရှိသေးပါဘူး။ 


Kali ရဲ့ ဘယ် source ကို ပြောင်းသုံးကြမလဲ?

ကျွန်တော် ပြောင်းသုံးမယ့် mirror က  kali.download ပါ။ 




အပေါ်မှာ ပေးထားတဲ့  command ကို copy ယူပြီး Terminal မှာ paste လုပ်ပါ။ 
Copy command ခလုတ်ကို နှိပ်ပြီး ကူးနိုင်ပါတယ်။ 
ပြီးရင် enter လိုက်ပါ။
Password : တောင်းလာရင် သင့်ရဲ့ login password ကို ရိုက်ထည့်ပြီး enter ပါ။ 
Terminal မှာ password ရိုက်နေစဥ် ဘာမှ ပေါ်မှာမဟုတ်ပါ။ ရိုက်စရာရှိတာ ရိုက်ထည့်ပြီး enter လိုက်ပါ။ 
ပြီးရင် 
sudo apt update လို့ ရိုက်ကြည့်ပါ။
အဆင်ပြေသွားတာကို တွေ့ရပါလိမ့်မယ်။

ဘယ်လိုပင် ကျော်ခွ သုံးနိုင်သည်ဆိုသော်ငြား အရင်လို လွတ်လပ်စွာ သုံးခွင့်သာတဲ့ ခေတ်ကို သာ ပြန်ရချင်ပါတယ်။ ပြည်သူအများရဲ့ ရည်ရွယ်ရာပန်းတိုင်ကို အမြန်ဆုံး လှမ်းကိုင်နိုင်ကြစေသော်ဝ် ...



Thank you  

Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်  
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်

7 comments:

  1. အကို "sudo echo "deb https://kali.download/kali kali-rolling main non-free contrib" > /etc/apt/sources.list" ဒီဟာသုံးလို့မရတော့ဘူး

    ReplyDelete
    Replies
    1. ကျနော်လည်းမရဘူး ဘယ်လိုလုပ်ရမလဲအကို

      Delete
  2. 1. cat /etc/apt/sources.list
    2. sudo apt update
    3. sudo apt full-upgrade -y

    ReplyDelete
  3. ကျေးဇူးပါဆရာ အဆင်ပြေသွားပါပြီဗျ။

    ReplyDelete
  4. Kali Linux မှာ internet သုံးမရဘူးဆရာ
    Monitor mode လည်းပြောင်းရတယ်
    USB Tethering နဲ့လည်းသုံးရတယ်
    Network Card နဲ့ Wifi ချိတ်မရဘူးဆရာ

    ReplyDelete
  5. ကျွန်တော်Hackerတစ်ယောက်ဖြစ်ချင်ပါတယ်

    ReplyDelete
  6. ချစ်မင်းညိဳ

    ReplyDelete