Adsense

OUO Banner

Latest Posts

Kali Only နှင့် Kali (Dual Boot with Windows or Other) တင်နည်း

 



Kali တင်နည်း

         Article title မှာတုန်းကတော့ ခေါင်းစဥ်ကို တမင် သိအောင် ရေးရပေမယ့် အနှစ်ချုပ်ရင် Kali တင်နည်းပါပဲ။

    Kali တင်နည်းတွေက သိပြီးသူတွေအတွက်တော့ ဘာမှမခက်ခဲဘူးဆိုပေမယ့် မသိသေးတဲ့သူတွေ၊ OS installation နဲ့ မရင်းနှီးသေးတဲ့သူတွေအတွက်ကျတော့ ခုချိန်ထိ တိုင်ပတ်နေဆဲကိစ္စတစ်ခုပါ။ ခုစာမျက်နှာမှာတော့ ဒီအကြောင်းကို ဆွေးနွေးသွားပါမယ်။ ပုံတွေ အရမ်းများတဲ့အတွက် loading အတော် ကြာနိုင်ပါတယ်။ သည်းခံကြည့်ပေးစေလိုပါတယ်။       

         Kali တင်တော့မယ်ဆိုရင် သင့်မှာ Torrent ကနေ ဆွဲထားတဲ့ Kali ISO ကို USB stick ထဲကို မှန်ကန်စွာ ထည့်ပြီး ဖြစ်တဲ့ Kali Installer USB တစ်ချောင်းရယ်၊ ကွန်ပျူတာရယ်၊ Kali only or Dual ဘယ်လိုတင်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ရယ် ရှိပြီးဖြစ်ဖို့ လိုအပ်ပါတယ်။ ခု ဒီမှာ ပြောပြပေးသွားမှာက Kali only && dual အကြောင်း ဖြစ်ပါတယ်။ ကျန်တာတွေကိုတော့ စာအုပ်ရဲ့ main menu ကနေ ပြန်ကြည့်နိုင်ပါတယ်။ 

         Dual တင်မယ့်သူကတော့ HDD မှာ partition ကြိုတင်ပိုင်းထားဖို့ လိုအပ်ပါသေးတယ်။ Kali only တင်မယ့်သူကတော့ ဘာမှ လုပ်စရာမလိုပါဘူး။ ကွန်ပျူတာထဲမှာ အရေးကြီးတဲ့၊ ပျက်လို့မဖြစ်တဲ့ ဖိုင်တွေရှိရင်တော့ တစ်နေရာရာကို ကူးထားဖို့ လိုအပ်ပါလိမ့်မယ်။ အားလုံး ပြီးထားပြီးရင်တော့ စ လို့ ရပါပြီ။ 

         

          ပထမဆုံး လုပ်ရမှာက BIOS ထဲ ဝင်ရမှာပါ။ BIOS settings ဝင်ပုံက ပါဝါပိတ်။ ပါဝါပြန်မဖွင့်ခင် ခလုတ် ကြိုရှာထား။ ပြီးရင် ပါဝါဖွင့်။ ဖွင့်လို့ screen မီးလင်းလာပြီဆိုတာနဲ့ ချက်ချင်း BIOS key ကို နှိပ်ရမှာဖြစ်ပါတယ်။ သေချာအောင် လေးငါးချက် ဆက်တိုက် မြန်မြန်နှိပ်လိုက်ပါ။ BIOS key က ကွန်ပျူတာတွေ မှာ မတူဘဲ ရှိတတ်ပါတယ်။ အချို့က F2, အချို့က F12, အချို့က Esc, အချို့က Delete key ကို နှိပ်ရတာပါ။ များသောအားဖြင့်က F2 ပါ။ F2 နဲ့ စမ်းလို့ မရမှ အခြားကီးတွေနဲ့ စမ်းပါ။ အချို့သော Laptop or Notebook တွေမှာ F2 or F12 လို Function Keys တွေကို Keyboard မှာပါတဲ့ Fn ဆိုတဲ့ key နဲ့ တွဲနှိပ်ရတတ်ပါတယ်။ Fn + F2 or Fn + F12 ပေါ့။ BIOS ထဲ ရောက်ပြီလို့ ယူဆရအောင်။

          BIOS ထဲ ရောက်တဲ့အခါ အပေါ်က ပုံထဲကလိုမျိုး Security ထဲ ဝင်ပြီး Secure Boot Mode ကို Disabled လုပ်ထားဖို့ လိုပါမယ်။ Enabled လုပ်ထားရင် တင်လို့ ရမှာ မဟုတ်ပါဘူး။ တစ်ခု ပြောချင်တာက BIOS settings သည် ခု ပုံထဲကလို GUI နဲ့လည်း ဖြစ်နိုင်သလို၊ mouse သုံးလို့မရတဲ့ CLI ပုံစံနဲ့လည်း ဖြစ်နိုင်ပါသေးတယ်။ mouse သုံးမရတဲ့ ပုံစံဆိုရင် arrow keys တွေကို သုံးပါ။ အချို့သောစက်တွေမှာ BIOS password မပေးရင် secure boot mode ကို ပြောင်းလို့မရတာလည်း ရှိတတ်ပါတယ်။ အဲဒါမျိုးဆို BIOS password or admin password ဆိုတာကို အရင် ပေးလိုက်မှ ရမှာပါ။ password မမေ့အောင် မှတ်ထားဖို့တော့ အရေးတကြီး လိုအပ်မှာ ဖြစ်ပါတယ်။ အစကတည်းက Disabled ဖြစ်ပြီးသားတွေ ဆိုရင်တော့ လုပ်စရာမလိုတော့ပါဘူး။

          နောက်တစ်ခုက BIOS ထဲမှာပဲ UEFI နဲ့ Legacy boot mode တွေ ရွေးစရာ ပါတတ်ပါတယ်။ မပါတတ်ဘဲလည်း ရှိပါတယ်။ မပါရင် မရွေးဘူးပေါ့။ ပါရင်တော့ UEFI နဲ့ အရင် စမ်းပါ။ အဆင်မပြေရင် Legacy နဲ့ စမ်းပါ။

         

          ကျွန်တော် ခုစမ်းပြမယ့် ကွန်ပျူတာမှာကတော့ UEFI ဆိုရင် အဆင်မပြေတဲ့အတွက် (Legacy မှာပဲ Kali သုံးလို့အဆင်ပြေတဲ့အတွက်) Legacy ပဲ ထားထားတာပါ။ ကိုယ့်စက်နဲ့ ကိုက်အောင် ထားပါ။ မသိသေးရင် UEFI နဲ့ အရင်စမ်းပါ။ USB boot ကိုပါကြည့်ပါ။ Disabled ဖြစ်နေရင် enabled ပြောင်းပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က USB ကနေ တင်မှာဖြစ်လို့ပါ။

          အချို့ကွန်ပျူတာတွေမှာ boot order ဆိုတာ ရှိပါတယ်။ အဲသည်မှာ USB ကို ပထမဆုံး 1st device နေရာမှာ ထားဖို့ လိုပါမယ်။ မဟုတ်ရင် boot ကို stick ကနေ တက်မလာဘဲ မူလ OS ပဲ ပွင့်လာနိုင်ပါတယ်။ အဲလို boot order ရှိတဲ့ စက်တွေမှာတော့ F12 or F2 ကနေ boot device ရွေးနိုင်တဲ့ ပုံစံတစ်ခုပါ ပါတတ်ပါသေးတယ်။

          လိုအပ်တာတွေ ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ Save and Exit လုပ်နိုင်ပါတယ်။ CLI ပုံစံမှာဆိုရင် F10 ကို နှိပ်ရမယ်ထင်ပါတယ်။

         

          Save changes လုပ်ဖို့အတွက် ဘယ်ကီးကို သုံးရမယ်ဆိုတာ ဖော်ပြထားတတ်ပါတယ်။ save and exit ဆိုပြီး သီးသန့်လည်း ရှိတတ်ပါသေးတယ်။

         

          ခုဆိုရင်တော့ Kali installer menu ကို လှပစွာ တွေ့မြင်နိုင်ပါပြီ။ တက်မလာရင် Boot order change သို့မဟုတ် ပါဝါပိတ်၊ F2 or F12 ကို ပြန်သုံးပြီး Boot device ရွေးရမှာ ဖြစ်ပါတယ်။

         

          Language ရွေးခိုင်းတဲ့ နေရာပါ။ ကျွန်တော်ကတော့ ဒီ့ပြင်ဘာသာတွေ မတတ်တဲ့အတွက် Eng အတိုင်းပဲ ရှေ့ဆက်ပါမယ်။

         

          Location ရွေးခိုင်းတဲ့အဆင့်ပါ။ ကျွန်တော်က အမှန်ရွေးလေ့မရှိပါဘူး။ အမြဲတမ်း US နဲ့ပဲ ရှေ့ဆက်ပါတယ်။

          Continue နှိပ်ပေါ့။

          Keyboard မှာလည်း American English က default ဖြစ်ပါတယ်။ အဲအတိုင်းပဲ continue ပါမယ်။

         

          ဒီအဆင့်က စက်တိုင်းပါမှာမဟုတ်ပါဘူး။ ဒီအဆင့် က ခုလို missing firmware ရှိတဲ့ machine တွေမှာပဲ ပေါ်မှာဖြစ်ပါတယ်။ ဒါမျိုးပေါ်ရင် no နဲ့ပဲ ရှေ့ဆက်ရမှာပါ။

          ရှေ့မဆက်ခင် သင့်အိမ်မှာ WiFi မရှိဘူးဆိုရင် ဒီအဆင့်မှာ WiFi လွှင့်ဖို့ လိုပါလိမ့်မယ်။ သင့်ဖုန်းကို သုံးပြီး Hotspot လုပ်ပါ။ WiFi တက်ပြီ သေချာတော့မှ ရှေ့ဆက်ပါ။ ဘေကုန်မှာမဟုတ်ပါဘူး။ ကုန်လည်း ပါးပါးလေးပါ။

          WiFi ချိတ်ရမယ့်အဆင့် ဖြစ်ပါတယ်။ WiFi မရှိလို့ ဖုန်းကနေ လွှင့်ထားရင်လည်း ဖုန်းကနေ လွှင့်ထားတဲ့ လိုင်းက ပေါ်နေမှာပါ။ အဲဒါနဲ့ ချိတ်ပါ။ မဖြစ်မနေ ချိတ်ဖို့ လိုပါတယ်။ WiFi adapter မရှိတဲ့ Desktop တွေကတော့ ဒီတိုင်း မချိတ်ဘဲ ရှေ့ဆက်ရမှာပါ။

         

          WiFi အမျိုးအစား ရွေးရမယ့်နေရာပါ။ ဒီခေတ်မှာ WEp တော့ မရှိနိုင်လောက်တော့ပါဘူး။ ဒါကြောင့်မို့ WPA/WPA2 PSK ကိုပဲ ရွေးပါ။

         

          သင့် WiFi password ကို ထည့်ပါ။

          continue

          Hostname ပါ။ Hostname က အရေးပါပါတယ်။ ဒါက Terminal ကို ဖွင့်လိုက်တိုင်း ပေါ်နမယ့် နာမည်ပါ။ computer name ပေါ့။ accname@hostname ပုံစံပါ။ သေချာ ရွေးချယ်ထည့်သွင်းပါ။ space မပါရပါဘူး။

          ကျွန်တော်ကတော့ aio လို့ပဲ ထည့်လိုက်ပါတယ်။

          Domain name ပါ။ ဘာမှမထည့်ဘဲ ဒီတိုင်း ရှေ့ဆက်လိုက်ပါမယ်။

         

          Username ပါ။ Full Name ဖြစ်တဲ့အတွက် အဆင်ပြေသလို ပေးနိုင်ပါတယ်။

          ကျွန်တော်က Khit Minnyo လို့ ပေးထားပါတယ်။

          username ပါ။ accname လို့လည်း ခေါ်ပါတယ်။ no space ပါ။ space ခြားလို့ မရပါဘူး။ login ဝင်တဲ့အခါတိုင်း ရိုက်ထည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သေချာပေးပါ။

          ကျွန်တော်တော့ khitminnyo လို့ပဲ ပေးလိုက်ပါတယ်။ hostname နဲ့ ပေါင်းလိုက်ရင် ကျွန်တော့် Terminal မှာ ပေါ်နေမှာက khitminnyo@aio ဆိုပြီး ဖြစ်ပါမယ်။ ခုတော့ မြင်ရမှာ မဟုတ်သေးပါဘူး။

          Password နှစ်ကြိမ် တူအောင်ဖြည့်ရမှာပါ။ သေချာချင်ရင် password ရိုက်တဲ့အကွက်လေးတွေရဲ့ အောက်က Show password in clear box ကလေးတွေကို နှိပ်ပြီး အမှန်ခြစ် လုပ်လိုက်ပါ။ password တွေကို clear format နဲ့ မြင်ရမယ်။ မမှားနိုင်တော့ဘူးပေါ့။

         

          CLock configuration ပါ။ default အတိုင်း ဘာမှ မရွေးဘဲ ဆက်လိုက်ပါမယ်။ သင်ကတော့ ရွေးချင်ရွေးနိုင်ပါတယ်။

         

          Partition စီမံရမယ့်အပိုင်း ရောက်ပါပြီ။ သင်က Kali Only ပဲ တင်မယ်၊ partition ကိုလည်း ထပ်မခွဲတော့ဘူးဆိုရင်တော့ ခုပုံထဲကလို default အတိုင်း ရှေ့ဆက်နိုင်ပါတယ်။

          Kali only ပဲ တင်တင်၊ dual ပဲ တင်တင် အဲလိုကြီးတော့ ကျွန်တော် အားမပေးပါဘူး။ ဒါကြောင့် အောက်ပါအတိုင်း manual ပဲ ရွေးလိုက်ပါမယ်။

          manual ရွေးပြီး continue ...

         

          ပုံမှာ ကြည့်ရအောင်။ ကျွန်တော် တင်မယ့် ကွန်ပျူတာမှာက SSD ၂ခု တပ်ထားပါတယ်။ တစ်ခုမှာ Windows ရှိနေတဲ့အတွက် တစ်ခုမှာ Kali တင်မှာ ဖြစ်ပါတယ်။

          HDD or SSD တစ်ခုတည်းမှာပဲ Partition ကြိုပိုင်းထားပြီး Dual တင်မယ့်သူတွေက ပုံမှာ အပြာရောင် select ပြထားတဲ့အပိုင်းကို ကြိုပိုင်းထားတဲ့ partition အဖြစ် မြင်ပေးပါ။ Kai Only တင်မယ့်သူတွေက အောက်က Windows ရှိနေတဲ့ SSD နောက်တစ်ခုကို မျက်စိထဲကနေ ဖျောက်ထားပေးပါ။ ဒါဆို အတူတူပဲ ဖြစ်သွားပါပြီ။

          အထဲကို ဝင်လိုက်မယ်။ double click or continue နဲ့ ဝင်နိုင်ပါတယ်။ dual သမားတွေက အပိုင်း မှားမဝင်မိအောင် သတိပြုပါ။

          ပြီးရင် ခု ပုံထဲကလို Delete the partition လုပ်လိုက်ပါ။

          ဒါဆိုရင် ခုလိုမျိုး Free Space ဆိုပြီး ဖြစ်လာပါမယ်။

          အစကတည်းက FREE SPACE ဆိုရင် ဖျက်စရာမလိုဘူးပေါ့။
အဲသည် Free space ထဲ ထပ်ဝင်လိုက်ပါ။

          ပုံထဲကလို create new partition ဆိုပြီး ပေါ်လာပါမယ်။ continue ...

         

          2 GB လို့ ပေးလိုက်ပါတယ်။
boot partition အတွက်ပါ။ အဲအတိုင်းပဲ ပေးပါ။

          ဘာမှမရွေးဘဲ သူ့အတိုင်း ဆက်ပါမယ်။ continue ...

         ဘာမှမရွေးဘဲ သူ့အတိုင်း ဆက်ပါမယ်။ continue ...

          ဒီလိုမျိုး ပေါ်လာပါမယ်။

          Mount Point: ဆိုတဲ့ နေရာကို နှိပ်ပါ။ Monut Point: နော်။ Mount Options နဲ့ မမှားအောင် သတိထားပါ။ Double click or select and continue ...

          /boot စာတန်းကို ရွေးပါ။ continue ...

          ပြီးရင် ပုံထဲကလို Done setting up the partition ကို ရွေးပြီး continue ...

          /boot ရယ် Free Space ရယ်ဆိုပြီး ၂ ပိုင်း ပေါ်လာပါပြီ။

          Free Space ထဲ ထပ်ဝင်ပါ။

          Create New partition ထပ်လုပ်ပါ

          ကျွန်တော်က 2 GB ထပ်ပေးပါမယ်။ သင်ကတော့ သင့်ကွန်ပျူတာရဲ့ RAM နဲ့ တွက်ယူပါ။ RAM 2GB ပဲရှိရင် 4GB ပေးပါ။ RAM 3 GB ပဲရှိရင် 6GB ပေးပါ။ RAM 4 GB or 8GB ဆိုရင် 4GB or 2 GB ပေးနိုင်ပါတယ်။ RAM 16 GB လောက်ရှိနေရင်တော့ ဒီအပိုင်း မလုပ်လည်း ရပါတယ်။

          ကျွန်တော် ခု တင်မယ့် ကွန်ပျူတာက RAM 16 GB ရှိပါတယ်။ ဒါပေမယ့် 2GB ပေးလိုက်ပါမယ်။ ဒါမှ အားလုံး တူသွားမှာပါ။

          ဘာမှမရွေးဘဲ သူ့အတိုင်း ဆက်ပါမယ်။ continue ...

          ဘာမှမရွေးဘဲ သူ့အတိုင်း ဆက်ပါမယ်။ continue ...

          ဒီခါက swap area အတွက် ဖြစ်တာမို့လို့ Use as: နေရာကို နှိပ်ပါမယ်။ ပုံထဲကအတိုင်းပါ။

          swap area ဆိုတာကို ရွေးပါမယ်။

          Done setting up the partition လုပ်ပါမယ်။

          Free space ထဲ ထပ်ဝင်မယ်

          Create လုပ်မယ်

          ဒီခါတော့ ကိုယ့် HDD နဲ့ ကိုက်ညီအောင် စဥ်းစားရပါတော့မယ်။ ကျွန်တော်က 256 GB ssd ကို သုံးထားတာပါ။ ရှေ့မှာ 2 GB နှစ်ခု ပိုင်းခဲ့ပြီဖြစ်လို့ 252 ပဲ ကျန်တာ တွေ့ရပါတယ်။ ပုံထဲ ပါပါတယ်။ Data D လို သဘောမျိုးဖြစ်တဲ့ /home partition ကိုလည်း data သိမ်းဖို့ 70GB လောက် ဖဲ့ပေးချင်သေးတာမို့ 180GB ပဲ သတ်မှတ်လိုက်ပါတယ်။

          ဒီကောင်က system partition ပါ။ နည်းရင် မကောင်းပါဘူး။ အနိမ့်ဆုံး 100 GB လောက် ပေးသင့်ပါတယ်။ 500 GB လောက်ရှိရင် ကျွန်တော်သာဆို 200 လောက် ပေးပါတယ်။
Dual သမားတွေကတော့ ကိုယ်ပိုင်းထားတဲ့ partiton နဲ့ အဆင်ပြေသလောက်ပဲ တွက်ပေးပေါ့။ continue ...

         ဘာမှမရွေးဘဲ သူ့အတိုင်း ဆက်ပါမယ်။ continue ...

          ဘာမှမရွေးဘဲ သူ့အတိုင်း ဆက်ပါမယ်။ continue ...

          ဒီခါတော့ Mount Point: မှာ / ပဲတွေ့ပါတယ်။ / သည် system ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့်မို့ မှန်နေတာဖြစ်တဲ့အတွက် Done setting up the partition လိုက်ပါမယ်။

          Free space ထဲ ထပ်ဝင် ...

          Create လုပ် ...

          ဒီခါတော့ ဘာကိန်းမှ မရိုက်တော့ပါဘူး။ သူပေါ်လာသလောက်ပဲ အကုန်ပေးလိုက်ပါမယ်။ ဘာမှမရွေးဘဲ သူ့အတိုင်း ဆက်မှာပါ။ continue ...

         ဘာမှမရွေးဘဲ သူ့အတိုင်း ဆက်ပါမယ်။ continue ...

         Done setting up the partition

          root, swap, boot, home ဆိုတဲ့ ၄ ခုလုံး စုံသွားပါပြီ။

          အောက်ဆုံးက Finish partitioning ကို ရွေးပြီး continue ...

          ခုကျွန်တော်တို့ ရွေးချယ်ထားတဲ့အတိုင်း partition တွေကို format ချပါတော့မယ်။ အထဲမှာ ဖိုင်တွေရှိရင် ပျက်မှာ ဖြစ်ပါတယ်။ ဒါကို သဘောတူပါလား ပေါ့။ Yes and continue ...

          Base system installing စပါပြီ။ ခဏလေးပဲ ကြာပါမယ်။

          နောက်တစ်ဆင့်က Desktop environment ရွေးလိုက ရွေးနိုင်တဲ့ နေရာပါ။ Kali ရဲ့ default desktop environment နေရာမှာ select လုပ်မထားရသေးရင် select လုပ်ပါ။ တကယ်က default အတိုင်းမှာ ရွေးပြီးသားဖြစ်ပါတယ်။ ဘာပြောတာမှန်း နားမလည်ရင် ခုပုံထဲက အမှန်ခြစ်တွေကို သေချာကြည့်ပါ။ မှန်ပြီဆို ရှေ့ဆက်ပေ့ါ။

          ကွန်ပျူတာ အခြေအနေပေါ်မူတည်ပြီး ဒီအဆင့်မှာ ခဏ ကြာပါမယ်။ အကြာဆုံးအဆင့်ပါ။ ၃ မိနစ်ကနေ အထက် ကြာနိုင်ပါတယ်။

          GRUB boot loader တင်မလား မေးတာပါ။

         Yes နဲ့ ပဲ ရှေ့ဆက်ပါ။ လိုအပ်ပါတယ်။

         HDD တစ်ခုထက်ပိုလေ စာတန်းများလေလေပါပဲ။ ဖော်မြူလာ ပြောရရင် ဒုတိယတန်းကိုပဲ ရွေးပါ။ ၂ တန်းပဲ ရှိတဲ့သူတွေကတော့ အေးဆေးပေါ့။ ဒီနေရာမှာ ကျွန်တော်ပြထားတဲ့ ပုံထဲက စာနဲ့ မတူနိုင်ဘူးနော်။ ဒုတိယအတန်းကို ရွေးရင် ရပြီ။

          အပြီးသတ်အဆင့် ...

          အောင်မြင်စွာ ပြီးဆုံးကြောင်း တွေ့ရပါပြီ။

          stick ကို ဖြုတ်ပြီးမှ ရှေ့ဆက်ပါ။

         

          Kali ရဲ့ GRUB Menu ပါ။ Dual တင်ထားသူတွေက Windows ထဲ ဝင်ချင်ရင် ၄ စက္ကန့်အတွင်း Down arrow ကို နှိပ်ပါ။ Windows ကို ရွေးပြီးတော့မှ enter ပါ။ Kali only သမားတွေကတော့ enter ခေါက်လည်း ရသလို စောင့်နေလိုက်ရင်လည်း ၄ စက္ကန့်အတွင်း Kali ထဲ ဝင်ရောက်သွားမှာဖြစ်ပါတယ်။

          တင်တုန်းက ပေးထားခဲ့တဲ့ username တွေ၊ password တွေကို ရိုက်ထည့်ပြီး enter or login လိုက်ရုံပါပဲ။

          Kali Linux ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးပါ ...

Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်  
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်

2 comments:

  1. ဆရာ source list ပြန်ထည့်ဖို့ လိုလား ခဗျာ ။ လိုရင် ထည့်နည်း ဘယ်မှာရကြည့်ရမလဲ ခဗျာ ။

    ReplyDelete
  2. ဆရာ kali iso ကြ USB live mod ကဒေါင်းရမှာလားဗျာ့

    ReplyDelete