Kali ISO ကို error ကင်းအောင် ဘယ်လို Download ယူမလဲ
Kali ISO ကို error မဖြစ်အောင် ဒေါင်းနည်း
Kali ကို စ သုံးတော့မယ်ဆိုရင် အဓိကကျဆုံးအချက်က Make Your Own ဆိုတဲ့ စကားလုံးပါ။ Linux ကို သုံးတော့မယ်ဆိုမှတော့ ကျွန်တော်တို့သည် Linux Installer ကိုလည်း ကိုယ့်ဘာသာ ဖန်တီးမှ သဘာဝကျပါမယ်။ ဆိုင်ကနေ Kali installer disc (DVD disc) ဝယ်လာပြီး တင်တာ မအောင်မြင်ဘူး၊ fail ပြီး ဘာမှလုပ်မရ ဖြစ်သွားတဲ့သူတွေ အများကြီး လာဆွေးနွေး တိုင်ပင်ဖူးပါတယ်။ အရင်ကတော့ မကြာခဏ ဖြေဖြေနေရတာ ဖြစ်တာမို့လို့ YouTube movie အနေနဲ့ တင်ထားပေးပါတယ်။ ဒါပေမယ့်လို့ YouTube Channel မှာ မလိုသူတွေက Report ပေါင်းများစွာ တင်ခံခဲ့ရတဲ့အတွက် Channel ပျက်သွားပြီး မှတ်ထားတဲ့ ကျူတို ဗီဒီယို တွေ အများကြီး ပါသွားပါတယ်။
ဒါကြောင့်မို့ အရင်တုန်းက (ဒီ the Kali Linux စာအုပ် စ ရေးကာစ တုန်းက) ခု အကြောင်းအရာတွေကို ထည့်မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတာပါ။ ခုတော့ YouTube Channel မှာ တင်ထားတဲ့ Mov အားလုံး ပျက်သွားခဲ့ပြီဖြစ်တာမို့ ဒီထဲမှာ ထပ်ဖြည့်လိုက်တာပါ။
Kali ISO ကို Download ဆွဲတဲ့အခါ HTTP direct download ကနေ ဆွဲရတာ လွယ်တာဖြစ်တဲ့အတွက် အဲကနေပဲ ဆွဲကြတာများပါတယ်။ Network connection အခြေအနေအရ error တစ်ခုခုကြုံရတတ်တာမို့ အဲကနေ မဆွဲသင့်ပါဘူး။ Torrent ကနေပဲ တစ်ဆင့် ပြန်ဆွဲဖို့ အကြံပြုချင်ပါတယ်။
Kali iso ကို Download ဆွဲဖို့ရာအတွက် kali.org ကို သွားပြီး Get Kali စာမျက်နှာကို နှိပ်နိုင်ပါတယ်။ https://www.kali.org/get-kali/ လို့ တိုက်ရိုက်ရိုက်ထည့်ပြီး သွားလည်း ရပါတယ်။
Kali ကို ခုချိန်မှာ Download ယူနိုင်ဖို့အတွက်တော့ VPN လိုပါတယ်။ သားရေကြိုး တင်းအောင်ကိုင် ကြောင့်ပါ 🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬🤬
အထက်ပါ Link ကနေ Download ရယူနိုင်ပါတယ်။ Kali Download စာမျက်နှာကို သွားတဲ့အခါ မြင်တွေ့ရမယ့် ပုံစံက Developer တွေ စိတ်ကူးအရ ကွဲပြားပါမယ်။ ဒီပုံနဲ့ မတူတဲ့ပုံစံတွေလည်း တွေ့နိုင်ပါတယ်။ Website က ဘယ်လိုပုံစံ၊ Version က ဘယ်လောက် ဆိုတာထက် အဓိကအချက်ကိုပဲ ကြည့်ပါ။
ဒါက ဒီစာကို ရေးနေတဲ့အချိန်မှာ ရှိတဲ့ Design ပါ။ Installer Images ဆိုတာ ကိုပဲ နှိပ်လိုက်ပါ။ သင်က VirtualBox or VMWare မှာ install မယ့်သူ ဆိုရင်တောင်မှ Installer Images ကိုပဲ ရွေးပါ။
Installer Images ကို နှိပ်လိုက်ပြီဆိုတာနဲ့ ဒီနေရာကို ရောက်သွားပါလိမ့်မယ်။ 64bit, 32bit နဲ့ Apple M1 အတွက်ဆိုပြီး ခေါင်းစဥ်ကွဲ ၃ ခု တွေ့ရပါမယ်။ 64 အတိုင်းပဲ default ရွေးပြီးသား ဖြစ်ပါတယ်။ အဲအတိုင်းပဲ ဆွဲပါမယ်။ ပုံမှာ 64 bit အတွက် ဆွဲစရာ 4 ခု ရှိနေတာကို တွေ့ရပါမယ်။ Installer ကို ဆွဲပါ။ Kali site မှာ installer ကို recommended ဆိုပြီး ပြထားတာ မြင်ရပါမယ်။ tool အားလုံး ပါအောင် ဒေါင်းထားချင်တယ်ဆိုရင်တော့ Everything ဆိုတာကို ဆွဲပါ။ ဖိုင်ဆိုဒ် အရမ်းကွာတာမို့ ဖုန်းဘေနဲ့ ဒေါင်းရမှာဆိုရင် ချင့်ချိန်ပေါ့။ Weekly နဲ့ NetInstaller ကို မဆွဲပါနဲ့။
ပြီးတော့ မြားပုံစံ Download ကို မနှိပ်ပါနဲ့။ Torrent ဆိုတဲ့စာနေရာကို နှိပ်ပါ။
ဒီပုံစံမျိုး ရွေးစရာ ထပ်ပေါ်ခဲ့ရင် Save torrent file ကိုပဲ ရွေးပါ။
Torrent ကနေ Download ယူတာဖြစ်တဲ့အတွက် torrent file လေးတစ်ခု အရင်ဆုံး ကျလာပါမယ်။ File size က KB လောက်ပဲ ရှိပါတယ်။ အဲဒါသည် Kali ISO မဟုတ်သေးပါဘူး။ Kali ISO ရဲ့ Torrent လိပ်စာ လို့ပဲ ဆိုကြပါစို့။ အဲသည်ဖိုင်ကို ဖွင့်ဖို့အတွက် Torrent Software တစ်ခုခု လိုပါတယ်။ Debian Linux user တွေကတော့ qbittorrent လို torrent software တွေကို apt install နဲ့ အလွယ်တကူ ထည့်သုံးနိုင်မှာ ဖြစ်ပေမယ့် ခုမှ Kali ကို စ စမ်းသုံးမယ့်သူတွေကတော့ Windows or Mac ဖြစ်နိုင်ပါတယ်။ Torrent Software တစ်ခုခုကို install လုပ်ပြီး သုံးနိုင်ပါတယ်။
recommend ပေးရမယ်ဆိုရင်တော့ uTorrent software ကို install လုပ် သုံးနိုင်ပါတယ်။
Google ကနေ uTorrent လို့ ရိုက်ရှာထည့်သုံးနိုင်သလို အောက်ပါ link ကနေ လည်း သွားနိုင်ပါသေးတယ်။
uTorrent Web ဆိုတာကို Download ဆွဲပြီး သုံးနိုင်ပါတယ်။ Browser ကနေ ဆွဲတာဖြစ်တဲ့အတွက် ပိုအဆင်ပြေမှာပါ။ Torrent Software ကို Download ဆွဲပြီး install လုပ်ပြီးပြီဆိုရင်တော့ ခုန Download ဆွဲထားတဲ့ Kali iso torrent file ကို ဖွင့်လို့ ရပြီဖြစ်ပါတယ်။
ဒီလိုပုံလေး တွေ့လာပါပြီ။ ပုံမှာ ကြည့်ပါ။ Downloading လို့ ပေါ်နေပါပြီ။ ၁၀၀% ပြည့်သွားပြီးရင် Downloading ကနေ seeding ဆိုတဲ့စာ ပြောင်းသွားမှာပါ။ အဲခါကျရင် ရပါပြီ။ Download folder ထဲမှာ kali-linux-2021-2-installer-amd64-iso ဆိုတဲ့ နာမည်နဲ့ folder တစ်ခုကို တွေ့ရပါလိမ့်မယ်။ အဲထဲမှာ Kali iso ရှိနေမှာပါ။
ဒါဆိုရင်တော့ Kali ISO ကို torrent ကနေ error မပါဘဲ Download ဆွဲနိုင်ပြီဖြစ်ပါတယ်။
အရှင်ပြေတယ် ဆရာ
ReplyDelete