Adsense

OUO Banner

Latest Posts

Kali Installer USB ဖန်တီးပြုလုပ်ခြင်း

 




         Kali ISO ကို Download ဆွဲထားပြီးပြီ ဆိုတော့ installer လုပ်ဖို့ပဲ ကျန်တာပေါ့။ 

         ဒီအဆင့်က VirtualBox or VMWare မှာ တင်သုံးမယ့်သူတွေ လုံးဝ လိုက်လုပ်စရာမလိုပါဘူး။ Dual or Kali Only တင်မယ့်သူတွေသာ မဖြစ်မနေ လုပ်သင့်တာ ဖြစ်ပါတယ်။ 

         https://www.balena.io/etcher/ မှာ လိုအပ်တဲ့ software ကို Download ရယူနိုင်ပါတယ်။ 

Download BalenaEtcher

         Linux user တွေကတော့ dd command နဲ့တင် မည်သည့် software မျှ ထပ်မလိုဘဲ ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် Windows & Mac user တွေအတွက်ကိုပဲ ဦးတည်ပြီး ပြောပါမယ်။ BalenaEtcher ကို Download & install လုပ်လိုက်ပါ။ ပြီးရင် ဖွင့်ပေါ့။ 

         USB installer လုပ်မှာဖြစ်လို့ memory stick (8GB or above) တစ်ချောင်း လိုအပ်ပါတယ်။ လောလောဆယ် ဒီစာရေးနေစဥ်မှာတော့ ကျွန်တော့်မှာ sitck အသင့်မရှိတဲ့အတွက် ရှိတဲ့ memory card (16GB) + adapter ကို သုံးသွားပါမယ်။ 

         Balena Etcher ကို ဖွင့်ရင် အောက်ပါအတိုင်း မြင်ရပါမယ်။

         သူ့ကို သုံးရတာ လွယ်ပါတယ်။ ပထမဆုံး အနေနဲ့ Flash from file ဆိုတာကို နှိပ်ပြီး Download ဆွဲထားပြီးသားဖြစ်တဲ့ Kali ISO ကို ရွေးပေးရပါမယ်။ 

Kali ISO ကို ရွေးပြီးတဲ့အခါ USB ရွေးဖို့အတွက်  Select Target ကို ဆက်နှိပ်ပါ

Stick တစ်ချာင်းပဲ တပ်ထားရင် တစ်ချောင်းပဲ ပေါ်နေမှာပါ။ ရွေးပြီး select နှိပ်လိုက်ပါ။

ရွေးပြီးပြီဆိုရင်တော့ Flash ကို နှိပ်ရုံပါပဲ။

Password ထားထားရင် Administrator password မေးပါလိမ့်မယ်။ 

ခုဆိုရင်တော့ Flashing process စတင်နေပြီဖြစ်ပြီး 100% ပြည့်သွားရင် ပြီးဆုံးကြောင်း ပေါ်လာပါလိမ့်မယ်ဗျ။

         

Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်  
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်

No comments