Header Ads

Kali Dual boot အတွက် partition ကြိုပိုင်းခြင်း


 



         Kali ISO လည်း Download ဆွဲပြီးပြီ။

         Kali ISO ==> USB လည်း ဖန်တီးပြီးပြီ ဆိုရင်တော့ Partition ကြိုခွဲထားတဲ့အပိုင်းကို ရောက်ပြီ ဖြစ်ပါတယ်။ Dual တင်မယ့်သူတွေသာ လုပ်စရာလိုပါတယ်။ ကျန်သူများ မလိုပါ။ 

         Partition ကြိုမပိုင်းခင် မိမိတို့ ကွန်ပျူတာကို ပြန်စစ်ဖို့ လိုပါမယ်။ 

         Space ဘယ်လောက်ကျန်လဲ၊ C ထဲက ခွဲမလား D ထဲက ခွဲမလား၊ Kali အတွက် ဘယ်လောက်ပေးမှာလဲ စသည်ဖြင့် စဥ်းစား တွက်ချက်ရပါမယ်။ အရေးကြီးတဲ့ Data တွေ ရှိရင်လည်း External HDD ထဲကို Backup ကူးထည့်ထားတာမျိုး လုပ်သင့်ပါတယ်။ တစ်ခုခု အမှားအယွင်းကြောင့် အရေးကြီးအချက်အလက်တွေ ပျက်မသွားဖို့ပါ။ ကွန်ပျူတာ မပျက်နိုင်ပေမယ့် Data တွေကတော့ မှားပျက်နိုင်ချေရှိပါတယ်။ ဘာလို့လဲဆိုတော့ သင်က Newbie မို့ ပါ။ 

         သင်ကသာ ကျွမ်းကျင်သူဆိုရင် ဒီအဆင့်ကို ကိုယ့်ဘာသာ လုပ်ထားပြီး ဖြစ်နေလောက်ပါပြီ။ 

         Kali တင်ရင်းမှ partition ကို ခွဲထုတ်လည်း ရပါတယ်။ ဒါပေမယ့်လို့ မှားယွင်းနိုင်ချေရှိပါတယ်။ ဒါကြောင့် ကြိုပိုင်းပါ။

Mini Partition Wizard download

         Windows user တွေအတွက် Free download ရယူနိုင်မယ့် tool ပါ။ ဒီတိုင်းလည်း partition ခွဲလို့ ရပေမယ့်လို့ ဒီ tool နဲ့ဆို ပိုလွယ်ပါတယ်။ Kali only က ပြဿနာမရှိပေမယ့် Kali ကို dual သုံးမယ့်သူတွေအတွက်တော့ Kali partition ကို 150GB လောက် အနိမ့်ဆုံး ထားသင့်ပါတယ်။ ဒါမှ လေ့လာစရာတွေအတွက် ပိုအဆင်ပြေမှာပါ။ 

မလိုတဲ့ partition တွေနဲ့ ပေါင်းစပ်ချင်တဲ့ partition တွေ ရှိရင် Right Click >> Delete လုပ်လို့ ရပါတယ်။ 

ရှိပြီးသား partition ထဲကနေ ခွဲထုတ်မှာဆိုရင်တော့ Move/Resize ကို သုံးနိုင်ပါတယ်။ 

ရှိပြီးသားထဲက ခွဲထုတ်မှာဆိုရင်တော့ ပုံထဲကလိုမျိုး Partition Size မှာ ကိန်းဂဏန်းတွေနဲ့ ပြင်လို့ ရသလို ပုံမှာ ပြထားသလို mouse ကို ဖိပြီး လိုတဲ့နေရာကို ဆွဲရွှေ့တာမျိုးလည်း လုပ်လို့ရပါတယ်။ 
ကျွန်တော်ကတော့ SSD နှစ်ခုရှိတာကြောင့် ဒုတိယ ssd နေရာကို ရွေးပြီး ရှိနှင့်ပြီးသား partition အားလုံးကို delete လုပ်လိုက်ပါတယ်။ ကိုယ့်ကွန်ပျူတာနဲ့ အဆင်ပြေမယ့်ပုံစံအတိုင်းသာ ပိုင်းပါ။

လိုချင်တဲ့အပိုင်းရပြီဆိုရင် အဲသည်ပေါ်ကို right click နှိပ်ပြီး Create လုပ်နိုင်ပါတယ်။ 


Volume size ကို အပြည့်ဆိုအပြည့်၊ ဒါမှမဟုတ် အဆင်ပြေသလောက် ခွဲပေး စသည်ဖြင့် လုပ်ပြီး OK လိုက်ပါ။ ကိုယ် GB ဘယ်လောက် ခွဲလိုက်တယ်ဆိုတာကို အကြမ်းဖျင်း မှတ်ထားပါ။ Dual တင်တဲ့အခါ partition မှားမှာ စိုးရပါတယ်။ 


ပြီးရင်တော့ Apply နှိပ်ပြီး Yes or No မေးရင် Yes ရွေးလိုက်ရုံပါပဲ။ Partition ပိုင်းပြီးသွားတဲ့အခါ ပြီးဆုံးကြောင်း Message မြင်ရပါမယ်။ ဒါဆိုရင် ပိတ်လိုက်လို့ ရပါပြီ။ 



ဤတွင် Partition ကြိုပိုင်းခြင်း ပြီးဆုံးပါပြီ။          

Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်  
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်

No comments

Powered by Blogger.