Adsense

OUO Banner

Latest Posts

Installing Kali Linux (VMWare)




         VirtualBox မှာ Kali Linux တင်မယ်ဆိုတော့ VMWare ကို အရင်ဆုံး Download ဆွဲပေါ့။  Intel Mac user တွေကတော့ VMWare Fusion ကို သုံးနိုင်ပါတယ်။ M1 သမားတွေတော့ sorry ပါ။ ကန်တော့ဆွမ်းပဲ ရပါမယ်။  Linux အတွက် တော့ မသုံးစေလိုပါ။ Windows & Linux မှာ သုံးချင်သပဆို VMWare Workstation ကို သုံးနိုင်ပါတယ်။

Intel Mac user တွေအတွက် အရင် ပြောပါမယ်။ VMWare ထဲကမှ personal license အနေနဲ့ officially free ပေးသုံးတဲ့ VMWare fusion ကိုပဲ သုံးပြပါမယ်။ Pro version ကို cracked key နဲ့ သုံးလို့ရမှန်း သိပေမယ့်လို့ Version အသစ်ထွက်တိုင်း အဆင်ပြေပြီး သုံးရတာလည်း ကောင်းတာမို့ VMWare fusion ကိုပဲ ဆွဲသုံးလိုက်ပါ။

VMWare Fusion for Mac Download ဆွဲရန်

         အထက်ပါ link ကနေ သွားပါ။ ပြီးရင် အောက်ဘက်ကို ဆင်းပြီး ညာဘက်မှာရှိတဲ့ Register for a personal use license ဆိုတာကို နှိပ်ပါ။ 

အဲကနေ register လုပ်ရမယ့် စာမျက်နှာကို ရောက်ရှိပြီး register လုပ် Download ဆွဲနိုင်ပါတယ်။

register လုပ်ရမယ့် စာမျက်နှာပါ။ Create an account ကနေ တစ်ဆင့်စီ လွယ်လွယ်ကူကူ register လုပ်နိုင်ပါတယ်။ ပြီးတာနဲ့ Download လို့ ရပါပြီ။ မဆွဲတတ်ဘူး အခက်အခဲရှိတယ်ဆိုရင်တော့ comment မှာ ရေးခဲ့ပါ။ အရင်ဆုံး ရအောင်ကြိုးစားပါ။ မရမှ ရေးပါ။ OK, ဆွဲပြီး install ပြီးပြီးလို့ သဘောထားရအောင်။

Windows user တွေကတော့ VirtualBox က ပိုကြိုက်စရာကောင်းပါတယ်။ VirtualBox မသုံးချင်လို့ VMWare သုံးမှာဆိုရင်တော့ 

VMWare workstation ကို download ဆွဲရန်

ခုလက်ရှိ Workstation Version က 16 ပါ။ free trial ကာလ သတ်မှတ်ချက် ရှိပါတယ်။ ကျော်သွားရင် လိုင်စင် လိုပါတယ်။ Workstation 16 အတွက် လိုင်စင် key နည်းနည်း ပေးပါမယ်။ 

ZF3R0-FHED2-M80TY-8QYGC-NPKYF
YF390-0HF8P-M81RQ-2DXQE-M2UT6
ZF71R-DMX85-08DQY-8YMNC-PPHV8
AZ3E8-DCD8J-0842Z-N6NZE-XPKYF
FC11K-00DE0-0800Z-04Z5E-MC8T6
YF390-0HF8P-M81RQ-2DXQE-M2UT6
ZF71R-DMX85-08DQY-8YMNC-PPHV8

ZF3R0-FHED2-M80TY-8QYGC-NPKYF

အထက်ပါ Key တွေထဲက တစ်ခုမရ တစ်ခု သုံးပါ။ Install ပြီးပြီလို့ပဲ သတ်မှတ်ရအောင်။  

အကယ်၍ မိတ်ဆွေရဲ့ PC ရဲ့ BIOS settings ထဲမှာ Intel Virtualization Technology ကို disabled လုပ်ထားရင် enabled လုပ်ပါ။ ပြီးမှ save & exit လုပ်ပြီးမှ VMWare ကို သုံးလို့ရပါလိမ့်မယ်။ 
BIOS ထဲကို မဝင်တတ်ရင် ကွန်ပျူတာကို ပါဝါပိတ်ပါ။ ပြီးရင် ပြန်ဖွင့်ပါ။ ပါဝါဖွင့်ပြီးပြီးချင်း screen မီး စ လင်းတာနဲ့ BIOS key ကို လေးငါးချက်လောက် ဆက်တိုက် နှိပ်ပေးလိုက်ပါ။ ၁ ချက်ဆို လုံလောက်တယ်ဆိုပေမယ့်လို့ key လွတ်နေတာ သိပ်မမိတာ စသည်ဖြင့် ဖြစ်မှာစိုးလို့ပါ။ 

BIOS key က Device ပေါ်မူတည်ပြီး ကွာတတ်ပါတယ်။ အများစုက F2 ဖြစ်ပါတယ်။ F2 နဲ့ မရရင် F12, Del, Esc, ... စသည်ဖြင့်စမ်းကြည့်နိုင်ပါတယ်။ အချို့ Laptop တွေမှာတော့ F2 or F12 လို Function Key တွေကို တိုက်ရိုက် ရိုက်လို့မရပါဘူး။ Keyboard မှာ ပါနေတဲ့ Fn ဆိုတဲ့ ဖန်ရှင်ခလုတ်လေးနဲ့ တွဲနှိပ်ရပါတယ်။ 
@@@@@@@@@@@@@@@@

+ ကိုနှိပ်ပြီး new နဲ့ ဖန်တီးပါမယ်။ VMWare fusion ကို သုံးပြထားတာဖြစ်လို့ Workstation နဲ့တော့ ကွာဟမှု ရှိနိုင်ပါတယ်။

ဒီနေရာမှာ stick or disc နေရာကို double click နှိပ်ပြီး ရွေးနိုင်ပေမယ့် ပိုမြန်အောင် Download လုပ်ပြီးသားဖြစ်တဲ့ Kali ISO ကို drag ဆွဲပြီး ထည့်လိုက်ပါမယ်။

ကျွန်တော့်မှာက DVWA iso ကို သုံးမိထားသေးလို့ ၂ ခုပေါ်နေတာပါ။ ဘယ်နှခုပေါ်ပေါ် Kali installer iso ကို ရွေးပြီး continue ပါ။

Linux ရွေးပါမယ်

Linux ထဲကမှ Debian 64 bit ကို ရွေးပါမယ်။ Kali က Debian Based မို့လို့ပါ။

ဒီတိုင်းလေးပဲ Continue ပါ။

ဒီအဆင့်မှာတော့ Customize လုပ်ပါမယ်။

VM file သိမ်းဖို့ အတွက် နာမည်ပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ Kali Linux လို့ ပေးလိုက်ပါတယ်။ နောက်က .vmwarevm ကို မဖျက်ဘူးနော်။ Debian 64bit ဆိုတဲ့နေရာမှာပဲ ရိုက်တာ။

ဒါပေါ်လာရင် ပြင်စရာနည်းနည်း ရှိပါတယ်။ Network Adapter ကို အရင် ပြင်မယ်။ နှိပ်လိုက်ပါ။
ဒီပုံထဲအတိုင်း  Bridged Networking အောက်က Autodetect ကို ရွေးလိုက်ပါ။ connect network adapter ဆိုတဲ့ ခေါင်းစဥ်မှာ အမှန်ခြစ် ရှိနေဖို့ လိုတယ်နော်။ မရှိရင် ဖြည့်။ ပြီးရင် အပေါ်က show all ဆိုတာကို နှိပ်။



ဒီခါ Processors & Memory ဆိုတာကို ရွေးမယ်။ နှိပ်လိုက်။

RAM နေရာမှာ အနည်းဆုံး 2048 MB ရှိရမယ်။ RAM 8GB ထက် များတဲ့ Laptop (e.g. 16GB RAM ...) ဆိုရင် 4096 MB လောက် ပေးလိုက်ပါ။ (4GB)
ပြီးရင် show all နဲ့ ပြန်ထွက်။ 
ဒီခါ Hard Disk (SCSI) ဆိုတာကို နှိပ်။



GB 100 ထားလိုက်တယ် ကျွန်တော်က။ ပြီးရင် Show All နဲ့ ထွက်စရာမလိုတော့ဘူး။ အဲသည် Box အသေးကို ပိတ်လိုက်လို့ ရပြီ။

ဒီပုံအတိုင်းပဲ ကျန်မယ်။ Play သင်္ကေတကို နှိပ်ပြီး power on နိုင်တယ်။
ဒါဆိုရင် အောက်ပါအတိုင်း Kali ရဲ့ Main Installer Menu ကို မြင်ရပြီ။


         
ဒီလိုပေါ်လာပြီဆိုရင်တော့ Enter ပါ။ Enter လုပ်လို့ မထူးခြားဘူးဆိုရင် Click တစ်ချက်နှိပ်ပြီးမှ enter ပါ။ 

Continue

Continue

Continue



hostname ဆိုတာက machine name ပါ။ Terminal ဖွင့်တဲ့အခါ @ ရဲ့ နောက်ကနေ ပေါ်မှာပါ။ Default က kali ပါ။ ဒီအတိုင်းပဲ ထားရင် user@kali ဆိုပြီး ရလာမှာပါ။ Terminal ဖွင့်တိုင်း ပေါ်နေမှာမို့လို့ အဆင်ပြေတာကို ရွေးထားနိုင်ပါတယ်။ ကျွန်တော်တော့ Kali အတိုင်းပဲ ထားပြီး Continue ပါမယ်။

ဘာမှမထည့်ဘဲ Continue လို့ရပါတယ်

ဒီနေရာမှာ ကြိုက်ရာနည်မည် ပေးလို့ရပါတယ်။ space ခြားလည်း ရပါတယ်။

ဒါကတော့ အရေးကြီးသွားပါပြီ။ မဖြစ်မနေ မှတ်မိဖို့လိုပါမယ်။ space ခြားလို့မရပါဘူး။ ဒီနေရာမှာ khit လို့ ပေးလိုက်မယ်ဆိုရင် ခုန kali နဲ့ ပေါင်းပြီး Terminal မှာ khit@kali လို့ ပေါ်ပါလိမ့်မယ်။ အဆင်ပြေရာကိုထည့်ပါ။ မှတ်မိဖို့ လိုပါတယ်။
Continue

ထုံးစံအတိုင်း login ဝင်ဖို့ password ဖြည့်ရမှာပါ။ ၂ကွက် တူအောင် ဖြည့်ပြီး Continue

Continue

Virtual ပဲမို့လို့ partition သီးသန့်မပိုင်းတော့ပါဘူး။ Use entire disk အတိုင်း ဆက်သွားမယ်။ Continue

ဒီနေရာမှာ ပေါ်မယ့်စာက တူချင်မှ တူပါမယ်။ Continue

partition မပိုင်းပါ။ ဒီတိုင်း Continue

Continue

yes ရွေးပြီး Continue

ခဏစောင့်ရပါမယ်။ 

ရွေးထားပေးပြီးသားမို့လို့ ဒီတိုင်း ဘာမှမထိဘဲ Continue

ဒီအဆင့်က အကြာဆုံးဖြစ်ပါတယ်။  စောင့်နေရင်း screen မှိန်သွားခဲ့ရင် mouse ကို လှုပ်ရုံလေးနဲ့ ရပါတယ်။ 

Yes & Continue

ဒီနေရာမှာ အမြဲတမ်း ဒုတိယစာတန်းကို ရွေးပါ။ VirtualBox မှာမဟုတ်ဘဲ dual တင်တဲ့သူတွေမှာ စက်အခြေအနေပေါ်မူတည်ပြီး စာတန်းအများကြီး ရှိနိုင်ပါတယ်။ 
Continue


ဒီအဆင့်ဆို Dual or Kali only သမားတွေ stick or disc ထုတ်လို့ရပါပြီ။ ထပ်မလိုတော့။ Continue

ခဏကြာရင်တော့ Kali ရဲ့ GRUB ကို ခုလိုလေး ကျက်သရေရှိစွာ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။ 


username တွေ password တွေ မှန်ဖို့ လိုပါတယ်။ 



         ဒီ ဗားရှင်းအသစ်မှာ အပေါ်ဘက် toolbar က Terminal icon ရဲ့ ဘေးမှာ မြားခေါင်းလေးရှိပြီး နှိပ်လိုက်ရင် အနီရောင်နဲ့ root Terminal ကိုပါ တွေ့နိုင်ပါတယ်။ အဲလိုမလုပ်ဘဲ Terminal icon အနက်ကို နှိပ်လိုက်ရင် user acc အတွက် Terminal ကျလာမှာ ဖြစ်ပါတယ်။ root Terminal အနီကို နှိပ်ရင်တော့ password တောင်းမယ့် Box တစ်ခု မြင်ရပါလိမ့်မယ်။ အဲသည်မှာ login password ထည့်လိုက်မှ root Terminal ပွင့်လာမှာဖြစ်ပါတယ်။ root access ယူတဲ့အတွက် password ရိုက်ထည့်ရတာပါ။ 

         

အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျ ...           

         

         

Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်  
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်

No comments