Adsense

OUO Banner

Latest Posts

Installing Kali Linux (VirtualBox)




         VirtualBox မှာ Kali Linux တင်မယ်ဆိုတော့ VirtualBox ကို အရင်ဆုံး Download ဆွဲပေါ့။ Windows User တွေအတွက် ဖြစ်ပါတယ်။ Ubuntu သုံးနေသူတွေကတော့ sudo  apt  install  virtualbox  -y နဲ့ အဆင်ပြေမယ်ထင်တယ်။ Mac user တွေကတော့ VMWare Fusion ကို သုံးနိုင်ပါတယ်။ VMWare အကြောင်း ကျမှ ဖတ်ပေ့ါ။

VirtualBox Download ဆွဲရန်

         အထက်ပါ link ကနေ VirtualBox ကို Download ဆွဲနိုင်ပါတယ်။ 


Windows မှာ သုံးမှာဖြစ်လို့ Windows Hosts ဆိုတဲ့ စာတန်းကို နှိပ်ပြီး ဒေါင်းပါ။ တစ်လက်စတည်း အောက်မှာ တွေ့မယ့် VirtualBox Extension Pack ==> All supported platform ဆိုတာကိုပါ နှိပ်ပြီး Download ဆွဲထားပါ။

         Download ဆွဲပြီးသွားရင် VirtualBox ကို install လုပ်ပါ။ Computer ကို restart လုပ်ပါ။

         extension pack ကို install လုပ်ပါ။ restart ထပ်ချပါ။ 

         ဒါဆိုရင်တော့ သုံးရန်အသင့် ဖြစ်သော VirtualBox ကို ရပြီဖြစ်ပါတယ်။ Kali Install ကြပါစို့။ 

VirtualBox ကို ဖွင့်လိုက်ရင် အထက်ပါပုံအတိုင်း တွေ့ရပါမယ်။ Macnine တစ်ခု ဖန်တီးမှာဖြစ်တဲ့အတွက် New ကို နှိပ်ပါ။ (မှတ်ချက်။       ။ VirtualBox version အရ မြင်ရပုံချင်း ကွဲလွဲမှုရှိနိုင်သည်။ new ကို ရှာနှိပ်ပါ။)

Name နေရာမှာ ကြိုက်တာပေးလိုက်ပါ။ ကျွန်တော် ပေးလိုက်တာတော့ စာလုံးလွဲသွားတယ်။ ပြန်မပြင်တော့ဘူးနော်။ ကိုယ်ကြိုက်ရာ ပေးနိုင်ပါတယ်။ သတိထားရမှာက အရင်က နာမည်ပေးထားဖူးတာရှိရင် Machine Folder ထဲမှာ record ကျန်နေတတ်တဲ့အတွက် Machine Folder ထဲမှာ သွားဖျက်မပစ်မချင်း နာမည်တူ ထပ်ပေးလို့ မရတော့ပါဘူး။ Machine Folder: ဆိုတဲ့နေရာမှာ သွားဖျက်ရမယ့်နေရာကို မြင်နိုင်ပါတယ်။ မဖျက်တတ်လည်း Kali လို့ ပေးမရရင် Kali 2 စသည်ဖြင့် နာမည်မတူအောင် ပေးလိုက်ရင် ပြီးတာပါပဲ။ အဲဒါက အရေးမကြီးပါ။
ပြီးသွားရင်တော့ Type နေရာမှာ Linux ကို ရွေးပြီး Version: နေရာမှာတော့ Debian (64 bit) ကို ရွေးပါ။ Kali သီးသန့် မပါပါဘူး။ Kali သည် Debian Based ဖြစ်တာကြောင့် Debian ကို ရွေးတာပါ။ 
အကယ်၍ မိတ်ဆွေရဲ့ VirtualBox ထဲမှာ 64 bit မတွေ့ဘူးဆိုရင်တော့ 
1. Windows သည် 64 bit ဟုတ် မဟုတ် ပြန်စစ်ပါ။ Windows 64 bit မှန်ပါလျက် VirtualBox  ထဲမှာ 64 မပေါ်ဘဲ 32bit တွေချည်းပဲ ပေါ်နေရင်တော့ BIOS settings ထဲမှာ Intel Virtualization Technology ကို disabled လုပ်ထားလို့ ဖြစ်ပါတယ်။ BIOS ထဲဝင်ပြီး Virtualization Technology ကို enabled လုပ်ပါ။ ပြီးမှ save & exit လုပ်ပြီးမှ VirtualBox ထဲမှာ ပြန်ဖွင့်ကြည့်ရင် 64 bit ကို တွေ့ရပါလိမ့်မယ်။ 
64bit မမြင်ဘူး ပြင်ဖို့ လိုတယ်ဆိုရင်တော့ - BIOS ထဲကို မဝင်တတ်ရင် ကွန်ပျူတာကို ပါဝါပိတ်ပါ။ ပြီးရင် ပြန်ဖွင့်ပါ။ ပါဝါဖွင့်ပြီးပြီးချင်း screen မီး စ လင်းတာနဲ့ BIOS key ကို လေးငါးချက်လောက် ဆက်တိုက် နှိပ်ပေးလိုက်ပါ။ ၁ ချက်ဆို လုံလောက်တယ်ဆိုပေမယ့်လို့ key လွတ်နေတာ သိပ်မမိတာ စသည်ဖြင့် ဖြစ်မှာစိုးလို့ပါ။ 

BIOS key က Device ပေါ်မူတည်ပြီး ကွာတတ်ပါတယ်။ အများစုက F2 ဖြစ်ပါတယ်။ F2 နဲ့ မရရင် F12, Del, Esc, ... စသည်ဖြင့်စမ်းကြည့်နိုင်ပါတယ်။ အချို့ Laptop တွေမှာတော့ F2 or F12 လို Function Key တွေကို တိုက်ရိုက် ရိုက်လို့မရပါဘူး။ Keyboard မှာ ပါနေတဲ့ Fn ဆိုတဲ့ ဖန်ရှင်ခလုတ်လေးနဲ့ တွဲနှိပ်ရပါတယ်။ 
64bit လည်း ပေါ်ပြီ။ အပေါ်က ပုံအတိုင်းလည်း သတ်မှတ်ရွေးချယ်ပြီးသွားပြီဆိုရင်တော့ Create နှိပ်လိုက်ပါ။ အောက်ပါအတိုင်း ဆက်တွေ့ရပါလိမ့်မယ်။ 


Memory size ဆိုတာက RAM ဘယ်လောက်ပေးသုံးမလဲလို့ မေးတာပါ။ ကျွန်တော်တို့ ကွန်ပျူတာရဲ့ RAM ပေါ် မူတည်ပြီး ဒီအဆင့်မှာ ကွာဟမှု ရှိပါမယ်။ ကွန်ပျူတာက 4GB ပဲ RAM ရှိရင် 2000MB လောက်တော့ ပေးပါ။ 
Hacking လေ့လာဖို့အတွက် အကြံပြုလိုတဲ့ RAM က 8GB ပါ။ 4GB ဆိုရင် Laptop ပေါ်မူတည်ပြီး Upgrade ထပ်လုပ်လို့ ရပါတယ်။ ကျွန်တော့်မှာတော့ RAM လုံလောက်တဲ့အတွက် 4096 MB (4GB) RAM ထားလိုက်ပါတယ်။ Continue ဆက်နှိပ်ရအောင်။ 

ဒီအဆင့်မှာ Default အတိုင်းလေးပဲ ဆက်သွားလို့ ရပါတယ်။  Virtual Macine တစ်လုံး တည်ဆောက်မှာဖြစ်လို့  Virtual Hard disk တစ်ခု လိုအပ်ပါတယ်။ (ကျွန်တော်တို့ရဲ့ ပင်မ HDD ထဲက ခွဲပေးမှာပါ)။ ပုံထဲကအတိုင်းလေးပဲ Create နှိပ်လိုက်ပါ။ 


Default အတိုင်းလေးပဲ VDI အတိုင်း သွားနိုင်ပါတယ်။ VHD အနေနဲ့လည်း ယူလို့ရပေမယ့် VDI အတိုင်းပဲ ပိုကောင်းပါတယ်။ VMDK ကတော့ Virtual ထဲမှာ မသုံးချင်တော့လို့ VMWare မှာ ပြောင်းသုံးချင်တဲ့အခါမှာ ပြန်ထပ်တင်စရာမလိုဘဲ အလွယ်တကူပြောင်းသုံးနိုင်တဲ့ type ပါ။ ကြိုက်ရာရွေးလို့ရပါတယ်။ ကျွန်တော်ကတော့  VDI အတိုင်းပဲ ရှေ့ဆက်လိုက်ပါမယ်။

Default အတိုင်း Dynamically ပဲ ထားပါ။ Fixed ကတော့ fixed ဆိုတဲ့အတိုင်း ပုံသေ ခွဲထုတ်လိုက်မှာပါ။ 
Dynamically Allocated ရွေးလိုက်ရင် HDD 100GB ပေးထားလည်း 100GB လုံး ဖြတ်သွားမှာမဟုတ်ပါဘူး။ ကိုယ်သုံးသလောက်ပဲ တက်မှာဖြစ်ပါတယ်။ ဒါကြောင့် Dynamically နဲ့ပဲ continue ပါ။

HDD size ကိုတော့ အနိမ့်ဆုံး 150GB လောက် ထားပေးပါ။ Dynamically ရွေးထားတာဖြစ်လို့ 1000 GB (1TB) ထားပေးလည်း ရပါတယ်။ သုံးသလောက်ပဲ တက်မှာမို့လို့ 150 ထက် မနည်းရင် အဆင်ပြေပါပြီ။ ရှေ့အဆင့်မှာတုန်းက Dynamically ရွေးခဲ့တာ ဖြစ်လို့ နောက်ပိုင်းမှ အတိုးအလျှော့ ထပ်လုပ်လည်း ရပါသေးတယ်။  Create လုပ်ပါ။

အထက်ပါ ပုံအတိုင်း မြင်ရပါမယ်။ Start လုပ်လို့ မရသေးပါဘူး။ settings ကို နှိပ်ပါ။ 


ဒီပုံအတိုင်း မြင်ရပါမယ်။ Storage ဆိုတဲ့ နေရာကို နှိပ်လိုက်ပါ။

Storage မှာ VDI တစ်ခုပဲ ရှိပါသေးတယ်။ Kali only or dual တင်သလိုပဲ သူ့မှာလည်း installer disc ထည့်ဖို့ လိုပါသေးတယ်။ Empty ဖြစ်နေတဲ့ ခွေပုံစံ နေရာလေးကို နှိပ်ပါ။ 

ပုံထဲကအတိုင်း ညာဘက်နားလေးက disc ပုံစံလေးကို ထပ်နှိပ်ပြီး Choose a disk file ကို နှိပ်ပါ။ ပြီးတော့ ပေါ်လာမယ့် window မှာ torrent ကနေ ကိုယ်တိုင် Download ဆွဲထားတဲ့ Kali ISO ကို ရွေးလိုက်ပါ။

Kali iso ရွေးပြီးသွားတဲ့ အခြေအနေပါ။ ပြီးရင် Network ဆိုတဲ့ နေရာကို ဆက်သွားရအောင်။ 

ဒီနေရာမှာ Attached to: NAT ဆိုတာကို တွေ့ရပါမယ်။ NAT ကို နှိပ်ပြီး Bridged Adapter လို့ ရွေးလိုက်ပါ။ 

Bridged adapter ရွေးလိုက်တာနဲ့ Name မှာ အလိုအလျောက် ပေါ်လာပါမယ်။ ရွေးစရာမလိုပါ။ ပြီးရင် OK နှိပ်ပါ။ Bridged adapter ရွေးလိုက်တဲ့အတွက် ကိုယ့်ရဲ့ Host Machine (Windows or Mac) နဲ့ ခုဖန်တီးနေတဲ့ Kali Virtual Machine သည် Same network အသွင် ဖြစ်သွားမှာဖြစ်ပါတယ်။ 

ဒီအဆင့်ထိရောက်ပြီဆိုရင်တော့ Start နှိပ်လို့ ရပါပြီ။ 
         
ဒီလိုပေါ်လာပြီဆိုရင်တော့ Enter ပါ။ Enter လုပ်လို့ မထူးခြားဘူးဆိုရင် Click တစ်ချက်နှိပ်ပြီးမှ enter ပါ။ 

Continue

Continue

Continue



hostname ဆိုတာက machine name ပါ။ Terminal ဖွင့်တဲ့အခါ @ ရဲ့ နောက်ကနေ ပေါ်မှာပါ။ Default က kali ပါ။ ဒီအတိုင်းပဲ ထားရင် user@kali ဆိုပြီး ရလာမှာပါ။ Terminal ဖွင့်တိုင်း ပေါ်နေမှာမို့လို့ အဆင်ပြေတာကို ရွေးထားနိုင်ပါတယ်။ ကျွန်တော်တော့ Kali အတိုင်းပဲ ထားပြီး Continue ပါမယ်။

ဘာမှမထည့်ဘဲ Continue လို့ရပါတယ်

ဒီနေရာမှာ ကြိုက်ရာနည်မည် ပေးလို့ရပါတယ်။ space ခြားလည်း ရပါတယ်။

ဒါကတော့ အရေးကြီးသွားပါပြီ။ မဖြစ်မနေ မှတ်မိဖို့လိုပါမယ်။ space ခြားလို့မရပါဘူး။ ဒီနေရာမှာ khit လို့ ပေးလိုက်မယ်ဆိုရင် ခုန kali နဲ့ ပေါင်းပြီး Terminal မှာ khit@kali လို့ ပေါ်ပါလိမ့်မယ်။ အဆင်ပြေရာကိုထည့်ပါ။ မှတ်မိဖို့ လိုပါတယ်။
Continue

ထုံးစံအတိုင်း login ဝင်ဖို့ password ဖြည့်ရမှာပါ။ ၂ကွက် တူအောင် ဖြည့်ပြီး Continue

Continue

Virtual ပဲမို့လို့ partition သီးသန့်မပိုင်းတော့ပါဘူး။ Use entire disk အတိုင်း ဆက်သွားမယ်။ Continue

ဒီနေရာမှာ ပေါ်မယ့်စာက တူချင်မှ တူပါမယ်။ Continue

partition မပိုင်းပါ။ ဒီတိုင်း Continue

Continue

yes ရွေးပြီး Continue

ခဏစောင့်ရပါမယ်။ 

ရွေးထားပေးပြီးသားမို့လို့ ဒီတိုင်း ဘာမှမထိဘဲ Continue

ဒီအဆင့်က အကြာဆုံးဖြစ်ပါတယ်။  စောင့်နေရင်း screen မှိန်သွားခဲ့ရင် mouse ကို လှုပ်ရုံလေးနဲ့ ရပါတယ်။ 

Yes & Continue

ဒီနေရာမှာ အမြဲတမ်း ဒုတိယစာတန်းကို ရွေးပါ။ VirtualBox မှာမဟုတ်ဘဲ dual တင်တဲ့သူတွေမှာ စက်အခြေအနေပေါ်မူတည်ပြီး စာတန်းအများကြီး ရှိနိုင်ပါတယ်။ 
Continue


ဒီအဆင့်ဆို Dual or Kali only သမားတွေ stick or disc ထုတ်လို့ရပါပြီ။ ထပ်မလိုတော့။ Continue

ခဏကြာရင်တော့ Kali ရဲ့ GRUB ကို ခုလိုလေး ကျက်သရေရှိစွာ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။ 


username တွေ password တွေ မှန်ဖို့ လိုပါတယ်။ 



         ဒီ ဗားရှင်းအသစ်မှာ အပေါ်ဘက် toolbar က Terminal icon ရဲ့ ဘေးမှာ မြားခေါင်းလေးရှိပြီး နှိပ်လိုက်ရင် အနီရောင်နဲ့ root Terminal ကိုပါ တွေ့နိုင်ပါတယ်။ အဲလိုမလုပ်ဘဲ Terminal icon အနက်ကို နှိပ်လိုက်ရင် user acc အတွက် Terminal ကျလာမှာ ဖြစ်ပါတယ်။ root Terminal အနီကို နှိပ်ရင်တော့ password တောင်းမယ့် Box တစ်ခု မြင်ရပါလိမ့်မယ်။ အဲသည်မှာ login password ထည့်လိုက်မှ root Terminal ပွင့်လာမှာဖြစ်ပါတယ်။ root access ယူတဲ့အတွက် password ရိုက်ထည့်ရတာပါ။ 

         

အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျ ...           

         

         

Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်  
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်

2 comments:

  1. Sir, what is pass for aio lab kali v2.1?

    ReplyDelete
  2. kali linux တင်နေတုံးထွက်လို့ရလား

    ReplyDelete