Wednesday, June 30, 2021
Sunday, June 6, 2021
Installing Kali Linux (VMWare)
VirtualBox မှာ Kali Linux တင်မယ်ဆိုတော့ VMWare ကို အရင်ဆုံး Download ဆွဲပေါ့။ Intel Mac user တွေကတော့ VMWare Fusion ကို သုံးနိုင်ပါတယ်။ M1 သမားတွေတော့ sorry ပါ။ ကန်တော့ဆွမ်းပဲ ရပါမယ်။ Linux အတွက် တော့ မသုံးစေလိုပါ။ Windows & Linux မှာ သုံးချင်သပဆို VMWare Workstation ကို သုံးနိုင်ပါတယ်။
Intel Mac user တွေအတွက် အရင် ပြောပါမယ်။ VMWare ထဲကမှ personal license အနေနဲ့ officially free ပေးသုံးတဲ့ VMWare fusion ကိုပဲ သုံးပြပါမယ်။ Pro version ကို cracked key နဲ့ သုံးလို့ရမှန်း သိပေမယ့်လို့ Version အသစ်ထွက်တိုင်း အဆင်ပြေပြီး သုံးရတာလည်း ကောင်းတာမို့ VMWare fusion ကိုပဲ ဆွဲသုံးလိုက်ပါ။
အထက်ပါ link ကနေ သွားပါ။ ပြီးရင် အောက်ဘက်ကို ဆင်းပြီး ညာဘက်မှာရှိတဲ့ Register for a personal use license ဆိုတာကို နှိပ်ပါ။
Windows user တွေကတော့ VirtualBox က ပိုကြိုက်စရာကောင်းပါတယ်။ VirtualBox မသုံးချင်လို့ VMWare သုံးမှာဆိုရင်တော့
ခုလက်ရှိ Workstation Version က 16 ပါ။ free trial ကာလ သတ်မှတ်ချက် ရှိပါတယ်။ ကျော်သွားရင် လိုင်စင် လိုပါတယ်။ Workstation 16 အတွက် လိုင်စင် key နည်းနည်း ပေးပါမယ်။
ZF3R0-FHED2-M80TY-8QYGC-NPKYF | |
YF390-0HF8P-M81RQ-2DXQE-M2UT6 | |
ZF71R-DMX85-08DQY-8YMNC-PPHV8 | |
AZ3E8-DCD8J-0842Z-N6NZE-XPKYF | |
FC11K-00DE0-0800Z-04Z5E-MC8T6 |
YF390-0HF8P-M81RQ-2DXQE-M2UT6 | |
ZF71R-DMX85-08DQY-8YMNC-PPHV8 |
ZF3R0-FHED2-M80TY-8QYGC-NPKYF
အထက်ပါ Key တွေထဲက တစ်ခုမရ တစ်ခု သုံးပါ။ Install ပြီးပြီလို့ပဲ သတ်မှတ်ရအောင်။

hostname ဆိုတာက machine name ပါ။ Terminal ဖွင့်တဲ့အခါ @ ရဲ့ နောက်ကနေ ပေါ်မှာပါ။ Default က kali ပါ။ ဒီအတိုင်းပဲ ထားရင် user@kali ဆိုပြီး ရလာမှာပါ။ Terminal ဖွင့်တိုင်း ပေါ်နေမှာမို့လို့ အဆင်ပြေတာကို ရွေးထားနိုင်ပါတယ်။ ကျွန်တော်တော့ Kali အတိုင်းပဲ ထားပြီး Continue ပါမယ်။
ဒီ ဗားရှင်းအသစ်မှာ အပေါ်ဘက် toolbar က Terminal icon ရဲ့ ဘေးမှာ မြားခေါင်းလေးရှိပြီး နှိပ်လိုက်ရင် အနီရောင်နဲ့ root Terminal ကိုပါ တွေ့နိုင်ပါတယ်။ အဲလိုမလုပ်ဘဲ Terminal icon အနက်ကို နှိပ်လိုက်ရင် user acc အတွက် Terminal ကျလာမှာ ဖြစ်ပါတယ်။ root Terminal အနီကို နှိပ်ရင်တော့ password တောင်းမယ့် Box တစ်ခု မြင်ရပါလိမ့်မယ်။ အဲသည်မှာ login password ထည့်လိုက်မှ root Terminal ပွင့်လာမှာဖြစ်ပါတယ်။ root access ယူတဲ့အတွက် password ရိုက်ထည့်ရတာပါ။
အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျ ...