Khit Minnyo

Learn Ethical Hacking

Ads

Today Quotes

Hello. This blog is still maintaining. Thank you for visiting here. Have a nice time! Hello. This blog is still maintaining. Thank you for visiting here. Have a nice time! Hello. This blog is still maintaining. Thank you for visiting here. Have a nice time! Hello. This blog is still maintaining. Thank you for visiting here. Have a nice time! Hello. This blog is still maintaining. Thank you for visiting here. Have a nice time! Hello. This blog is still maintaining. Thank you for visiting here. Have a nice time! Hello. This blog is still maintaining. Thank you for visiting here. Have a nice time! Hello. This blog is still maintaining. Thank you for visiting here. Have a nice time! Hello. This blog is still maintaining. Thank you for visiting here. Have a nice time! Hello. This blog is still maintaining. Thank you for visiting here. Have a nice time!

Wednesday, December 23, 2020

December 23, 2020

the Kali Linux - Hacker တွေ အသုံးများဆုံး OS - Part 4

 



CHAPTER 2

Kali Review

2.0. the Kali's Look          

          Kali ရဲ့ အသွင်အပြင်ကို History ကြည့်တဲ့အခါ Major Changes တွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။  အဲဒါတွေထဲကမှ လူတိုင်း မြင်သာလွယ်တဲ့ ပြောင်းလဲမှုတွေကတော့ Desktop Environment တွေပါပဲ။ Desktop Environment လို့ ဆိုလိုက်တော့ Linux နဲ့ စိမ်းနေတဲ့သူတွေက ဘာလဲဟ လို့ မေးခွန်းထုတ်ကောင်း ထုတ်နိုင်ပါတယ်။ ဒီစကားလုံးက လူတိုင်းနဲ့ ရင်းနှီးနေတာမှ မဟုတ်ဘဲလေ။  Desktop Environment ဆိုတာက Operating System ကြီးကို ကျွန်တော်တို့အနေနဲ့ လျင်မြန်လွယ်ကူစွာ အသုံးချနိုင်စေဖို့ စီမံထားတဲ့ GUI (Graphical User Interface) ကို ဆိုလိုတာပါ။ App တွေရဲ့ icon တွေ၊ Wall Paper တွေ၊ Toolbar တွေ၊ Desktop Widget တွေ အားလုံးပါတဲ့အတွက် ကြည့်ရတာ ပိုရှင်းသွားပြီး ဆွဲဆောင်မှုလည်း ပိုရှိလာပါတယ်။


Fig: 2.0. Backtrack's look
ပုံ ၂.၀ မှာ ပြထားတာကတော့ Kali ရယ်လို့ ဖြစ်မလာခင် မူလအစ ဖြစ်တဲ့ Backtrack Linux ပုံစံ ဖြစ်ပါတယ်။ Backtrack 5 အထိ ထွက်ခဲ့ပြီး Backtrack 5 မှာ သိပ်ကို နာမည်ကြီးခဲ့တာပါ။ ဒီမှာတော့ ဒီနေ့ခေတ်အထိတောင်မှ Backtrack 5 တင်ချင်နေသူတွေ အပုံလိုက် တွေ့နေရပါသေးတယ်။ စိတ်မကောင်းစရာပါ။ ဘာလို့လဲဆိုတော့ Android Version 11 လောက် ဖြစ်နေချိန်မှာ သင့်အနေနဲ့ Android Version 1 ပဲရှိတဲ့ ဖုန်းကို သုံးဖို့ ကြိုးစားနေလို့ပါ။ Latest သုံးလို့ရပါလျက် ဟိုးအစကို ပြန်သွားချင်တာကတော့ တစ်နေ့ချင်းစီမှာတောင် ဒီလောက်ထိ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးမှာ ဘယ်လိုမှ အံမဝင် ခွင်မကျနိုင်မှာ သိသာလွန်းပါတယ်။ App တွေ install တာကအစပေါ့။ 😁  


Fig: 2.1. Kali's Version 1 (Default Style)
Fig 2.1. ကတော့ Kali ရယ်လို့ စ ဖြစ်လာကာစ Kali 1.0.0 ကနေစပြီး 1.1.0a အထိ သုံးခဲ့တဲ့ ပုံစံပါ။ အဲသည် ကာလတွေမှာ Version တွေ တက်လာပေမယ့် ပြောင်းလဲမှု အနည်းငယ်စီပဲ ရှိခဲ့ပါတယ်။  


Fig: 2.2. Kali's Version 2 (Default Style)
ပုံ ၂.၂. မှာတော့ Kali Version 2.0 ကနေ စပြီး ပြောင်းလဲသုံးခဲ့တဲ့ ပုံစံ ဖြစ်ပါတယ်။ 2019 အစောပိုင်းထိ သုံးခဲ့ပါတယ်။ GNOME Desktop Environment ကို စတင်ပြောင်းလဲခဲ့တဲ့ ကာလလည်း ဖြစ်ပါတယ်။ သုံးရတာ Android နဲ့ ဆင်သွားတဲ့အတွက် ခုချိန်အထိကို လူကြိုက်များဆဲ Desktop Environment ဖြစ်ခဲ့ပါတယ်။ ဒါတွေက Default Desktop Environment တွေကိုသာ ဆိုလိုတာဖြစ်ပြီး KDE ကြိုက်သူက KDE version, XFCE, LXDE, e17, ... စသည်ဖြင့် မျိုးစုံ သုံးနိုင်ပါတယ်။ ဒီအကြောင်းကို YouTube Movie လေးတစ်ခု တင်ပေးထားတာရှိပါတယ်။ စိတ်ဝင်စားရင်ဒီအောက်မှာ ကြည့်နိုင်ပါတယ်။ သတိပြုရမှာက ခုလက်ရှိမှာတော့ အဲလောက်အများကြီး မပေးထားတော့ဘူးဆိုတာပါပဲ။

Fig: 2.3. Kali's Now (2020.xxx) (Default Style)
ပုံ ၂.၃. မှာတော့ Kali ရဲ့ ခုလက်ရှိအထိ သုံးနေတဲ့ Default Style ကို မြင်ရမှာ ဖြစ်ပါတယ်။ lightdm (XFCE4 Desktop Environment) ကို သုံးထားပါတယ်။ လက်ရှိ ဗားရှင်းအတွက် Install လုပ်စဥ်မှာ သင့်အနေနဲ့ ရွေးချယ်နိုင်တဲ့ Desktop Environment ၃ မျိုး ရှိပါတယ်။ (တင်ပြီးမှ ထပ်ပြောင်းလည်း ရပါတယ်) အဲဒီသုံးမျိုးက -

  1. XFCE4 (Default)
  2. GNOME
  3. KDE

ဒီ ၃ မျိုးကို တစ်ခုစီအကြောင်း နည်းနည်းစီ ပြောပြပါမယ်။ 

          XFCE4 (lightdm) ကတော့ RAM usage လည်း နည်းသလို Default Version လည်း ဖြစ်ပါတယ်။ Default Version တွေတိုင်းမှာ အားသာချက်တွေ ကိုယ်စီ ရှိကြတာမို့ ကျွန်တော်ကတော့ Default တွေကိုပဲ ပိုကြိုက်ပါတယ်။ RAM usage နည်းတဲ့အတွက် Specification နိမ့်တဲ့ ကွန်ပျူတာတွေမှာလည်းပဲ အဆင်ပိုပြေတယ်။ Hacking လေ့လာတာမျိုးအတွက် လေ့ကျင့်ဖို့ Labs တွေကို VirtualBox မှာ တင်သုံးတဲ့အခါ RAM ကို Virtual Machine တွေအတွက်ပါ ခွဲပေးရတာဖြစ်လို့ RAM သုံးစွဲမှု သက်သာတဲ့ lightdm ကတော့ ပိုသာတာ အမှန်ပါ။ XFCE (default) ရဲ့ အဓိကအကျဆုံး အားသာချက်ကတော့ kali-undercover-mode ပါ။ Undercover Mode ဆိုတာက ကျွန်တော်တို့ရဲ့ Kali ပုံစံကို Windows 10 လို အသွင် ဖြစ်သွားအောင် ချက်ချင်း ပြောင်းပေးနိုင်တဲ့ feature ပါ။

Fig: 2.4. Kali Undercover Mode

Kali (Default XFCE) ရဲ့ ဘယ်ဘက်အပေါ်ထောင့်က Kali Dragon Logo ကို နှိပ်လိုက်ရင် Application Menu ပေါ်ပါတယ်။ အဲသည်မှာ undercover လို့ ရိုက်လိုက်ရုံနဲ့ Kali Undercover Mode ကို ပုံပါအတိုင်း မြင်ရပါမယ်။ Fig: 2.4



Fig: 2.5. Kali Undercover Mode 
         

          Undercover Mode ထဲကို ဝင်လိုက်ပြီဆိုတာနဲ့ Windows 10 လို အသွင်ပြင်မျိုး ပြောင်းလဲသွားတာကို မြင်နိုင်ပါတယ်။ ဒီအချက်က လူအများရှိရာ Public Place တွေမှာ Kali ကြီးနဲ့ သုံးတဲ့အခါ ဖြစ်လာနိုင်မယ့် လူအများ သတိပြုမိခြင်းတွေကနေ ရှောင်နိုင်သလို အချို့ရုံးတွေလို Linux မြင်တာနဲ့ သဘောမကျဖြစ်တတ်တဲ့ နေရာတွမှာလည်းပဲ အဆင်ပြေပြ သုံးလို့ရမှာဖြစ်ပါတယ်။ ပုံထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။ ပါဝင်တဲ့ App တွေက ပြောင်းလဲသွားမှာမဟုတ်လို့ ပုံမှန်အတိုင်း ဆက်သုံးနိုင်ပါတယ်။ မြင်ကွင်းကိုပဲ Windows 10 စတိုင် ပြောင်းလိုက်တာပါပဲ။ ဒါကို ပြန်ပိတ်ချင်တဲ့အခါ Terminal (CMD icon) ကို နှိပ်ဖွင့်ပြီး kali-undercover off လို့ ရိုက်ထည့်လိုက်ရုံပါ။ Enter လိုက်တာနဲ့ ပုံမှန် Kali ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။

          GNOME ကတော့ ပြောခဲ့ပြီးသလို Android ဆန်တယ်။ Ubuntu ရဲ့ Default Style ဖြစ်တယ်။ RAM usage တော့ များပါတယ်။ RAM 4GB လောက်ပဲရှိပြီး Hacking လေ့လာဖို့ Virtual Labs တွေကို သုံးဖို့ စိတ်ကူးထားရင်တော့ GNOME ကို မေ့ထားလိုက်တာ ပိုကောင်းပါလိမ့်မယ်။

          KDE ကတော့ Windows နဲ့ ပုံစံ နီးစပ်တယ်။ တူညီတာမဟုတ်ပါဘူး။ RAM usage လည်း မများဘူး။ Ghost Theme တွေလို သိပ်လှတဲ့ ပုံစံတွေကို သုံးနိုင်တယ်။ ဒါကြောင့်မို့လို့ သူ့ကိုလည်း သဘောကျသူများတယ်။ Kali Undercover Mode ကို သုံးချင်ရင်တော့ Default (XFCE) တစ်မျိုးတည်းသာလျင် ရနိုင်မှာဖြစ်ပါတယ်။

          ကျွန်တော့်အနေနဲ့ အကြံပေးလိုတာကတော့ Default အတိုင်းသာ သုံးဖို့ပါ။ GNOME or KDE အစွဲရှိရင်တော့ ကိုယ်နဲ့ကိုက်ရင် သုံးနိုင်ပါတယ်။


Fig: 2.6. Application Menu

          Kali Default ရဲ့ Application Menu ပါ။ Fig: 2.6 မှာ မြင်ရတဲ့အတိုင်း Tool တွေကို သက်ဆိုင်ရာအလိုက် စုပေးထားပါတယ်။ သူ့ရဲ့ look ကတော့ ဒီလောက်သိထားရင် လုံလောက်ပြီထင်ပါတယ်။


Fig: 2.7. Right Click Menu


          Desktop က နေရာလွတ်ပေါ် Right Click နှိပ်တဲ့အခါ မြင်ရမယ့် ပုံပါ။ အဲသည်ကနေလည်းပဲ Application တွေကို ရွေးချယ်သုံးနိုင််ပါသေးတယ်။ ပြီးတော့ Desktop Settings ကနေ Desktop Background ပြောင်းတာ၊ Desktop ပေါ်က icon တွေကို size ပြောင်းလဲတာ စတာတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

2.1. Installing Applications on Kali Linux  

          ဆက်ရန် ......................

         

Thank you

         

         

Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်  
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

         

Wednesday, December 9, 2020

December 09, 2020

the Kali Linux - Hacker တွေ အသုံးများဆုံး OS - Part 3

 



1.3. Kali ကို ဘယ်သူတွေ သုံးသင့်လဲ  

ဒီအကြောင်းကိုတော့ ကျွန်တော့် အယူအဆကိုသာ ဦးစားပေး ရေးသွားပါမယ်။ Kali ရဲ့ ဖော်ပြချက်ကိုတော့ ကျွန်တော့်အနေနဲ့ ဒီစာအုပ်အကြောင်း မိတ်ဆက်မှာကတည်းက ပြောခဲ့ပြီးပြီမို့ပါ။ မိတ်ဆက် မဖတ်ခဲ့ရသေးရင် 👉👉👉👉👉👉👉 ဒီကနေ 👈👈👈👈👈👈👈 ဖတ်ပါ

          Kali ကို ဘယ်လိုလူတွေ သုံးသင့်လဲ လို့ ကျွန်တော့်ကို မေးလာတဲ့အခါတိုင်း 'သုံးချင်တဲ့သူ သုံးသင့်တယ်' လို့ ပြန်ဖြေမိပါတယ်။ အချို့က တမင် ခွတိုက်ဖြေတယ် ထင်ကြပါတယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ စိတ်ကျေနပ်မှုကို ပိုဦးစားပေးသင့်တယ်လို့ မြင်လို့ပါ။ Kali မှာ Hacking လေ့လာဖို့အတွက် tool တွေ ပါတယ် ဆိုတာ သင့်တော်တဲ့ အကြောင်းပြချက်မဟုတ်ပါဘူး။ Parrot မှာလည်း ပါတာပါပဲ။ Ubuntu မှာလည်း အဲ tool တွေ တင်သုံးလို့ ရတာပဲ။ ပြီးတော့ Windows မှာတောင်မှ PenTest Box လို tool box တွေ တင်သုံးပြီး Hacking လေ့လာလို့ ရသေးတာပဲ။ ဒါကြောင့် Hacking လေ့လာချင်မှ Kali သုံးပါ ဆိုတဲ့အဖြေလည်း ကောင်းမွန်လျော်ကန်တဲ့ အဖြေမဟုတ်တာတော့ သေချာပါတယ်။

          နောက်တစ်ချက်က Kali သည် အခြား Linux တွေထက်တောင် ပိုလုံခြုံတယ်လို့ ခံစားရနိုင်တဲ့ ခံစားမှုပါ။ ကျွန်တော်ပြောထားတယ်နော်။ ဒီအပိုင်းက ကျွန်တော့်စိတ်ထဲရှိတာကို ပြောတာလို့။ ခံစားမှုပေါ်မူတည်တာ ဖြစ်လို့ မှန်ချင်လည်းမှန်မယ်။ ကြိုက်မှ မှတ်ပေ့ါ။ ရှေ့က မိတ်ဆက်မှာ ဖော်ပြခဲ့သလိုပဲ Kali မှာ upstream Kernel ကို သုံးထားတယ်။ ပြီးတော့ Package တွေတိုင်းကို စိတ်ချရတဲ့ Developer တွေက သေချာစစ်ဆေးထားတယ်။ အမြဲတမ်းပဲ update ဖြစ်နေတယ်။ ဒီအချက်တွေအရ လုံခြုံမှုပိုင်းမှာ ပိုပြီး စိတ်ချရတယ်လို့ ခံစားလို့ရတယ်။ အားနည်းချက်တွေတော့ ရှိတာပေါ့။ ထားပါ။ တစ်ခုပဲ ပြောရရင် Kali ကို သုံးချင်သူတိုင်း Kali သုံးနိုင်ပါတယ်။

          ကျွန်တော်က ဒီလိုပြောတော့ မေးစရာရှိလာနိုင်တယ်။ ဒါဆို လူတိုင်း သုံးသင့်လား ဆိုပြီးတော့ပေါ့။ ဒီမေးခွန်း မေးရင်တော No ပါ လို့ပဲ ဖြေရမှာပါပဲ။ မသုံးသင့်တဲ့လူစာရင်း ရှိပါတယ်။ ဘယ်လိုလူတွေ မသုံးသင့်ဘူးလဲဆိုတော့ ...

  1. Linux ဆိုပြီးရော ဘာဖြစ်ဖြစ် ဆိုတဲ့သူ
  2. Linux ဆိုတာကို ကြားဖူးပြီး သူများသုံးလို့ လိုက်သုံးချင်တဲ့သူ
  3. ဂိမ်းမဆော့ရရင် အဆင်မပြေဘူး ဆိုတဲ့သူ
  4. Developing အတွက်ပဲ Linux သုံးချင်သူ
  5. အခက်အခဲကြုံမှာ ကြောက်သူ နဲ့ ကြုံလာရင် ဇွဲမရှိတဲ့သူ
  6. Microsoft Office ရမှ အဆင်ပြေတယ်။ ကျန်တာတွေ အဆင်မပြေဘူး ဆိုတဲ့သူ
  7. ကိုယ်ပိုင်ကွန်ပျူတာ မရှိတဲ့သူ (သူများကွန်ပျူတာ ငှားသုံးရသူ သို့မဟုတ် ရုံးက ထုတ်ပေးထားတဲ့ ကွန်ပျူတာပဲ ရှိသူ)
  8. အင်တာနက် အဆင်မပြေတဲ့ နေရာမှာ နေနေရသူ
  9. ပျက်မှာ မှားမှာ ကြောက်တတ်သူ

အထက်ပါ အချက်တွေထဲ ပါတဲ့သူတွေအနေနဲ့ Kali သုံးချင်ရင်တောင်မှ VirtualBox မှာသာ သုံးဖို့ အကြံပြုချင်ပါတယ်။ အဲထဲမပါဘူး ဆိုတဲ့သူတွေက Kali သုံးချင်ရင် သုံးပါလို့ ပဲ တိုက်တွန်းပါမယ်။


1.4. Newbie များအတွက် Kali  အကျဥ်းချုပ်


          ကွန်ပျူတာတစ်လုံးမှာ အဓိကကျတဲ့ လိုအပ်ချက်တစ်ခုက Operating System ပါ။ ဒါမပါဘဲနဲ့ ကွန်ပျူတာ ဘာမှ မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ လုပ်ချင်တာတွေကို ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ Application တွေကို အသုံးချတာတွေသည် Operating System ရဲ့ ထောက်ပံ့မှုကြောင့်သာ ဖြစ်ပါတယ်။ Operating System ကို အတိုကောက် OS လို့ သုံးပါမယ်။ မြန်မာတွေရဲ့ Fb Group တွေထဲက Online Shopping မဟုတ်ဘူးနော် 😔။ OS ဆိုတာ Operating System လို့ မှတ်ထားရအောင်။

          OS တွေ အများကြီး ရှိပါတယ်။ အဲထဲကမှ အားလုံးနီးပါ သိကြတဲ့ OS တွေကို ပြောရရင် Windows, Android, Mac OS, iOS, Chrome OS, ... ပေါ့။ ကွန်ပျူတာ မရှိတဲ့သူတွေလည်း ရင်းနှီးတာကတော့ Android ပေါ့။ Android ဆိုတာမြင်ရင် ကျွန်တော်တို့ အများစုက Phone တစ်မျိုးကို ပြေးမြင်လိုက်ကြတော့တာပါပဲ။ ဟုတ်တော့ ဟုတ်သလိုလိုရှိပေမယ့် မဟုတ်သေးပါဘူး။ ဖုန်းက ဖုန်းပါ။ အဲသည်ဖုန်းကိုမှ ခုနပြောတဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်နိုင်ဖို့အတွက် အဓိကကျတဲ့ OS တစ်ခုခု တင်လိုက်တယ်။ iOS တင်တော့ iPhone တွေ ဖြစ်လာသလို၊ Android OS တင်လိုက်တဲ့ဖုန်းတွေက Android Phone တွေ ဖြစ်လာပါတယ်။ ဒါကြောင့် Android ဆိုတာ ဖုန်းမဟုတ်ဘူးလို့ မှတ်ထားဖို့ လိုပါမယ်။ Android ဆိုတာသည် Android Phone တွေအတွက် Operating System တစ်ခုဆိုတာ ကွဲမြင်တတ်ရင် ကျေနပ်ပါပြီ။

          ဒီစာကို ဖတ်နေတဲ့ လူတိုင်းနီးပါးသည် Android or iOS တစ်ခုခုနဲ့တော့ ရင်းနှီးကျွမ်းဝင်နေမှာ သေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖုန်းဆိုင်ကနေ Android ဖုန်းတစ်လုံး ဝယ်လာပြီးတဲ့အခါ လိုအပ်တဲ့ Software တွေကို ရယူနိုင်ဖို့အတွက် PlayStore or other store တစ်ခုခုကနေ Faebook, Messenger, Viber, ... စတဲ့ Application တွေကို ရယူ install လုပ်ကြရပါတယ်။ အချို့သော Application တွေကတော့ Store မှာ မရှိပါဘူး။ သက်ဆိုင်ရာ Official site တစ်ခုခုကနေ ဒေါင်းယူပြီးမှ install လုပ်ရပါတယ်။ Kali မှာလည်း ဒီအတိုင်းပါပဲ။

          Android မှာ သူ့အတွက် Application တွေကို ထားထားပေးတဲ့ PlayStore (Software Center) ကနေ install လုပ်နိုင်သလိုပဲ၊ Kali မှာလည်းပဲ Application တွေကို သူ့ရဲ့ source (Software Center) ကနေ ရယူပြီး install လုပ်နိုင်ပါတယ်။ အဲလိုလုပ်ရာမှာ apt command ကို သုံးရတာပဲ ကွာပါတယ်။ ဒါ့ပြင် 18+ game apk တွေကို လိုချင်တဲ့အခါမျိုး၊ YourFreedom လို apk မျိုး လိုချင်တဲ့အခါမျိုးမှာတော့ PlayStore မှာ ရနိုင်မှာမဟုတ်တော့ပါဘူး။ အဲသည်အခါ ရနိုင်တဲ့ site တွေကနေ သွားဒေါင်းရတော့တာပါပဲ။ Kali မှာလည်း ထို့အတူပါပဲ။ Source မှာ မရှိတဲ့ application တွေကို သုံးချင်တဲ့အခါ သက်ဆိုင်ရာ application ရဲ့ တရားဝင်နေရာမှာ သွားဒေါင်းပြီး install လုပ်ရတာပါပဲ။ ဒါကြောင့်မို့ OS တွေနဲ့ပတ်သက်လို့ကတော့ အခြေခံသဘောသဘာဝတွေက တူညီကြပါတယ်။ သိပ်ကြောက်စရာမလိုပါဘူး။ နည်းသိဖို့ပဲ လိုအပ်တာပါ ☺️☺️☺️။

          သင့်အနေနဲ့ ဒီနေရာဖတ်နေတဲ့အထိ Kali မတင်ရသေးဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး။ နောက်တစ်ပိုင်းကနေစပြီးတော့ Kali တင်ထားပြီးသားဖြစ်မှ ဖတ်ဖို့တော့ လိုပါမယ်။ မဟုတ်ရင် လက်တွေ့မပါတဲ့အခါ မေ့သွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။

          ဒီအခန်း ၁ ကတော့ ဒီလောက်ပါပဲ။ အခန်း ၂ မှာ Kali ကို လက်တွေ့လေ့လာကြပါစို့။

         

          Hacking လေ့လာလိုသူတွေအတွက် Online Class တွင် လေ့လာလိုပါက

          All in One Hacking Training's Facebook Page မှဖြစ်စေ ...

          Viber +95 9 976413560 မှ ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

         

          Thank you

         

         

Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်  
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်