Adsense

OUO Banner

Latest Posts

the Kali Linux - Hacker တွေ အသုံးများဆုံး OS - Part 1


ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘဲ ကြာနေတယ်။ တကယ်က မအားဘူးဖြစ်နေတာ။ စိတ်ထဲရှိတယ်။  သို့သော်လည်းပေါ့။ သင်တန်းအတွက် Web Hacking ပိုင်းကို အထူးအသေးစိတ် နားလည်နိုင်စေမယ့် Lesson pdf (Text Book ပုံစံ သင်တန်းသုံး သင်ခန်းစာ စာအုပ်)တွေ ရေးနေတာ  JavaScript ပိုင်းနဲ့ XSS detail ပိုင်း ရောက်နေတော့ အများကြီး စိတ်နှစ်ပြီး အချိန်ခွဲထုတ်နေရတယ်။ ၇ လ အရွယ် သားငယ်အတွက် အချိန်တွေ ပေးရတာတွေရော ပါတာပေါ့။ ပိုဆိုးတာက screen တွေကြည့်ရင် အချိန်ကြာကြာကြည့်လေ ပြာပြာလာလေ ဖြစ်တဲ့ မျက်စိကြောင့်လည်း ရေးချင်တာတွေကို delay ဖြစ်စေပြန်တယ်။ ဒီလိုလေးပဲ မလောဘဲ ပုံမှန် ဆက်ရေးဖြစ် တင်ပေးဖြစ်အောင် ကြိုးစားသွားပါမယ်။ ခု သုံးထားတဲ့ ပုံလေး က တစ်ယောက်က လက်ဆောင် လာပေးသွားတာပါ။ သူပေးပြီးကတည်းက မရေးဖြစ်ဘဲ ကြာနေတာ 😁😂😂😂
ပုံလာပေးတဲ့အတွက်လည်း ကျေးဇူးပါ။ ဘယ်သူလာပေးတယ်ဆိုတာတော့ ကျွန်တော် မမှတ်မိတော့ဘူး။ အဲအတွက် ခွင့်လွှတ်ပါ။  ဒီစာအုပ်ပြီးတဲ့အချိန်အထိ ဒီပုံကို သုံးပေးသွားပါမယ်။ Thank you ☺️


CHAPTER 1

Kali အကြောင်း ထွေရာလေးပါး


ခေါင်းစဥ်ကြည့်ပြီး ကျော်ချင်စိတ်ပေါ်ပါက ကျော်ခဲ့နိုင်ပါကြောင်း ကြိုတင်အသိပေးပါရစေဗျ။ ဒီစာအုပ်မှာ Kali တင်နည်းတွေ ဒေါင်းနည်းတွေ ပါမှာမဟုတ်ပါဘူး။ ဒီအဆင့်တွေတော့ ကျော်ခဲ့မှာပါ။ မတင်တတ်ဘူး။ တင်နည်း မသိဘူးဆိုရင်တော့ ကျွန်တော့်ရဲ့ YouTube Channel မှာ ကြည့်နိုင်ပါတယ်။ 

Kali Linux Installing - YouTube Playlist

1.1. Kali ရဲ့ နောက်ခံသမိုင်း
               Kali ဆိုတာ Hacking အတွက် Tool တွေ အများကြီး အသင့်ပါရှိပြီးဖြစ်တဲ့ enterprise-ready security auditing Linux distribution တစ်ခုပါ။ Kali ကို Debian GNU/Linux ပေါ်မှာ အခြေပြု တည်ဆောက်ထားပါတယ်။ အဓိက ရည်ရွယ်တာကတော့ Security Professional တွေနဲ့ IT administrator တွေအတွက် ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Ubuntu တို့လို့ အခြား Debian Linux တွေနဲ့ မတူညီတာတွေ ရှိနေပါတယ်။ 
                   ဒါကြောင့်မို့လို့ ကျွန်တော်တို့လည်း Penetration Testing, Forensic analysis နဲ့ Security Auditing လို အလုပ်မျိုးတွေအတွက် အဓိက အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါတွေကို မဆွေးနွေးခင် Linux , Linux Distribution နဲ့ GNU/Linux ဆိုတဲ့ ဝေါဟာရတွေကို ပြောပြချင်ပါတယ်။ 
Linux ဆိုတာကို မြင်တာနဲ့ ကျွန်တော်တို့တွေ တွေးမိ မြင်မိတာက Windows, Mac OS, Android, ... တို့လို Operating System တစ်ခုခုလို့ မြင်လေ့ရှိပါတယ်။ တကယ်တော့ Linux ဆိုတာ Kernel တစ်ခုသာ ဖြစ်ပါတယ်။ Kernel ဆိုတာက ကျွန်တော်တို့တွေရဲ့ computer မှာ ပါတဲ့ (Keyboard, mouse တို့လို ထိတွေ့ကိုင်တွယ်လို့ရတဲ့ အစိတ်အပိုင်း) hardware တွေနဲ့ application တွေရဲ့ကြားမှာ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်ဖို့အတွက် ကိုင်တွယ်ဖြေရှင်းပေးဖို့ ဖန်တီးထားတဲ့ software အစိတ်အပိုင်းသာ ဖြစ်ပါတယ်။ Linux Kernel ကို kernel.org မှာ download ယူ သုံးနိုင်ပါတယ်။ 100MB ကျော်ကျော်ပဲ ရှိပါတယ်။ Linux ကိုတော့ Unix Operating System ပေါ်မှာ ပုံစံထုတ်ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။  

Linux Distribution ဆိုတာကတော့ အပေါ်မှာပြောခဲ့တဲ့ Linux Kernel ပေါ်မှာ အခြေပြုတည်ဆောက်ထားတဲ့ Operating System ကြီးတစ်ခုလုံးကို ဆိုလိုပါတယ်။ Operating System  ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေမှာ Application တွေ install ပြီးသုံးဖို့နဲ့ အခြားလုပ်ဆောင်ချက်တွကို ဆောင်ရွက်နိုင်ဖို့အတွက် စီမံခန့်ခွံပေးတဲ့ ပင်မမောင်းနှင်မှုစံနစ် ဆိုတာ ကျွန်တော်တို့ သိပြီးဖြစ်ပါတယ်။​ Linux Distro (Linux Distribution) တွေ အများကြီးရှိတဲ့ထဲကမှ Debian GNU/Linux ကတော့ ထိပ်ကနေ ဦးဆောင်နေတဲ့ Distribution တစ်ခု လို့ ဆိုနိုင်ပါတယ်။

Operating System တစ်ခုမှာ အခြေခံကျတဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ program တွေ ပါပြီးသားဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ user တွေဆီက instruction တွေကို လက်ခံနိုင်၊ ဖတ်နိုင်၊ ဒေတာတွေ ရေးနိုင်မယ်။ HDD ထဲ ဖိုင်သိမ်းတာမျိုးတွေ၊ print ထုတ်တာတွေ လုပ်နိုင်မယ်။ စသည်ဖြင့် user နဲ့ ဆက်သွယ်ဆောက်ရွက်မှုတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Operating System ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုသည် Kernel ဖြစ်ပါတယ်။ ဒါကြောင့်မို့ GNU Operating System မှာ Linux ကို Kernel အဖြစ် သုံးစွဲခဲ့ပါတယ်။ Linux သည် Kernel Only သာဖြစ်တာကြောင့်မို့လို့ သူ့ချည်းသက်သက် ဘာမှလုပ်လို့မရပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ သုံးနေတဲ့ Linux ကို GNU Linux လို့သာ ခေါ်သင့်ပါတယ်။ Linux လို့ အလွယ်ခေါ်ကြတဲ့ အခေါ်အဝေါ်က GNU ရဲ့ အရေးပါမှုကို မှေးမှိန်စေနိုင်ပါတယ်။

Linux ကိုတော့ Unix Operating System ပေါ်မှာ ပုံစံထုတ်ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ Free Software Foundation (fsf) က Unix နဲ့ အလားသဏ္ဌာန်တူတဲ့ GNU လို့ခေါ်တဲ့ Unix like Operating System တစ်ခုကို စတင် develop လုပ်ခဲ့တဲ့ ၁၉၈၄ နောက်ပိုင်းမှာ GNU/Linux ဆိုတာ ဖြစ်လာခဲ့ပါတယ်။ Free Software Foundation အကြောင်းကို fsf.org မှာ လေ့လာနိုင်ပါတယ်။ fsf အဖွဲ့ဝင် idol ကြီး Edward Snowden ရဲ့ မှတ်မှတ်ရရ စကားတစ်ချို့ကို fsf မှာ ဖော်ပြထားတာကိုလည်း အောက်ပါအတိုင်း တွေ့နိုင်မှာ ဖြစ်ပါတယ်။  


GNU အကြောင်းကို ဒီ့ထက်ပိုပြီး သိချင်ရင်တော့ https://www.gnu.org/gnu/linux-and-gnu.html မှာ သွားဖတ်သင့်ပါတယ်။ 

ခုမှ Kali အကြောင်း တကယ် စ ရတော့မယ် 😁

Kali ရယ်လို့ ဖြစ်မလာခင်မှာ BackTrack Linux ဆိုတဲ့ Project တစ်ခု ရှိခဲ့ပါတယ်။ BackTrack Official Website မှာလည်း ၂၀၁၃ ကတည်းက Kali လို့ နာမည်ပြောင်းခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားပြီး kali.org ကို ပြန်လွှဲပေးထားတာကို တွေ့နိုင်ပါတယ်။ ၂၀၁၂ မှာကတည်းက Debian Linux ပေါ် အခြေခံတည်ဆောက်မှု ကို စတင်ခဲ့ပြီး ပထမဆုံးသော release ကို ၂၀၁၃ မှာ စတင်ထုတ်ပေးခဲ့ပါတယ်။

အဲသည်ကနေ စပြီး Kali Linux 1.0, 1.1, ... စသည်ဖြင့် ထုတ်ခဲ့ပါတယ်။

၂၀၁၅ နောက်ပိုင်းမှာတော့ Kali Linux 2.0 ကို ရောက်ခဲ့ပြီး KDE ကို default Desktop Environment မှာ ထားခဲ့တာကနေ Gnome ကို စတင် default ပြောင်းသုံးခဲ့ပါတယ်။ ၂၀၂၀ မှာတော့ xfce4 ကို သုံးပြီး အပေါ့ပါး အသွက်လက်ဆုံး အခြေအနေကို default အဖြစ် ပြောင်းလဲခဲ့ပါတယ်။ သို့သော်လည်း သင့်အနေနဲ့ Gnome ကိုမှကြိုက်တယ်ဆိုလည်း သုံးလို့ ရသလို၊ KDE crazy ဆိုရင်လည်းပဲ KDE သုံးခွင့်ကို သင်ကိုယ်တိုင် insall လုပ်စဥ်မှာကတည်းက ရွေးလို့ရသလို ပြီးမှ ပြောင်းသုံးလည်း ရပါတယ်။ default xfce4 (lightdm) ရဲ့ အားသာချက်က kali-undercover mode ပါ။ undercover ဆိုတာကတော့ Kali Linux ကို Windows 10 လို အသွင်အပြင်ဖြစ်အောင် ပြောင်းလဲပေးတဲ့ tool ပါ။ သင့်အနေနဲ့ Kali ကြီးနဲ့ ရုံးမှာ မျက်မုန်းကျိုးခံရတဲ့ အခြေအနေမျိုးကနေ လွတ်နိုင်သလို လူစည်ကားရာနေရာတွေမှာ သင့်ကွန်ပျူတာကို လူအများ အာရုံစိုက်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၂၀၁၆ မှာတော့ Kali Linux 2016.1, 2016.2, စသည်ဖြင့် ခုနှစ်နဲ့ တွဲပြီး ထုတ်ခဲ့ပါတယ်။

ဒီနေ့ထိ ဒီစာရေးနေစဥ်ထိ Kali ရဲ့ Release History ကိုတော့ အောက်မှာ ထည့်ပေးလိုက်ပါတယ်ဗျ။

Kali Linux Release History

We release fresh images of Kali Linux every few months as a result of accumulative fixes, major security updates, installer updates, etc.

Please see https://bugs.kali.org/changelog_page.php for the most up-to-date log of changes.






စာရှုသူအပေါင်းကို အထူးကျေးဇူးပါ

Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန် ==>> Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်  
Kali စာအုပ်၏ Main Menu သို့ ပြန်သွားရန်

3 comments: