Adsense

OUO Banner

Latest Posts

Grade 3 Hacking - Book (Hacking ဒုတိယတန်း စာအုပ်)

 



ဒီစာအုပ်ကတော့ ကျွန်တော့်အနေနဲ့ ဒုတိယမြောက် ရေးသားထုတ်ဝေဖြစ်ခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ မြန်မာလို "Hacking ဒုတိယတန်း"  လို့ နာမည်ပေးထားခဲ့ပေမယ့် English လိုတော့ Grade 3 Hacking လို့ သုံးဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ငယ်စဉ်က Grade 1 = သူငယ်တန်း ဆိုတဲ့ အခြေအနေနဲ့ ကျောင်းတက်ခဲ့ကြရတာပါ။ ဒါကို အမှတ်ရသောအားဖြင့် ဒီဘက်ခေတ်အခေါ်အဝေါ်အတိုင်း မသုံးဘဲ တမင်ကို Grade 3 အတိုင်း ထားထားခဲ့တာပါ။ စာအုပ် စာစီတော့ ထုတ်ဝေဖြစ်ခဲ့တဲ့ ကောင်းဆုသာ စာပေ က ဆရာဟန်သုသော် တောင် ပြောပြပါသေးတယ်။ Grade 2 မဟုတ်ဘူးလားဆိုပြီးတော့ပါ။ 

အဓိကပြောချင်တာက အဲအကြောင်းမဟုတ်ပါဘူး။ ဒီစာအုပ်ရဲ့ နာမည်ကို ဘာကြောင့် Hacking ဒုတိယတန်း လို့ သုံးဖြစ်ခဲ့သလဲဆိုတော့ Hacking နဲ့ပတ်သက်ပြီး လက်တွေ့ အခြေခံကနေ စပြီး သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ဆိုတဲ့ အတိုင်းအတာလောက်အထိ ပို့ပေးနိုင်မယ့် စာအုပ်အဖြစ် ကြိုးစားပုံဖော်ထားလို့ပါ။ Offensive Security ရဲ့ PWK Course ကို အခြေခံပြီး သင်ခန်းစာတွေကို စီစဉ်ပေးထားတာဖြစ်လို့ လေ့လာရတဲ့သူတွေအနေနဲ့ သက်သောင့်သက်သာ ရှိစေဖို့ကို ဦးစားပေးထားပါတယ်။ 

ဒီစာအုပ်ကို WunZinn App မှာ 2000 MMK နဲ့ ရောင်းထားပါတယ်။ အဲကနေလည်း ဝယ်ယူအားပေးလို့ ရပါတယ်။ အဆင်မပြေတဲ့သူတွေအတွက်တော့ Free PDF version ကို တင်ပေးထားပါတယ်။ 



စာရေးသူကို ကူညီနိုင်ဖို့အတွက် Non-Free ဖတ်ရှုလေ့လာချင်ရင်တော့ WunZinn Application ကို Install ပြီး ဖုန်းဘေ ၂၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ 

WunZinn App from Google PlayStore

PlayStore မရသော ဖုန်းများအတွက် WunZinn Application


WunZinn Application for iOS

WunZin Application ထည့်သွင်းပြီးပြီဆိုရင်တော့ အောက်ပါ Link ကနေ WunZinn App မှာ ဝယ်ယူနိုင်မှာ ဖြစ်သလို 
Book Link for WunZinn App

WunZinn Application ကို ဖွင့်ပြီး စာရေးဆရာများ နေရာမှာ "ခ" ထဲက ခေတ်မင်းညို ဆိုတဲ့ နာမည်ကို ရွေးချယ်ခြင်းဖြင့်လည်း စာအုပ်ကို တွေ့နိုင်မှာ ဖြစ်ပါတယ်။
ဝယ်ယူရန်ဖြစ်စေ တစ်ခုခု အဆင်မပြေပါက WunZinn Facebook Page ကနေ အကူညီတောင်းနိုင်ပါတယ်

အကြောင်းကြောင်းကြောင့် အဆင်မပြေလို့ Free PDF version ဖတ်ရှုလိုပါက အောက်ပါ Link ကနေ တိုက်ရိုက်ဒေါင်းယူနိုင်ပါတယ်။ 

Download Free PDF  (Grade3Hacking)

စာအုပ်တွေကို Download မဆွဲတတ်ပါက Download ဆွဲနည်းကို အောက်ပါ Video တွင် ကြည့်နိုင်ပါသည်။

Thank you.

No comments