Windows
March 21, 2019
Thursday, March 21, 2019
Monday, March 11, 2019
Q & A
March 11, 2019
Hacking က လေ့လာသင့်တဲ့ ပညာလား? ဘာကြောင့် လေ့လာဖို့ လိုအပ်လဲ?
Watch this movie
Car Hacking Ebook Download link
Car Hacking Guide Book Direct Download
Thanks
Khit Minnyo
Thursday, March 7, 2019
Friday, March 1, 2019
Thursday, February 28, 2019
Windows
February 28, 2019
Windows မှာ Linux Installer USB အလွယ်ဆုံး ဖန်တီးနည်း (no cdrom error)
Wednesday, January 16, 2019
Wednesday, January 9, 2019
ေဆာင္းပါး
January 09, 2019
Android နဲ့ Hacking လုပ်ရာမှာ အကောင်းဆုံး Framework (Tool) တစ်ခုဖြစ်လာတဲ့ ANDRAX
Zawgyi Version
Termux နဲ႔ Hacking ေလ့လာေနၾကသူေတြ မ်ားလာတာေၾကာင့္ Android နဲ႔ ေလ့လာခ်င္သူေတြ အဆင္ေျပေအာင္ ရည္ရြယ္ၿပီး ဒီ Article ေလး ေရးျဖစ္ခဲ့ပါတယ္။
တကယ္ေတာ့ ဒါကို ေရးသင့္ မေရးသင့္ စဥ္းစားမိတာ ႏွစ္လေလာက္ၾကာသြားပါတယ္။
ဘာေၾကာင့္လဲဆိုရင္ ဖုန္းနဲ႔ေလ့လာသူေတြအတြက္ မ်က္စိထိခိုက္ေစမႈ ပိုမ်ားတာေၾကာင့္ မေရးဘဲထားတာ ေကာင္းမယ္ေတြးၿပီး မေရးျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္ကိုယ္တိုင္ ဖုန္းနဲ႔ ၾကည့္ရတာ အဆင္မေျပေတာ့တာလည္း ပါပါတယ္။ ဒါေၾကာင့္ ဖုန္းနဲ႔ ေလ့လာတာကို အားမေပးပါ။ ေလ့လာရင္လည္း သတိထားေလ့လာၾကပါ။ မ်က္စိႏွစ္လံုးသည္ ကြၽန္ေတာ္တို႔ ဘဝ ျဖစ္ပါတယ္။ ဘဝတစ္ဝက္ေရာ ဘဝတစ္ခုလံုးပါ မဆံုးေစလိုပါ။ မည္သို႔ပင္ဆိုေစကာမူ ျပဴးျပဲေလ့လာမည့္သူ ဒုနဲ႔ေဒး ႐ွိလာေနတာေၾကာင့္ ဒါေလးေရးတင္ျဖစ္ပါတယ္။
.
Andrax ဆိုတာ ဘာလဲ?
Andrax ဆိုတာ ဘာရယ္လို႔ မေျပာခင္မွာ Termux ဆိုတာ ဘာလဲလို႔ အရင္ဆံုး ေျပာျပခ်င္ပါတယ္။ Termux ဆိုတာ ကြၽန္ေတာ္တို႔အားလံုး သိၿပီးသားပါ။ Termux ဆိုတာ Linux command ေတြကို ကြၽန္ေတာ္တို႔ရဲ႕ Android ဖုန္းေတြေပၚမွာ သံုးႏိုင္ေအာင္ ကူညီေပးတဲ့ ၾကားခံ Application တစ္ခုပါ။
Andrax သည္လည္း Termux ကဲ့သို႔ေသာ App တစ္ခု ျဖစ္ပါတယ္။
Andrax ရဲ႕ ေဆာင္ပုဒ္က "Don't be evil but be a CRACKER!" ျဖစ္ပါတယ္။
ANDRAX ဆိုတာ Android ဖုန္းေတြအတြက္ အထူးဖန္တီးထားတဲ့ Penetration testing platform တစ္ခု ျဖစ္ပါတယ္။ Common Linux Distro ေတြထက္ Hacking ပိုင္းမွာ ပိုအားသာတာ ေတြ႔ရပါမယ္။
Andrax ကို ဘရာဇီးႏိုင္ငံသားေတြအတြက္ 8.9.2016 မွာ စတင္ ဖနိတီးခဲ့ၾကတာပါ။ တကယ္တမ္း ေကာင္းမြန္စြာ အသံုးျပဳႏိုင္ၿပီး အျပည့္အဝ လုပ္ေဆာင္ႏိုင္လာတဲ့ 5.10.2018 မွ international မွာ public ခ်ျပခဲ့တာ ျဖစ္ပါတယ္။
ANDRAX ကို ဖန္တီးခဲ့သူကေတာ့ The Cracker Technology - Advanced Pentest မွ Weidsom Nascimentoျဖစ္ပါတယ္။
.ANDRAX ရဲ႕ အားသာခ်က္ေတြကို ေျပာရရင္
1. Portable
Andrax ရဲ႕ အဓိက အားသာခ်က္ေတြကို ေျပာရရင္ Portable ျဖစ္မႈကို အရင္ဆံုး ေျပာရပါမယ္။ Android Version 5 အထက္႐ွိတဲ့ Android ဖုန္းေတြမွာ install လုပ္ႏိုင္ပါတယ္။
2. Open Source
ေနာက္တစ္ခ်က္ က Open Source ျဖစ္တာပါ။ ဒါကလည္း system ရဲ႕ လံုျခံဳေရးနဲ႔ စြမ္းေဆာင္ရည္ကို ပိုမိုတိုးျမင့္လာေစႏိုင္တဲ့ အေရးပါတဲ့အခ်က္တစ္ခု ျဖစ္ေနပါတယ္။
3.Optimized
Hardware Source ေတြကို အမ်ားႀကီး မသံုးေစဖို႔အတြက္ Optimization လည္း အေတာ့္ကို ေကာင္းတာ ေတြ႔ရပါမယ္။
4.No emulation
Andraxmulator အေနနဲ႔ သံုးတဲ့ Emulation မဟုတ္ပါ။ ANDRAX is an evolution!
5.More than 200 tools
Hacking, Cracking နဲ႔ Penetration Testing အတြက္ Advanced Tool ေပါင္း ႏွစ္ရာေက်ာ္ ပါဝင္ေနတာကလည္း Andrax ရဲ႕ အားသာခ်က္ပါပဲ။
6. Over 1000 attacks
Andrax နဲ႔ Attack Type တစ္ေထာင္ေက်ာ္ လုပ္ေဆာင္ႏိုင္ပါတယ္။
Andrax VS Kali's NetHunter
Kali NetHunter က chroot နဲ႔ run ေနတဲ့ Debian Emulator ပဲ ျဖစ္တာမို႔ Penetration Testing (or) Hacking ပိုင္းမွာေတာ့ Andrax က အျပတ္အသတ္ သာမွာ ျငင္းဆိုစရာမ႐ွိပါဘူး။ (Kali Linux ႏွင့္ ႏိႈင္းျခင္းမဟုတ္ပါ)
Andrax Vs Termux
Termux က Penetration Testing Platform မဟုတ္ပါဘူး။ Debian Based tool ေတြေလာက္ကို ထည့္သြင္းသံုးႏိုင္တာမ်ိဳးဖန္တီးေပးတာပါ။ ဒီေတာ့ကာ Penetration Testing ပိုင္းမွာေတာ့ Termux အေနနဲ႔ Andrax ရဲ႕ ၿပိဳင္ဘက္ ျဖစ္မလာႏိုင္ပါဘူး။
Andrax ရဲ႕ Official Site မွာကိုက ေအာက္ပါအတိုင္း ေရးထားပါတယ္။
ေဒါင္းခ်င္သူေတြ ေအာက္အထိ ဆက္ဖတ္ေစခ်င္ပါတယ္။ (Eng လိုေတြ မဖတ္ခ်င္ရင္ ေက်ာ္ခ်လိုက္ပါ)
Termux is not our enemy, Termux is an application that allows installation of many Linux packages using a Debian environment running natively on Android.
Termux is not a penetration testing platform, it's software to bring basic tools found in a Debian environment.
ဒီေတာ့ Termux က တကယ္တမ္း Advanced Tool ေတြနဲ႔ အလုပ္လုပ္ရေတာ့မယ္ဆိုတဲ့အခါ မစြမ္းေဆာင္ႏိုင္ေတာ့ပါဘူး။ စြမ္းေဆာင္လို႔ရေအာင္ လုပ္လို႔ရေပမယ့္ စြမ္းေဆာင္ရည္ က်သြားပါတယ္။
Andrax ကေတာ့ ပိုၿပီး Powerful ျဖစ္သလို Adnanced Tool ေတြနဲ႔လည္း ပိုအဆင္ေျပပါတယ္။
သူ႔ရဲ႕ စြမ္းေဆာင္ႏိုင္မႈေလးေတြ တစ္ခ်က္ ႐ိႈးၾကည့္ပါ။ အလန္းေတြ ျမင္ရပါလိမ့္မယ္ 😁
.....
Main Menu of ANDRAX
Features and Tools
Advanced Terminal
Advanced and Professional terminal emulator for Hacking!
Dynamic Categories Overlay (DCO)
Packet Crafting
Network Hacking
WebSite Hacking
Password Hacking
Exploitation
Termux မွာ Andrax ထက္ ပိုသာတဲ့တစ္ခ်က္ေတာ့ ႐ွိပါတယ္။ အဲဒါက root မ႐ွိလည္း လုပ္လို႔ရေနျခင္း ျဖစ္ၿပီးေတာ့ ANDRAX မွာေတာ့ root လိုပါတယ္။
Hacking ေတြ၊ Cracking ေတြေတာင္ လုပ္မွာပဲ ကိုယ့္ဖုန္းေလးေတာ့ root ရေအာင္ အရင္ႀကိဳးစားေပါ့ ေနာ 😁
ေဒါင္းလိုက ေဒါင္းႏိုင္ပါၿပီဗ်
Khit Minnyo
Unicode Version
Termux နဲ့ Hacking လေ့လာနေကြသူတွေ များလာတာကြောင့် Android နဲ့ လေ့လာချင်သူတွေ အဆင်ပြေအောင် ရည်ရွယ်ပြီး ဒီ Article လေး ရေးဖြစ်ခဲ့ပါတယ်။
တကယ်တော့ ဒါကို ရေးသင့် မရေးသင့် စဉ်းစားမိတာ နှစ်လလောက်ကြာသွားပါတယ်။
ဘာကြောင့်လဲဆိုရင် ဖုန်းနဲ့လေ့လာသူတွေအတွက် မျက်စိထိခိုက်စေမှု ပိုများတာကြောင့် မရေးဘဲထားတာ ကောင်းမယ်တွေးပြီး မရေးဖြစ်ခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင် ဖုန်းနဲ့ ကြည့်ရတာ အဆင်မပြေတော့တာလည်း ပါပါတယ်။ ဒါကြောင့် ဖုန်းနဲ့ လေ့လာတာကို အားမပေးပါ။ လေ့လာရင်လည်း သတိထားလေ့လာကြပါ။ မျက်စိနှစ်လုံးသည် ကျွန်တော်တို့ ဘဝ ဖြစ်ပါတယ်။ ဘဝတစ်ဝက်ရော ဘဝတစ်ခုလုံးပါ မဆုံးစေလိုပါ။ မည်သို့ပင်ဆိုစေကာမူ ပြူးပြဲလေ့လာမည့်သူ ဒုနဲ့ဒေး ရှိလာနေတာကြောင့် ဒါလေးရေးတင်ဖြစ်ပါတယ်။
.
Andrax ဆိုတာ ဘာလဲ?
Andrax ဆိုတာ ဘာရယ်လို့ မပြောခင်မှာ Termux ဆိုတာ ဘာလဲလို့ အရင်ဆုံး ပြောပြချင်ပါတယ်။ Termux ဆိုတာ ကျွန်တော်တို့အားလုံး သိပြီးသားပါ။ Termux ဆိုတာ Linux command တွေကို ကျွန်တော်တို့ရဲ့ Android ဖုန်းတွေပေါ်မှာ သုံးနိုင်အောင် ကူညီပေးတဲ့ ကြားခံ Application တစ်ခုပါ။
Andrax သည်လည်း Termux ကဲ့သို့သော App တစ်ခု ဖြစ်ပါတယ်။
Andrax ရဲ့ ဆောင်ပုဒ်က "Don't be evil but be a CRACKER!" ဖြစ်ပါတယ်။
ANDRAX ဆိုတာ Android ဖုန်းတွေအတွက် အထူးဖန်တီးထားတဲ့ Penetration testing platform တစ်ခု ဖြစ်ပါတယ်။ Common Linux Distro တွေထက် Hacking ပိုင်းမှာ ပိုအားသာတာ တွေ့ရပါမယ်။
Andrax ကို ဘရာဇီးနိုင်ငံသားတွေအတွက် 8.9.2016 မှာ စတင် ဖနိတီးခဲ့ကြတာပါ။ တကယ်တမ်း ကောင်းမွန်စွာ အသုံးပြုနိုင်ပြီး အပြည့်အဝ လုပ်ဆောင်နိုင်လာတဲ့ 5.10.2018 မှ international မှာ public ချပြခဲ့တာ ဖြစ်ပါတယ်။
ANDRAX ကို ဖန်တီးခဲ့သူကတော့ The Cracker Technology - Advanced Pentest မှ Weidsom Nascimentoဖြစ်ပါတယ်။
.ANDRAX ရဲ့ အားသာချက်တွေကို ပြောရရင်
1. Portable
Andrax ရဲ့ အဓိက အားသာချက်တွေကို ပြောရရင် Portable ဖြစ်မှုကို အရင်ဆုံး ပြောရပါမယ်။ Android Version 5 အထက်ရှိတဲ့ Android ဖုန်းတွေမှာ install လုပ်နိုင်ပါတယ်။
2. Open Source
နောက်တစ်ချက် က Open Source ဖြစ်တာပါ။ ဒါကလည်း system ရဲ့ လုံခြုံရေးနဲ့ စွမ်းဆောင်ရည်ကို ပိုမိုတိုးမြင့်လာစေနိုင်တဲ့ အရေးပါတဲ့အချက်တစ်ခု ဖြစ်နေပါတယ်။
3.Optimized
Hardware Source တွေကို အများကြီး မသုံးစေဖို့အတွက် Optimization လည်း အတော့်ကို ကောင်းတာ တွေ့ရပါမယ်။
4.No emulation
Andraxmulator အနေနဲ့ သုံးတဲ့ Emulation မဟုတ်ပါ။ ANDRAX is an evolution!
5.More than 200 tools
Hacking, Cracking နဲ့ Penetration Testing အတွက် Advanced Tool ပေါင်း နှစ်ရာကျော် ပါဝင်နေတာကလည်း Andrax ရဲ့ အားသာချက်ပါပဲ။
6. Over 1000 attacks
Andrax နဲ့ Attack Type တစ်ထောင်ကျော် လုပ်ဆောင်နိုင်ပါတယ်။
Andrax VS Kali's NetHunter
Kali NetHunter က chroot နဲ့ run နေတဲ့ Debian Emulator ပဲ ဖြစ်တာမို့ Penetration Testing (or) Hacking ပိုင်းမှာတော့ Andrax က အပြတ်အသတ် သာမှာ ငြင်းဆိုစရာမရှိပါဘူး။ (Kali Linux နှင့် နှိုင်းခြင်းမဟုတ်ပါ)
Andrax Vs Termux
Termux က Penetration Testing Platform မဟုတ်ပါဘူး။ Debian Based tool တွေလောက်ကို ထည့်သွင်းသုံးနိုင်တာမျိုးဖန်တီးပေးတာပါ။ ဒီတော့ကာ Penetration Testing ပိုင်းမှာတော့ Termux အနေနဲ့ Andrax ရဲ့ ပြိုင်ဘက် ဖြစ်မလာနိုင်ပါဘူး။
Andrax ရဲ့ Official Site မှာကိုက အောက်ပါအတိုင်း ရေးထားပါတယ်။
ဒေါင်းချင်သူတွေ အောက်အထိ ဆက်ဖတ်စေချင်ပါတယ်။ (Eng လိုတွေ မဖတ်ချင်ရင် ကျော်ချလိုက်ပါ)
Termux is not our enemy, Termux is an application that allows installation of many Linux packages using a Debian environment running natively on Android.
Termux is not a penetration testing platform, it's software to bring basic tools found in a Debian environment.
ဒီတော့ Termux က တကယ်တမ်း Advanced Tool တွေနဲ့ အလုပ်လုပ်ရတော့မယ်ဆိုတဲ့အခါ မစွမ်းဆောင်နိုင်တော့ပါဘူး။ စွမ်းဆောင်လို့ရအောင် လုပ်လို့ရပေမယ့် စွမ်းဆောင်ရည် ကျသွားပါတယ်။
Andrax ကတော့ ပိုပြီး Powerful ဖြစ်သလို Adnanced Tool တွေနဲ့လည်း ပိုအဆင်ပြေပါတယ်။
သူ့ရဲ့ စွမ်းဆောင်နိုင်မှုလေးတွေ တစ်ချက် ရှိုးကြည့်ပါ။ အလန်းတွေ မြင်ရပါလိမ့်မယ် 😁
.....
Main Menu of ANDRAX
Features and Tools
Advanced Terminal
Advanced and Professional terminal emulator for Hacking!
Dynamic Categories Overlay (DCO)
Packet Crafting
Network Hacking
WebSite Hacking
Password Hacking
Exploitation
Termux မှာ Andrax ထက် ပိုသာတဲ့တစ်ချက်တော့ ရှိပါတယ်။ အဲဒါက root မရှိလည်း လုပ်လို့ရနေခြင်း ဖြစ်ပြီးတော့ ANDRAX မှာတော့ root လိုပါတယ်။
Hacking တွေ၊ Cracking တွေတောင် လုပ်မှာပဲ ကိုယ့်ဖုန်းလေးတော့ root ရအောင် အရင်ကြိုးစားပေါ့ နော 😁
ဒေါင်းလိုက ဒေါင်းနိုင်ပါပြီဗျ
Khit Minnyo