Termux Family Apk များကို install ခြင်း
Unicode Version
Termux ဆိုတာကို အလွယ်ဆုံး ပြောရရင် Linux command တွေကို Android မှာ သုံးလို့ရအောင် ကူညီပေးထားတဲ့ Application တစ်မျိုးလို့ မှတ်ယူနိုင်ပါတယ်
ပိုပြီး Powerful ဖြစ်စေဖို့အတွက် အတူတွဲသုံးရမယ့် Application အစုံလိုက်လည်း ရှိပါသေးတယ်။
1. Termux
2. Termux_API
3. Termux_boot
4. Termux_Float
5. Termux_Styling
6. Termux_Task
7. Termux_Widget
အထက်ပါအတိုင်း ဖြစ်ပါတယ်။ အားလုံးကို Install လုပ်ပြီး သုံးမယ်ဆိုရင် ပိုပြီး ပြည့်စုံကောင်းမွန်သွားပါတယ်။
လာပြီဗျာ။ ပြဿ နာ
ဘယ်ကနေ install ရမလဲပေါ့။
Google PlayStore မှာ ရှာလိုက်ရင် Termux နဲ့ Termux API နှစ်ခု အခမဲ့ ရပါတယ်။
VPN ကျော်ပြီးရှာမှ ကျန်တာတွေတွေ့မှာဖြစ်ပြီး Free မရပါ။
ဝယ်ယူသုံးဖို့ အဆင်ပြေသူတွေကတော့ မူလ Termux App တွေကို Google Playstore ကနေ တရားဝင် ဝယ်ယူသုံးသင့်ပါတယ်။ ဈေးလည်းမများပါဘူး။
PlayStore ကနေ ဝယ်ဖို့ အခက်အခဲရှိသူတွေအတွက်တော့ မူရင်း Apk တွေကို Backup ထုတ်ပြီး တင်ပေးထားတဲ့ App ၇ ခုကို ယူသုံးနိုင်ပါတယ်။
အောက်ပါ Link မှာ အားလုံး တွေ့ရပါမယ်။
ဒေါင်းရအဆင်ပြေအောင် Folder အလိုက် တင်ပေးလိုက်ပါတယ်။
မိမိတို့မှာ ရှိပြီးသားကို ထပ်ဆွဲစရာမလိုပါ။
မရှိသေးတဲ့ apk ကိုပဲ ဆွဲယူသုံးပါ။
Termux & Termux Float
ဒေါင်းယူပြီးတဲ့အခါ
Install မယ်ဆိုရင်တော့ တရားဝင်ယူထားတာမဟုတ်တဲ့အတွက် အင်တာနက်လေး ပိတ်ပြီးမှ install ပါ။ အားလုံးပြီးသွားရင် အင်တာနက် ပြန်ဖွင့်နိုင်ပါတယ်။
ခုနစ်ခုတောင် install လိုက်တာဖြစ်ပေမယ့်လို့ ကျွန်တော်တို့ တကယ်တမ်း ကြည့်တဲ့အခါမှာတော့ အောက်ပါပုံအတိုင်း
Termux, Termux boot နဲ့ Termux Float သုံးခုပဲ တွေ့ရပါလိမ့်မယ်။ ကျန်တာတွေက Main Termux Program ထဲကို ရောက်သွားမှာပါ။
ကျန်တာတွေကိုပါ မြင်ချင်ရင်တော့ Zapya ထဲကနေ အလွယ်တကူ ကြည့်နိုင်ပါတယ်။
Termux အားလုံးကို Install ပြီးသွားပြီဆိုပါတော့။ အဓိက သုံးရမှာနှစ်ခု ရှိပါတယ်။
Termux နဲ့ Termux Float ပါ။
Termux နဲ့ Termux Float နှစ်ခုလုံး ဖွင့်ထားတဲ့ ပုံစံပါ။ အဆင်ပြေပြေ တွဲသုံးနိုင်မယ့် Keyboard က Hacker's Keyboard ပါ။
Hacker's Keyboard ကို PlayStore ကနေ ဒေါင်းယူလို့ရပါတယ်။ PlayStore မရှိသူများ အောက်ပါ Link ကနေ ဒေါင်းယူနိုင်ပါတယ်။
Install ပြီးသွားတဲ့အခါမှာ Termux မှာ ပထမဆုံး လုပ်ရမှာက pkg update ပါ။
Upgrade လုပ်စရာတွေ ရှိရင် Yes (or) No မေးပါလိမ့်မယ်။ y လို့ရိုက်ထည့်ပြီး Enter လိုက်ရုံပါပဲ။
100% install ပြီးသွားတဲ့အခါ package အားလုံး upgrade ဖြစ်သွားပါပြီ။
လိုအပ်တာတွေအချို့ကို pkg install (or) apt-get install နဲ့ install နိုင်ပါတယ်။
ဥပမာ - Network Scanner တစ်ခုဖြစ်တဲ့ nmap ကို install မယ်ဆိုပါစို့။
အောက်ပါပုံအတိုင်း install နိုင်မှာ ဖြစ်ပါတယ်။
apt-get install nmap
သို့မဟုတ်
pkg install nmap ပေါ့။
ကျွန်တော့်မှာတော့ install ပြီးသားမို့ ဒီလိုပဲ မြင်ရတာပါ။ မိတ်ဆွေတို့ဆီမှာ install ပြီးသားမရှိသေးတဲ့ Package တွေကို install တဲ့အခါ
Yes (or) No မေးတတ်ပါသေးတယ်။ y ရိုက်ထည့်ပြီး enter လိုက်ရုံပါပဲ။
nmap install ပြီးပြီဆိုရင် nmap နဲ့ scanning စ လုပ်နိုင်ပါပြီ။
ဥပမာ - nmap -sV ip/range ပေါ့။
ဒီလောက်ဆို သဘောပေါက်နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျ
ခု Article လေးကို ဒီမှာပဲ ရပ်နားပါရစေ
နောက်ထပ် Article တစ်ခုမှာ ဒီအကြောင်း ဆက်ပြီး ဖော်ပြပေးသွားမှာဖြစ်လို့ www.khitminnyo.com ကို မကြာခဏ လာရောက်လည်ပတ်ပြီး Android နဲ့ဆိုင်တဲ့ Menu မှာ ရွေးချယ်လေ့လာနိုင်ပါကြောင်းခင်ဗျာ
လာရောက်လည်ပတ်သူအပေါင်းကို အထူးကျေးဇူးပါ
Thanks for Visiting
Khit Minnyo
Zawgyi Version
1. Termux
2. Termux_API
3. Termux_boot
4. Termux_Float
5. Termux_Styling
6. Termux_Task
7. Termux_Widget
လာပြီဗျာ။ ပြဿ နာ
Termux & Termux Float
ဒေါင်းယူပြီးတဲ့အခါ
apt-get install nmap
သို့မဟုတ်
pkg install nmap ပေါ့။
Thanks for Visiting
Khit Minnyo
ကျေးဇူးတင်ပါတယ် ဆရာ
ReplyDeleteStyling ကို install လုပ်မရဘူးဆရာ
ReplyDeleteAndroid Version ဘယ်လောက်လဲဗျ
Deleteဘယ်လိုမရတာမျိုးလဲ
ဘာမှမပေါ်ဘူးဆရာ
ReplyDeleteဘယ်ဟာ မပော်တာများလဲဗျ
DeleteThank you...Sir
ReplyDeleteကျေးဇူး ဆရာ
ReplyDeleteThanks a lot.when did not pass vpn and it is not easy for termux apk,termux float apk to download,your apk is very useful.
ReplyDelete