Adsense

OUO Banner

Latest Posts

Game hack ချင်သူတွေဖတ်ဖို့


Unicode Version

Click Here For Zawgyi Font 

ဒီရက်တွေထဲမှာ အများဆုံး ကြုံတွေ့ရတဲ့ ပြဿ  နာ တစ်ခုပါ။ အရိုးသားဆုံး ဝန်ခံရရင် Game ပဲစိတ်စွဲပြီး ဂိမ်းတစ်ခုပဲ အာရုံရှိကြသူတွေနဲ့ ကျွန်တော် အစေးမကပ်ပါဘူး။ အပျင်းပြေ ဂိမ်းတွေကို ကျွန်တော် ကစားဖူးပါတယ်။ အချိန်တိုင်းကစားနေဖို့တော့ စိတ်မကူးပါ။ ဂိမ်းကစားခြင်းမှာ မမွေ့လျော်တဲ့သူ ဖြစ်တာကြောင့် ထင်ပါတယ်။ ဘယ်ဂိမ်းကမှ ကျွန်တော့်ကို စွဲမက်စေခဲ့ခြင်းမရှိပါ။ ကစားတယ်။ လုံးဝမကစားတာမဟုတ်။ ဒါပေမယ့် အပျော်ပဲ။ ခဏလေးကစားလိုက်တယ်။ ပြီးရင် ပျင်းသွားရောပဲ။ ဂိမ်းကစားကြသူအများစုသည် ဂိမ်းတစ်ခုတည်းမှာတင် လမ်းဆုံးသွားကြတာများပါတယ်။ ဒီလိုပြောလို့ ပရော်ဖက်ရှင်နယ် ဂိမ်းသမားတွေကို မဆိုလိုပါ။ ဒါပေမယ့် အဲလို ပရို တွေက အရမ်းနည်းပါတယ်။ အချိန်တွေအများကြီး ဂိမ်းမှာသုံးကြတယ်။ ပြီးတော့ လေ့လာသင်ယူမှု အားနည်းသွားကြတယ်။ မိသားစု အပေါင်းအသင်းတွေကြားမှာ ဂိမ်းလောက် ဘာကိုမှ ဂရုမစိုက်နိုင်ကြတော့လို့ လူမှုရေးတွေ ဆုံးရှုံးကြတယ်။ ဂိမ်းကစားတာ မကောင်းဟု ကျွန်တော်မပြောလိုပါ။ စကားပဲ ကစားနေပြီး ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာတွေ ဆုံးရှုံးနစ်နာနေရပြီဆိုရင်တော့ တကယ်ကို ဆိုးသွားပါပြီ။

ကဲ
ခေါင်းစဉ်နဲ့ မညီပဲနေမယ်။ ခေါင်းစဉ်အတိုင်း ဆွေးနွေးကြစို့။

Game Hack ချင်တယ် လို့ ကျွန်တော်တို့ အလွယ်ပြောလေ့ရှိကြပါတယ်။ တကယ်တမ်း hack လား လို့မေးရင် "ဘာကြောင်တာလဲ" ဆိုတဲ့ပုံစံနဲ့ ပြန်ဆက်ဆံကြတာကို ကြုံနေကြရပါတယ်။

ကျွန်တော်တို့တွေ ကွန်ပျူတာ တွေ သုံးကြပါတယ်။ အများဆုံး သုံးလေ့ရှိတဲ့ Operating System က Windows ပါ။ ကျွန်တော်တို့နိုင်ငံမှာ အများဆုံးသုံးကြတဲ့ Windows တွေရဲ့ ရာနှုန်းအများဆုံးက Pirate Version လို့ခေါ်ကြတဲ့ Cracked (crack ထားပြီးသား) Version တွေပါ။
ထို့အတူ ကျွန်တော်တို့ အများဆုံး အသုံးပြုကြတဲ့ Microsoft Office (word, excel, Powerpoint, publisher, access, ...) ပေါ့။ ဒါတွေကိုလည်း တရားဝင် ဝယ်ယူသုံးကြတာမဟုတ်ဘဲ Crack (လိုင်စင်မတောင်းအောင် ပြုပြင်) ပြီး ပေးထားတာတွေကိုသာ သုံးနေကြခြင်းဖြစ်ပါတယ်။

Application တွေရဲ့ License ကို ချေဖျက်နိုင်ဖို့ ကြိုးစားတာ Cracking ပညာရပ် လို့ ယေဘုယျ ပြောလိုက ပြောနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။
ကျွန်တော်တို့တွေ ဂိမ်းကစားကြတယ်။ ဥပမာ Plants Vs Zombies 2 (game) ဆိုပါစို့။ ပုံမှာကြည့်ပါ။


လိုအပ်တာတွေ ပိုပိုပြီးဝယ်ယူနိုင်ဖို့ စိန်တွေ ရွှေတွေ (Golds & Diamonds) လိုအပ်လာပါတယ်။ ဒါတွေကို မဝယ်ယူချင်ရင်တော့ ကျွန်တော်တို့အနေနဲ့ အကြပ်အတည်းကြုံရမယ့် level တွေမှာ ရှေ့ဆက်နိုင်ဖို့ မလွယ်တဲ့အထိ အခက်တွေ့ရတော့မှာပါပဲ။ ဝယ်ဖို့ကျတော့ မြန်မာတွေနဲ့က နည်းနည်းအလှမ်းဝေးပါတယ်။ ဖုန်းဘေလို အလွယ်တကူဖြည့်ဝယ်လို့ မရသလို ဈေးလည်းများတာကိုး။ အဲသည်တော့ ဂိမ်းဟက်မယ်ဆိုပြီး လွယ်လွယ်လေး တွေးလိုက်ကြတော့တာပါပဲ။ အဲမှာ စ တွေ့တယ် ပြောရမှာပဲ။ Hacking တွေ့တဲ့နေရာတိုင်း Page တိုင်းမှာ "How to hack ...... Game" တွေ လျှောက်မေးကုန်ကြတော့တာပေါ့လေ။ "How to hack PUBG game" ဆိုပြီး တွေ့သမျှ နိုင်ငံတကာ Page တွေမှာကအစ လိုက်မေးကြတာ အများကြီးတွေ့လာကြရပါတော့တယ်။

ဂိမ်းတွေထဲမှာ ၂ မျိုးခွဲ လေ့လာကြည့်ရအောင်။
အင်တာနက်လိုတဲ့ အွန်လိုင်းဂိမ်းနဲ့ အင်တာနက်မလိုတဲ့ offline game ဆိုပြီးတော့ပဲ ဖြစ်ပါတယ်။ Offline Game တွေကတော့ ဂိမ်းကိုရော ဂိမ်းရဲ့ အချက်အလက်တွေကိုပါ ကျွန်တော်တို့ရဲ့ စက်ထဲမှာပဲ သိမ်းပါတယ်။ ဖုန်းထဲက ဂိမ်းဆို ဖုန်းထဲမှာ သိမ်းတယ်ပေါ့။ အဲလိုသိမ်းတဲ့အခါ ကျွန်တော်တို့ လက်ရှိရောက်နေတဲ့ level, ကျွန်တော်တို့ ကစားထားတဲ့ ရမှတ် (gold, gem, diamond) စတာတွေကို ကျွန်တော်တို့ရဲ့ ဖုန်းထဲမှာပဲ ထည့်သိမ်းထားတာဖြစ်လို့ Game Hacker ဘာညာဆိုတဲ့ Tool တွေကို သုံးပြီး Data တွေရဲ့ လက်ရှိနံပါတ် (ဥပမာ Gold 100 ပဲရှိရင် 100 ) ကို ရှာပြီး အစားထိုးလို့ရတဲ့ အမြင့်ဆုံးကိန်း (Maximum Amount) ထိ အစားထိုးပြင်ဆင်ပြီး ပြန်ကစားတဲ့အခါ လိုချင်တဲ့ လက်နက်ကိရိယာအစုံ လိုသလောက်ဝယ်လို့ ရသွားတာကြောင့် ဂိမ်းကစားရတာ ရှုံးပွဲမရှိတော့ပါဘူး။ (နိုင်ချင်လို့ ကစားတဲ့သူက များတာကိုး။ ရှုံးရတာကို ဘယ်သူမှ မကြိုက်ကြဘူးလေ 😁😁) ဒါတောင်မှ အချို့ဂိမ်းတွေရဲ့ ဒေတာကို Crack ဖို့ဆို root လိုသေးတာကြောင့် root မဖောက်ထားတဲ့ ဖုန်းတွေမှာ ပြဿ     နာ တက်ပြန်ရော။
ဂိမ်းအချက်အလက်တွေကို Crack (ခရက်) ဖို့လို့ ကျွန်တော် ပြောခဲ့တယ်နော်။ ဒါဆိုဘာလို့ Game Hacker ဆိုတဲ့နာမည်နဲ့ App တွေရှိနေတာလဲလို့ ပြန်မေးချင်မေးကြပါလိမ့်မယ်။ အဓိကကတော့ App တွေထဲက ဒေတာကို ခိုးယူတာမို့ Hack (ခိုး = hack) ဆိုတဲ့ လွဲမှားမှုကြီးကနေ စတာပါ။ ဟုတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတင်မဟုတ် ကမ္ဘာနဲ့အဝှန်းမှာတောင်မှ crack ကို သိတဲ့သူ နည်းတာကိုး။ Cracker ဆိုရင် အဲသည် Tool ကို လူတွေက မသုံးကြတော့ဘူး။ Game Hacker ဆိုတဲ့ နာမည်သာ ပါလို့ကတော့ သုံးလို့ရသည်ဖြစ်စေ မရသည်ဖြစ်စေ တွေ့တာနဲ့ ဒေါင်းပြီး စမ်းကြတော့တာကိုး။
ဒီလိုပဲ Game hack ပြတယ်ဆိုတဲ့ (edit လုပ်ထားတဲ့) ဗီဒီယိုအတုတွေကလည်း Youtube မှာ ပေါပေါလောလော နေရာယူနေတာကြောင့် ဒါတွေကိုလိုက်ကြည့်ပြီး တကယ်ထင်မှတ် လိုက်လုပ်နေကြ လုပ်မရ သူ့ကျရပြီး ငါ့ကျဘာလို့မရလဲတွေ ဖြစ်ကုန်ကြတော့တာပါပဲလေ။
လိုရင်းပျောက်မှာစိုးလို့ ပြန်ဆက်ရအောင်။ ဂိမ်း (app) တွေထဲက အချက်အလက်ထုတ်ယူပြင်ဆင်တာကို Crack တယ်လို့ ခေါ်တယ်ဆိုတဲ့အကြောင်း ကျွန်တော် ပြောပြခဲ့ပြီးဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ဖုန်းထဲမှာ ဒေတာသိမ်းတဲ့ Offline Game တွေထဲက Gem တွေ၊ Gold တွေ၊ Diamond တွေကို ရယူခြင်းကို Offline Game Cracking လို့ ခေါ်ရမှာပေါ့။

ဒါဆို အွန်လိုင်းဂိမ်းတွေကိုရော ဘယ်လို Crack ကြမလဲ။ (hack လို့ မသုံးဘူးနော်)
Online Game ဆိုတဲ့နေရာမှာလည်း အရာရာတိုင်းကို Server မှာ သိမ်းတဲ့ ဂိမ်းနဲ့ အချက်အလက်တွေကို ဖုန်းမှာပဲသိမ်းပြီး update ကိုသာ Server ကနေ ပေးတဲ့ ဂိမ်းမျိုးဆိုပြီး ရှိပါတယ်။ အွန်လိုင်းဂိမ်းတွေအကြောင်း အသေးစိတ်ကို Wikipedia
https://en.m.wikipedia.org/wiki/Online_game မှာ ဖတ်ရှုကြည့်နိုင်ပါတယ်။
ဒီဘက်ခေတ် အွန်လိုင်းဂိမ်းတွေကတော့ program ကိုသာ ဖုန်းထဲမှာထားပြီး user info တွေနဲ့ user ရဲ့ ကစားထားတဲ့ Level တွေ၊ ရရှိထားတဲ့ gold, gem, diamond စတာစတာတွေကိုတော့ သူတို့ရဲ့ server မှာသာ သိမ်းထားပါတယ်။

Offline Game အချို့ကို Crack ချင်ရင်တော့ Hack App Data Pro (apk) for android only ကိုသုံးပြီးတော့ Crack နိုင်ပါတယ်။ root လိုတဲ့ ဂိမ်းလည်းရှိသလို root မလိုဘဲ crack လို့ရတာလည်း ရှိပါတယ်။
https://forum.xda-developers.com/android/apps-games/app-hack-app-data-public-pro-version-t3118517/post60969514
အထက်ပါ link ကနေ သွားရောက်ဒေါင်းယူနိုင်ပါတယ်။
Online Game ရော Offline Game တွေရောအတွက် မိမိဘာသာ Crack ချင်ရင် တူညီတာတစ်ခုက Cracking ပညာရပ် ကို တတ်မြောက်ကျွမ်းကျင်ထားရမှာဖြစ်ပါတယ်။
Android OS အကြောင်း၊ Layers တွေအကြောင်း၊ Environment တွေအကြောင်း၊ ,  xml ဖိုင်အကြောင်း၊ meta-inf, mainfest.mf စတဲ့စတဲ့ဖိုင်တွေအကြောင်း သိဖို့လိုပါမယ်။
Apktool နဲ့ Basksmail တွေသုံးပြီး code တွေကို disassemble လုပ်တာတွေ၊ စတဲ့စတဲ့ Cracking ဆိုင်ရာ ပညာရပ်တွေကို နှံ့စပ်ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်။
ဒါတင်မကသေးပါဘူး။ Online Game တွေဟာ သူတို့ရဲ့ Data တွေကို Server မှာ သိမ်ပြီး လုံခြုံမှုရှိစေဖို့လည်း ဖန်တီးထားသေးတာမို့ Plants Vs Zombies 2 လို၊ COC လို Game မျိုးတွေမှာ Server လမ်းကြောင်းကို ဖြတ်တောက်ပြီး Server အသစ်နဲ့ ပြုပြင်ပြောင်းလဲလိုက်ရတာမျိုးလည်း ရှိနေနိုင်ပါတယ်။ နားရှုပ်မှာစိုးလို့ ဒီလောက်ပဲ ပြောပါရစေ။ အကယ်၍ ဂိမ်းဆာဗာက Vulnerable Server ဖြစ်နေရင်တော့ Hacking နဲ့ Reverse Engineering ကို ပေါင်းစပ်ပြီး ဝင်ရောက်ပြုပြင်နိုင်ပါသေးတယ်။
ဒီ Apk, ဒီ Link ကနေ ဝင်ရင် gem တွေ ဘယ်လောက်ရမာ်ဆိုပြီး ဂိမ်းကစားထားတဲ့ ဒေတာတွေ၊ လယ်ဗယ်တွေများနေတဲ့ Acc တွေကို ထောင်ဖမ်းတာမျိုးတွေကိုလည်း Game Hacking လို့ ဆိုချင်ဆိုနိုင်ပါတယ်။ 😁

နိဂုံးချုပ်လေးပြောရရင် Cracking ကို Reverse Engineering လို့ ခေါ်ကြပါသေးတယ်။ Cracking အကြောင်းကို မြန်မာလို ရှင်းပြထားတဲ့ pdf file (Two Version) ကို အောက်ပါ Link တွေ ကနေ သွားရောက်ဒေါင်းယူနိုင်ပါတယ်။

Cracker လမ်းညွှန် Volume 1 Download

Cracker လမ်းညွှန် Volume 2 Download


စာအုပ်လိုက် မှာယူအားပေးလိုပါလျင်တော့
မန္တလေး (မြို့တွင်း free delivery)
Techno King
Computer Training Centre & IT Books Store
No-316, နန်းဦးလွင်ရပ်ကွက်,
နန်းရှေ့။မန္တလေး။
‌09-420786010, 09-970323455 မှာ
ဖုန်းဆက်ပြီးလည်း မှာယူနိုင်ပါတယ်ဗျာ
ဘယ်မြို့ကိုမဆို အိမ်အရောက် ပို့ပေးပါလိမ့်မယ်

ဒီလောက်ဆို သဘောပေါက်နားလည်နိုင်ကြမယ်လို့ ယူဆပါတယ်ဗျာ

Thanks for visiting.


Khit Minnyo


Zawgyi Version

Click Here For Unicode Font


ဒီရက္ေတြထဲမွာ အမ်ားဆံုး ၾကံဳေတြ႔ရတဲ့ ျပႆ  နာ တစ္ခုပါ။ အ႐ိုးသားဆံုး ဝန္ခံရရင္ Game ပဲစိတ္စြဲၿပီး ဂိမ္းတစ္ခုပဲ အာရံု႐ွိၾကသူေတြနဲ႔ ကြၽန္ေတာ္ အေစးမကပ္ပါဘူး။ အပ်င္းေျပ ဂိမ္းေတြကို ကြၽန္ေတာ္ ကစားဖူးပါတယ္။ အခ်ိန္တိုင္းကစားေနဖို႔ေတာ့ စိတ္မကူးပါ။ ဂိမ္းကစားျခင္းမွာ မေမြ႔ေလ်ာ္တဲ့သူ ျဖစ္တာေၾကာင့္ ထင္ပါတယ္။ ဘယ္ဂိမ္းကမွ ကြၽန္ေတာ့္ကို စြဲမက္ေစခဲ့ျခင္းမ႐ွိပါ။ ကစားတယ္။ လံုးဝမကစားတာမဟုတ္။ ဒါေပမယ့္ အေပ်ာ္ပဲ။ ခဏေလးကစားလိုက္တယ္။ ၿပီးရင္ ပ်င္းသြားေရာပဲ။ ဂိမ္းကစားၾကသူအမ်ားစုသည္ ဂိမ္းတစ္ခုတည္းမွာတင္ လမ္းဆံုးသြားၾကတာမ်ားပါတယ္။ ဒီလိုေျပာလို႔ ပေရာ္ဖက္႐ွင္နယ္ ဂိမ္းသမားေတြကို မဆိုလိုပါ။ ဒါေပမယ့္ အဲလို ပ႐ို ေတြက အရမ္းနည္းပါတယ္။ အခ်ိန္ေတြအမ်ားႀကီး ဂိမ္းမွာသံုးၾကတယ္။ ၿပီးေတာ့ ေလ့လာသင္ယူမႈ အားနည္းသြားၾကတယ္။ မိသားစု အေပါင္းအသင္းေတြၾကားမွာ ဂိမ္းေလာက္ ဘာကိုမွ ဂ႐ုမစိုက္ႏိုင္ၾကေတာ့လို႔ လူမႈေရးေတြ ဆံုး႐ွံုးၾကတယ္။ ဂိမ္းကစားတာ မေကာင္းဟု ကြၽန္ေတာ္မေျပာလိုပါ။ စကားပဲ ကစားေနၿပီး ကိုယ့္အတြက္ တန္ဖိုး႐ွိတဲ့အရာေတြ ဆံုး႐ွံုးနစ္နာေနရၿပီဆိုရင္ေတာ့ တကယ္ကို ဆိုးသြားပါၿပီ။

ကဲ
ေခါင္းစဥ္နဲ႔ မညီပဲေနမယ္။ ေခါင္းစဥ္အတိုင္း ေဆြးေႏြးၾကစို႔။

Game Hack ခ်င္တယ္ လို႔ ကြၽန္ေတာ္တို႔ အလြယ္ေျပာေလ့႐ွိၾကပါတယ္။ တကယ္တမ္း hack လား လို႔ေမးရင္ "ဘာေၾကာင္တာလဲ" ဆိုတဲ့ပံုစံနဲ႔ ျပန္ဆက္ဆံၾကတာကို ၾကံဳေနၾကရပါတယ္။

ကြၽန္ေတာ္တို႔ေတြ ကြန္ပ်ဴတာ ေတြ သံုးၾကပါတယ္။ အမ်ားဆံုး သံုးေလ့႐ွိတဲ့ Operating System က Windows ပါ။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အမ်ားဆံုးသံုးၾကတဲ့ Windows ေတြရဲ႕ ရာႏႈန္းအမ်ားဆံုးက Pirate Version လို႔ေခၚၾကတဲ့ Cracked (crack ထားၿပီးသား) Version ေတြပါ။
ထို႔အတူ ကြၽန္ေတာ္တို႔ အမ်ားဆံုး အသံုးျပဳၾကတဲ့ Microsoft Office (word, excel, Powerpoint, publisher, access, ...) ေပါ့။ ဒါေတြကိုလည္း တရားဝင္ ဝယ္ယူသံုးၾကတာမဟုတ္ဘဲ Crack (လိုင္စင္မေတာင္းေအာင္ ျပဳျပင္) ၿပီး ေပးထားတာေတြကိုသာ သံုးေနၾကျခင္းျဖစ္ပါတယ္။

Application ေတြရဲ႕ License ကို ေခ်ဖ်က္ႏိုင္ဖို႔ ႀကိဳးစားတာ Cracking ပညာရပ္ လို႔ ေယဘုယ် ေျပာလိုက ေျပာႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး။
ကြၽန္ေတာ္တို႔ေတြ ဂိမ္းကစားၾကတယ္။ ဥပမာ Plants Vs Zombies 2 (game) ဆိုပါစို႔။ ပံုမွာၾကည့္ပါ။


လိုအပ္တာေတြ ပိုပိုၿပီးဝယ္ယူႏိုင္ဖို႔ စိန္ေတြ ေရႊေတြ (Golds & Diamonds) လိုအပ္လာပါတယ္။ ဒါေတြကို မဝယ္ယူခ်င္ရင္ေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ အၾကပ္အတည္းၾကံဳရမယ့္ level ေတြမွာ ေ႐ွ႕ဆက္ႏိုင္ဖို႔ မလြယ္တဲ့အထိ အခက္ေတြ႔ရေတာ့မွာပါပဲ။ ဝယ္ဖို႔က်ေတာ့ ျမန္မာေတြနဲ႔က နည္းနည္းအလွမ္းေဝးပါတယ္။ ဖုန္းေဘလို အလြယ္တကူျဖည့္ဝယ္လို႔ မရသလို ေဈးလည္းမ်ားတာကိုး။ အဲသည္ေတာ့ ဂိမ္းဟက္မယ္ဆိုၿပီး လြယ္လြယ္ေလး ေတြးလိုက္ၾကေတာ့တာပါပဲ။ အဲမွာ စ ေတြ႔တယ္ ေျပာရမွာပဲ။ Hacking ေတြ႔တဲ့ေနရာတိုင္း Page တိုင္းမွာ "How to hack ...... Game" ေတြ ေလွ်ာက္ေမးကုန္ၾကေတာ့တာေပါ့ေလ။ "How to hack PUBG game" ဆိုၿပီး ေတြ႔သမွ် ႏိုင္ငံတကာ Page ေတြမွာကအစ လိုက္ေမးၾကတာ အမ်ားႀကီးေတြ႔လာၾကရပါေတာ့တယ္။

ဂိမ္းေတြထဲမွာ ၂ မ်ိဳးခြဲ ေလ့လာၾကည့္ရေအာင္။
အင္တာနက္လိုတဲ့ အြန္လိုင္းဂိမ္းနဲ႔ အင္တာနက္မလိုတဲ့ offline game ဆိုၿပီးေတာ့ပဲ ျဖစ္ပါတယ္။ Offline Game ေတြကေတာ့ ဂိမ္းကိုေရာ ဂိမ္းရဲ႕ အခ်က္အလက္ေတြကိုပါ ကြၽန္ေတာ္တို႔ရဲ႕ စက္ထဲမွာပဲ သိမ္းပါတယ္။ ဖုန္းထဲက ဂိမ္းဆို ဖုန္းထဲမွာ သိမ္းတယ္ေပါ့။ အဲလိုသိမ္းတဲ့အခါ ကြၽန္ေတာ္တို႔ လက္႐ွိေရာက္ေနတဲ့ level, ကြၽန္ေတာ္တို႔ ကစားထားတဲ့ ရမွတ္ (gold, gem, diamond) စတာေတြကို ကြၽန္ေတာ္တို႔ရဲ႕ ဖုန္းထဲမွာပဲ ထည့္သိမ္းထားတာျဖစ္လို႔ Game Hacker ဘာညာဆိုတဲ့ Tool ေတြကို သံုးၿပီး Data ေတြရဲ႕ လက္႐ွိနံပါတ္ (ဥပမာ Gold 100 ပဲ႐ွိရင္ 100 ) ကို ႐ွာၿပီး အစားထိုးလို႔ရတဲ့ အျမင့္ဆံုးကိန္း (Maximum Amount) ထိ အစားထိုးျပင္ဆင္ၿပီး ျပန္ကစားတဲ့အခါ လိုခ်င္တဲ့ လက္နက္ကိရိယာအစံု လိုသေလာက္ဝယ္လို႔ ရသြားတာေၾကာင့္ ဂိမ္းကစားရတာ ႐ွံုးပြဲမ႐ွိေတာ့ပါဘူး။ (ႏိုင္ခ်င္လို႔ ကစားတဲ့သူက မ်ားတာကိုး။ ႐ွံုးရတာကို ဘယ္သူမွ မႀကိဳက္ၾကဘူးေလ 😁😁) ဒါေတာင္မွ အခ်ိဳ႕ဂိမ္းေတြရဲ႕ ေဒတာကို Crack ဖို႔ဆို root လိုေသးတာေၾကာင့္ root မေဖာက္ထားတဲ့ ဖုန္းေတြမွာ ျပႆ     နာ တက္ျပန္ေရာ။
ဂိမ္းအခ်က္အလက္ေတြကို Crack (ခရက္) ဖို႔လို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္ေနာ္။ ဒါဆိုဘာလို႔ Game Hacker ဆိုတဲ့နာမည္နဲ႔ App ေတြ႐ွိေနတာလဲလို႔ ျပန္ေမးခ်င္ေမးၾကပါလိမ့္မယ္။ အဓိကကေတာ့ App ေတြထဲက ေဒတာကို ခိုးယူတာမို႔ Hack (ခိုး = hack) ဆိုတဲ့ လြဲမွားမႈႀကီးကေန စတာပါ။ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာတင္မဟုတ္ ကမ႓ာနဲ႔အဝွန္းမွာေတာင္မွ crack ကို သိတဲ့သူ နည္းတာကိုး။ Cracker ဆိုရင္ အဲသည္ Tool ကို လူေတြက မသံုးၾကေတာ့ဘူး။ Game Hacker ဆိုတဲ့ နာမည္သာ ပါလို႔ကေတာ့ သံုးလို႔ရသည္ျဖစ္ေစ မရသည္ျဖစ္ေစ ေတြ႔တာနဲ႔ ေဒါင္းၿပီး စမ္းၾကေတာ့တာကိုး။
ဒီလိုပဲ Game hack ျပတယ္ဆိုတဲ့ (edit လုပ္ထားတဲ့) ဗီဒီယိုအတုေတြကလည္း Youtube မွာ ေပါေပါေလာေလာ ေနရာယူေနတာေၾကာင့္ ဒါေတြကိုလိုက္ၾကည့္ၿပီး တကယ္ထင္မွတ္ လိုက္လုပ္ေနၾက လုပ္မရ သူ႔က်ရၿပီး ငါ့က်ဘာလို႔မရလဲေတြ ျဖစ္ကုန္ၾကေတာ့တာပါပဲေလ။
လိုရင္းေပ်ာက္မွာစိုးလို႔ ျပန္ဆက္ရေအာင္။ ဂိမ္း (app) ေတြထဲက အခ်က္အလက္ထုတ္ယူျပင္ဆင္တာကို Crack တယ္လို႔ ေခၚတယ္ဆိုတဲ့အေၾကာင္း ကြၽန္ေတာ္ ေျပာျပခဲ့ၿပီးျဖစ္ပါတယ္။
ဒီေတာ့ ကြၽန္ေတာ္တို႔ဖုန္းထဲမွာ ေဒတာသိမ္းတဲ့ Offline Game ေတြထဲက Gem ေတြ၊ Gold ေတြ၊ Diamond ေတြကို ရယူျခင္းကို Offline Game Cracking လို႔ ေခၚရမွာေပါ့။

ဒါဆို အြန္လိုင္းဂိမ္းေတြကိုေရာ ဘယ္လို Crack ၾကမလဲ။ (hack လို႔ မသံုးဘူးေနာ္)
Online Game ဆိုတဲ့ေနရာမွာလည္း အရာရာတိုင္းကို Server မွာ သိမ္းတဲ့ ဂိမ္းနဲ႔ အခ်က္အလက္ေတြကို ဖုန္းမွာပဲသိမ္းၿပီး update ကိုသာ Server ကေန ေပးတဲ့ ဂိမ္းမ်ိဳးဆိုၿပီး ႐ွိပါတယ္။ အြန္လိုင္းဂိမ္းေတြအေၾကာင္း အေသးစိတ္ကို Wikipedia
https://en.m.wikipedia.org/wiki/Online_game မွာ ဖတ္႐ႈၾကည့္ႏိုင္ပါတယ္။
ဒီဘက္ေခတ္ အြန္လိုင္းဂိမ္းေတြကေတာ့ program ကိုသာ ဖုန္းထဲမွာထားၿပီး user info ေတြနဲ႔ user ရဲ႕ ကစားထားတဲ့ Level ေတြ၊ ရ႐ွိထားတဲ့ gold, gem, diamond စတာစတာေတြကိုေတာ့ သူတို႔ရဲ႕ server မွာသာ သိမ္းထားပါတယ္။

Offline Game အခ်ိဳ႕ကို Crack ခ်င္ရင္ေတာ့ Hack App Data Pro (apk) for android only ကိုသံုးၿပီးေတာ့ Crack ႏိုင္ပါတယ္။ root လိုတဲ့ ဂိမ္းလည္း႐ွိသလို root မလိုဘဲ crack လို႔ရတာလည္း ႐ွိပါတယ္။
https://forum.xda-developers.com/android/apps-games/app-hack-app-data-public-pro-version-t3118517/post60969514
အထက္ပါ link ကေန သြားေရာက္ေဒါင္းယူႏိုင္ပါတယ္။
Online Game ေရာ Offline Game ေတြေရာအတြက္ မိမိဘာသာ Crack ခ်င္ရင္ တူညီတာတစ္ခုက Cracking ပညာရပ္ ကို တတ္ေျမာက္ကြၽမ္းက်င္ထားရမွာျဖစ္ပါတယ္။
Android OS အေၾကာင္း၊ Layers ေတြအေၾကာင္း၊ Environment ေတြအေၾကာင္း၊ ,  xml ဖိုင္အေၾကာင္း၊ meta-inf, mainfest.mf စတဲ့စတဲ့ဖိုင္ေတြအေၾကာင္း သိဖို႔လိုပါမယ္။
Apktool နဲ႔ Basksmail ေတြသံုးၿပီး code ေတြကို disassemble လုပ္တာေတြ၊ စတဲ့စတဲ့ Cracking ဆိုင္ရာ ပညာရပ္ေတြကို ႏွံ႔စပ္ကြၽမ္းက်င္ေနဖို႔ လိုအပ္ပါတယ္။
ဒါတင္မကေသးပါဘူး။ Online Game ေတြဟာ သူတို႔ရဲ႕ Data ေတြကို Server မွာ သိမ္ၿပီး လံုျခံဳမႈ႐ွိေစဖို႔လည္း ဖန္တီးထားေသးတာမို႔ Plants Vs Zombies 2 လို၊ COC လို Game မ်ိဳးေတြမွာ Server လမ္းေၾကာင္းကို ျဖတ္ေတာက္ၿပီး Server အသစ္နဲ႔ ျပဳျပင္ေျပာင္းလဲလိုက္ရတာမ်ိဳးလည္း ႐ွိေနႏိုင္ပါတယ္။ နား႐ႈပ္မွာစိုးလို႔ ဒီေလာက္ပဲ ေျပာပါရေစ။ အကယ္၍ ဂိမ္းဆာဗာက Vulnerable Server ျဖစ္ေနရင္ေတာ့ Hacking နဲ႔ Reverse Engineering ကို ေပါင္းစပ္ၿပီး ဝင္ေရာက္ျပဳျပင္ႏိုင္ပါေသးတယ္။
ဒီ Apk, ဒီ Link ကေန ဝင္ရင္ gem ေတြ ဘယ္ေလာက္ရမာ္ဆိုၿပီး ဂိမ္းကစားထားတဲ့ ေဒတာေတြ၊ လယ္ဗယ္ေတြမ်ားေနတဲ့ Acc ေတြကို ေထာင္ဖမ္းတာမ်ိဳးေတြကိုလည္း Game Hacking လို႔ ဆိုခ်င္ဆိုႏိုင္ပါတယ္။ 😁

နိဂံုးခ်ဳပ္ေလးေျပာရရင္ Cracking ကို Reverse Engineering လို႔ ေခၚၾကပါေသးတယ္။ Cracking အေၾကာင္းကို ျမန္မာလို ႐ွင္းျပထားတဲ့ pdf file (Two Version) ကို ေအာက္ပါ Link ေတြ ကေန သြားေရာက္ေဒါင္းယူႏိုင္ပါတယ္။

Cracker လမ္းညႊန္ Volume 1 Download

Cracker လမ္းညႊန္ Volume 2 Download


စာအုပ္လိုက္ မွာယူအားေပးလိုပါလ်င္ေတာ့
မႏၲေလး (ၿမိဳ႕တြင္း free delivery)
Techno King
Computer Training Centre & IT Books Store
No-316, နန္းဦးလြင္ရပ္ကြက္,
နန္းေရွ႕။မႏၲေလး။
‌09-420786010, 09-970323455 မွာ
ဖုန္းဆက္ၿပီးလည္း မွာယူႏိုင္ပါတယ္ဗ်ာ
ဘယ္ၿမိဳ႕ကိုမဆို အိမ္အေရာက္ ပို႔ေပးပါလိမ့္မယ္

ဒီေလာက္ဆို သေဘာေပါက္နားလည္ႏိုင္ၾကမယ္လို႔ ယူဆပါတယ္ဗ်ာ

Thanks for visiting.


Khit Minnyo

9 comments:

  1. ေက်းဇူးတင္ပါတယ္ ဆရာ အုမဲ အားေပးေနပါတယ္

    ReplyDelete
  2. Online game မှာ damage huck ချင် ရင် ဘယ် app သုံးတာကောင်းမလည်း သိချင်လို့ပါ ခင်ဗျာ

    ReplyDelete
  3. Online game မှာ damage huck ချင် ရင် ဘယ် app သုံးတာကောင်းမလည်း သိချင်လို့ပါ ခင်ဗျာ

    ReplyDelete
  4. Wow, superb weblog layout! How long have you been blogging for? you make running a blog look easy. The overall look of your web site is fantastic, let alone the content! see this here

    ReplyDelete
  5. အဲဒီapkကေနhackရမာလားဆရာ

    ReplyDelete