Adsense
OUO Banner
Latest Posts
Mac OS X ကို VirtualBox မှာ တင်ပြီး သုံးလိုသူတွေအတွက် (Latest OS X High Sierra) vmdk
((( Sorry for my Zawgyi2009 Fonts )))
Unicode Version (မြန်မာစာ မမှန်ပါက အောက်ဆုံးသို့ ဆက်ဆင်းကြည့်ပါ။ Zawgyi Version ပါပါသည်။)
Windows, Linux တွေမှာ သုံးနိုင်ပါသည်။
သတိပြုရန်မှာ RAM 4GB သာရှိသော Laptop (PC) များတွင် မသုံးသင့်ပါ။
ပထမဆုံးအနေဖြင့် မိမိတို့ Windows (or) Linux တွင် VirtualBox ကို Install ထားရပါမည်။
install မလုပ်ရသေးသူများ install ထားဖို့ လိုပါသည်။
Windows & Other Platforms များ အတွက် VirtualBox Download link >> Click Here <<
Kali && Ubuntu များတွင်မူ
root@kmn:~#  apt-get  install  virtualbox   virtualbox-dkms   -y
.......................................................................................
VirtualBox install ထားပြီးပါက
Mac OS X vmdk file ကို ဒီစာကြောင်းကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။ 
Link 2 Direct Download Link 
Size ကတော့ 6GB ထိရှိပါတယ်ခင်ဗျာ။ (မူလတင်ပေးသူကို လေးစားသောအားဖြင့် ဖိုင်နာမည်ကိုတောင်မှ ပြောင်းမထားပါ)
ဒေါင်းလို့ ရလာတဲ့ rar file ကို ဖြည်ချလိုက်ရင် vmdk file ပါဝင်တဲ့ Folder တစ်ခုကို ရပါမယ်။ ဖြည်ချလိုက်တဲ့အခါ ရလာမယ့် size က 9GB တောင် ရှိတာမို့လို့ ဖြည်ချိန် ကြာပါမယ်။ စိတ်ရှည်ပါ။
ပြီးရင်တော့ VirtualBox ကိုဖွင့်ပြီး New ကိုနှိပ်ကာ စတင်နိုင်ပါပြီ။
VirtualBox မှာ တင်နည်းတွေကတော့ အထွေအထူး မပြောင်းလဲတာကြောင့် အဆင်ပြေမယ် မျှော်လင့်ပါတယ်။ New နဲ့ စတင်ချိန်မှာ ကိုယ်ပေးလိုက်မယ့် နာမည်ကိုတော့ အထူးသတိထားပါ။
 အထက်ပါပုံမှာ ကျွန်တော်က Mac OS X  လို့ ပေးထားပါတယ်။  ပြီးရင် Next ပေါ့။
ဒီအဆင့်က RAM သတ်မှတ်ပေးရမှာပါ။ 4GB လောက် ပေးသင့်တာဖြစ်လို့မို့ RAM 4GB ပဲရှိတဲ့ ကွန်ပျူတာတွေမှာ မသုံးသင့်ကြောင်း ပြောပြခဲ့ခြင်းပါ။
ဒီအဆင့်မှာတော့ အထက်ပါပုံထဲကအတိုင်း Use an existing virtual hard disk file ဆိုတာကို ရွေးဖို့ လိုပါမယ်။ ပြီးရင် အောက်က Folder ပုံ အဝါရောင်လေးကိုနှိပ်ပြီး ကျွန်တော်တို့ ဒေါင်းထားတဲ့ RAR ဖိုင်ကို ဖြည်ထားတဲ့ နေရာထိသွားပြီး vmdk ဖိုင်ကို ရွေးပေးလိုက်ပါ။ အထက်ပါပုံမှာ ကျွန်တော်ရွေးပြထားပြီးသားကို မြင်နိုင်ပါတယ်။ ပြီးရင် Create နှိပ်လိုက်ပါ။
ခုဆိုရင်တော့ ကျွန်တော်တို့ရဲ့ Mac OS X ကို အထက်ပါပုံအတိုင်း မြင်ရပါပြီ။ Mac OS X ကို အထက်ပါပုံအတိုင်း select လုပ်ထားပြီး settings ကို ထပ်ဝင်လိုက်ပါ။
 System နေရာထဲဝင်ပြီး Motherboard ခေါင်းစဉ်အောက်က Base Memory နေရာမှာ 4096MB ဖြစ် မဖြစ် ပြန်စစ်ပါ။ 1GB = 1024MB ပါ။
 Precessor ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဆက်သွားပြီး Precessor(s) နေရာမှာ 2 လောက်ထိ ပေးထားပါ။
 Display Menu ထဲက Screen ခေါင်းစဉ်အောက်မှာ Video Memory ဆိုတဲ့နေရာမှာ 128 ထိ အကုန်သာ ပေးလိုက်ပါ။ ပြီးသွားရင် OK ကိုသာ နှိပ်လိုက်။ Start ကို လုံးဝ မလုပ်ပါနဲ့ဦး။ 
Mac OS X install ရာမှာ အဆင်ပြေစေဖို့အတွက် Terminal ကနေ ရိုက်ထည့်ရမယ့် Command တွေ ရှိပါသေးတယ်။ Linux မှာဆိုရင်တော့ Terminal ပေါ့။ Windows သမားတွေကတော့ cmd ကနေ တစ်ဆင့်စီ VirtualBox install ထားတဲ့ထဲထိ ဝင်ထားဖို့ လိုပါမယ်။ Linux သမားတွေတော့ မလိုပါ။
Linux သုံးသူတွေကတော့ အောက်ပါ စာကြောင်း တစ်ကြောင်းစီကို Terminal ဖွင့်ပြီး ရိုက်ထည့်ပါ။
ရိုက်မထည့်ရအောင် ကူးထည့်လို့ရအောင် စီစဉ်ပေးထားပါတယ်။ ကူးထည့်တာ ပိုမြန်ပြီး ပိုမှန်တာပေါ့ 🙋😄😄 တကယ်လို့များ မိတ်ဆွေက Mac OS X လို့ နာမည်မပေးခဲ့ဘူးဆိုရင် ပြင်ကို ပြင်ကူးရမှာနော်။ 
မျက်တောင် အဖွင့်အပိတ်ထဲမှာ VirtualBox မှာ new လုပ်ခဲ့တုန်းက နာမည်အတိုင်း အကြီးအသေး နဲ့ space မှာ မလွဲအောင် ပြောင်းထည့်ရမယ်နော်။
root@kmn:~#  VBoxManage modifyvm "Mac OS X" --cpuidset 00000001 000106e5 00100800 0098e3fd bfebfbff
မျက်တောင် အဖွင့်အပိတ်ထဲမှာ VirtualBox မှာ new လုပ်ခဲ့တုန်းက နာမည်အတိုင်း အကြီးအသေး နဲ့ space မှာ မလွဲအောင် ပြောင်းထည့်ရမယ်နော်။
root@kmn:~#  VBoxManage setextradata "Mac OS X" "VBoxInternal/Devices/efi/0/Config/DmiSystemProduct" "iMac11,3"
မျက်တောင် အဖွင့်အပိတ်ထဲမှာ VirtualBox မှာ new လုပ်ခဲ့တုန်းက နာမည်အတိုင်း အကြီးအသေး နဲ့ space မှာ မလွဲအောင် ပြောင်းထည့်ရမယ်နော်။
root@kmn:~#  VBoxManage setextradata "Mac OS X" "VBoxInternal/Devices/efi/0/Config/DmiSystemVersion" "1.0"
မျက်တောင် အဖွင့်အပိတ်ထဲမှာ VirtualBox မှာ new လုပ်ခဲ့တုန်းက နာမည်အတိုင်း အကြီးအသေး နဲ့ space မှာ မလွဲအောင် ပြောင်းထည့်ရမယ်နော်။
root@kmn:~#  VBoxManage setextradata "Mac OS X" "VBoxInternal/Devices/efi/0/Config/DmiBoardProduct" "Iloveapple"
မျက်တောင် အဖွင့်အပိတ်ထဲမှာ VirtualBox မှာ new လုပ်ခဲ့တုန်းက နာမည်အတိုင်း အကြီးအသေး နဲ့ space မှာ မလွဲအောင် ပြောင်းထည့်ရမယ်နော်။
root@kmn:~#  VBoxManage setextradata "Mac OS X" "VBoxInternal/Devices/smc/0/Config/DeviceKey" "ourhardworkbythesewordsguardedpleasedontsteal(c)AppleComputerInc"
မျက်တောင် အဖွင့်အပိတ်ထဲမှာ VirtualBox မှာ new လုပ်ခဲ့တုန်းက နာမည်အတိုင်း အကြီးအသေး နဲ့ space မှာ မလွဲအောင် ပြောင်းထည့်ရမယ်နော်။
root@kmn:~#  VBoxManage setextradata "Mac OS X" "VBoxInternal/Devices/smc/0/Config/GetKeyFromRealSMC" 1
ကူးထည့်တဲ့အခါမှာလည်း မလိုတာတွေပါ ကူးမသွားကြနဲ့နော်။ # လုံးဝ မပါသွားစေနဲ့။ # နောက်ကပဲ ကူးထည့်ကြပါ။ အချို့က အကုန်ကူးတာ 😬😬
ပြီးသွားပြီ ဆိုရင်တော့
Virtual Box မှာ ဖန်တီးထားတဲ့ Mac OS X လေးကို Start နှိပ်ပြီး စတင်နိုင်ပါပြီ။ ...........
Install လုပ်တဲ့အဆင့်တွေကတော့ လုံးဝ မခက်တာမို့လို့ ပုံတွေများပြီး loading ကြာမှာစိုးတဲ့အတွက် ထည့်မပြတော့ပါဘူးဗျာ။
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .........
မေ့တော့မလို့
 Windows သမားတွေအတွက်လည်း command တွေ လိုပါတယ်။
ပုံတွေနဲ့ မပြတော့ဘူးနော် စာနဲ့ပဲ ပေးလိုက်ပါမယ်။
ပထမဆုံး My computer (This PC) ကိုဖွင့် C:\Program Files\Oracle\VirtualBox\ ထိ အဆင့်ဆင့် ဖွင့်ဝင်ထားပါ။ ပြီးရင် လွတ်တဲ့နေရာမှာ Shift + R-click နှိပ်ပြီး open command windows here ထင်တယ် (မေ့နေလို့) အဲဒါနှိပ်လိုက်တာနဲ့ cmd ပွင့်လာပါမယ်ဗျာ။
ပွင့်လာပြီဆိုတာနဲ့ အောက်ပါအတိုင်း တစ်ကြောင်းစီသာ ထည့်လိုက်ပါ။ တစ်ကြောင်းနဲ့ တစ်ကြောင်းကြား ချဲထားတဲ့အတွက် အဆင်ပြေမယ်ထင်တယ်ဗျနော .........
နောက်ပြီး Your Virtual Machine Name ဆိုတဲ့နေရာမှာလည်း VirtualBox မှာ တင်ခဲ့တဲ့ နာမည် ထည့်ကြဦးဗျနော .........
VBoxManage.exe modifyvm "Your Virtual Machine Name" --cpuidset 00000001 000106e5 00100800 0098e3fd bfebfbff
VBoxManage setextradata "Your Virtual Machine Name" "VBoxInternal/Devices/efi/0/Config/DmiSystemProduct" "iMac11,3"
VBoxManage setextradata "Your Virtual Machine Name" "VBoxInternal/Devices/efi/0/Config/DmiSystemVersion" "1.0"
VBoxManage setextradata "Your Virtual Machine Name" "VBoxInternal/Devices/efi/0/Config/DmiBoardProduct" "Iloveapple"
VBoxManage setextradata "Your Virtual Machine Name" "VBoxInternal/Devices/smc/0/Config/DeviceKey" "ourhardworkbythesewordsguardedpleasedontsteal(c)AppleComputerInc"
VBoxManage setextradata "Your Virtual Machine Name" "VBoxInternal/Devices/smc/0/Config/GetKeyFromRealSMC" 1
အားလုံး ပျော်ရွှင်ကြပါစေခင်ဗျာ ..........
Hacking ကို လက်တွေ့ချည်း လေ့လာလိုသူတွေအတွက်  Grade 3 Hacking "Hacking ဒုတိယတန်း" စာအုပ်ကို အားပေးနိုင်ပါပြီဗျ ..........
100% လိုက်လုပ်နိုင်ပြီး
90% လက်တွေ့သင်ခန်းစာများ ပါဝင်သည့်
"Hacking ဒုတိယတန်း" စာအုပ်
Oယ်ယူရရှိနိုင်ပါပြီ .......................
Ph. 09 799 535 021 && 09 69 806 4912
 Thanks for visiting.
 Khit Minnyo
Zawgyi Version
((( Sorry for my Zawgyi2009 Fonts )))
.......................................................................................