Adsense
OUO Banner
Latest Posts
Laptop တစ်လုံးဝယ်မယ်ဆိုရင် ကျွန်တော်ဘာကြည့်ရွေးလေ့ရှိလဲ
Unicode Version
Click Here For Zawgyi Font 
ကွန်ပျူတာတစ်လုံး ဝယ်မယ်ဆိုရင် ဘာကြည့်မလဲတဲ့။ မေးတဲ့သူတွေရှိပါတယ်။ သူများတွေတော့ ဘာညာတွေအများကြီး ကြည့်ကြပါတယ်။ ကျွန်တော်ကတော့ ပညာရှင်အမြင်ဆိုတာနဲ့ မကြည့်ပါဘူး။ ကျွန်တော့်အကြိုက်နဲ့ပဲ ရွေးလေ့ရှိပါတယ်။ ကွန်ပျူတာအရောင်းဆိုင်တစ်ဆိုင်ထဲကို ကွန်ပျူတာတစ်လုံး မဖြစ်မနေ ဝယ်ဖို့အတွက် ရောက်နေပြီဆိုကြပါစို့။ (Laptop တွေကိုပဲ ဦးစားပေးဖော်ပြချင်ပါတယ်) ကျွန်တော် ဘာတွေအရင်ကြည့်မလဲဆိုတာ မတိုက်ဆိုင်သူများရှိရင်လည်း လွတ်လပ်စွာ သဘောထားကွဲလွဲကြပါစို့။ 
၁။ ကိုယ်ဘာသုံးမလဲ ဆိုတာကို အရင်ဆုံးဖြတ်ပါ။ လူအများစုက ဟိုဟာသည်ဟာ ဘာတွေဘယ်လိုဘယ်လောက် ဆိုတာတွေရွေးကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘာအတွက် သုံးမှာလဲဆိုတာကို အရင်စဉ်းစားဖို့လိုပါတယ်။ ဥပမာ ဂိမ်းမကစားဘဲ Gaming Series ကြီး ဝယ်ဖို့လို မလိုပေါ့။ အချို့ဟာတွေက ပါနေရင်တောင် ကိုယ့်အတွက် မလိုအပ်ဘဲ ရှိကောင်းရှိမှာပါ။ ကျွန်တော်ဆို License Windows ပါပြီးသား ကွန်ပျူတာတွေကို မဝယ်ပါဘူး။ Linux Only တင်သုံးတဲ့ ကျွန်တော့်အတွက် ပါလာတဲ့ Windows ကိုပါ ပိုက်ဆံပေးရတာကို သဘောမကျလို့ပါ။ ဒါကတော့ ကိုယိဘာသုံးမလဲဆိုတာရဲ့ အရေးပါမှုပေါ့ဗျာ။
 ၂။ Screensize ရွေးပါ။ အရေးကြီးတယ်ဗျ။ သယ်ရလွယ်အောင်အကြောင်းပြချက်နဲ့ သေးသေးလေးဝယ်ထားမိရင် ကျွန်တော့်လို မျက်လုံးကို အားအရမ်းမပြုနိုင်တဲ့သူတွေအတွက် အခြေအနေမကောင်းပါဘူး။ ဒါကြောင့် 15" ထိလောက်သော ဆိုဒ်တွေကို ကျွန်တော်မရွေးပါဘူး။ အနည်းဆုံး ၁၅လက်မ ကျော်ရမယ်ပေါ့။ ကျွန်တော်နဲ့ဆန့်ကျင်ပြီး သေးသေးကြိုက်တဲ့လူက သေးသေးရွေးပေါ့ဗျာ။ ဒါ Screensize အရေးပါတယ်ဆိုတာ ပြောပြတာ။
၃။ i ဘယ်လောက်ရွေးရမလဲ။ အချို့က ဒါကို အရမ်း crazy ဖြစ်ကြပါတယ်။ Latest i ကို Last generation ကိုင်နိုင်ပိုကောင်းတာပေါ့ဗျာ။ ဒါပေမယ့် စဉ်းစားကြည့်ဖို့က ဈေးပိုများသွားမလား။ ကိုယ်မတတ်နိုင်ဖြစ်နေရင်မကောင်းဘူးလေ။ ဒီတော့ ကိုယ်က ဘယ်လိုအပိုင်းတွေ သုံးမှာလဲ။ တန်ရုံဆို i3, i5 သိသိသာသာ ကွာခြားမှုတွေ့ရမှာမဟုတ်ပါ။ ဒီတော့ အသင့်အတင့် ဈေးနှုန်းနဲ့ ရချင်ရင် i3 ကို gen မြင့်မြင့်လေး (4th gen အထက်) ရွေးလိုက်မှာပါ။ နောက်ပိုင်း ကြိုက်သလို Upgrade လုပ်နိုင်တာမို့ အရေးမထားပါဘူး။ gamer တွေဆိုရင်တော့ ပိုမြင့်တာရွေးပေါ့လေ။ Gaming series တွေတောင် ရှိနေတာပဲ။ ခုက သာမန်သုံးမယ့်သူတွေအတွက်ပဲ ဦးတည်ပြောပြခြင်းပါ။
 ၄။ RAM ထက် RAM Slots ကို ဂရုစိုက်ပါ။ ဒီနေရာမှာတော့ RAM 8GB ကွ၊ RAM 16GB ကွ ဆိုတာတွေကို ကျွန်တော် သိပ်ဂရုမစိုက်ပါဘူး။ RAM Slot က single slot လား twins slot လားပဲ ဂရုစိုက်ပါတယ်။ Single slot တွေဆို တစ်ကဒ်ပဲ စိုက်လို့ရတာဖြစ်လို့ Upgrade လုပ်ရခက်ပါတယ်။ Twins slots မှာ 4GB RAM ပါတဲ့ စက်မှာ 8GB ဖြစ်အောင် Upgrade လုပ်ချင်ရင် speed တူ RAM 4GB ကဒ်လေး ဝယ်စိုက်လိုက်ရုံပါပဲ။ ဒါပေမယ့် Single slot မှာတော့ ရှိနေတဲ့ 4GB ကဒ်ကို ဖြုတ်သိမ်းထားပြီး 8GB ကဒ်ကို အစားထိုးရမယ်။ ဈေးပိုကြီးသွားသလို ကိုယ့်ရှိတဲ့ မူလ RAM ကဒ်ကြီးလည်း ချောင်ထိုးခံရတဲ့အခြေအနေ ဖြစ်ပါတယ်။ ကျွန်တော်အကြိုက်ဆုံး ကို ပြောရရင် 16GB နှစ်ကဒ် စိုက်သုံးလို့ရတာကို ပိုကြိုက်ပါတယ်။ ကျွန်တော်သုံးချင်တာအားလုံးအတွက် 32GB လောက်မှ လောက်မှာမို့ပါ။ ဒါကြောင့် RAM slot ကို ပိုရွေးပါ။
၅။ 32bit 64bit ဘယ်ဟာရွေးမလဲမေးသူတွေအတွက်။ ရှင်းမပြတော့ဘူးဗျာ။ 64 bit ထဲကပဲ ဝယ်ပါလို့ပဲ ပြောပါရစေ။
 ၆။ HDD or SSD? ဒါကလည်း အတော်များများ ရွေးချယ်မှု ကျွန်တော်နဲ့ မတူတဲ့အချက်ပါ။ SSD က ပိုမြန်တာ မှန်ပေမယ့် ကျွန်တော့်အတွက်တော့ လက်ရှိတောင်မှ 512GB ထိသာ အများဆုံး ထွက်သေးတဲ့ SSD ကြီးက စိတ်ပျက်စရာပါ။ 2TB HDD တပ်ထားတာတောင် သိပ်ပြီး အဆင်မပြေချင်တဲ့ ကျွန်တော့်အတွက်တော့ သူ့ဟာသူ ဘယ်လောက်ကြီးပဲ မြန်မြန် စဉ်းစားလို့ကို မရသေးပါ။ 2TB SSD ထွက်လာခဲ့တဲ့နေ့ကျရင်တော့ ကျွန်တော် လဲသုံးပါမယ်။ ဒီတိုင်းတော့ RAM ကိုပဲ ပိုဂရုစိုက်ပါတယ်။ ဒါကြောင့် လောလောဆယ် ကျွန်တော့်အတွက်တော့ SSD ကို RAM လောက် prefer မဖြစ်ပါ။ ကျွန်တော့်လို app တွေအတွက် နေရာအများကြီးပေးသုံးစရာ မလိုဘူးဆိုရင်တော့ SSD ရွေးပေါ့။ ပိုမြန်ပါတယ်။
၇။ Brand ဘာရွေးမလဲ။
ကျွန်တော် Brand စွဲမထားတတ်သူပါ။ ဒါပေမယ့် ကျွန်တော်က နည်းနည်းတော့ ကြေးတိုက်တတ်တယ်ဗျ။ Specification ချင်းတူရင် ဈေးပိုသက်သာတာကို ကျွန်တော်ပိုကြိုက်ပါတယ်။ 😁 ဒါကလည်း DELL လို Laptop တွေကို ပိုဦးစားပေးမိတဲ့အထဲ ပါစေတာပေါ့။ Asus တို့ကကျ Spec ချင်းတူတာတောင် ဈေးတော်တော်ပိုကြီးနေတာတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ Brand စွမထားပါဘူး။။
၁ RAM ကို ကျွန်တော်လိုချင်တဲ့ twins slots ပါတဲ့ထဲက 32GB လောက်ထိ upgrade လုပ်နိုင်မှာကို ဦးစားပေးဖြစ်ပါတယ်။ တကယ်တမ်းလည်း 32GB ထိ upgrade လုပ်မှာပါ။ ခုမတတ်နိုင်ဘူးဆိုရင်တောင် ခဏစောင့်မှာပေါ့။
 ၂။ SSD မရွေးပါဘူး။ ကျွန်တော့်မှာ SATA, 2TB HDD တစ်လုံး အသင့်ရှိပါတယ်။ External မှာ ဒေတာတွေသိမ်းတာက သပ်သပ်ပေါ့။ ဒါကြောင့် အထဲမှာ gb ဘယ်လောက်ပဲ ပါပါ ကျွန်တော့်အတွက် ပြဿနာ မရှိပါဘူး။
၃။ i3 ဖြစ်နေလို့လည်း ကျွန်တော် စိတ်ဓာတ်မကျပါဘူး။ latest ကို upgrade လုပ်လို့ရတာပဲ။ အတိုင်းအတာ တစ်ခုထိ စုပြီး upgrade လုပ်နိုင်တာပဲလေ။။
၄။ Screensize ကျွန်တော်နဲ့ အဆင်ပြေမယ့်အနေအထား။ ဒီဇိုင်းစိတ်ကြိုက်။ ဘက်ထရီ ကြာကြာအသုံးခံမယ့်ထဲကရွေးလိုက်။ ကျန်တာတွေတူရင် ဈေးပိုသက်သာတာရွေးလိုက်။ ဒါပဲလေ။ ကျန်တာတွေကိုတော့ ကျွန်တော်မစဉ်းစားပါဘူး။ SSD တစ်ချိန်ကျ Upgrade လုပ်ကိုလုပ်မှာပါ။ RAM ဒါလည်း Upgrade လုပ်ပြီးသုံးမှာ။ စကတည်းက ဘယ်လောက်ပါပါ ကျွန်တော်စိတ်မဝင်စားပါ။ ဘယ်လောက်ထိ Upgrade လုပ်လို့ရမလဲဆိုတာပဲ ကျွန်တော် စိတ်ဝင်စားပါတယ်။ i3,5,7 တွေကျွန်တော်မပူပါ။ upgrade လုပ်လို့ရနိုင်တာတွေအပေါ် ကျွန်တော်လုံးဝမပူပါ။ မေးခွန်းကိုက ကျွန်တော်ဆိုရင် ဘာရွေးမလဲ လို့မေးတာကြောင့် အမေးအဖြေကဏ္ဍမှာ ကျွန်တော်ရွေးမယ့်ပုံစံကိုပဲ ဖြေခဲ့တာ့ဖစ်ပါတယ်။ ကျွန်တော့်အတိုင်းလိုက်ရွေးရမယ်လို့ လုံးဝမဆိုလိုပါ။ ကျွန်တော်သုံးမှာတွေနဲ့ မိတ်ဆွေတျု့ရဲ့ လိုအပ်ချက်တွေလည်း တူချင်မှ တူမှာပါ။ ကျွန်တော်က Gaming Series တွေကို လုံးဝမကြိုက်ပါ။ သဘောလည်းမကျပါ။ ဒီဇိုင်းဘာညာကအစ ကျွန်တော် မကြိုက်ပါ။ ရှောင်ပါတယ်။ အဆိုးဆုံးက သူ့ Kernel version ကို ပိုမကြိုက်တာပါ။ ဒါပေမယ့် မိတ်ဆွေတို့က Gamer တွေဆိုရင်တော့ Gaming series တွေကို ကြိုက်ကြမှာပါ။ ဒါကြောင့် ကျွန်တော်ပြောတာလေ။ ကျွန်တော် ဘာရွေးမလဲမေးလို့ ကျွန်တော်ရွေးမယ့်ပုံစံကိုပဲ ရှင်းပြတာပါလို့။ မေးထားတဲ့မိတ်ဆွေတို့လည်း ကျေနပ်မယ်ထင်ပါတယ်ဗျာ။ See u on next week.
Zawgyi Version
Click Here For Unicode Font
No comments