Adsense

OUO Banner

Latest Posts

Phone ေပ်ာက္သြားတဲ့အခါ ဘယ္လိုရွာၾကမလဲ? မေပ်ာက္ခင္မွာ ဘာေတြ ျပင္ဆင္ထားဖို႔လိုမလဲ?




Unicode Version

Click Here For Zawgyi Font 

ဖုန်းပျောက်ဖူးကြသူ အတော်များများ တွေ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖုန်းပျောက်ဖူးပါတယ်။ ဒါေကြောင့် ဖုန်းပျောက်သွားတဲ့အခါ ဘယ်လိုပြန်ရှာ   ကြမလဲ ဆိုတဲ့မေးခွန်းက လူအတော်များများအတွက် သိချင်စိတ်အပြင်းဆုံးေေေေမေးခွန်းအမျိုးအစားထဲ ပါနေပါတော့တယ်။ 

ဖုန်းပျောက်တာနဲ့ ပတ်သက်ပြီး ပြောမှာဆိုတော့ ဖုန်းပျောက်တဲ့အခြေအနေ နှစ်ရပ် ခွဲလိုက်ရအောင်။

၁။ ဖုန်းဝယ်လာကတည်းက Screen lock လေးပဲ ချထားတယ်။ ကျန်တာ ဘာမှလုပ်မထားဘူး
၂။ ဖုန်းဆိုတာပျောက်တတ်တဲ့အရာဖြစ်လို့ ပျောက်သွားတဲ့အခါ အဆင်ပြေစေဖို့ ကြိုတင်စီစဉ်ထားတယ်။ 

အထက်ပါ အစုနှစ်ခုမှာတင် ဘယ်သူကတေ ပြန်ရနိုင်မယ်။ ဘယ်သူကတော့ ပြန်ရဖို့ခက်တယ် ဆိုတာ သိနိုင်ပါတယ်။ အုပ်စု ၁ မှာသာ ပါခဲ့ရင်တော့ ဖုန်း ရသွားတဲ့သူက လာပြန်ပေးမှသာပြန်ရနိုင်ပါလိမ့်မယ်။

ဖုန်းတွေပျောက်ရှတာတွေကို မပြောခင်ပေါ့။ စကားနည်းနည်း ရှည်ပါရစေ။ 
ယနေ့ခေတ်မှာတော့ ဖုန်းတွေမှာ အသုံးပြုသိုလှောင်မှုများလာတာနဲ့အမျှ သိုလှောင်နိုင်စွမ်းမြင့်မားတဲ့ Storage ပမာဏကို ထည့်သွင်းလာကြပေမယ့် ကျွန်တော်တို့နိုင်ငံက လူအများစုကတော့ SD card ထပ်စိုက်လို့ရတဲ့ ဖုန်းတွေကိုသာ ပိုမိုနှစ်သက်နေဆဲ ရှိတာကို တွေ့ရပါတယ်။  SD ကဒ်စိုက်သုံးလို့ရတော့ ပိုမကောင်းဘူးလားလို့ မေးစရာရှိပါမယ်။ SD ဆိုတာ Internal Storage လောက် လျင်မြန်ခြင်းရှိ မရှိ စတာတွေ မပြောတော့ပါဘူး။
ခုလို ဖုန်းပျောက်တာ (ရိုးရိုးပျောက်တာရှိမယ်၊ ခိုးခံရတာလည်းရှိမယ်) ကြုံတဲ့အခါ Information Security လို့ခေါ်တဲ့ချက်အလက်လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တွေကို SD ထဲမှာ ထားမိထားရင်တော့ ဖုန်းပျောက်တာထက် ဆိုးသွားတဲ့အခြေအနေမျိုး ကြုံရနိုင်ပါတယ်။
မိမိတို့မိမိ လျှို့ဝှက်ရိုက်ထားမိတဲ့ ပုံတွေ၊ ဗီဒီယိုတွေကိုတော့  SDံ ထဲမှာ ဘယ်တော့မှ မသိမ်းမိအောင် ဂရုစိုက်ကြစေလိုပါတယ်။အကောင်းဆုံးကတော့ SD မလိုတဲ့ဖုန်းတွေကိုသာ ရွေးချယ်သုံးသင့်ပြီး SD ကို အားမပြုဖို့ဖြစ်ပါတယ်။ 
Storage များတဲ့ (32GB, 64GB, 128GB, 25GB, ..) ဖုန်းတွေကိုမှ ဝယ်မသုံးနိုင်တာလို့ ပြောကောင်း ပြောမယ့်သူတွေ ရှိနိုင်ပါတယ်။ ဒီဘက်ခေတ် ဖုန်းတိုင်းနီးပါးမှာတော့ OTG လို့ခေါ်တဲ့ USB One The GO သုံးလို့ရအောင် ဖန်တီးပေးထားတာမို့လို့ OTG stick တွေကိုသုံးပြီး သိမ်းထားနိုင်ပါတယ်။ (OTG မပျောက်အောင်တော့ ဂရုစိုက်ရပါမယ်)

စကားနည်းနည်းရှည်သွားပြီထင်ပါတယ်။ 
လိုရင်းကို ဆက်ရအောင်။

IMEI သိတယ် ဖုန်းကို ဘယ်လိုရှာရမလဲ?

ဒါကတော့ ကျွန်တော့်ဆီ မေးလာတဲ့လူတိုင်းနီးပါး ပထမဆုံးမေးလေ့ရှိတဲ့ မေးခွန်းပါ။ IMEI ဆိုတာ International Mobile Equipment Identity ကို အတိုကောက်ရေးထားတာဖြစ်ပြီး SIM card ထည့်ပြီးသုံးရတဲ့ device တိုင်းမှာပါတဲ့ နံပါတ်တစ်ခုဖြစ်ပါတယ်။ 
တစ်ကမူဘာလုံးမှာ တူညီတဲ့နံပါတ် နှစ်ခု မရှိဘူးလို့ ဘယ်လိုပင်ပြောပြော ကျွန်တော်ကတော့  တကယ် မယုံပါဘူး။ ကျွန်တော်တို့ဆီမှာ တွေ့ရအများဆုံးသော ဖုန်းတွေသည် China က လာပါတယ်။ IMEI တွေ ထပ်နေတဲ့ China Phone တွေလည်း အများကြီးပါပဲ။ ဒါကြောင့် ကျွန်တော်တို့နဲ့ IMEI တူတဲ့သူ မရှိနိုင်ဘူးလို့တော့ တစ်ထစ်ချ တွေးမထားသင့်ပါဘူး။ ကျွန်တော်ကိုယ်တိုင် China Mobile Company (Mandalay) မှာ IMEI နံပါတ်တွေကို အလုံးရာထောင်ချီ ပြောင်းပေးခဲ့ရဖူးသလို သူတို့ဘာသာ ဖန်တီးထားတဲ့ သူတို့နာမည်တံဆိပ် နဲ့ IMEI နံပါတ်တွေပါတဲ့ ကပ်ခွာ (စတစ်ကာ) တွေ ထိုင်ကပ်ပေးခဲ့ရဖူးပါတယ်။ (အဲသည်မှာ တစ်လတိတိ အလုပ်လုပ်ခဲ့ဖူးပါတယ်)
ဒီတော့ IMEI ဆိုတာ ကျွန်တော်တို့ အားကိုးလို့ရမယ့် အရာတစ်ခုလို့ တစ်ထစ်ချ မသတ်မှတ်ထားသင့်ပါဘူး။ နောက်တစ်ချက်က IMEI သိရုံနဲ့ ကျွန်တော်တို့ဖုန်းရဲ့ ရောက်ရှိနေတဲ့ တည်နေရာကို ရှာလို့ရတယ် ဆိုတာလည်း လုံးဝ လုံးဝ မမှန်ပါဘူး။ IMEI ကိုလည်း သိရမယ် အဲသည်ကနေတစ်ဆင့် ပြန်ရှာရာမှာ ကူညီပေးနိုင်မယ့် Application ကိုလည်း ထည့်သွင်းထားမယ်ဆိုမှသာလျင် ဖြစ်နိုင်ချေ အနည်းငယ် ရှိပါလိမ့်မယ်။
IMEI နံပါတ်ကို သိချင်ရင် ကျွန်တော်တို့ ဖုန်းထည့်တဲ့ Box မှာလည်း ပါသလို မည်သည့်ဖုန်းမှာမဆို အောက်ပါအတိုင်း ရိုက်ထည့်ရှာဖွေနိုင်ပါတယ်။


*#06#  ကိုခော်လိုက်ရုံနဲ့ အထက်ပါအတိုင်း IMEI နံပါတ်တွေကို မြင်ရပါမယ်။ 

Setting ထဲကနေလည်း ကြည့်နိုင်ပါတယ်။


Setting ထဲမှာတော့ About Phone ထဲမှာ ကြည့်ရမှာဖြစ်ပြီး ဖုန်းတစ်လုံးနဲ့တစ်လုံးတော့ ကွာခြားမှုရှိပါတယ်။ အချို့ဖုန်းတွေမှာ About Phone ထဲ ဝင်ရုံနဲ့ တွေ့ရမှာဖြစ်ပြီး၊ အချို့ဖုန်းတွေမှာတော့ About Phone >> Status >> IMEI Information စသည်ဖြင့် အဆင့်ဆင့် ဝင်ကြည့်ရတာမျိုးလည်း ရှိပါတယ်။ 
ဖုန်းဘူးခွံပော်က IMEI ပုံစံနဲ့ iPhone တွေမှာဆိုရင် နောက်ကျောမှာ IMEI နံပါတ်တွေ ပါတဲ့ပုံစံကို အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။ 


Single SIM လို့ခော်တဲ့ SIM တစ်ကဒ်ပဲ သုံးရတဲ့ဖုန်းတွေမှာတော့ IMEI နံပါတ်တစ်ခုသာ တွေ့ရမှာဖြစ်ပြီး Dual SIM ထည့်သုံးလို့ရတဲ့ ဖုန်းတွေမှာတော့ IMEI နှစ်ခု တွေ့ရမှာဖြစ်ပါတယ်။

IMEI ဆိုတာ ကြည့်ရတာလည်း လွယ်လွန်းသလို ပြောင်းရတာလည်း လွယ်လွန်းလို့  ဖုန်းပြန်ရှာတဲ့နေရာမှာတော့ အားကိုးလို့ မရနိုင်ပါ။

IMEI နဲ့ပတ်သက်ပြီး ပြောပြခြင်းသာဖြစ်ပြီး ကျွန်တော်တို့ ဖုန်းလည်း ပျောက်သွားတယ် IMEI ပဲသိပြီး ကျန်တာ မသိဘူးဆိုရင်တော့ ပျောက်သွားတဲ့ဖုန်းကိုခော် လက်ခံဖြေရင် ပြန်တောင်း ပြန်ပေးရင်ယူ မဟုတ်ရင်တော့ လှူ လိုက်တာ ကုသိုလ်ရပါတယ်။ 

ကြိုတင်ပြင်ဆင်နည်း - ၁

ခုနောက်ပိုင်း Android Version တွေလည်း မြင့်လာသလို လုံခြုံရေးစနစ်တွေလည်း အားကောင်းမောင်းသန် ရှင်သန်လာတာကို တွေ့ရပါမယ်။ လုံခြုံရေးကို ထည့်စဉ်းစားတဲ့ ဖုန်းတိုင်းလိုလိုမှာ ကာကွယ်ရေးစနစ်တွေအပြင် ပျောက်ဆုံးသွားတဲ့အခါ ရှာဖွေနိုင်ဖို့စနစ်တွေကိုပါ ထည့်သွင်းဆန်းသစ်လာကြပါတယ်။ Google Service ကောင်းစွာရတဲ့ ဖုန်း(OS) အမျိုးအစားတွေမှာတော့ Google LLC က အခမဲ့ထုတ်ထားပေးတဲ့ Find My Device ဆိုတဲ့ Application ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဖုန်းထဲမှာ Gmail account တစ်ခုထည့်သွင်းထားဖို့လိုပါမယ်။  Find My Device ကို Google Play Store ကနေ ဒေါင်းယူလိုပါက ဒီစာကြောင်းလေးကို နှိပ်ပါ။  App ထည့်သွင်းပြီးပါက Setting မှာ ပြင်ဆင်စရာလေးတွေ ကျန်ပါသေးတယ်။
  1. Settings ကိုဖွင့်ပါ။
  2. Security & lock screen ဆိုတဲ့ထဲဝင်ပါ။
  3. Device administrators ဆိုတဲ့နေရာအထိ ဆင်းလိုက်ပါ။
  4. Device Administrator ထဲက Find My Device ဆိုတဲ့နေရာမှာ အမှန်ခြစ်လေး ပေးလိုက်ပါ။
  5. ပြီးရင် Back ပြန်ထွက်ပါ။
  6. အထက်ပါ သုံးပုံရဲ့ ညာဘက်အစွန်ကပုံလို Find My Device မှာ On ဖြစ်နေဖို့ လိုပါတယ်။ On မဖြစ်သေးရင် ဖွင့်ဝင်ပြီး On လိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့ Setting ထဲမှာ ဆက်ပြင်စရာရှိပါသေးတယ်။ တည်နေရာရှာတဲ့အခါ တိကျမှု ရှိစေဖို့အတွက်
  1. Location ထဲဝင်ပြီး On ထားဖို့ လိုအပ်မှာဖြစ်သလို
  2. Mode ဆိုတဲ့နေရာမှာလည်း High Accuracy ဖြစ်အောင် ပြောင်းထားဖို့လိုပါမယ်။ 
  3. ပိုတိကျစေဖို့ပါ။ အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။
  4. Mode မှာ high accuracy ပြောင်းတာကတော့ လွယ်ပါတယ်။ အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။
  5. High Accuracy ပြောင်းပြီးသွားတဲ့အခါ အဲသည် Mode အောက်ပါမှာ ရှိတဲ့ Google Location History ဆိုတဲ့ထဲကို နှိပ်ဝင်လိုက်ပါ။ အထက်ပါပုံသုံးပုံရဲ့ ညာဘက်အစွန်ပုံထဲကနေရာပါ။

Location History နေရာမှာ ပိတ်နေရင် ဖွင့်ပေးထားပါ။ ပွင့်နေရင်တော့ ဘာမှလုပ်စရာ မလိုပါ။

ဘယ်လိုရှာကြမလဲ။

အထက်ပါအဆင့်တွေအတိုင်း ထည့်သွင်းထားတဲ့ မိမိတို့ဖုန်းတွေ ပျောက်သွားတဲ့အခါ အခြားဖုန်းတစ်လုံးကနေဖြစ်စေ၊ ကွန်ပျူတာကနေဖြစ်စေ အလွယ်တကူ ရှာတွေ့နိုင်မှာဖြစ်ပါတယ်။
အခြားဖုန်းရဲ့ Browser ကိုဖွင့်ပါ။ android.com/find လို့ရိုက်ထည့်ပြီး enter လိုက်ပါ။
မိမိတို့ပျောက်သွားတဲ့ဖုန်းရဲ့ Find Device မှာချိတ်ထားတဲ့ Google Account (gmail) ကို ရှာချင်တဲ့ Browser မှာ ထည့်ရပါမယ်။ ဒီနေရာမှာ အခက်တွေ့ကြတာက မိမိတို့ရဲ့ Gmail password ကို မေ့ခြင်းပါပဲ။ ကိုယ့် password ကို ကိုယ်မမှတ်မိသူများ စာအုပ်လေးတစ်အုပ်နဲ့ မိမိအခန်းထဲမှာဖြစ်ဖြစ် ရေးမှတ်ထားသင့်ပါတယ်။ နောက်ထပ် ကြုံရတဲ့ အခက်အခဲတစ်ခုက Two Step Verification  ခံထားတာမျိုးပါ။ မိမိ Account ကိုဝင်ရောက်နိုင်ဖို့အတွက် ဖုန်းနံပါတ်ကို ကုဒ်ပို့တာအောင် လုပ်ထားတယ်။ ပြီးတော့ Backup code လည်း ကူးယူမထားမိတာမျိုး၊ ပိုဆိုးတာက အဲသည် Two Steps ခံထားတဲ့ ဖုန်းကဒ်ကပါ ပျောက်သွားတဲ့ဖုန်းထဲ ပါသွားတာမျိုးဖြစ်တတ်ခြင်းပါ။ ဒါမျိုးတွေ မကြုံစေဖို့ Backup Code တွေကိုပါ စာအုပ်လေးတစ်အုပ်မှာ ရေးမှတ်ထားသင့်ပါတယ်။ two steps ခံမထားတဲ့ account တွေဆိုရင်တော့ အလွယ်တကူ ဝင်လို့ရပြီပေါ့။
Account ဝင်ပြီးသွားတာနဲ့ Find My Device မှာ ရှာလို့တွေ့နိုင်ပြီဖြစ်ပါတယ်။
အထက်ပါပုံတွေမှာ ဖုန်းကနေ ဝင်ကြည့်တဲ့အခါ မြင်ရတဲ့ပုံစံမျိုး ပြထားပါတယ်။ အဲသည်မှာကြည့်ရင် ကျွန်တော်တို့ဖုန်း ဘယ်ရောက်နေလဲဆိုတာ မြင်နိုင်မှာဖြစ်သလို ပိုပြီးလုံခြုံအောင် Secure mode ထဲကနေ Lock လှမ်းချလိုက်တာမျိုး၊ အထဲကဖိုင်တွေကို ဖျက်ပစ်တာမျိုးတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 

ဒါကတော့ ကွန်ပျူတာ Browser ကနေ မြင်ရတဲ့ ပုံစံဖြစ်ပါတယ်။ လက်ရှိ ရောက်နေတဲ့နေရာကို အတိအကျကို မြင်နေရပါတယ်။
ကြိုတင်ပြင်ဆင်နည်း - ၂
Family Locator app
Family Locator app by Life360 သည်လည်း အလားတူ သုံးနိုင်သော App တစ်မျိုးဖြစ်ပါတယ်။ မိမိရဲ့ မိသားစုဝင်တွေထဲက ဖုန်းတွေမှာပါ ထည့်သွင်းထားနိုင်ပြီး သူငယ်ချင်းအပေါင်းအသင်းများနှင့်လည်း ချိတ်ဆက်ထားနိုင်ပါသေးတယ်။ သူငယ်ချင်းတွေနဲ့ Chatting လည်းလုပ်နိုင်သလို ဖုန်းဘယ်နေရာမှာရှိနေတယ်ဆိုတာကိုလည်း ကြည့်နိုင်မြင်နေနိုင်ကြပါတယ်။ သုံးရတာလွယ်ကူပြီး Function ပိုစုံတာကြောင့်မို့ သူ့ကိုလည်း အသုံးများကြပါတယ်။   
မိမိချစ်သူ ဘယ်ရောက်နေလဲဆိုတာ သိနိုင်ဖို့၊ မိမိခင်ပွန်း ဘယ်မှာဆိုတာ Check နိုင်ဖို့အတွက် ဒါကို သုံးနိုင်ပါတယ်ခင်ဗျ 😋😋😋😋

Family Locator App ကို Download ယူရန် နှိပ်ပါ

ကြိုတင်ပြင်ဆင်နည်း - ၃
Cerberus anti theft app
Cerberus Anti Theft ကိုလည်း ဖုန်းပျောက်ရှာရာမှာ သုံးနိုင်ပါတယ်။ ဖုန်းပျောက်သွားတဲ့အခါ Lock လုပ်နိုင်တယ်။ Silent ဖြစ်နေရင်တောင်မှ ဖုန်းမြည်သံတွေထွက်အောင် လုပ်နိုင်တယ်၊ ဒေတာတွေကို လှမ်းဖျက်နိုင်တယ်။ ကင်မရာ၊ မိုက်ခရိုဖုန်း စတာတွေကို လှမ်းပြီးအသုံးပြုနိုင်ပါသေးတယ်။  
advanced features အနေနဲ့ App icon ကိုပါ ဖျောက်ထားနိုင်သေးတာမို့ ဖုန်းခိုးခံလိုက်ရတဲ့အခါ ရသွားတဲ့သူအနေနဲ့ မိမိ ဖုန်းရဲ့ password ကိုသိနေလို့ ဖွင့်လို့ရရင်တောင် app ရှိနေတာမသိနိုင်တဲ့အတွက် အချိန်ပိုရနိုင်ပါတယ်။ Cerberus website သို့မဟုတ် SMS ကနေတစ်ဆင့် ထည့်သွင်းပေးထားတဲ့ အခြားဖုန်းနံပါတ်တွေဆီ sms ပို့ပေးတာမျိုး စတာတွေနဲ့ ဖုန်းရယူထားသူက ဖုန်းကဒ်လဲလိုက်ရင်တောင် ကျွန်တော်တို့သိဖို့ ကူညီပေးပါလိမ့်မယ်။ 

ကြိုတင်ပြင်ဆင်နည်း - ၄

Prey Anti Theft app
လုပ်ဆောင်ချက်တွေက ကွာခြားမှု သိပ်မရှိလို့
အသေးစိတ်မပြောပြတော့ပါဘူး။

ကြိုတင်ပြင်ဆင်နည်း - ၅

Wheres My Droid app








*********************

အထက်ပါနည်းလမ်းတွေအပြင် Built-in ပါလာတဲ့ နည်းလမ်းတွေကိုလည်း သုံးနိုင်ပါသေးတယ်။
ဥပမာ - Xiaomi ဖုန်းတွေမှာ China ROM ကိုသုံးတဲ့ ဖုန်းတွေမှာတော့ Google Service တွေ ပါဝင်ထားခြင်းမရှိဘဲ ထပ်ထည့်မှ ရပါတယ်။ Google Play Service လည်း error ရှိနိုင်သေးတာကြောင့် Google Find Device ကို သုံးတဲ့အခါ မတိကျတာလည်း ဖြစ်နိုင်ပါတယ်။ Global ROM တွေမှာတော့ တိကျပါတယ်။
အဲသည်လို အခြေအနေမျိုးမှာတော့ Xiaomi ရဲ့ Built-in Find Device function ကိုပဲ mi account နဲ့ ချိတ်ဆက်သုံးသင့်ပါတယ်။
Setting ထဲမှာ Mi Account အတွက် ပါရှိပြီး Account ဖွင့်ရ လွယ်ကူပါတယ်။ Password ကို မမေ့သင့်သလို ကျွန်တော်တို့ဖုန်းထဲမှာ ထည့်ထားမယ့် ဆင်းကဒ်နဲ့ အကောင့်ဖွင့်တာမျိုး အားမပေးပါဘူး။ ဖုန်းရသွားတဲ့သူက Account ကိုပါ reset ချယူသွားရင် ဖုန်းရော အထဲက ဒေတာတွေပါ လွယ်လွယ်လေး ပါသွားနိုင်လို့ပါ။ ဒါကြောင့် ဖြစ်နိုင်ရင် mail တစ်ခုခုနဲ့သာ Account ဖွင့်ထားသင့်ပါတယ်။

Xiaomi မှာဆို Mi Account 
Meizu မှာဆို Flyme Account
Samsung မှာဆို Samsung Account
iPhone တွေမှာတော့ iCloud Account စသည်ဖြင့်ပေါ့။ Built-in ထည့်သွင်းပေးထားတဲ့စနစ်တွေကိုလည်း သုံးနိုင်မှာဖြစ်ပါတယ်။ အထက်ပါပုံမှာတော့ Xiaomi ရဲ့ Mi account ကနေ ဝင်ကြည့်နိုင်တာကို ပြထားပါတယ်။ Find Device ကနေ ဝင်ရှာရင် ရောက်ရှိနေတဲ့နေရာကို နီးကပ်စွာ မြင်တွေ့ရနိုင်ပါတယ်
.........
******************************
ရှာဖွေခြင်း၏ အဓိကအကျဆုံးအချက်

အထက်ပါနည်းလမ်းတွေကို ကြိုတင်ပြင်ဆင်ထားရင် ကျွန်တော်တို့ဖုန်း ပျောက်သွားတဲ့အခါ ပြန်ရှာလို့ တွေ့နိုင်ပါတယ်လို့ တစ်ထစ်ချ မှတ်ယူမထားသင့်ပါ။ 

၁။ ကျွန်တော်တို့ဖုန်းမှာ အင်တာနက် ဖွင့်ထားမှသာ ဖြစ်ပါမယ်။
ဒီအချက်က ကျွန်တော်တို့ အများစုနဲ့တော့ ဆန့်ကျင်ဘက်အချက်တစ်ခုပါပဲ။
ဖုန်းထဲမှာ ဘေမရှိတာတို့၊ အင်တာနက်ကို Facebook သုံးချိန်လောက်သာ ဖွင့်သုံးပြီး ကျန်တဲ့အချိန်တွေ ပိတ်ထားတာတို့ ဆိုရင်တော့ ဖုန်းပျောက်သွားတဲ့အချိန် အင်တာနက် ဖွင့်မထားတဲ့အခါ အဆင်ပြေမှာ မဟုတ်ပါဘူး။ (ကျွန်တော်ကတော့ အင်တာနက် အမြဲဖွင့်ထားပါတယ်)
အမြဲတမ်း ဖွင့်ထားနိုင်ဖို့အတွက်လည်း ဘေမခိုးတဲ့ ကဒ်တစ်ခုရှာပြီး ဆောင်ထားဖို့တော့ လိုတာပေါ့ 😛
MPT, Telenor, Ooredoo တွေ အားလုံးက လိုတာထက် ပိုဖြတ်နေတာချည်းပေမယ့် ကဒ်တိုင်းဖြစ်တာ တော့ မဟုတ်ပါဘူး။ ကျွန်တော်ဆို သုံးကဒ်လောက်စမ်းမှ ဘေခိုးမခံရတဲ့ကဒ် တစ်ကဒ် ရတယ်။ အဲလို 😝😝 MyTel တော့ ကျွန်တော် မသုံးဖူးလို့ ကောင်း မကောင်း မပြောဘူးနော်။

၂။ အင်တာနက်ကို အလွယ်တကူ ပိတ်လို့ရအောင် လုပ်မထားသင့်ပါဘူး။
ကျွန်တော်တို့ဖုန်းတွေ Lock ချထားပေမယ့် Lock Screen ပော်မှာကို Noti Bar ကိုဆွဲချပြီး အင်တာနက် ဖွင့်လို့ပိတ်လို့ရတာတွေ ရှိရင် setting ကနေ ဖယ်ထားဖို့ လိုပါမယ်။ net အဖွင့်အပိတ်နဲ့ Air Plane Mode တွေကို ဖယ်ထားလို့ရရင် ဖယ်ထားလိုက်ပါ။ ကျွန်တော်တော့ အားလုံးဖယ်ထားပါတယ်။ အင်တာနက်က အမြဲဖွင့်ထားဖြစ်မှာဖြစ်လို့ အဖွင့်အပိတ်ကို Noti Bar မှာ ဖော်မနေတော့ပါဘူး။ 

၃။ အဓိကအကျဆုံးအချက်က ဖုန်းမပျောက်အောင်သာ ဂရုစိုက်ပါ။ ပျောက်သွားမှာ ပြန်ရှာနေရတာထက် မပျောက်အောင် ထိန်းသိမ်းတာက အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ လျို့ဝှက်အပ်တဲ့ပုံတွေ ဗီဒီယိုတွေကိုလည်း SD နဲ့ လုံးဝ မသိမ်းမိပါစေနဲ့နော်။ အင်တာနက်ကနေ ပျံ့သွားနိုင်လို့ပါ။

၄။ ပျောက်သွားတဲ့အခါ ပြန်ရ မရဆိုတာကတော့ ယူသွားတဲ့သူနဲ့ပဲ သက်ဆိုင်ပါမယ်။
အချို့ဆို Lock ကျနေလို့ သုံးလို့တောင် မရတဲ့အခြေအနေကိုတောင်မှ ပြန်မပေးဘဲ ဒီတိုင်းပဲ ကိုင်ထားတဲ့သူတွေလည်း ရှိနေတတ်ပါတယ်။ 

ညအိပ်ချိန်လေးကိုဖဲ့ပြီး အိပ်ငိုက်နေတဲ့ကြားက တင်ပေးလိုက်ပါတယ်ခင်ဗျာ။

လိုအပ်တာလေးတွေရှိပါက ဖြည့်စွက်နားလည်ပေးကြပါ

အားလုံးကို အထူးကျေးဇူးခင်ဗျာ


Zawgyi Version

Click Here For Unicode Font

ဖုန္းေပ်ာက္ဖူးၾကသူ အေတာ္မ်ားမ်ား ေတြ႔ဖူးပါတယ္။ ကြ်န္ေတာ္ကိုယ္တိုင္လည္း ဖုန္းေပ်ာက္ဖူးပါတယ္။ ဒါေေၾကာင့္ ဖုန္းေပ်ာက္သြားတဲ့အခါ ဘယ္လိုျပန္ရွာ   ၾကမလဲ ဆိုတဲ့ေမးခြန္းက လူအေတာ္မ်ားမ်ားအတြက္ သိခ်င္စိတ္အျပင္းဆံုးေေေေေမးခြန္းအမ်ိဳးအစားထဲ ပါေနပါေတာ့တယ္။ 

ဖုန္းေပ်ာက္တာနဲ့ ပတ္သက္ျပီး ေျပာမွာဆိုေတာ့ ဖုန္းေပ်ာက္တဲ့အေျခအေန နွစ္ရပ္ ခြဲလိုက္ရေအာင္။

၁။ ဖုန္းဝယ္လာကတည္းက Screen lock ေလးပဲ ခ်ထားတယ္။ က်န္တာ ဘာမွလုပ္မထားဘူး
၂။ ဖုန္းဆိုတာေပ်ာက္တတ္တဲ့အရာျဖစ္လို႔ ေပ်ာက္သြားတဲ့အခါ အဆင္ေျပေစဖို႔ ၾကိဳတင္စီစဥ္ထားတယ္။ 

အထက္ပါ အစုနွစ္ခုမွာတင္ ဘယ္သူကေတ ျပန္ရနိုင္မယ္။ ဘယ္သူကေတာ့ ျပန္ရဖို့ခက္တယ္ ဆိုတာ သိနိုင္ပါတယ္။ အုပ္စု ၁ မွာသာ ပါခဲ့ရင္ေတာ့ ဖုန္း ရသြားတဲ့သူက လာျပန္ေပးမွသာျပန္ရနိုင္ပါလိမ့္မယ္။

ဖုန္းေတြေပ်ာက္ရွတာေတြကို မေျပာခင္ေပါ့။ စကားနည္းနည္း ရွည္ပါရေစ။ 
ယေန့ေခတ္မွာေတာ့ ဖုန္းေတြမွာ အသံုးျပဳသိုေလွာင္မွုမ်ားလာတာနဲ့အမွ် သိုေလွာင္နိုင္စြမ္းျမင့္မားတဲ့ Storage ပမာဏကို ထည့္သြင္းလာၾကေပမယ့္ ကြ်န္ေတာ္တို့နိုင္ငံက လူအမ်ားစုကေတာ့ SD card ထပ္စိုက္လို့ရတဲ့ ဖုန္းေတြကိုသာ ပိုမိုနွစ္သက္ေနဆဲ ရွိတာကို ေတြ႕ရပါတယ္။  SD ကဒ္စိုက္သံုးလို့ရေတာ့ ပိုမေကာင္းဘူးလားလို့ ေမးစရာရွိပါမယ္။ SD ဆိုတာ Internal Storage ေလာက္ လ်င္ျမန္ျခင္းရွိ မရွိ စတာေတြ မေျပာေတာ့ပါဘူး။
ခုလို ဖုန္းေပ်ာက္တာ (ရိုးရိုးေပ်ာက္တာရွိမယ္၊ ခုိးခံရတာလည္းရွိမယ္) ၾကံဳတဲ့အခါ Information Security လို႔ေခၚတဲ့ခ်က္အလက္လံုျခံဳေရးနဲ႔ ကိုယ္ေရးကိုယ္တာ လွ်ိဳ႕ဝွက္ခ်က္ေတြကို SD ထဲမွာ ထားမိထားရင္ေတာ့ ဖုန္းေပ်ာက္တာထက္ ဆိုးသြားတဲ့အေျခအေနမ်ိဳး ၾကံဳရနိုင္ပါတယ္။
မိမိတို့မိမိ လွ်ိဳ႕ဝွက္ရိုက္ထားမိတဲ့ ပံုေတြ၊ ဗီဒီယိုေတြကိုေတာ့  SDံ ထဲမွာ ဘယ္ေတာ့မွ မသိမ္းမိေအာင္ ဂရုစိုက္ၾကေစလိုပါတယ္။အေကာင္းဆံုးကေတာ့ SD မလိုတဲ့ဖုန္းေတြကိုသာ ေရြးခ်ယ္သံုးသင့္ျပီး SD ကို အားမျပဳဖို့ျဖစ္ပါတယ္။ 
Storage မ်ားတဲ့ (32GB, 64GB, 128GB, 25GB, ..) ဖုန္းေတြကိုမွ ဝယ္မသံုးနိုင္တာလို့ ေျပာေကာင္း ေျပာမယ့္သူေတြ ရွိနိုင္ပါတယ္။ ဒီဘက္ေခတ္ ဖုန္းတိုင္းနီးပါးမွာေတာ့ OTG လို့ေခၚတဲ့ USB One The GO သံုးလို့ရေအာင္ ဖန္တီးေပးထားတာမို့လို့ OTG stick ေတြကိုသံုးျပီး သိမ္းထားနိုင္ပါတယ္။ (OTG မေပ်ာက္ေအာင္ေတာ့ ဂရုစိုက္ရပါမယ္)

စကားနည္းနည္းရွည္သြားျပီထင္ပါတယ္။ 
လိုရင္းကို ဆက္ရေအာင္။

IMEI သိတယ္ ဖုန္းကို ဘယ္လိုရွာရမလဲ?

ဒါကေတာ့ ကြ်န္ေတာ့္ဆီ ေမးလာတဲ့လူတိုင္းနီးပါး ပထမဆံုးေမးေလ့ရွိတဲ့ ေမးခြန္းပါ။ IMEI ဆိုတာ International Mobile Equipment Identity ကို အတိုေကာက္ေရးထားတာျဖစ္ျပီး SIM card ထည့္ျပီးသံုးရတဲ့ device တိုင္းမွာပါတဲ့ နံပါတ္တစ္ခုျဖစ္ပါတယ္။ 
တစ္ကမဿဘာလံုးမွာ တူညီတဲ့နံပါတ္ နွစ္ခု မရွိဘူးလို့ ဘယ္လိုပင္ေျပာေျပာ ကြၽန္ေတာ္ကေတာ့  တကယ္ မယံုပါဘူး။ ကြ်န္ေတာ္တို့ဆီမွာ ေတြ႕ရအမ်ားဆံုးေသာ ဖုန္းေတြသည္ China က လာပါတယ္။ IMEI ေတြ ထပ္ေနတဲ့ China Phone ေတြလည္း အမ်ားျကီးပါပဲ။ ဒါေျကာင့္ ကြ်န္ေတာ္တို့နဲ့ IMEI တူတဲ့သူ မရွိနိုင္ဘူးလို့ေတာ့ တစ္ထစ္ခ် ေတြးမထားသင့္ပါဘူး။ ကြ်န္ေတာ္ကိုယ္တိုင္ China Mobile Company (Mandalay) မွာ IMEI နံပါတ္ေတြကို အလံုးရာေထာင္ခ်ီ ေျပာင္းေပးခဲ့ရဖူးသလို သူတို့ဘာသာ ဖန္တီးထားတဲ့ သူတို့နာမည္တံဆိပ္ နဲ့ IMEI နံပါတ္ေတြပါတဲ့ ကပ္ခြာ (စတစ္ကာ) ေတြ ထိုင္ကပ္ေပးခဲ့ရဖူးပါတယ္။ (အဲသည္မွာ တစ္လတိတိ အလုပ္လုပ္ခဲ့ဖူးပါတယ္)
ဒီေတာ့ IMEI ဆိုတာ ကြ်န္ေတာ္တို့ အားကိုးလို့ရမယ့္ အရာတစ္ခုလို့ တစ္ထစ္ခ် မသတ္မွတ္ထားသင့္ပါဘူး။ ေနာက္တစ္ခ်က္က IMEI သိရံုနဲ့ ကြ်န္ေတာ္တို့ဖုန္းရဲ့ ေရာက္ရွိေနတဲ့ တည္ေနရာကို ရွာလို့ရတယ္ ဆိုတာလည္း လံုးဝ လံုးဝ မမွန္ပါဘူး။ IMEI ကိုလည္း သိရမယ္ အဲသည္ကေနတစ္ဆင့္ ျပန္ရွာရာမွာ ကူညီေပးနိုင္မယ့္ Application ကိုလည္း ထည့္သြင္းထားမယ္ဆိုမွသာလ်င္ ျဖစ္နိုင္ေခ် အနည္းငယ္ ရွိပါလိမ့္မယ္။
IMEI နံပါတ္ကို သိခ်င္ရင္ ကြ်န္ေတာ္တို့ ဖုန္းထည့္တဲ့ Box မွာလည္း ပါသလို မည္သည့္ဖုန္းမွာမဆို ေအာက္ပါအတိုင္း ရိုက္ထည့္ရွာေဖြနိုင္ပါတယ္။


*#06#  ကိုေခာ္လိုက္ရံုနဲ့ အထက္ပါအတိုင္း IMEI နံပါတ္ေတြကို ျမင္ရပါမယ္။ 

Setting ထဲကေနလည္း ျကည့္နိုင္ပါတယ္။


Setting ထဲမွာေတာ့ About Phone ထဲမွာ ျကည့္ရမွာျဖစ္ျပီး ဖုန္းတစ္လံုးနဲ့တစ္လံုးေတာ့ ကြာျခားမွုရွိပါတယ္။ အခ်ို့ဖုန္းေတြမွာ About Phone ထဲ ဝင္ရံုနဲ့ ေတြ့ရမွာျဖစ္ျပီး၊ အခ်ို့ဖုန္းေတြမွာေတာ့ About Phone >> Status >> IMEI Information စသည္ျဖင့္ အဆင့္ဆင့္ ဝင္ျကည့္ရတာမ်ိုးလည္း ရွိပါတယ္။ 
ဖုန္းဘူးခြံေပာ္က IMEI ပံုစံနဲ့ iPhone ေတြမွာဆိုရင္ ေနာက္ေက်ာမွာ IMEI နံပါတ္ေတြ ပါတဲ့ပံုစံကို ေအာက္ပါပံုမွာ ျကည့္နိုင္ပါတယ္။ 


Single SIM လို့ေခာ္တဲ့ SIM တစ္ကဒ္ပဲ သံုးရတဲ့ဖုန္းေတြမွာေတာ့ IMEI နံပါတ္တစ္ခုသာ ေတြ့ရမွာျဖစ္ျပီး Dual SIM ထည့္သံုးလို့ရတဲ့ ဖုန္းေတြမွာေတာ့ IMEI နွစ္ခု ေတြ့ရမွာျဖစ္ပါတယ္။

IMEI ဆိုတာ ျကည့္ရတာလည္း လြယ္လြန္းသလို ေျပာင္းရတာလည္း လြယ္လြန္းလို့  ဖုန္းျပန္ရွာတဲ့ေနရာမွာေတာ့ အားကိုးလို့ မရနိုင္ပါ။

IMEI နဲ့ပတ္သက္ျပီး ေျပာျပျခင္းသာျဖစ္ျပီး ကြ်န္ေတာ္တို့ ဖုန္းလည္း ေပ်ာက္သြားတယ္ IMEI ပဲသိျပီး က်န္တာ မသိဘူးဆိုရင္ေတာ့ ေပ်ာက္သြားတဲ့ဖုန္းကိုေခာ္ လက္ခံေျဖရင္ ျပန္ေတာင္း ျပန္ေပးရင္ယူ မဟုတ္ရင္ေတာ့ လွူ လိုက္တာ ကုသိုလ္ရပါတယ္။ 

ျကိုတင္ျပင္ဆင္နည္း - ၁

ခုေနာက္ပိုင္း Android Version ေတြလည္း ျမင့္လာသလို လံုျခံုေရးစနစ္ေတြလည္း အားေကာင္းေမာင္းသန္ ရွင္သန္လာတာကို ေတြ့ရပါမယ္။ လံုျခံုေရးကို ထည့္စဥ္းစားတဲ့ ဖုန္းတိုင္းလိုလိုမွာ ကာကြယ္ေရးစနစ္ေတြအျပင္ ေပ်ာက္ဆံုးသြားတဲ့အခါ ရွာေဖြနိုင္ဖို့စနစ္ေတြကိုပါ ထည့္သြင္းဆန္းသစ္လာျကပါတယ္။ Google Service ေကာင္းစြာရတဲ့ ဖုန္း(OS) အမ်ိုးအစားေတြမွာေတာ့ Google LLC က အခမဲ့ထုတ္ထားေပးတဲ့ Find My Device ဆိုတဲ့ Application ကို ထည့္သြင္းအသံုးျပုနိုင္ပါတယ္။ ဖုန္းထဲမွာ Gmail account တစ္ခုထည့္သြင္းထားဖို့လိုပါမယ္။  Find My Device ကို Google Play Store ကေန ေဒါင္းယူလိုပါက ဒီစာေျကာင္းေလးကို နွိပ္ပါ။  App ထည့္သြင္းျပီးပါက Setting မွာ ျပင္ဆင္စရာေလးေတြ က်န္ပါေသးတယ္။
  1. Settings ကိုဖြင့္ပါ။
  2. Security & lock screen ဆိုတဲ့ထဲဝင္ပါ။
  3. Device administrators ဆိုတဲ့ေနရာအထိ ဆင္းလိုက္ပါ။
  4. Device Administrator ထဲက Find My Device ဆိုတဲ့ေနရာမွာ အမွန္ျခစ္ေလး ေပးလိုက္ပါ။
  5. ျပီးရင္ Back ျပန္ထြက္ပါ။
  6. အထက္ပါ သံုးပံုရဲ့ ညာဘက္အစြန္ကပံုလို Find My Device မွာ On ျဖစ္ေနဖို့ လိုပါတယ္။ On မျဖစ္ေသးရင္ ဖြင့္ဝင္ျပီး On လိုက္ပါ။
ေနာက္တစ္ဆင့္အေနနဲ့ Setting ထဲမွာ ဆက္ျပင္စရာရွိပါေသးတယ္။ တည္ေနရာရွာတဲ့အခါ တိက်မွု ရွိေစဖို့အတြက္
  1. Location ထဲဝင္ျပီး On ထားဖို့ လိုအပ္မွာျဖစ္သလို
  2. Mode ဆိုတဲ့ေနရာမွာလည္း High Accuracy ျဖစ္ေအာင္ ေျပာင္းထားဖို့လိုပါမယ္။ 
  3. ပိုတိက်ေစဖို့ပါ။ ေအာက္ပါပံုမွာ ျကည့္နိုင္ပါတယ္။
  4. Mode မွာ high accuracy ေျပာင္းတာကေတာ့ လြယ္ပါတယ္။ ေအာက္ပါပံုမွာ ျကည့္နိုင္ပါတယ္။
  5. High Accuracy ေျပာင္းျပီးသြားတဲ့အခါ အဲသည္ Mode ေအာက္ပါမွာ ရွိတဲ့ Google Location History ဆိုတဲ့ထဲကို နွိပ္ဝင္လိုက္ပါ။ အထက္ပါပံုသံုးပံုရဲ့ ညာဘက္အစြန္ပံုထဲကေနရာပါ။

Location History ေနရာမွာ ပိတ္ေနရင္ ဖြင့္ေပးထားပါ။ ပြင့္ေနရင္ေတာ့ ဘာမွလုပ္စရာ မလိုပါ။

ဘယ္လိုရွာျကမလဲ။

အထက္ပါအဆင့္ေတြအတိုင္း ထည့္သြင္းထားတဲ့ မိမိတို့ဖုန္းေတြ ေပ်ာက္သြားတဲ့အခါ အျခားဖုန္းတစ္လံုးကေနျဖစ္ေစ၊ ကြန္ပ်ူတာကေနျဖစ္ေစ အလြယ္တကူ ရွာေတြ့နိုင္မွာျဖစ္ပါတယ္။
အျခားဖုန္းရဲ့ Browser ကိုဖြင့္ပါ။ android.com/find လို့ရိုက္ထည့္ျပီး enter လိုက္ပါ။
မိမိတို့ေပ်ာက္သြားတဲ့ဖုန္းရဲ့ Find Device မွာခ်ိတ္ထားတဲ့ Google Account (gmail) ကို ရွာခ်င္တဲ့ Browser မွာ ထည့္ရပါမယ္။ ဒီေနရာမွာ အခက္ေတြ့ျကတာက မိမိတို့ရဲ့ Gmail password ကို ေမ့ျခင္းပါပဲ။ ကိုယ့္ password ကို ကုိယ္မမွတ္မိသူမ်ား စာအုပ္ေလးတစ္အုပ္နဲ့ မိမိအခန္းထဲမွာျဖစ္ျဖစ္ ေရးမွတ္ထားသင့္ပါတယ္။ ေနာက္ထပ္ ျကံုရတဲ့ အခက္အခဲတစ္ခုက Two Step Verification  ခံထားတာမ်ိုးပါ။ မိမိ Account ကိုဝင္ေရာက္နိုင္ဖို့အတြက္ ဖုန္းနံပါတ္ကို ကုဒ္ပို့တာေအာင္ လုပ္ထားတယ္။ ျပီးေတာ့ Backup code လည္း ကူးယူမထားမိတာမ်ိုး၊ ပိုဆိုးတာက အဲသည္ Two Steps ခံထားတဲ့ ဖုန္းကဒ္ကပါ ေပ်ာက္သြားတဲ့ဖုန္းထဲ ပါသြားတာမ်ိုးျဖစ္တတ္ျခင္းပါ။ ဒါမ်ိုးေတြ မျကံုေစဖို့ Backup Code ေတြကိုပါ စာအုပ္ေလးတစ္အုပ္မွာ ေရးမွတ္ထားသင့္ပါတယ္။ two steps ခံမထားတဲ့ account ေတြဆိုရင္ေတာ့ အလြယ္တကူ ဝင္လို့ရျပီေပါ့။
Account ဝင္ျပီးသြားတာနဲ့ Find My Device မွာ ရွာလို့ေတြ့နိုင္ျပီျဖစ္ပါတယ္။
အထက္ပါပံုေတြမွာ ဖုန္းကေန ဝင္ျကည့္တဲ့အခါ ျမင္ရတဲ့ပံုစံမ်ိုး ျပထားပါတယ္။ အဲသည္မွာျကည့္ရင္ ကြ်န္ေတာ္တို့ဖုန္း ဘယ္ေရာက္ေနလဲဆိုတာ ျမင္နိုင္မွာျဖစ္သလို ပိုျပီးလံုျခံုေအာင္ Secure mode ထဲကေန Lock လွမ္းခ်လိုက္တာမ်ိုး၊ အထဲကဖိုင္ေတြကို ဖ်က္ပစ္တာမ်ိုးေတြ လုပ္ေဆာင္နိုင္မွာ ျဖစ္ပါတယ္။ 

ဒါကေတာ့ ကြန္ပ်ူတာ Browser ကေန ျမင္ရတဲ့ ပံုစံျဖစ္ပါတယ္။ လက္ရွိ ေရာက္ေနတဲ့ေနရာကို အတိအက်ကို ျမင္ေနရပါတယ္။
ျကိုတင္ျပင္ဆင္နည္း - ၂
Family Locator app
Family Locator app by Life360 သည္လည္း အလားတူ သံုးနိုင္ေသာ App တစ္မ်ိုးျဖစ္ပါတယ္။ မိမိရဲ့ မိသားစုဝင္ေတြထဲက ဖုန္းေတြမွာပါ ထည့္သြင္းထားနိုင္ျပီး သူငယ္ခ်င္းအေပါင္းအသင္းမ်ားနွင့္လည္း ခ်ိတ္ဆက္ထားနိုင္ပါေသးတယ္။ သူငယ္ခ်င္းေတြနဲ့ Chatting လည္းလုပ္နိုင္သလို ဖုန္းဘယ္ေနရာမွာရွိေနတယ္ဆိုတာကိုလည္း ျကည့္နိုင္ျမင္ေနနိုင္ျကပါတယ္။ သံုးရတာလြယ္ကူျပီး Function ပိုစံုတာေျကာင့္မို့ သူ့ကိုလည္း အသံုးမ်ားျကပါတယ္။   
မိမိခ်စ္သူ ဘယ္ေရာက္ေနလဲဆိုတာ သိနိုင္ဖို့၊ မိမိခင္ပြန္း ဘယ္မွာဆိုတာ Check နိုင္ဖို့အတြက္ ဒါကို သံုးနိုင္ပါတယ္ခင္ဗ် 😋😋😋😋

Family Locator App ကို Download ယူရန္ နွိပ္ပါ

ျကိုတင္ျပင္ဆင္နည္း - ၃
Cerberus anti theft app
Cerberus Anti Theft ကိုလည္း ဖုန္းေပ်ာက္ရွာရာမွာ သံုးနိုင္ပါတယ္။ ဖုန္းေပ်ာက္သြားတဲ့အခါ Lock လုပ္နိုင္တယ္။ Silent ျဖစ္ေနရင္ေတာင္မွ ဖုန္းျမည္သံေတြထြက္ေအာင္ လုပ္နိုင္တယ္၊ ေဒတာေတြကို လွမ္းဖ်က္နိုင္တယ္။ ကင္မရာ၊ မိုက္ခရိုဖုန္း စတာေတြကို လွမ္းျပီးအသံုးျပုနိုင္ပါေသးတယ္။  
advanced features အေနနဲ့ App icon ကိုပါ ေဖ်ာက္ထားနိုင္ေသးတာမို့ ဖုန္းခိုးခံလိုက္ရတဲ့အခါ ရသြားတဲ့သူအေနနဲ့ မိမိ ဖုန္းရဲ့ password ကိုသိေနလို့ ဖြင့္လို့ရရင္ေတာင္ app ရွိေနတာမသိနိုင္တဲ့အတြက္ အခ်ိန္ပိုရနိုင္ပါတယ္။ Cerberus website သို့မဟုတ္ SMS ကေနတစ္ဆင့္ ထည့္သြင္းေပးထားတဲ့ အျခားဖုန္းနံပါတ္ေတြဆီ sms ပို့ေပးတာမ်ိုး စတာေတြနဲ့ ဖုန္းရယူထားသူက ဖုန္းကဒ္လဲလိုက္ရင္ေတာင္ ကြ်န္ေတာ္တို့သိဖို့ ကူညီေပးပါလိမ့္မယ္။ 

ျကိုတင္ျပင္ဆင္နည္း - ၄

Prey Anti Theft app
လုပ္ေဆာင္ခ်က္ေတြက ကြာျခားမွု သိပ္မရွိလို့
အေသးစိတ္မေျပာျပေတာ့ပါဘူး။

ျကိုတင္ျပင္ဆင္နည္း - ၅

Wheres My Droid app








*********************

အထက္ပါနည္းလမ္းေတြအျပင္ Built-in ပါလာတဲ့ နည္းလမ္းေတြကိုလည္း သံုးနိုင္ပါေသးတယ္။
ဥပမာ - Xiaomi ဖုန္းေတြမွာ China ROM ကိုသံုးတဲ့ ဖုန္းေတြမွာေတာ့ Google Service ေတြ ပါဝင္ထားျခင္းမရွိဘဲ ထပ္ထည့္မွ ရပါတယ္။ Google Play Service လည္း error ရွိနိုင္ေသးတာေျကာင့္ Google Find Device ကို သံုးတဲ့အခါ မတိက်တာလည္း ျဖစ္နိုင္ပါတယ္။ Global ROM ေတြမွာေတာ့ တိက်ပါတယ္။
အဲသည္လို အေျခအေနမ်ိုးမွာေတာ့ Xiaomi ရဲ့ Built-in Find Device function ကိုပဲ mi account နဲ့ ခ်ိတ္ဆက္သံုးသင့္ပါတယ္။
Setting ထဲမွာ Mi Account အတြက္ ပါရွိျပီး Account ဖြင့္ရ လြယ္ကူပါတယ္။ Password ကို မေမ့သင့္သလို ကြ်န္ေတာ္တို့ဖုန္းထဲမွာ ထည့္ထားမယ့္ ဆင္းကဒ္နဲ့ အေကာင့္ဖြင့္တာမ်ိုး အားမေပးပါဘူး။ ဖုန္းရသြားတဲ့သူက Account ကိုပါ reset ခ်ယူသြားရင္ ဖုန္းေရာ အထဲက ေဒတာေတြပါ လြယ္လြယ္ေလး ပါသြားနိုင္လို့ပါ။ ဒါေျကာင့္ ျဖစ္နိုင္ရင္ mail တစ္ခုခုနဲ့သာ Account ဖြင့္ထားသင့္ပါတယ္။

Xiaomi မွာဆို Mi Account 
Meizu မွာဆို Flyme Account
Samsung မွာဆို Samsung Account
iPhone ေတြမွာေတာ့ iCloud Account စသည္ျဖင့္ေပါ့။ Built-in ထည့္သြင္းေပးထားတဲ့စနစ္ေတြကိုလည္း သံုးနိုင္မွာျဖစ္ပါတယ္။ အထက္ပါပံုမွာေတာ့ Xiaomi ရဲ့ Mi account ကေန ဝင္ျကည့္နိုင္တာကို ျပထားပါတယ္။ Find Device ကေန ဝင္ရွာရင္ ေရာက္ရွိေနတဲ့ေနရာကို နီးကပ္စြာ ျမင္ေတြ့ရနိုင္ပါတယ္
.........
******************************
ရွာေဖြျခင္း၏ အဓိကအက်ဆံုးအခ်က္

အထက္ပါနည္းလမ္းေတြကို ျကိုတင္ျပင္ဆင္ထားရင္ ကြ်န္ေတာ္တို့ဖုန္း ေပ်ာက္သြားတဲ့အခါ ျပန္ရွာလို့ ေတြ့နိုင္ပါတယ္လို့ တစ္ထစ္ခ် မွတ္ယူမထားသင့္ပါ။ 

၁။ ကြ်န္ေတာ္တို့ဖုန္းမွာ အင္တာနက္ ဖြင့္ထားမွသာ ျဖစ္ပါမယ္။
ဒီအခ်က္က ကြ်န္ေတာ္တို့ အမ်ားစုနဲ့ေတာ့ ဆန့္က်င္ဘက္အခ်က္တစ္ခုပါပဲ။
ဖုန္းထဲမွာ ေဘမရွိတာတို့၊ အင္တာနက္ကို Facebook သံုးခ်ိန္ေလာက္သာ ဖြင့္သံုးျပီး က်န္တဲ့အခ်ိိန္ေတြ ပိတ္ထားတာတို့ ဆိုရင္ေတာ့ ဖုန္းေပ်ာက္သြားတဲ့အခ်ိန္ အင္တာနက္ ဖြင့္မထားတဲ့အခါ အဆင္ေျပမွာ မဟုတ္ပါဘူး။ (ကြ်န္ေတာ္ကေတာ့ အင္တာနက္ အျမဲဖြင့္ထားပါတယ္)
အျမဲတမ္း ဖြင့္ထားနိုင္ဖို့အတြက္လည္း ေဘမခိုးတဲ့ ကဒ္တစ္ခုရွာျပီး ေဆာင္ထားဖို့ေတာ့ လိုတာေပါ့ 😛
MPT, Telenor, Ooredoo ေတြ အားလံုးက လိုတာထက္ ပိုျဖတ္ေနတာခ်ည္းေပမယ့္ ကဒ္တိုင္းျဖစ္တာ ေတာ့ မဟုတ္ပါဘူး။ ကြ်န္ေတာ္ဆို သံုးကဒ္ေလာက္စမ္းမွ ေဘခိုးမခံရတဲ့ကဒ္ တစ္ကဒ္ ရတယ္။ အဲလို 😝😝 MyTel ေတာ့ ကြ်န္ေတာ္ မသံုးဖူးလို့ ေကာင္း မေကာင္း မေျပာဘူးေနာ္။

၂။ အင္တာနက္ကို အလြယ္တကူ ပိတ္လို့ရေအာင္ လုပ္မထားသင့္ပါဘူး။
ကြ်န္ေတာ္တို့ဖုန္းေတြ Lock ခ်ထားေပမယ့္ Lock Screen ေပာ္မွာကို Noti Bar ကိုဆြဲခ်ျပီး အင္တာနက္ ဖြင့္လို့ပိတ္လို့ရတာေတြ ရွိရင္ setting ကေန ဖယ္ထားဖို့ လိုပါမယ္။ net အဖြင့္အပိတ္နဲ့ Air Plane Mode ေတြကို ဖယ္ထားလို့ရရင္ ဖယ္ထားလိုက္ပါ။ ကြ်န္ေတာ္ေတာ့ အားလံုးဖယ္ထားပါတယ္။ အင္တာနက္က အျမဲဖြင့္ထားျဖစ္မွာျဖစ္လို့ အဖြင့္အပိတ္ကို Noti Bar မွာ ေဖာ္မေနေတာ့ပါဘူး။ 

၃။ အဓိကအက်ဆံုးအခ်က္က ဖုန္းမေပ်ာက္ေအာင္သာ ဂရုစိုက္ပါ။ ေပ်ာက္သြားမွာ ျပန္ရွာေနရတာထက္ မေပ်ာက္ေအာင္ ထိန္းသိမ္းတာက အေကာင္းဆံုးပါပဲ။ ကိုယ့္ရဲ့ လ်ို့ဝွက္အပ္တဲ့ပံုေတြ ဗီဒီယိုေတြကိုလည္း SD နဲ့ လံုးဝ မသိမ္းမိပါေစနဲ့ေနာ္။ အင္တာနက္ကေန ပ်ံ့သြားနိုင္လို့ပါ။

၄။ ေပ်ာက္သြားတဲ့အခါ ျပန္ရ မရဆိုတာကေတာ့ ယူသြားတဲ့သူနဲ့ပဲ သက္ဆိုင္ပါမယ္။
အခ်ို့ဆို Lock က်ေနလို့ သံုးလို့ေတာင္ မရတဲ့အေျခအေနကိုေတာင္မွ ျပန္မေပးဘဲ ဒီတိုင္းပဲ ကိုင္ထားတဲ့သူေတြလည္း ရွိေနတတ္ပါတယ္။ 

ညအိပ္ခ်ိန္ေလးကိုဖဲ့ျပီး အိပ္ငိုက္ေနတဲ့ျကားက တင္ေပးလိုက္ပါတယ္ခင္ဗ်ာ။

လိုအပ္တာေလးေတြရွိပါက ျဖည့္စြက္နားလည္ေပးျကပါ

အားလံုးကို အထူးေက်းဇူးခင္ဗ်ာ





Thanks



Khit Minnyo

No comments