Adsense

OUO Banner

Latest Posts

Hacking သမိုင်းကြောင်းနှင့် သိထားသင့်တာလေးများ (မှတ်စု)





Hacker ဆိုတာ မူလဆိုလိုရင်းက ပုဆိန်ကိုအသုံးပြုပြီး ပရိဘောဂဖန်တီးသူ လို့အဓိပ္ပါယ်ရပါတယ်။ English လိုမှာတော့ “one who makes furniture with an ax” လို့ ပါရှိပါတယ်။ သဘောကတော့ သစ်ပင်ကို ခုတ်ဖြတ်ထားတဲ့ သစ်တုံးတွေကို လူသားတွေအတွက် အကျိုးတရားဖြစ်ထွန်းစေဖို့ အသုံးအဆောင်တွေ ဖန်တီးနိုင်စွမ်းတဲ့ ပညာရှင်မျိုး အဖြစ် စတင်သုံးစွဲခဲ့တဲ့ Hacker ဆိုတဲ့ ဝေါဟာရသည် ကျွန်တော်တို့တွေ သိထားခံယူထားတာထက် ပိုမိုနက်ရှိုင်းလှပါတယ်။ နောက်ပိုင်းမှာတော့ ပညာရပ်နယ်ပယ်တွေတိုင်းမှာ ရှိနေတဲ့အတားအဆီး (သို့မဟုတ်) အခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ့် သမားရိုးကျမဟုတ်တဲ့ အဖြေတွေကို ရှာဖွေဖော်ထုတ်သူတွေကို Hacker လို့ ပြောင်းလဲခေါ်ဆိုလာကြပါတယ်။ ဒီကနေတစ်ဆင့် အချို့က နယ်ပယ်အသီးသီးမှာ ထူးချွန်သူတွေကို Hacker လို့ တင်စားခေါ်ဝေါ်လာကြပါတယ်။ ဒီအခြေအနေမှာ အငြင်းပွားဖွယ်အရာတွေ ကြုံလာရပါတယ်။ ဥပမာ ဂစ်တာတီးတယ်ဆိုကြပါစို့။ သာမန် သိရုံကျွမ်းရုံ သီချင်းတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးတတ်ရုံနဲ့ ဂစ်တာ hacker ဖြစ်ပြီလားပေါ့။ ဒီအချက်က someone who takes pleasure in an unconventional solution to a technical obstacle ဆိုတာနဲ့ ညီမျှမှုမရှိသေးပါဘူး။ ဒါကြောင့် မဖြစ်သေးဘူးလို့ပဲပြောရမှာပါ။ ခုလောက်ဆို သဘောပေါက်မယ်ယူဆပါတယ်ဗျ။ ဒီတော့ Hacker ဆိုတာ သာမန်လိုက်လုပ်နိုင်တဲ့ပညာရပ်လောက်နဲ့တော့ သတ်မှတ်လို့မရနိုင်ဘူးဆိုတာ နားလည်နိုင်ပြီလို့ထင်ပါတယ်။ နောက်တစ်ချက် ဆက်နွေးပါဦးမယ်။
.
Computer hacking ဆိုတာ ၁၉၅၀ခုနှစ် နှောင်းပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ စကားစုတစ်ခု ဖြစ်ပါတယ်။ IBM 704 mainframe ကို စတင်ထိန်းချုပ်ဖို့အတွက် MIT’s Tech Model Railroad Club အဖွဲ့ဝင်တွေက  electric switching စတင်ပြင်ဆင်ခဲ့ရာကနေ ပေါက်ဖွားဆင်းသက်လာတယ်လို့ သိမှတ်ခဲ့ရပါပါတယ်။ ဥပမာ Computer System A ကို ထိန်းချုပ်နိုင်ဖို့အတွက် အဆိုပါ A စနစ်ကို ဝင်ရောက်အသုံးပြုခွင့်မရှိတဲ့ ပြင်ပ Intruder က ပြုပြင်ထိန်းချုပ်ခွင့်ရသူမှသာ လုပ်ပိုင်ခွင့်ရှိစေမယ့် ပုံစံနဲ့ အသုံးချ ချယ်လှယ်နိုင်ဖို့ ကြိုးစားနိုင်တဲ့ သဘောပါ။ ကျွန်တော်တို့ ပြောပြောနေကြတဲ့ Hacking ဆိုတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အများစု သိနေကြတဲ့ Hacking နဲ့တော့ မတူညီတာကို စာရှုသူတို့ သိကြမယ်ထင်ပါတယ်။ IBM 704 အကြောင်း wiki link ကတော့ အောက်ပါ link ဖြစ်ပါတယ်။

.
၁၉၇၀ မှာတော့ Captain Crunch လို့အမည်တွင်လူသိများတဲ့ John Draper ဆိုသူ hacker တစ်ယောက်က AT&T ရဲ့ long-distance switching system ကို hack ပြီး Call Routing လုပ်နိုင်ခဲ့ပါတယ်။
John Drapper အကြောင်းကို အောက်ပါ wiki link မှာ တွေ့နိုင်ပါတယ်
AT&T ရဲ့ long-distance switching system နဲ့ match ဖြစ်စေဖို့အတွက် toy whistle ကို သုံးခဲ့တာပါ။
.
Draper ရဲ့ whistle electronic version ဖြစ်တဲ့ "blue boxes" ကို ကျွန်တော်တို့သိထားကြတဲ့ iPhone တွေကိုထုတ်လုပ်ခဲ့ကြတဲ့ Apple ကို တည်ထောင်ခဲ့သူ Steve Wozniak နဲ့ Steve Jobs တို့က ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။
 .
အဆိုပါ Blue Box ကိုသုံးပြီး Wozniak က ဗာတီကန်စီးတီး (Vatican City) မှာနေထိုင်သူအတော်များများကို Henry Kissinger ဟန်ဆောင်ကာ အကြောင်ရိုက်ခဲ့ဖူးပါသေးတယ်။
Henry Kissinger ဆိုတာက သမ္မတ ရစ်ချက်နစ်ဆင်နဲ့ သမ္မတဂျရယ်ဖို့တို့လက်ထက်မှာ ထင်ရှားခဲ့တဲ့ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးပါ။ သူ့အကြောင်းကို အောက်ပါ wiki link ကနေ ဖတ်ရှုနိုင်ပါတယ်။
Myanmar Wiki ပါ။ Unicode user တွေ မြန်မာလိုဖတ်ရှုနိုင်ပါတယ်။ eng လိုကတော့
https://en.m.wikipedia.org/wiki/Henry_Kissinger မှာ တွေ့ရမှာဖြစ်ပါတယ်

.
Hacking နဲ့ပတ်သက်တဲ့ အစောဆုံး ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားကတော့ 1983 မှာ ပြသခဲ့တဲ့ WarGames ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွန်ပျူတာစနစ်ထဲ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့် ထူးချွန်သောလူငယ်လေးတစ်ယောက်အကြောင်း ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
အောက်ပါ Link ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်ဗျ
.
အဲသည်နှစ်မှာပဲ Los Alamos National Lab (နျူလက်နက်ထုတ်လုပ်ဖို့ တည်ဆောက်ထားတဲ့နေရာ) စနစ်တွေ hack ခံခဲ့ရပြန်ပါတယ်။
အမေရိကန်ကန်နိုင်ငံ အနောက်အလယ်ပိုင်းမှာရှိတဲ့ ပဉ္စမမြောက်အကြီးဆုံး မြို့တသ်မြို့ဖြစ်တဲ့ Milwaukee က ဆယ်ကျော်သက်လူငယ် ၆ယောက် က hack ခဲ့တာပါ။
.
Robert T. Morris (Robert Tappan Morris) ဆိုသူ အမေရိကန်ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦးကလည်း ၁၉၈၈မှာ ကမ္ဘာ့ပထမဆုံးသော ကိုယ်တိုင်မျိုးပွားနိုင်တဲ့ Worm program တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။ ဒါကလည်း hacking လောကအတွက် အပြောင်းအလဲတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ သူ့အကြောင်းကို အောက်ပါ link ကနေ ဖတ်ရှုနိုင်ပါတယ်။
.
အဆိုပါ Worm ကြောင့်ပဲ အမေရိကန်ရဲ့ New Cyber Security law အရ ပြစ်မှုထင်ရှားသဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။
အမေရိကန်ရဲ့ Computer Fraud and Abuse Act (PDF) အကြောင်းကို အောက်ပါ link ကနေ လေ့လာနိုင်ပါတယ်
.
ဗြိတိန် hacker တစ်ယောက်ဖြစ်သူ Gary McKinnon ကတော့ အမေရိကန် ရေတပ်၊ ကြည်းတပ်နဲ့ ပင်တဂွန်ဌာနချုပ်၊ နာဆာ တို့ရဲ့ ကွန်ပျူတာစနစ်တွေထဲကို ၂၀၀၁၊ ၂၀၀၂ တွေမှာ ချိုးဖျက်ဝင်ရောက်ခဲ့ပါသေးတယ်။
သူ့အကြောင်းကို အောက်ပါ wiki link မှာ လေ့လာနိုင်ပါတယ်
ဒါပေမယ့် သူကတော့ စစ်ဘက်ဆိုင်ရာ လျို့ဝှက်ချက်တွေကို ဘာမှလုပ်မသွားခဲ့ပါဘူး။ space aliens နဲ့ပတ်သက်တဲ့ အစိုးရဖိုင်တွေလောက်ကိုပဲ ဖွင့်ချခဲ့ပါတယ်။
.
အာရှမှာတော့ ၂၀၀၃ မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးအင်အားစု က အေးဂျင့်တွေက အမေရိကန်ရဲ့ လျှပ်စစ်ဖြန့်ဝေမှုစနစ်ကို hack ဖို့ကြိုးစားခဲ့ပါတယ်။
.
IBM ရဲ့ သုတေသနပညာရှင်တစ်ဦးဖြစ်သူ Scott Lunsford ကတော့ အမေရိကန်ရဲ့ နျူကလိယ ဓာတ်အားပေးရုံကွန်ယက်ကို တစ်ရက်တည်းနဲ့ ထွင်းဖောက်နိုင်ခဲ့ပါတယ်။
Scott Lunsford အမည်နဲ့ သရုပ်ဆောင်လည်းရှိပါတယ်။ နာမည်တူခြင်းသာ။
.
ဒီဘက်ခေတ်မှာတော့ အင်တာနက်အသုံးပြုနိုင်မှုနဲ့အတူ အင်တာနက်အသုံးချကိရိယာတေ့်ကလည်း လက်ကိုင်ဖုန်းတွေထဲထိ တိုးတက်လာနေခဲ့ပြီဖြစ်ပါတယ်။
ကွန်ပျူတာ အသုံးပြုမှုနဲ့အတူ များပြားလှတဲ့ ကွန်ပျူတာ brand တွေလည်း ပေါ်ထွန်းနေပါပြီ။ Apple ရဲ့ Mac ကွန်ပျူတာတွေကိုတော့ ကွန်ပျူတာစနစ်တွေထဲမှာ လုံခြုံမှုအားကောင်းတယ်လို့ယူဆပြီး အသုံးပြုကြသူတွေလည်း များလာချိန်မှာ Charlie Miller လို့ခေါ်တဲ့ လုံခြုံရေးသုတေသီတစ်ယောက်က Safari မှာရှိခဲ့တဲ့ အားနည်းချက်ကိုအသုံးချပြီး MacBook ကို ဆယ်စက္ကန့်အတွင်း ချိုးဖောက်ဝင်ရောက်ပြခဲ့ပြန်ပါတယ်။
Windows OS ရဲ့ အားနည်းချက်တွေလည်း များစွာပေါ်ထွက်ခဲ့ပြီး တိုက်ခိုက်သူတွေက ထိန်းချုပ်နိုင်ခဲ့ကြပါသေးတယ်။
Charlie Miller က အမည်တူ ဘောလုံးသမားတစ်ယောက် ရှိပြီး အမည်တူခြင်းသာဖြစ်ပါတယ်။ Charlie Miller အကြောင်းကို အောက်ပါ link ကနေ ကြည့်နိုင်ပါတယ်။
.
wireless defibrillator တွေကို စတင် hack ခဲ့သူကတော့ Tadayoshi Kohno လို့ခေါ်ပြီး ဝါရှင်တန်တက္ကသိုလ်က ကွန်ပျူတာသိပ္ပံနှင့် အင်ဂျင်နီယာ ဌာနမှ ပါမောက္ခတစ်ယောက်ပါ။ သူ့အကြောင်းအတိုချုပ်ကို အောက်ပါ link ကနေ ကြည့်နိုင်ပါတယ်။
.
အဲသည်နောက်ပိုင်းတွေမှာတော့ ကျွန်တော်တို့အားလုံးသိထားကြတဲ့ ဒီနေ့ခေတ်ဘက်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ထင်ရှားတဲ့ Hacker တွေအကြောင်းကိုလည်း ကျွန်တော်တို့ အကြိမ်ကြိမ် ဖတ်ဖူးပြီးသားဖြစ်မှာမို့ ထည့်မပြောလိုတော့ပါဘူး။
.
ဒါတွေကတော့ ကျွန်တော်သိမှတ်ခဲ့ရတဲ့ မှတ်စုတိုတွေသာဖြစ်ပြီး မှားယွင်းမှုတစ်စုံတစ်ရာ ရှိခဲ့ပါက ကျွန်တော့်လွဲချော်မှုသာဖြစ်ပါကြောင်းခင်ဗျာ
.

Thanks

Khit Minnyo



Ph. 09 799 535 021 && 09 69 806 4912

 Thanks for visiting.




 Khit Minnyo



1 comment:

  1. နောက်ထပ်များများတင်ပေးဖို့တောင်းဆိုပါတယ်ရှင့်

    ReplyDelete