Adsense
OUO Banner
Latest Posts
E: Some index files failed to download က error လား၊ ဘယ်လိုကြောင့်ဖြစ်တာလဲ၊ ဆိုးကျိုးရှိနိုင်လား
Unicode Version 
(မြန်မာစာ မမှန်ပါက အောက်ဆုံးသို့ ဆက်ဆင်းကြည့်ပါ။ Zawgyi Version ပါပါသည်။)
အထက်ပါပုံကိုကြည့်ပါ။ အစိမ်းရောင်စာလုံးတွေရဲ့ အောက်ဆုံးမှာ "
E: Some index files failed to download They have been ignored, or old ones used
"
ဆိုတဲ့ စာကြောင်းကို ကျွန်တော်တို့ မြင်ရပါမယ်။ Ubuntu, Kali စတဲ့ Linux တွေကို ကာလကြာရှည်သုံးလာတဲ့သူတွေဆို apt update လုပ်တိုင်း အဲသည်စာတွေ ပေါ်လာတာ မြင်ဖူးကြမှာပါ။ 
အချို့က မေးပါတယ်။ အဲဒါ error လားပေါ့။
အဲသည်တော့ ပြန်ဖြေရမှာက ဟုတ်ပါတယ် အဲဒါ error ပါ။ Error မဟုတ်ဘူးလို့ဖြေလို့တော့ မရဘူးလေနော။ အဲမှာ problem စလာပြီ။ အဲဒီ error ကို ဘယ်လိုရှင်းရမလဲဆိုပြီးတော့ပါ။ 
Google တွေမှာ ရှာကြည့်ရင်လည်း error ရှင်းနည်းဆိုတာတွေ တင်ထားတာတွေ တွေ့ရမှာဖြစ်ပြီး တကယ်တမ်း လိုက်လုပ်ကြည့်ကြတဲ့သူတွေ မရတဲ့သူတွေသာ များလာ   ကြပါတယ်။ (error ချင်းတူပေမယ့် Package ချင်းမှ မတူပဲကိုး) 
ခဏခဏ မေးတဲ့သူတွေလည်း များလာတာကြောင့် ကျွန်တော်လည်း ဒီအကြောင်းလေးကို ရေးမိလိုက်ပါတယ်။ မှားတာများ ပါခဲ့ပါက ခွင့်လွှတ်ကြပါကုန်။ 
................................................................................
E: Some index files failed to download They have been ignored, or old ones used ဆိုတာ error ဆိုတာတော့ ကျွန်တော်တို့ သိကြပါပြီ။ ဘယ်လိုရှင်းမလဲဆိုတာကို မပြောခင်မှာ ဘာကြောင့်ဖြစ်တယ်ဆိုတာ နဲ့ ကျွန်တော်တို့ အမှတ်တမဲ့နေမိတဲ့ အကြောင်းအရာအချို့ရယ်၊ ပြီးတော့ ဒါကို ရှင်းဖို့ လိုမလို ဆိုတာရယ်ကို အားလုံး နားလည်လွယ်အောင်တော့ တတ်နိုင်သမျှ         ကြိုး းစားရှင်းပြကြည့်ချင်ပါတယ်။
ဗီဒီယိုဖိုင်နဲ့ တင်ဖို့ကြိုးစားခဲ့ပေမယ့် ကြည့်လို့အဆင်မပြေသူတွေ ရှိတာကြောင့်ရယ်၊ ဗီဒီယိုဖိုင်ဆို ပျင်းစရာ ဖြစ်နေမှာစိုးတာရယ်ကြောင့် ဒီလိုပဲ ရေးဖြစ်လိုက်ပါတယ်။ 
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ Source ကို လေ့လာကြည့်ရအောင်ခင်ဗျ။
gedit  /etc/apt/sources.list 
or
leafpad /etc/apt/sources.list 
မိမိနှစ်သက်ရာ text editor နဲ့ ဖွင့်ကြည့်နိုင်ပါတယ်။
Kali Linux အတွက် Source ရှာယူထည့်သွင်းနည်းကို ကျွန်တော် ဖော်ပြဆွေးနွေးခဲ့ပြီးဖြစ်သလို မသိသေးသူများ >>>> ဒီနေရာလေးကို နှိပ်ကြည့်နိုင်ပါတယ်ခင်ဗျ။ <<<<
source ကိုဖော်ကြည့်တဲ့အခါ အထက်ပါအတိုင်း တွေ့ရမှာဖြစ်သလို ကျွန်တော်တို့တွေ source ဖြည့်သွင်းစဉ်ကလည်းပဲ ဒီစာကြောင်းတွေကို ရိုက်ထည့်ပြီးဖြစ်စေ၊ ကူးထည့်ပြီးဖြစ်စေ ဖြည့်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ source နဲ့ပတ်သက်ပြီး အဲလောက်ပဲ လေ့လာခဲ့ကြပြီး ဆက်မလေ့လာခဲ့ကြပါဘူး။
ကျွန်တော်တို့ရဲ့ Source ကို ပြန်ကြည့်ရအောင်။
deb http://http.kali.org/kali kali-rolling main contrib non-free
ဆိုပြီး တွေ့ရပါမယ်။ အဲသည်မှာ package တွေကို install လုပ်နိုင်စေဖို့အတွက် အညွှန်း (Index) တွေ ပါဝင်နေပါတယ်။
http://http.kali.org/kali
http://http.kali.org/kali/pool/
http://http.kali.org/kali/pool/non-free/
စသည်ဖြင့် အထက်ပါအတိုင်း Server တစ်ခုကို မြင်ရမှာဖြစ်ပြီး အဲဒါတွေကို Browser ကနေ ဖွင့်ကြည့်ပါ။ စိတ်ဝင်စားစရာတွေ တွေ့ရပါလိမ့်မယ်။
http://http.kali.org/kali/pool/ ဆိုတဲ့နေရာမှာ ကျွန်တော်တို့ apt install (or) apt-get install နဲ့ ထည့်သွင်းလို့ ရတဲ့ Package တွေကို အက္ခရာအစဉ်လိုက်စီထားတာကို တွေ့ရမှာပါ။ 
ဒါတွေကို ကျွန်တော်တို့ရဲ့ Kali Machine က index တွေနဲ့ တိုက်ဆိုင်ရှာဖွေပြီး database ကို update လုပ်ပေးပါတယ်။
apt update လုပ်လိုက်ချိန်မှာ အထက်ပါပုံအတိုင်း မြင်ရမှာပါ။ Source ထဲက Package တွေရဲ့ Info နဲ့ ကျွန်တော်တို့ စက်ထဲသွင်းထားတဲ့ Package တွေရဲ့ Info ကို တိုက်ဆိုင်စစ်ဆေးပြီး update ထွက်တာတွေရှိပါက အထက်ပါအတိုင်း Upgradable (Upgrade လုပ်နိုင်တဲ့ package) ကို ပြပေးပါတယ်။
အဲသည်လို လုပ်နိုင်ဖို့အတွက်တော့ ကျွန်တော်တို့ရဲ့ source (server) မှာ Package (app) တွေကို ထားထားပေးရသလို update ထွက်ချိန်မှာလည်း အစားထိုးပေးထားရတယ်ဆိုတာတော့ ကျွန်တော်တို့ နားလည်ပါပြီ။ ဒါဆို မေးစရာထပ်ရှိလာမှာက Google Chrome တို့လို၊ Opera တို့လို Browser တွေကျတော့ရော Source မှာမပါဘူး ဘယ်လိုချိတ်ဆက် update လုပ်လဲဆိုတာပါ။ သိတဲ့သူတွေလည်း သိပြီး ဖြစ်ပါလိမ့်မယ်။
အထက်ပါပုံမှာ /etc/apt/sources.list.d ဆိုတဲ့ Directory ထဲမှာ ကျွန်တော်တို့ source မှာ မရှိတဲ့ package တွေအတွက် သီးသန့် source တွေ ထပ်ထည့်ပေးထားတာကို မြင်နိုင်မှာပါ။ 
နမူနာအနေနဲ့ Google Chorme Browser ရဲ့ source.list ကို ဖော်ပြပေးလိုက်ပါတယ်။
ခုဆိုရင်တော့ ဒီ source တွေကြောင့် ကျွန်တော်တို့တွေ package တွေကို install လုပ်နိုင်ကြတယ်၊ upgrade လုပ်နိုင်နေကြတယ်ဆိုတာ သိသာပြီထင်ပါတယ်။ 
သီးခြား source တွေအတွက် တော့ အထက်ပါပုံထဲကလိုပဲ /var/lib/apt/lists/ ထဲ ဝင်ပြီး လေ့လာကြည့်နိုင်ပါသေးတယ်။
ကျွန်တော်တို့ ဦးတည်ဆွေးနွေးမယ့် အကြောင်းအရာလေး ပျောက်သွားမှာစိုးလို့ ပြန်ဆက်ရအောင်။
၁။ source တွေမှာ သက်ဆိုင်ရာ Package တွေ တင်ထားပါတယ်။ အဲဒီမှာ တင်ထားတာတွေကို ကျွန်တော်တို့ အနေနဲ့ apt install (or) apt-get install ကိုသုံးပြီး အလွယ်တကူ ထည့်သွင်းနိုင်တာ ဖြစ်ပါတယ်။
၂။ မူလ source မှာ မပါဝင်တဲ့ သီးခြား app အချို့ဖြစ်တဲ့ (Google Chrome Browser, Opera Browser, Teamviewer ) စတဲ့ Application တွေကိုတော့ မူလ site ကနေ ကျွန်တော်တို့ရဲ့ Linux System နဲ့ ကိုက်ညီမယ့် package ကိုဒေါင်းယူပြီး install လုပ်စဉ်မှာပဲ သူတို့အတွက် သီးသန့် source တွေကိုပါ အထက်ပါနေရာတွေမှာ ဖြည့်သွင်းပြီး ဖြစ်တာကြောင်မို့ နောင်ခါ ထပ်ပြီး update ထွက်တဲ့အခါ apt upgrade လုပ်ရုံနဲ့ သူတို့ကိုပါ update လုပ်နိုင်လာခြင်းဖြစ်ပါတယ်။
အထက်ပါအချက်နှစ်ချက်ကို ကျွန်တော်တို့ သိရှိသွားပြီဖြစ်လို့ E: Some index files failed to download They have been ignored, or old ones used ဆိုတာကို ဆက်ဆွေးနွေးပါမယ်။
ကျွန်တော်တို့သည် ကျွန်တော်တို့ဖြည့်သွင်းထားတဲ့ source မှာ မရှိတဲ့ package တစ်ခုကို ထည့်သွင်းလိုတဲ့အခါမှာတော့ 
အထက်ပါပုံအတိုင်း Unable to locate ဆိုပြီး ပြမှာဖြစ်ပါတယ်။
 Source ထည့်မထားဘဲ Install လုပ်ရင်လည်း အထက်ပါအတိုင်း ပြမှာပါပဲ။ 
ဒီခေါင်းစဉ်အတွက်တော့ ကျွန်တော်တို့ရဲ့ Source မှာ မရှိတဲ့ Package ကို Install လုပ်မိတဲ့အခါမှာ ဖြစ်တာကိုပဲ ထည့်ပြောသွားပါမယ်။ Source မထည့်ရသေးလို့ မရတဲ့သူတွေအတွက်တော့ ထည့်သွင်းနည်း ပြောပြဆွေးေွးပြီး ဖြစ်ပါတယ်။ 
*********************************
နောက်တစ်ချက်က ကျွန်တော်တို့ရဲ့ Source မှာ ရှိတဲ့ Package တွေနဲ့ သက်ဆိုင်ပါတယ်။
Package A ကို ကျွန်တော်တို့က လွန်ခဲ့တဲ့ ၂လလောက်က Install ခဲ့တယ် ဆိုကြပါစို့။
Package A ကို Source မှာ မထားတော့တဲ့အခါ
(မလိုအပ်လို့ဖြစ်စေ၊ ခွင့်မပြုတော့လို့ဖြစ်စေ၊ အခြားနာမည်တစ်ခုခု ပြောင်းလိုက်လို့ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် Source ကနေ ဖယ်ထုတ်လိုက်တာမျိုး ရှိတတ်ပါတယ်)
အထက်ပါအခြေအနေမှာ ကျွန်တော်က apt update လုပ်လိုက်တယ် ဆိုပါစို့။
ဒီတိုင်း အခြေအနေကို ကျွန်တော် မြင်ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့စက်ထဲမှာ သူ့အတွက် Source ကို လမ်းညွှန်မပေးနိုင်တော့လို့ပါ။ ဒီတော့ သူ့အတွက် Source ရှိရာကို ပြန်လည်ချိတ်ဆက်ပေးနိုင်ဖို့ လိုလာမှာဖြစ်သလို သူ့တစ်ခုတည်း သီးသန့် source မရှိဘူးဆိုရင်တော့ ဖြုတ်ပစ်ပြီး အလားတူ package တစ်ခုခုကို ပြောင်းသုံးချင်သုံး ဒါမှမဟုတ် ဒီတိုင်းပဲ ဘာမှမလုပ်ဘဲ ဆက်သုံးလည်း ရပါတယ်။
apt update လုပ်လိုက်တိုင်း ဒါတွေကို မြင်နေရမှာပေမယ့် မဖြစ်မနေဖြေရှင်းရမယ့် error တော့မဟုတ်ပါဘူး။
အထက်ပါဥပမာကလို Package A မှာ error တက်နေပြီဆိုရင်
 Package A တစ်ခုတည်းသီးသန့် Source ရှိရင်ထည့်
မရှိလို့ update version သုံးချင်ရင် မူရင်း source ကနေ ဒေါင်းယူပြီး manual install ပြန်လုပ် စသည်ဖြင့် လုပ်ဆောင်ဖြေရှင်းရမှာဖြစ်ပါတယ်။
Source List ဖြည့်တုန်းက
deb http://http.kali.org/kali kali-rolling main contrib non-free
# For source package access, uncomment the following line
# deb-src http://http.kali.org/kali kali-rolling main contrib non-free
ဆိုပြီး တွေ့ခဲ့တဲ့အထဲမှာ အဓိကအားဖြင့်  Source နှစ်ကြောင်း ပါဝင်ပြီး deb နဲ့ deb-src ဖြစ်ပါတယ်။
deb-src ရှေ့မှာရှိတဲ့ # ကိုဖြုတ်ပြီး apt update လုပ်ကြည့်ရင်လည်း အချို့ error တွေကို ရှင်းနိုင်ပါလိမ့်မယ်
Update Version မဖြစ်မနေ လိုအပ်တာမျိုးမဟုတ်တဲ့ အခြေအနေမှာဆိုရင်တော့ ဒီတိုင်းထားပြီး ဆက်သုံးလည်း ဘာမှကို မဖြစ်ပါဘူးခင်ဗျာ။
Ubuntu နဲ့ Kali တို့အတွက် Package Installer (Debian Executable Package) တွေကို ရှာဖွေဒေါင်းယူဖို့ လိုအပ်ပါက
https://www.debian.org/distrib/packages မှာ ရှာဖွေဒေါင်းယူနိုင်ပါတယ်။ 
.deb နဲ့ လာမှာဖြစ်ပြီး dpkg  -i  package.deb ပုံစံနဲ့ ထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်
အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေဗျာ
Thanks by
Khit Minnyo
Zawgyi Version
"
အချို့က မေးပါတယ်။ အဲဒါ error လားပေါ့။
................................................................................
or
http://http.kali.org/kali
*********************************
Thanks