ကြန္ပ်ဴတာ ေခတ္ႏွင့္ လူအမ်ားစု ျပႆ နာ
Unicode Version (ျမန္မာစာ မမွန္ပါက ေအာက္ဆံုးသို့ ဆက္ဆင္းျကည့္ပါ။ Zawgyi Version ပါပါသည္။)
Zawgyi Version
ကွန်ပျူတာ ခေတ်နှင့် လူအများစု ပြဿ နာ
********************************************
ခေါင်းစဉ်က နည်းနည်းတော့ ရွေးရခက်သွားတယ်။ လိုရင်းက ဒီဘက်ခေတ် မိဘနဲ့ သားသမီးတွေကြားမှာလည်း
ဒီပြဿ နာက ကြီးသလို လူငယ်တွေကိုယ်တိုင်ကလည်း
ဒီပြဿ နာကို သတိမမူဂူမမြင်ကြပါ။
မိဘတွေကလည်း သားသမီးတွေကို ကွန်ပျူတာ သင်တန်း နင်းကန်တက်စေချင်ကြပါတယ်။ သားသမီးတွေ ဝါသနာပါသည်မပါသည်မသိ ဖြစ်စေချင်ဇောနဲ့ ဆန္ဒအဟုန်က များနေကြပါတယ်။ အချို့ကျ သားသမီးတွေက လေ့လာချင်ပေမယ့် ဂိမ်းကစားမှာကြောက်လို့ စတဲ့အကြောင်းပြချက်မျိုးနဲ့ ဖယ်ချထားတဲ့ မိဘတွေလည်း ရှိဖူးပါတယ်။ ဆယ်တန်းအောင်ရုံပဲရှိသေးလို့ ဘွဲ့ရမှ ဝယ်ပေးမယ်ဆိုပြီး တတ်နိုင်ပါလျက် ဝယ်မပေးဘဲထားထားတာလည်း တွေ့ဖူးပါတယ်။ အကြောင်းပြချက်က ကျောင်းစာ စိတ်ဝင်စားမှု လျော့သွားမှာစိုးလို့တဲ့။ အချို့က ကွန်ပျူတာ ဝယ်သုံးနေတာတော့ကြာပြီ။ စာရိုက်မယ် ဇာတ်ကားကြည့်မယ်၊ ဂိမ်းဆော့မယ်ကလွဲပြီး ဘာမှမသိဘူး။ ဘာကိုလေ့လာရမှန်းလည်းမသိဘူးဆိုပြီး ပြောကြလေ့ရှိပါတယ်။ ပြောရရင်တော့ ပြဿ နာတွေက အတော်များပါတယ်။ ခဏထားလိုက်ရအောင်။
ကျွန်တော်အဓိက မေးကြည့်ချင်တာက ကျွန်တော်တို့တွေ ကွန်ပျူတာ ကို တကယ်စိတ်ဝင်စားကြလားဆိုတဲ့မေးခွန်းပါ။ ကွန်ပျူတာ အလုံးလိုက်ကြီးကိုတော့ စိတ်စင်စားစရာမရှိ။ ကျွန်တော်တို့ စိတ်ဝင်စားရမှာက အဲသည်ကွန်ပျူတာကို အသုံးချနိုင်မယ့် နယ်ပယ်တွေဖြစ်ပါတယ်။
၁။ ရုံးသုံးကွန်ပျူတာပညာ
ဒါက ဒီနေ့ခေတ်မှာ ကွန်ပျူတာ သင်တန်းဆိုတဲ့ အခြေခံသင်ကြားမှုပုံစံပါ။ ကွန်ပျူတာဆိုတာ ဘာတွေနဲ့တည်ဆောက်ထားတယ်။ mouse, keyboard စတဲ့ အစိတ်အပိုင်းတွေကို အကြမ်းဖျင်းရှင်းပြပြီးနောက် အဖွင့်အပိတ်၊ Windows အခြေခံ (ဖိုင်စနစ်တွေ၊ စုဖွဲ့မှုတွေ) စတာတွေကို သင်ပြီးမှ Microsoft Office (Word, Excel, Powerpoint, Publisher <မသင်ပေးတာများ>) နဲ့ Photoshop (အနည်းငယ်), Page Maker မှာ စာရိုက်နည်းအချို့ သင်ပေးလိုက်တာမျိုးပါ။ သာမန်ရုံးသုံးကွန်ပျူတာ အခြေခံ မျိုး ဖြစ်ပါတယ်။
.
၂။ Photoshop ပညာ
ဓာတ်ပုံတွေ ပြုပြင်တာ၊ Effect မျိုးစုံသုံးတာ၊ စသည်ဖြင့် အနုပညာဆန်တဲ့ ပညာရပ်မျိုးပါ။ သူကတော့ အနုစိတ်ပုံဖော်မှုတွေထိပါပြီး စိတ်ရှည်ဖို့လိုအပ်ပါတယ်။ Graphic Design တွေထိ ပါဝင်မှာဖြစ်ပြီး သာမန် Photoshop အခြေခံထက် အများကြီးပိုပါတယ်။ ဓာတ်ပုံပညာရှင်တွေ၊ ဒီဇိုင်းပညာရှင်တွေစသည်ဖြင့် အသက်မွေးမှုအတွက် အထောက်အကူပြုပါတယ်။
.
၃။ ဗီဒီယိုပြုပြင်တည်းဖြတ်မှုပညာ
ကွန်ပျူတာနယ်ပယ်ထဲမှာ ဗီဒီယိုပြုပြင်တည်းဖြတ်တာတွေ၊ effect တွေသုံးပြီး ပိုမိုဆန်းသစ်အောင် ဖန်တီးမှုတွေ၊ CGI တွေနဲ့ လကမ္ဘာလို အခြားဂြိုဟ်တွေ စကြဝဠာတွေမှာလို ဖန်တီးရိုက်ကူးတာတွေ၊ ဖောက်ခွဲဖျက်ဆီးပြတာတွေ စသည်ဖြင့် ပါဝင်ပါတယ်။ ပိုပြီးအနုစိတ်သလို ပိုပြီးပညာသားပါတဲ့အပိုင်းတွေပါ ပါဝင်ပါတယ်။
.
၄။ ကွန်ပျူတာ ပရိုဂရမ်တွေ ဖန်တီးခြင်း
Programming လို့ခေါ်ဆိုပြီး ဘာသာရပ်ပေါင်းများစွာရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကွန်ပျူတာ အလုပ်လုပ်နိုင်စေဖို့အတွက် ဘာလုပ် ဘာလုပ်လို့ လမ်းညွှန်ပေးရတဲ့ Instruction တွေကို ကွန်ပျူတာ နားလည်အောင်ပြင်ဆင်ပြောပြပေးတဲ့ဘာသာရပ်တွေကို Programming Language တွေလို့ ခေါ်ပါတယ်။ အဲသည် Language တွေကိုသုံးပြီး ကျွန်တော်တို့အသုံးပြုနေကြရတဲ့ ပရိုဂရမ်တွေ (Application) တွေအဖြစ် တီထွင်ဖန်တီးရတာကို ဆိုလိုပါတယ်။ ပရိုဂရမ်ရေးဆွဲတဲ့အထဲမှာ ကျွန်တော်တို့ ကစားနေတဲ့ ဂိမ်းတွေအထိ ပါဝင်ပါတယ်။ Language တွေများသလို နယ်ပယ်တွေလည်း များပါတယ်။ Windows, Linux, OSX, iOS, Android OS, Java OS(ယနေ့ သိပ်မတွေ့ရတော့) စသည်ဖြင့် Operating System မတူညီမှုတွေအပေါ် ရေးဆွဲရတဲ့ ပရိုဂရမ် (application) တွေလည်း မတူညီကြပါဘူး။ ဒါကြောင့် ဒီထဲမှာတင်ပဲ နယ်ပယ်တွေ ပြန်ကွဲသွားကြပါတယ်။ ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေနဲ့ ဖုန်းတွေလို ကိရိယာတွေသည် ပရိုဂရမ်တွေကြောင့်သာ အလုပ်လုပ်ဆောင်နေနိုင်ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖုန်းမှာ Call icon လေးကို နှိပ်ရင် ဖုန်းခေါ်ဖို့နေရာကိုရောက်သွားတာကအစ ပရိုဂရမ်တွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အရေးပါဆုံးသော ပညာရပ်ကဏ္ဍလို့ ဆိုနိုင်ပါတယ်။
.
၅။ Web များဖန်တီးခြင်း
Web Developing ကိုဆိုလိုပါတယ်။ ကျွန်တော်တို့ ယနေ့ သုံးနေတဲ့ Facebook တို့ Google တို့ ဘာ.com ညာ.net စတဲ့ domain တွေနဲ့ချိတ်ထားတဲ့ Web တွေပါ။ Web Application တွေလို့ဆိုကြပါစို့။ HTML, CSS, JavaScript စသည်ဖြင့် Web ပိုင်းမှာလည်း သီးခြားလေ့လာစရာဘာသာရပ်ခွဲတွေ ရှိကြပါတယ်။
.
၆။ ကွန်ယက်ချိတ်ဆက်အသုံးပြုခြင်း
ကွန်ပျူတာတစ်လုံးကနေ နှစ်လုံးဖြစ်လာတဲ့အချိန်မှာ စပြီးစဉ်းစားခဲ့ကြရတဲ့ ဒေတာတွေအပြန်အလှန်ကူးသယ်နိုင်မယ့်ကွန်ယက် ကနေ ယနေ့ခေတ် Internet, Intranet စတဲ့ ကြီးမားလှတဲ့ ကွန်ယက်တွေအထိ ကျယ်ပြန်လာပါတယ်။ ကွန်ပျူတာ ရာထောင်ချီအသုံးပြုရတဲ့ အဖွဲ့အစည်းတွေ လုပ်ငန်းတွေလည်း တိုးပွားလာကြသလို ကွန်ယက်ချိတ်ဆက်ခြင်းနယ်ပယ်သည်လည်း အရေးပါတဲ့ကဏ္ဍအဖြစ် ဖြစ်တည်နေခဲ့ပြီဖြစ်ပါတယ်။ ကွန်ပျူတာတွေ တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်နိုင်ဖို့ cable ကြိုးတွေနဲ့ ချိတ်ဆက်တဲ့ကွန်ယက်တွေရှိသလို ကြိုးမဲ့ချိတ်ဆက်ထားတဲ့ကွန်ယက်တွေလည်း ရှိလာပါတယ်။ ဒါတွေကို လေ့လာစီမံခန့်ခွဲရတဲ့ ပညာရပ်နယ်ပယ်ပါ။
.
၇။ Cracking
မြန်မာလိုရေးရခက်လို့ အင်္ဂလိပ်လိုပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ဂိမ်းတွေဟက်ချင်လို့တို့ အလွယ်တကူပြောကြလေ့ရှိတဲ့ Application တွေထဲက ဒေတာတွေကို ထုတ်ယူပြင်ဆင်တာတွေ၊ Windows လို OS တွေကို အခမဲ့သုံးနိုင်အောင် လိုင်စင်ကိုဖျက်ပေးတာမျိုး၊ လိုင်စင်မတောင်းတော့အောင်လုပ်ပေးတာမျိုး၊ စတာတွေကို လုပ်ဆောင်ခြင်းနဲ့ပတ်သက်ပြီး လေ့လာတဲ့နယ်ပယ်ပါ။ အချို့အပိုင်းတွေမှာတော့ Hacking နဲ့တွဲသွားပါတယ်။
.
၈။ Hacking
မြန်မာလို အတိုချုပ်ခေါ်ရခက်လို့ ဒီတိုင်းပဲ ခေါင်းစဉ်တပ်ထားတာပါ။ Operating System တွေ၊ Software တွေ၊ Service တွေ၊ Network တွေနဲ့ Web Application တွေ၊ စတဲ့ စနစ်အမျိုးမျိုးရဲ့ အားနည်းချက်တွေကို ရှာဖွေပြီး အဆိုပါစနစ်တွေကို ထိန်းချုပ်ဖို့ကြိုးစားတာမျိုး၊ အချက်အလက်တွေကို ဖျက်ဆီးတာ လွှဲပြောင်းရယူတာ ခွင့်ပြုချက်မရှိဘဲပြင်ဆင်တာ စတဲ့လုပ်ဆောင်မှုတွေထိ ပါဝင်ပါတယ်။ ဒီအတွက်တော့ အထက်မှာဖော်ပြခဲ့တဲ့ ပညာရပ်နယ်ပယ်အားလုံးလိုလိုမှာ ကျွမ်းကျင်နှံ့စပ်နေဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ စုဖွဲ့လုပ်ဆောင်ရပါတယ်။ အထက်ပါပညာရပ်တွေအပြင် အားနည်းချက်ရှာဖွေတိုက်ခိုက်ပုံတွေကိုလည်း နားလည်သိကျွမ်းဖို့ကြိုးစားရတဲ့ နယ်ပယ်ပါ။ ပိုပြီးကျယ်ပြန့်လာပါတယ်။ ကျွန်တော်တို့ သိထားတဲ့ White တွေ၊ Black တွေနဲ့ Gray တွေ စသည်ဖြင့် ကောင်းတာလုပ်သူတွေနဲ့ မကောင်းတာလုပ်သူတွေ ရောပြွမ်းနေသလို အဲဒါတွေကနေလည်း လေ့လာသင်ယူမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ မိမိရဲ့လုပ်ဆောင်ချက်ပေါ်မူတည်ပြီး ဥပဒေဘောင် အတွင်းအပြင် ကွာခြားသွားနိုင်တဲ့ ပညာရပ်နယ်ပယ်ပါ။
.
၉။ ဆိုက်ဘာလုံခြုံရေးကဏ္ဍ
ကွန်ပျူတာ ပညာရပ်တွေထဲမှာ ဒီကဏ္ဍကလည်း အရေးပါတဲ့နေရာမှာ တည်ရှိနေပါတယ်။ Hacking နဲ့ အတူတူပဲလို့ပြောလည်း ရတာပါပဲ။ သီးခြားခွဲပြောရတာကတော့ ကွာဟချက်တစ်ခု ရှိနေလို့ ဖြစ်ပါတယ်။ ဘာကွာလဲဆိုတော့ Hacking မှာတုန်းက စနစ်တစ်ခု အားနည်းချက်ကိုရှာတွေ့ပြီ။ တိုက်ခိုက်နိုင်ပြီ။ ပျက်စီးသွားပြီ သို့မဟုတ် ထိန်းချုပ်နိုင်သွားပြီဆိုတဲ့အထိသာ ပါဝင်ပြီး ပြင်ဆင်မွမ်းမံမှုပိုင်းအတွက် မပါဝင်ပါ။ ကာကွယ်ရေးကဏ္ဍမှာတော့ hacker တွေဘယ်လိုတိုက်ခိုက်နိုင်တယ်ဆိုတာကို ကြိုတင်ရှာမယ်။ အားနည်းတဲ့နေရာတွေတွေ့ရင် ဘယ်လိုပြင်ဆင်ကာကွယ်ရမယ်ဆိုတာတွေကိုပါ ထပ်သိဖို့လိုအပ်လာပါတယ်။ ပိုပြီးနယ်ပယ်ကျယ်လာသလို ပညာရပ်လည်းပိုစုံဖို့ လိုလာပါတယ်။
အင်တာနက်ကိုသုံးလာကြတယ် အင်တာနက်ကနေ အဖျက်လုပ်ငန်းတွေကိုလည်း လုပ်ဆောင်လာကြတာကြောင့် ဒါတွေကို ကြိုတင်စစ်ဆေးပြီး ကာကွယ်နိုင်မယ့်နည်းလမ်းတွေ ရှာဖွေပြင်ဆင်ရတဲ့ ဆိုက်ဘာလုံခြုံရေးကဏ္ဍ သည်လည်း ကျယ်ပြောနက်ရှိုင်းလှပါတယ်။
.
၁၀။ ကွန်ပျူတာ မှုခင်းပညာရပ်
ဒီနယ်ပယ်ကိုတော့ လူသိနည်းပါတယ်။ Forensic လို့ခေါ်ပါတယ်။ Malicious Hacker တစ်ယောက်ကနေ ဆိုက်ဘာရာဇဝတ်မှုတစ်ခု ကျူးလွန်သွားတဲ့အခါ သူ့နောက်ကို ခြေရာကောက်ပြီးလိုက်နိုင်စေဖို့ ကြိုးစားရတဲ့ ပညာရပ်နယ်ပယ်ပါ။ ပိုပြီးနက်ရှိုင်းသွားပါတယ်။
.
ဒါကတော့ ကွန်ပျူတာနယ်ပယ်မှာ ရှိနေတာတွေထဲက လူသိများတဲ့နယ်ပယ်တွေကို အကြမ်းဖျင်း ပြောပြခဲ့တာပါ။ အကြမ်းဖျင်းသာဖြစ်လို့ မစုံလင်နိုင်ပါဘူး။ အချို့အချက်လေးတွေ ကျန်ခဲ့နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စဉ်းစားရမှာက ကွန်ပျူတာလို့ပြောပေမယ့် ကျွန်တော်တို့ စိတ်ဝင်စားတာ ဘယ်နယ်ပယ်ဖြစ်မလဲအရင်တွေးပါ။
.
ကွန်ပျူတာ ဝယ်ထားတာတော့ကြာပြီ ခုထိဘာမှမသိသေးဘူးတို့
ခုစာဆုံးတဲ့အထိသာ ဖတ်လာတယ် ဘယ်ဟာဝါသနာပါမှန်းမသိသေးဘူးတို့
ဆိုရင်တော့ သေချာတာက ကွန်ပျူတာနယ်ပယ်ကို ကျွန်တော်တို့ စိတ်မဝင်စားဘူးဆိုတာပါ။ စိတ်မဝင်စားရင် မလေ့လာပါနဲ့။ ဇွတ်အတင်းလည်း မလေ့လာခိုင်းပါနဲ့။ ရုံးအလုပ်အတွက် မဖြစ်မနေ သိရမယ့် နံပါတ် ၁လောက်ပဲ လေ့လာချင်လေ့လာပါ။
အဲသည်လိုပါပဲ။ Photoshop (or) Video Editing လောက်ပဲ စိတ်ဝင်စားတဲ့သူတွေအတွက်လည်း Networking တွေ ကျန်တာတွေ လျှောက်တက်နေတာထက် အဲသည်အပိုင်းတွေကိုသာ ထူးချွန်ပိုင်နိုင်အောင်ဆက်လေ့လာကြတာ ပိုထိရောက်ပြီး ပိုအကျိုးရှိပါမယ်။
.
အားလုံးပဲ မိမိစိတ်ဝင်စားရာ နယ်ပယ်မှာ ထူးချွန်ထက်မြက်သူများ ဖြစ်ကြပါစေဗျာ...
.
Thanks
Zawgyi Version
ကြန္ပ်ဴတာ ေခတ္ႏွင့္ လူအမ်ားစု ျပႆ နာ
********************************************
ေခါင္းစဥ္က နည္းနည္းေတာ့ ေရြးရခက္သြားတယ္။ လိုရင္းက ဒီဘက္ေခတ္ မိဘနဲ႔ သားသမီးေတြၾကားမွာလည္း
ဒီျပႆ နာက ႀကီးသလို လူငယ္ေတြကိုယ္တိုင္ကလည္း
ဒီျပႆ နာကို သတိမမူဂူမျမင္ၾကပါ။
မိဘေတြကလည္း သားသမီးေတြကို ကြန္ပ်ဴတာ သင္တန္း နင္းကန္တက္ေစခ်င္ၾကပါတယ္။ သားသမီးေတြ ဝါသနာပါသည္မပါသည္မသိ ျဖစ္ေစခ်င္ေဇာနဲ႔ ဆႏၵအဟုန္က မ်ားေနၾကပါတယ္။ အခ်ိဳ႕က် သားသမီးေတြက ေလ့လာခ်င္ေပမယ့္ ဂိမ္းကစားမွာေၾကာက္လို႔ စတဲ့အေၾကာင္းျပခ်က္မ်ိဳးနဲ႔ ဖယ္ခ်ထားတဲ့ မိဘေတြလည္း ႐ွိဖူးပါတယ္။ ဆယ္တန္းေအာင္ရံုပဲ႐ွိေသးလို႔ ဘြဲ႔ရမွ ဝယ္ေပးမယ္ဆိုၿပီး တတ္ႏိုင္ပါလ်က္ ဝယ္မေပးဘဲထားထားတာလည္း ေတြ႔ဖူးပါတယ္။ အေၾကာင္းျပခ်က္က ေက်ာင္းစာ စိတ္ဝင္စားမႈ ေလ်ာ့သြားမွာစိုးလို႔တဲ့။ အခ်ိဳ႕က ကြန္ပ်ဴတာ ဝယ္သံုးေနတာေတာ့ၾကာၿပီ။ စာ႐ိုက္မယ္ ဇာတ္ကားၾကည့္မယ္၊ ဂိမ္းေဆာ့မယ္ကလြဲၿပီး ဘာမွမသိဘူး။ ဘာကိုေလ့လာရမွန္းလည္းမသိဘူးဆိုၿပီး ေျပာၾကေလ့႐ွိပါတယ္။ ေျပာရရင္ေတာ့ ျပႆ နာေတြက အေတာ္မ်ားပါတယ္။ ခဏထားလိုက္ရေအာင္။
ကြၽန္ေတာ္အဓိက ေမးၾကည့္ခ်င္တာက ကြၽန္ေတာ္တို႔ေတြ ကြန္ပ်ဴတာ ကို တကယ္စိတ္ဝင္စားၾကလားဆိုတဲ့ေမးခြန္းပါ။ ကြန္ပ်ဴတာ အလံုးလိုက္ႀကီးကိုေတာ့ စိတ္စင္စားစရာမ႐ွိ။ ကြၽန္ေတာ္တို႔ စိတ္ဝင္စားရမွာက အဲသည္ကြန္ပ်ဴတာကို အသံုးခ်ႏိုင္မယ့္ နယ္ပယ္ေတြျဖစ္ပါတယ္။
၁။ ရံုးသံုးကြန္ပ်ဴတာပညာ
ဒါက ဒီေန႔ေခတ္မွာ ကြန္ပ်ဴတာ သင္တန္းဆိုတဲ့ အေျခခံသင္ၾကားမႈပံုစံပါ။ ကြန္ပ်ဴတာဆိုတာ ဘာေတြနဲ႔တည္ေဆာက္ထားတယ္။ mouse, keyboard စတဲ့ အစိတ္အပိုင္းေတြကို အၾကမ္းဖ်င္း႐ွင္းျပၿပီးေနာက္ အဖြင့္အပိတ္၊ Windows အေျခခံ (ဖိုင္စနစ္ေတြ၊ စုဖြဲ႔မႈေတြ) စတာေတြကို သင္ၿပီးမွ Microsoft Office (Word, Excel, Powerpoint, Publisher <မသင္ေပးတာမ်ား>) နဲ႔ Photoshop (အနည္းငယ္), Page Maker မွာ စာ႐ိုက္နည္းအခ်ိဳ႕ သင္ေပးလိုက္တာမ်ိဳးပါ။ သာမန္ရံုးသံုးကြန္ပ်ဴတာ အေျခခံ မ်ိဳး ျဖစ္ပါတယ္။
.
၂။ Photoshop ပညာ
ဓာတ္ပံုေတြ ျပဳျပင္တာ၊ Effect မ်ိဳးစံုသံုးတာ၊ စသည္ျဖင့္ အႏုပညာဆန္တဲ့ ပညာရပ္မ်ိဳးပါ။ သူကေတာ့ အႏုစိတ္ပံုေဖာ္မႈေတြထိပါၿပီး စိတ္႐ွည္ဖို႔လိုအပ္ပါတယ္။ Graphic Design ေတြထိ ပါဝင္မွာျဖစ္ၿပီး သာမန္ Photoshop အေျခခံထက္ အမ်ားႀကီးပိုပါတယ္။ ဓာတ္ပံုပညာ႐ွင္ေတြ၊ ဒီဇိုင္းပညာ႐ွင္ေတြစသည္ျဖင့္ အသက္ေမြးမႈအတြက္ အေထာက္အကူျပဳပါတယ္။
.
၃။ ဗီဒီယိုျပဳျပင္တည္းျဖတ္မႈပညာ
ကြန္ပ်ဴတာနယ္ပယ္ထဲမွာ ဗီဒီယိုျပဳျပင္တည္းျဖတ္တာေတြ၊ effect ေတြသံုးၿပီး ပိုမိုဆန္းသစ္ေအာင္ ဖန္တီးမႈေတြ၊ CGI ေတြနဲ႔ လကမ႓ာလို အျခားၿဂိဳဟ္ေတြ စၾကဝဠာေတြမွာလို ဖန္တီး႐ိုက္ကူးတာေတြ၊ ေဖာက္ခြဲဖ်က္ဆီးျပတာေတြ စသည္ျဖင့္ ပါဝင္ပါတယ္။ ပိုၿပီးအႏုစိတ္သလို ပိုၿပီးပညာသားပါတဲ့အပိုင္းေတြပါ ပါဝင္ပါတယ္။
.
၄။ ကြန္ပ်ဴတာ ပ႐ိုဂရမ္ေတြ ဖန္တီးျခင္း
Programming လို႔ေခၚဆိုၿပီး ဘာသာရပ္ေပါင္းမ်ားစြာ႐ွိပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ကြန္ပ်ဴတာ အလုပ္လုပ္ႏိုင္ေစဖို႔အတြက္ ဘာလုပ္ ဘာလုပ္လို႔ လမ္းညႊန္ေပးရတဲ့ Instruction ေတြကို ကြန္ပ်ဴတာ နားလည္ေအာင္ျပင္ဆင္ေျပာျပေပးတဲ့ဘာသာရပ္ေတြကို Programming Language ေတြလို႔ ေခၚပါတယ္။ အဲသည္ Language ေတြကိုသံုးၿပီး ကြ်န္ေတာ္တို႔အသံုးျပဳေနၾကရတဲ့ ပ႐ိုဂရမ္ေတြ (Application) ေတြအျဖစ္ တီထြင္ဖန္တီးရတာကို ဆိုလိုပါတယ္။ ပ႐ိုဂရမ္ေရးဆြဲတဲ့အထဲမွာ ကြၽန္ေတာ္တို႔ ကစားေနတဲ့ ဂိမ္းေတြအထိ ပါဝင္ပါတယ္။ Language ေတြမ်ားသလို နယ္ပယ္ေတြလည္း မ်ားပါတယ္။ Windows, Linux, OSX, iOS, Android OS, Java OS(ယေန့ သိပ္မေတြ႔ရေတာ့) စသည္ျဖင့္ Operating System မတူညီမႈေတြအေပၚ ေရးဆြဲရတဲ့ ပ႐ိုဂရမ္ (application) ေတြလည္း မတူညီၾကပါဘူး။ ဒါေၾကာင့္ ဒီထဲမွာတင္ပဲ နယ္ပယ္ေတြ ျပန္ကြဲသြားၾကပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ကြန္ပ်ဴတာေတြနဲ႔ ဖုန္းေတြလို ကိရိယာေတြသည္ ပ႐ိုဂရမ္ေတြေၾကာင့္သာ အလုပ္လုပ္ေဆာင္ေနႏိုင္ၾကတာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ဖုန္းမွာ Call icon ေလးကို ႏွိပ္ရင္ ဖုန္းေခၚဖို႔ေနရာကိုေရာက္သြားတာကအစ ပ႐ိုဂရမ္ေတြေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ အေရးပါဆံုးေသာ ပညာရပ္က႑လို႔ ဆိုႏိုင္ပါတယ္။
.
၅။ Web မ်ားဖန္တီးျခင္း
Web Developing ကိုဆိုလိုပါတယ္။ ကြၽန္ေတာ္တို႔ ယေန႔ သံုးေနတဲ့ Facebook တို႔ Google တို႔ ဘာ.com ညာ.net စတဲ့ domain ေတြနဲ႔ခ်ိတ္ထားတဲ့ Web ေတြပါ။ Web Application ေတြလို႔ဆိုၾကပါစို႔။ HTML, CSS, JavaScript စသည္ျဖင့္ Web ပိုင္းမွာလည္း သီးျခားေလ့လာစရာဘာသာရပ္ခြဲေတြ ႐ွိၾကပါတယ္။
.
၆။ ကြန္ယက္ခ်ိတ္ဆက္အသံုးျပဳျခင္း
ကြန္ပ်ဴတာတစ္လံုးကေန ႏွစ္လံုးျဖစ္လာတဲ့အခ်ိန္မွာ စၿပီးစဥ္းစားခဲ့ၾကရတဲ့ ေဒတာေတြအျပန္အလွန္ကူးသယ္ႏိုင္မယ့္ကြန္ယက္ ကေန ယေန႔ေခတ္ Internet, Intranet စတဲ့ ႀကီးမားလွတဲ့ ကြန္ယက္ေတြအထိ က်ယ္ျပန္လာပါတယ္။ ကြန္ပ်ဴတာ ရာေထာင္ခ်ီအသံုးျပဳရတဲ့ အဖြဲ႔အစည္းေတြ လုပ္ငန္းေတြလည္း တိုးပြားလာၾကသလို ကြန္ယက္ခ်ိတ္ဆက္ျခင္းနယ္ပယ္သည္လည္း အေရးပါတဲ့က႑အျဖစ္ ျဖစ္တည္ေနခဲ့ၿပီျဖစ္ပါတယ္။ ကြန္ပ်ဴတာေတြ တစ္လံုးနဲ႔တစ္လံုး ခ်ိတ္ဆက္ႏိုင္ဖို႔ cable ႀကိဳးေတြနဲ႔ ခ်ိတ္ဆက္တဲ့ကြန္ယက္ေတြ႐ွိသလို ႀကိဳးမဲ့ခ်ိတ္ဆက္ထားတဲ့ကြန္ယက္ေတြလည္း ႐ွိလာပါတယ္။ ဒါေတြကို ေလ့လာစီမံခန္႔ခြဲရတဲ့ ပညာရပ္နယ္ပယ္ပါ။
.
၇။ Cracking
ျမန္မာလိုေရးရခက္လို႔ အဂၤလိပ္လိုပဲ ေခါင္းစဥ္တပ္လိုက္ပါတယ္။ ဂိမ္းေတြဟက္ခ်င္လို႔တို႔ အလြယ္တကူေျပာၾကေလ့႐ွိတဲ့ Application ေတြထဲက ေဒတာေတြကို ထုတ္ယူျပင္ဆင္တာေတြ၊ Windows လို OS ေတြကို အခမဲ့သံုးႏိုင္ေအာင္ လိုင္စင္ကိုဖ်က္ေပးတာမ်ိဳး၊ လိုင္စင္မေတာင္းေတာ့ေအာင္လုပ္ေပးတာမ်ိဳး၊ စတာေတြကို လုပ္ေဆာင္ျခင္းနဲ႔ပတ္သက္ၿပီး ေလ့လာတဲ့နယ္ပယ္ပါ။ အခ်ိဳ႕အပိုင္းေတြမွာေတာ့ Hacking နဲ႔တြဲသြားပါတယ္။
.
၈။ Hacking
ျမန္မာလို အတိုခ်ဳပ္ေခၚရခက္လို႔ ဒီတိုင္းပဲ ေခါင္းစဥ္တပ္ထားတာပါ။ Operating System ေတြ၊ Software ေတြ၊ Service ေတြ၊ Network ေတြနဲ႔ Web Application ေတြ၊ စတဲ့ စနစ္အမ်ိဳးမ်ိဳးရဲ႕ အားနည္းခ်က္ေတြကို ႐ွာေဖြၿပီး အဆိုပါစနစ္ေတြကို ထိန္းခ်ဳပ္ဖို႔ႀကိဳးစားတာမ်ိဳး၊ အခ်က္အလက္ေတြကို ဖ်က္ဆီးတာ လႊဲေျပာင္းရယူတာ ခြင့္ျပဳခ်က္မ႐ွိဘဲျပင္ဆင္တာ စတဲ့လုပ္ေဆာင္မႈေတြထိ ပါဝင္ပါတယ္။ ဒီအတြက္ေတာ့ အထက္မွာေဖာ္ျပခဲ့တဲ့ ပညာရပ္နယ္ပယ္အားလံုးလိုလိုမွာ ကြၽမ္းက်င္ႏွံ႔စပ္ေနဖို႔ လိုအပ္ပါတယ္။ ဒါမွမဟုတ္ ကြၽမ္းက်င္သူေတြနဲ႔ စုဖြဲ႔လုပ္ေဆာင္ရပါတယ္။ အထက္ပါပညာရပ္ေတြအျပင္ အားနည္းခ်က္႐ွာေဖြတိုက္ခိုက္ပံုေတြကိုလည္း နားလည္သိကြၽမ္းဖို႔ႀကိဳးစားရတဲ့ နယ္ပယ္ပါ။ ပိုၿပီးက်ယ္ျပန္႔လာပါတယ္။ ကြၽန္ေတာ္တို႔ သိထားတဲ့ White ေတြ၊ Black ေတြနဲ႔ Gray ေတြ စသည္ျဖင့္ ေကာင္းတာလုပ္သူေတြနဲ႔ မေကာင္းတာလုပ္သူေတြ ေရာႁပြမ္းေနသလို အဲဒါေတြကေနလည္း ေလ့လာသင္ယူမႈေတြ လုပ္ေဆာင္ႏိုင္ပါတယ္။ မိမိရဲ႕လုပ္ေဆာင္ခ်က္ေပၚမူတည္ၿပီး ဥပေဒေဘာင္ အတြင္းအျပင္ ကြာျခားသြားႏိုင္တဲ့ ပညာရပ္နယ္ပယ္ပါ။
.
၉။ ဆိုက္ဘာလံုျခံဳေရးက႑
ကြန္ပ်ဴတာ ပညာရပ္ေတြထဲမွာ ဒီက႑ကလည္း အေရးပါတဲ့ေနရာမွာ တည္႐ွိေနပါတယ္။ Hacking နဲ႔ အတူတူပဲလို႔ေျပာလည္း ရတာပါပဲ။ သီးျခားခြဲေျပာရတာကေတာ့ ကြာဟခ်က္တစ္ခု ႐ွိေနလို႔ ျဖစ္ပါတယ္။ ဘာကြာလဲဆိုေတာ့ Hacking မွာတုန္းက စနစ္တစ္ခု အားနည္းခ်က္ကို႐ွာေတြ႔ၿပီ။ တိုက္ခိုက္ႏိုင္ၿပီ။ ပ်က္စီးသြားၿပီ သို႔မဟုတ္ ထိန္းခ်ဳပ္ႏိုင္သြားၿပီဆိုတဲ့အထိသာ ပါဝင္ၿပီး ျပင္ဆင္မြမ္းမံမႈပိုင္းအတြက္ မပါဝင္ပါ။ ကာကြယ္ေရးက႑မွာေတာ့ hacker ေတြဘယ္လိုတိုက္ခိုက္ႏိုင္တယ္ဆိုတာကို ႀကိဳတင္႐ွာမယ္။ အားနည္းတဲ့ေနရာေတြေတြ႔ရင္ ဘယ္လိုျပင္ဆင္ကာကြယ္ရမယ္ဆိုတာေတြကိုပါ ထပ္သိဖို႔လိုအပ္လာပါတယ္။ ပိုၿပီးနယ္ပယ္က်ယ္လာသလို ပညာရပ္လည္းပိုစံုဖို႔ လိုလာပါတယ္။
အင္တာနက္ကိုသံုးလာၾကတယ္ အင္တာနက္ကေန အဖ်က္လုပ္ငန္းေတြကိုလည္း လုပ္ေဆာင္လာၾကတာေၾကာင့္ ဒါေတြကို ႀကိဳတင္စစ္ေဆးၿပီး ကာကြယ္ႏိုင္မယ့္နည္းလမ္းေတြ ႐ွာေဖြျပင္ဆင္ရတဲ့ ဆိုက္ဘာလံုျခံဳေရးက႑ သည္လည္း က်ယ္ေျပာနက္႐ိႈင္းလွပါတယ္။
.
၁၀။ ကြန္ပ်ဴတာ မႈခင္းပညာရပ္
ဒီနယ္ပယ္ကိုေတာ့ လူသိနည္းပါတယ္။ Forensic လို႔ေခၚပါတယ္။ Malicious Hacker တစ္ေယာက္ကေန ဆိုက္ဘာရာဇဝတ္မႈတစ္ခု က်ဴးလြန္သြားတဲ့အခါ သူ႔ေနာက္ကို ေျခရာေကာက္ၿပီးလိုက္ႏိုင္ေစဖို႔ ႀကိဳးစားရတဲ့ ပညာရပ္နယ္ပယ္ပါ။ ပိုၿပီးနက္႐ိႈင္းသြားပါတယ္။
.
ဒါကေတာ့ ကြန္ပ်ဴတာနယ္ပယ္မွာ ႐ွိေနတာေတြထဲက လူသိမ်ားတဲ့နယ္ပယ္ေတြကို အၾကမ္းဖ်င္း ေျပာျပခဲ့တာပါ။ အၾကမ္းဖ်င္းသာျဖစ္လို႔ မစံုလင္ႏိုင္ပါဘူး။ အခ်ိဳ႕အခ်က္ေလးေတြ က်န္ခဲ့ႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ စဥ္းစားရမွာက ကြန္ပ်ဴတာလို႔ေျပာေပမယ့္ ကြၽန္ေတာ္တို႔ စိတ္ဝင္စားတာ ဘယ္နယ္ပယ္ျဖစ္မလဲအရင္ေတြးပါ။
.
ကြန္ပ်ဴတာ ဝယ္ထားတာေတာ့ၾကာၿပီ ခုထိဘာမွမသိေသးဘူးတို႔
ခုစာဆံုးတဲ့အထိသာ ဖတ္လာတယ္ ဘယ္ဟာဝါသနာပါမွန္းမသိေသးဘူးတို႔
ဆိုရင္ေတာ့ ေသခ်ာတာက ကြန္ပ်ဴတာနယ္ပယ္ကို ကြၽန္ေတာ္တို႔ စိတ္မဝင္စားဘူးဆိုတာပါ။ စိတ္မဝင္စားရင္ မေလ့လာပါနဲ႔။ ဇြတ္အတင္းလည္း မေလ့လာခိုင္းပါနဲ႔။ ရံုးအလုပ္အတြက္ မျဖစ္မေန သိရမယ့္ နံပါတ္ ၁ေလာက္ပဲ ေလ့လာခ်င္ေလ့လာပါ။
အဲသည္လိုပါပဲ။ Photoshop (or) Video Editing ေလာက္ပဲ စိတ္ဝင္စားတဲ့သူေတြအတြက္လည္း Networking ေတြ က်န္တာေတြ ေလွ်ာက္တက္ေနတာထက္ အဲသည္အပိုင္းေတြကိုသာ ထူးခြၽန္ပိုင္ႏိုင္ေအာင္ဆက္ေလ့လာၾကတာ ပိုထိေရာက္ၿပီး ပိုအက်ိဳး႐ွိပါမယ္။
.
အားလံုးပဲ မိမိစိတ္ဝင္စားရာ နယ္ပယ္မွာ ထူးခြၽန္ထက္ျမက္သူမ်ား ျဖစ္ၾကပါေစဗ်ာ...
.
Thanks
No comments