ဖုန်းပျောက်ဖူးကြသူ အတော်များများ တွေ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖုန်းပျောက်ဖူးပါတယ်။ ဒါေကြောင့် ဖုန်းပျောက်သွားတဲ့အခါ ဘယ်လိုပြန်ရှာ ကြမလဲ ဆိုတဲ့မေးခွန်းက လူအတော်များများအတွက် သိချင်စိတ်အပြင်းဆုံးေေေေမေးခွန်းအမျိုးအစားထဲ ပါနေပါတော့တယ်။
ဖုန်းပျောက်တာနဲ့ ပတ်သက်ပြီး ပြောမှာဆိုတော့ ဖုန်းပျောက်တဲ့အခြေအနေ နှစ်ရပ် ခွဲလိုက်ရအောင်။
၁။ ဖုန်းဝယ်လာကတည်းက Screen lock လေးပဲ ချထားတယ်။ ကျန်တာ ဘာမှလုပ်မထားဘူး
၂။ ဖုန်းဆိုတာပျောက်တတ်တဲ့အရာဖြစ်လို့ ပျောက်သွားတဲ့အခါ အဆင်ပြေစေဖို့ ကြိုတင်စီစဉ်ထားတယ်။
အထက်ပါ အစုနှစ်ခုမှာတင် ဘယ်သူကတေ ပြန်ရနိုင်မယ်။ ဘယ်သူကတော့ ပြန်ရဖို့ခက်တယ် ဆိုတာ သိနိုင်ပါတယ်။ အုပ်စု ၁ မှာသာ ပါခဲ့ရင်တော့ ဖုန်း ရသွားတဲ့သူက လာပြန်ပေးမှသာပြန်ရနိုင်ပါလိမ့်မယ်။
ဖုန်းတွေပျောက်ရှတာတွေကို မပြောခင်ပေါ့။ စကားနည်းနည်း ရှည်ပါရစေ။
ယနေ့ခေတ်မှာတော့ ဖုန်းတွေမှာ အသုံးပြုသိုလှောင်မှုများလာတာနဲ့အမျှ သိုလှောင်နိုင်စွမ်းမြင့်မားတဲ့ Storage ပမာဏကို ထည့်သွင်းလာကြပေမယ့် ကျွန်တော်တို့နိုင်ငံက လူအများစုကတော့ SD card ထပ်စိုက်လို့ရတဲ့ ဖုန်းတွေကိုသာ ပိုမိုနှစ်သက်နေဆဲ ရှိတာကို တွေ့ရပါတယ်။ SD ကဒ်စိုက်သုံးလို့ရတော့ ပိုမကောင်းဘူးလားလို့ မေးစရာရှိပါမယ်။ SD ဆိုတာ Internal Storage လောက် လျင်မြန်ခြင်းရှိ မရှိ စတာတွေ မပြောတော့ပါဘူး။
ခုလို ဖုန်းပျောက်တာ (ရိုးရိုးပျောက်တာရှိမယ်၊ ခိုးခံရတာလည်းရှိမယ်) ကြုံတဲ့အခါ Information Security လို့ခေါ်တဲ့ချက်အလက်လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တွေကို SD ထဲမှာ ထားမိထားရင်တော့ ဖုန်းပျောက်တာထက် ဆိုးသွားတဲ့အခြေအနေမျိုး ကြုံရနိုင်ပါတယ်။
မိမိတို့မိမိ လျှို့ဝှက်ရိုက်ထားမိတဲ့ ပုံတွေ၊ ဗီဒီယိုတွေကိုတော့ SDံ ထဲမှာ ဘယ်တော့မှ မသိမ်းမိအောင် ဂရုစိုက်ကြစေလိုပါတယ်။အကောင်းဆုံးကတော့ SD မလိုတဲ့ဖုန်းတွေကိုသာ ရွေးချယ်သုံးသင့်ပြီး SD ကို အားမပြုဖို့ဖြစ်ပါတယ်။
Storage များတဲ့ (32GB, 64GB, 128GB, 25GB, ..) ဖုန်းတွေကိုမှ ဝယ်မသုံးနိုင်တာလို့ ပြောကောင်း ပြောမယ့်သူတွေ ရှိနိုင်ပါတယ်။ ဒီဘက်ခေတ် ဖုန်းတိုင်းနီးပါးမှာတော့ OTG လို့ခေါ်တဲ့ USB One The GO သုံးလို့ရအောင် ဖန်တီးပေးထားတာမို့လို့ OTG stick တွေကိုသုံးပြီး သိမ်းထားနိုင်ပါတယ်။ (OTG မပျောက်အောင်တော့ ဂရုစိုက်ရပါမယ်)
စကားနည်းနည်းရှည်သွားပြီထင်ပါတယ်။
လိုရင်းကို ဆက်ရအောင်။
IMEI သိတယ် ဖုန်းကို ဘယ်လိုရှာရမလဲ?
ဒါကတော့ ကျွန်တော့်ဆီ မေးလာတဲ့လူတိုင်းနီးပါး ပထမဆုံးမေးလေ့ရှိတဲ့ မေးခွန်းပါ။ IMEI ဆိုတာ International Mobile Equipment Identity ကို အတိုကောက်ရေးထားတာဖြစ်ပြီး SIM card ထည့်ပြီးသုံးရတဲ့ device တိုင်းမှာပါတဲ့ နံပါတ်တစ်ခုဖြစ်ပါတယ်။
တစ်ကမူဘာလုံးမှာ တူညီတဲ့နံပါတ် နှစ်ခု မရှိဘူးလို့ ဘယ်လိုပင်ပြောပြော ကျွန်တော်ကတော့ တကယ် မယုံပါဘူး။ ကျွန်တော်တို့ဆီမှာ တွေ့ရအများဆုံးသော ဖုန်းတွေသည် China က လာပါတယ်။ IMEI တွေ ထပ်နေတဲ့ China Phone တွေလည်း အများကြီးပါပဲ။ ဒါကြောင့် ကျွန်တော်တို့နဲ့ IMEI တူတဲ့သူ မရှိနိုင်ဘူးလို့တော့ တစ်ထစ်ချ တွေးမထားသင့်ပါဘူး။ ကျွန်တော်ကိုယ်တိုင် China Mobile Company (Mandalay) မှာ IMEI နံပါတ်တွေကို အလုံးရာထောင်ချီ ပြောင်းပေးခဲ့ရဖူးသလို သူတို့ဘာသာ ဖန်တီးထားတဲ့ သူတို့နာမည်တံဆိပ် နဲ့ IMEI နံပါတ်တွေပါတဲ့ ကပ်ခွာ (စတစ်ကာ) တွေ ထိုင်ကပ်ပေးခဲ့ရဖူးပါတယ်။ (အဲသည်မှာ တစ်လတိတိ အလုပ်လုပ်ခဲ့ဖူးပါတယ်)
ဒီတော့ IMEI ဆိုတာ ကျွန်တော်တို့ အားကိုးလို့ရမယ့် အရာတစ်ခုလို့ တစ်ထစ်ချ မသတ်မှတ်ထားသင့်ပါဘူး။ နောက်တစ်ချက်က IMEI သိရုံနဲ့ ကျွန်တော်တို့ဖုန်းရဲ့ ရောက်ရှိနေတဲ့ တည်နေရာကို ရှာလို့ရတယ် ဆိုတာလည်း လုံးဝ လုံးဝ မမှန်ပါဘူး။ IMEI ကိုလည်း သိရမယ် အဲသည်ကနေတစ်ဆင့် ပြန်ရှာရာမှာ ကူညီပေးနိုင်မယ့် Application ကိုလည်း ထည့်သွင်းထားမယ်ဆိုမှသာလျင် ဖြစ်နိုင်ချေ အနည်းငယ် ရှိပါလိမ့်မယ်။
IMEI နံပါတ်ကို သိချင်ရင် ကျွန်တော်တို့ ဖုန်းထည့်တဲ့ Box မှာလည်း ပါသလို မည်သည့်ဖုန်းမှာမဆို အောက်ပါအတိုင်း ရိုက်ထည့်ရှာဖွေနိုင်ပါတယ်။
*#06# ကိုခော်လိုက်ရုံနဲ့ အထက်ပါအတိုင်း IMEI နံပါတ်တွေကို မြင်ရပါမယ်။
Setting ထဲကနေလည်း ကြည့်နိုင်ပါတယ်။
Setting ထဲမှာတော့ About Phone ထဲမှာ ကြည့်ရမှာဖြစ်ပြီး ဖုန်းတစ်လုံးနဲ့တစ်လုံးတော့ ကွာခြားမှုရှိပါတယ်။ အချို့ဖုန်းတွေမှာ About Phone ထဲ ဝင်ရုံနဲ့ တွေ့ရမှာဖြစ်ပြီး၊ အချို့ဖုန်းတွေမှာတော့ About Phone >> Status >> IMEI Information စသည်ဖြင့် အဆင့်ဆင့် ဝင်ကြည့်ရတာမျိုးလည်း ရှိပါတယ်။
ဖုန်းဘူးခွံပော်က IMEI ပုံစံနဲ့ iPhone တွေမှာဆိုရင် နောက်ကျောမှာ IMEI နံပါတ်တွေ ပါတဲ့ပုံစံကို အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။
Single SIM လို့ခော်တဲ့ SIM တစ်ကဒ်ပဲ သုံးရတဲ့ဖုန်းတွေမှာတော့ IMEI နံပါတ်တစ်ခုသာ တွေ့ရမှာဖြစ်ပြီး Dual SIM ထည့်သုံးလို့ရတဲ့ ဖုန်းတွေမှာတော့ IMEI နှစ်ခု တွေ့ရမှာဖြစ်ပါတယ်။
IMEI ဆိုတာ ကြည့်ရတာလည်း လွယ်လွန်းသလို ပြောင်းရတာလည်း လွယ်လွန်းလို့ ဖုန်းပြန်ရှာတဲ့နေရာမှာတော့ အားကိုးလို့ မရနိုင်ပါ။
IMEI နဲ့ပတ်သက်ပြီး ပြောပြခြင်းသာဖြစ်ပြီး ကျွန်တော်တို့ ဖုန်းလည်း ပျောက်သွားတယ် IMEI ပဲသိပြီး ကျန်တာ မသိဘူးဆိုရင်တော့ ပျောက်သွားတဲ့ဖုန်းကိုခော် လက်ခံဖြေရင် ပြန်တောင်း ပြန်ပေးရင်ယူ မဟုတ်ရင်တော့ လှူ လိုက်တာ ကုသိုလ်ရပါတယ်။
ကြိုတင်ပြင်ဆင်နည်း - ၁
ခုနောက်ပိုင်း Android Version တွေလည်း မြင့်လာသလို လုံခြုံရေးစနစ်တွေလည်း အားကောင်းမောင်းသန် ရှင်သန်လာတာကို တွေ့ရပါမယ်။ လုံခြုံရေးကို ထည့်စဉ်းစားတဲ့ ဖုန်းတိုင်းလိုလိုမှာ ကာကွယ်ရေးစနစ်တွေအပြင် ပျောက်ဆုံးသွားတဲ့အခါ ရှာဖွေနိုင်ဖို့စနစ်တွေကိုပါ ထည့်သွင်းဆန်းသစ်လာကြပါတယ်။ Google Service ကောင်းစွာရတဲ့ ဖုန်း(OS) အမျိုးအစားတွေမှာတော့ Google LLC က အခမဲ့ထုတ်ထားပေးတဲ့ Find My Device ဆိုတဲ့ Application ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဖုန်းထဲမှာ Gmail account တစ်ခုထည့်သွင်းထားဖို့လိုပါမယ်။ Find My Device ကို Google Play Store ကနေ ဒေါင်းယူလိုပါက ဒီစာကြောင်းလေးကို နှိပ်ပါ။ App ထည့်သွင်းပြီးပါက Setting မှာ ပြင်ဆင်စရာလေးတွေ ကျန်ပါသေးတယ်။
- Settings ကိုဖွင့်ပါ။
- Security & lock screen ဆိုတဲ့ထဲဝင်ပါ။
- Device administrators ဆိုတဲ့နေရာအထိ ဆင်းလိုက်ပါ။
- Device Administrator ထဲက Find My Device ဆိုတဲ့နေရာမှာ အမှန်ခြစ်လေး ပေးလိုက်ပါ။
- ပြီးရင် Back ပြန်ထွက်ပါ။
- အထက်ပါ သုံးပုံရဲ့ ညာဘက်အစွန်ကပုံလို Find My Device မှာ On ဖြစ်နေဖို့ လိုပါတယ်။ On မဖြစ်သေးရင် ဖွင့်ဝင်ပြီး On လိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့ Setting ထဲမှာ ဆက်ပြင်စရာရှိပါသေးတယ်။ တည်နေရာရှာတဲ့အခါ တိကျမှု ရှိစေဖို့အတွက်
- Location ထဲဝင်ပြီး On ထားဖို့ လိုအပ်မှာဖြစ်သလို
- Mode ဆိုတဲ့နေရာမှာလည်း High Accuracy ဖြစ်အောင် ပြောင်းထားဖို့လိုပါမယ်။
- ပိုတိကျစေဖို့ပါ။ အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။
- Mode မှာ high accuracy ပြောင်းတာကတော့ လွယ်ပါတယ်။ အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။
- High Accuracy ပြောင်းပြီးသွားတဲ့အခါ အဲသည် Mode အောက်ပါမှာ ရှိတဲ့ Google Location History ဆိုတဲ့ထဲကို နှိပ်ဝင်လိုက်ပါ။ အထက်ပါပုံသုံးပုံရဲ့ ညာဘက်အစွန်ပုံထဲကနေရာပါ။