Adsense
OUO Banner
Latest Posts
Website & Blog တွေနဲ့တင် တိုင်ပတ်နေဆဲ မြန်မာ့ အင်တာနက်သုံးသူများ
Unicode Version
(မြန်မာစာ မမှန်ပါက အောက်ဆုံးသို့ ဆက်ဆင်းကြည့်ပါ။ Zawgyi Version ပါပါသည်။)
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုမှု ဘယ်လိုပင် တိုးတက်လာပါသည်ဟု စာရင်းဇယား အမျိုးမျိုး ပော်ထွက်ခဲ့ကြသော်လည်း တကယ်တမ်းမှာတော့ အင်တာနက်သုံးသည်ဟုဆိုသူများ၏ 95% လောက်က Facebook, Messenger, Viber လောက်သာ သုံးနေကြဆဲပါ
.
လူမှုကွန်ယက် အသုံးပြုခြင်းရဲ့ ကောင်းကျိုးများကို ခံစားကြရသည့်တိုင် ဆိုးကျိုးရသူများသာ ပိုများနေမယ် လို့ ကျွန်တော် ထင်ပါတယ်။
.
အင်တာနက်ကနေ ကျွန်တော်တို့ လေ့လာနိုင်တဲ့ ပညာတွေ ရှိတယ်
ကျွန်တော်တို့ဘဝအတွက် တည်ဆောက်နိုင်မယ့် အထောက်အပံ့တွေ ရှာနိုင်တယ်
ဒါပေမယ့် ကျွန်တော်တို့ အများစုရဲ့ အဓိက အားနည်းချက်က တကယ်လုပ်ရမယ်ဆို ပျင်းတာပါ
မလုပ်တတ်ဘူး မသိဘူး ဆိုတဲ့စကားကို သုံးရင် အဆင်ပြေပြီလို့ ယူဆနေကြပြီး
မလုပ်တတ်ဘူးဆိုတာကို အကြောင်းပြ မလုပ်ချင်တာကို ကာဗာယူပြီး ရှေ့ဆက်နေကြတဲ့အတွက် ကျွန်တော်တို့ သုံးလိုက်ကြတဲ့ ဖုန်းဘေ သည် အော်ပရေတာတွေကို လုပ်ကျွေးရုံထက် ပိုမလာခဲ့ပေ
.
Facebook သုံးလာကြတာ သုံးနှစ်လောက် ရှိပြီဖြစ်တဲ့သူတွေကလည်း Facebook Account ဖွင့်နည်း၊ Report တင်နည်း ဆိုပြီး လိုက်မေးနေကြပါတယ်
English Speaking သင်နေတဲ့ ဆရာ တစ်ယောက်ကလည်း Facebook ID တင်ခိုင်းတာကို မတင်တတ်လို့ ဆိုပြီး အကူညီတောင်းနေပါတယ်
.
ဒီနေရာလေးမှာ ကျွန်တော်ပြောချင်တာလေးတစ်ခု ရှိလာပါတယ်
Facebook သုံးနေတာ ဖြစ်ပါလျက် Facebook Post တိုင်း Profile တိုင်းကို  Report ဘယ်လိုလုပ်ရမှန်း မသိဆိုတာထက် အဲသည် report ဆိုတာ ဘယ်နေရာကိုနှိပ်ရင် ထွက်လာတယ်ဆိုတာတောင် မသိတာကတော့ နည်းနည်းလေးတောင် နှိပ်မကြည့်ဖူးလို့ ဆိုတာ သိသာလွန်းပါတယ်
မိတ်ဆွေတို့ မသိလို့ မေးနေတဲ့သူတွေဘက်က တွေးကြည့်ပါ
သူတို့ကိုရော ဘယ်သူတွေက သင်ပေးထားကြပါသလဲ
မိမိတို့ဘာသာ လုပ်ကြည့်ရင်ရော မဖြစ်နိုင်ဘူးလား
အချို့ဆို ခုထိ link ပေးတာတောင် နှိပ်မကြည့်တတ်ကြပါ
အချို့က Android မှာ Linux နဲ့ဆိုင်တာတွေ လေ့လာချင်တယ်
ကွန်ပျူတာ မရှိလို့ပါဆိုတော့ ကျွန်တော်က link လေးတစ်ခုပေးပါတယ်
Older Post ဆိုတာကို နှိပ်ကြည့်ရင် နောက်ထပ် ပုံစံတူ Post တွေ ထွက်လာမယ် ဆိုတာ မသိကြဘူးဗျာ
ဒီတစ်ခုပဲ ရှိတယ်လို့ ထင်သွားကြပါလေရော
အဆိုးဆုံးကတော့ Zawgyi ရော Unicode ပါ ပြောင်းလို့ရတဲ့ switch ရယ် ပြောင်းရမယ့် ပုံစံရယ်ကို မသိမှာစိုးလို့ ပုံနဲ့တကွ ပြထားတာတောင် အဲဒါကို မကြည့်ဘဲ စာဖတ် မရဘူးလို့ လာပြောကြတာပါ
Zawgyi, Uni ပြသနာမှာ မပါလိုပေမယ့် Zawgyi ကို သုံးထားတိုင်း တက်လေ့ရှိတဲ့ ပြသနာပါ
အချို့ ဖုန်းတွေမှာ Browser ကနေဝင်ရင် blog တွေ google site တွေမှာ Zawgyi Font ကို အမှန် မမြင်ရပါဘူး။ အထူးသဖြင့် Xiaomi, Samsung တို့လို ဖုန်းတွေမှာ ပိုဆိ်ုးပါတယ်
Gmail app ထဲမှာတောင် မြန်မာစာ အမှန်မမြင်ရပါဘူး (root လုပ်ပြီး Font change မှသာ ရနိုင်မှာမျိုးပါ)
'ဒါတွေ အဆင်ပြေအောင် ထည့်ပေးထားပေမယ့် အချို့က လုံးဝ လုံးဝ မကြည့်ပါ
မလုပ်တတ်ဘူးလို့ ဇွတ်အော်ပြီး ကျန်ခဲ့တာပါပဲ
.
ဒါတွေမဖြစ်အောင် အချို့ site တွေ blog တွေမှာ Zawgyi Version & Unicode Version ဆိုပြီး တင်ကြတာ တွေ့ပါတယ်
Zawgyi Font နဲ့ Zawgyi Version ကို အမှန်မမြင်နိုင်တဲ့ စနစ်ကြောင့် အဲနေရာပဲ ကြည့်ပြီး ဖတ်မရဘူးဆိုပြီး ပြန်ထွက်သွားကြတာတွေလည်း အများကြီးပါ
.
အင်တာနက် သုံးလာကြတာ ဒီလောက် ကြာရှည်ပြီဖြစ်တဲ့ နိုင်ငံတစ်ခုမှာ ဒါတွေကို ခုထိ ကြုံနေသေးတယ် ဆိုတာ ပြောရင် မယုံနိုင်စရာ ထင်ကောင်းထင်ပါမယ်
Download မဆွဲတတ်လို့ ဆိုတဲ့လူကလည်း Mediafire link တိုက်ရိုက်ပေးတာတောင် မဆွဲတတ်ဘူး ပြောပါတယ်။
.
မတတ်တာ မသိတာ ကို အပြစ်မဆိုလိုပါ
တတ်အောင် သိအောင် လေ့လာချင်စိတ် မရှိတာကိုလည်း အပြစ်ဟု မမြင်မိပါ
သို့သော် ထိုသူများက နည်းပညာချစ်သူ နည်းပညာမြတ်နိုးသူ နည်းပညာ လေ့လာသူ
Hacking သင်ချင်သူ hacker ဖြစ်လိုသူ Facebook hack ချင်သူ စတာတွေပြောလာတော့
ပြုံးပဲ ပြုံးဖြစ်ပါတော့တယ်
မချိပြုံးကို နာနာကျင်ကျင်နဲ့ ပြုံးဖြစ်တာပါ
.
English စာလေး မတောက်တခေါက်တတ်တဲ့သူတိုင်း (မသိရင် Dictionary အားကိုးနဲ့) လုပ်လို့ ရတာတွေကိုတောင်မှ ကျွန်တော်တို့ အခြားသူကို အားကိုးနေကြသေးသရွေ့တော့ သေချာပါတယ် ကျွန်တော်တို့ ဖြစ်ချင်တာတွေ ဖြစ်ဖို့ ဝေးသထက် ဝေးနေဦးမှာပါ
.
Blog, web link လေးတွေကိုတောင် ဝင်ကြည့်ဖို့ ခက်နေသေးသမျှ Hacker ဆိုတဲ့ စိတ်ကူးကို ထည့်ကို မတွက်ပါနဲ့
menu လေးဖော်ကြည့် နှိပ်ကြည့်လို့ရတဲ့ report တင်နည်းမျိုး
ပေါ်လာတာဖတ်ကြည့်ပြီး တစ်ဆင့်စီ ဆက်သွားလို့ရတဲ့ Account Lock ကျတာမျိုး ID တင်တာမျိုးလောက်ကိုတောင် မိမိဘာသာ ကြိုးစားမကြည့်ချင်သမျှ Hack နည်းဆိုတာတွေ လိုက်မေးနေ လိုက်ရှာမနေကြပါနဲ့လို့
ရင်နာနာနဲ့ ရေးပါသည်
Hacking ကို လက်တွေ့ချည်း လေ့လာလိုသူတွေအတွက်  Grade 3 Hacking "Hacking ဒုတိယတန်း" စာအုပ်ကို အားပေးနိုင်ပါပြီဗျ ..........
100% လိုက်လုပ်နိုင်ပြီး
90% လက်တွေ့သင်ခန်းစာများ ပါဝင်သည့်
"Hacking ဒုတိယတန်း" စာအုပ်
Oယ်ယူရရှိနိုင်ပါပြီ .......................
Ph. 09 799 535 021 && 09 69 806 4912
 Thanks for visiting.
 Khit Minnyo
Zawgyi Version
.
.
.
.
.
.
.
.
.
ရင်နာနာနဲ့ ရေးပါသည်
Oယ်ယူရရှိနိုင်ပါပြီ .......................
 Thanks for visiting.
 Khit Minnyo
1 comment:
  1. ကျွန်တော်ရဲ့ blog လေးမှာ ဆရာ့ site လို zawgyi ရော unicode ရော ဖတ်လို့ရအောင် လုပ်ချင်လို့ပါ ဘယ်လိုလုပ်ရမလဲ ကျွန်တော်က unicode သုံးတာပါ
    ReplyDelete