Adsense

OUO Banner

Latest Posts

Linux မှာ System Information တွေဖော်ထားရအောင်



Kali linux သုံးရင်း Desktop ရဲ့ ညာဘက်ခြမ်းမှာ system information လေးတွေ ဖော်ထားချင်သူတွေအတွက်ပါ

လုပ်ဆောင်ရ လွယ်ကူပြီး ပထမအကြိမ်မှာတော့ အင်တာနက် လိုအပ်ပါမယ်
Terminal ကို ဖွင့်ပြီး အောက်ပါအတိုင်း စတင်နိုင်ပါတယ်

root@kali:~#  apt  install  conky  -y

root@kali:~#  git clone https://github.com/KhitMinnyo/kmn-conky

root@kali:~#  cd  kmn-conky

root@kali:~/kmn-conky#  conky  -c  kmn-conky

ပြီးရင် Terminal ပိတ်လိုက်လို့ ရပါပြီ။ ညာဘက်အစွန်မှာ System Info တွေကို တွေ့မြင်ရပါမယ်။
System Info တွေထဲမှာ ပြောင်းစရာ အနည်းငယ် ရှိပါတယ်။
Terminal မှာ gedit  kmn-conky/kmn-conky လို့ ရိုက်လိုက်ပါ။
ပွင့်လာတဲ့ဖိုင်ရဲ့ TEXT ဆိုတဲ့အပိုင်း မှာ အောက်ပါတို့ကို ပြင်ရပါမယ်။

၁။ Mr./Mrs. နေရာမှာ တစ်ခုပဲ ထားပါ။ သို့မဟုတ် U, Daw, Ko , Ma, Mg စသည်ဖြင့် ထားနိုင်သလို မိမိနာမည် ရှေ့ဆုံးတစ်လုံးကို လည်း ထားနိုင်ပါတယ်

........................................................................
၂။ Your Name နေရာမှာ မိမိနှစ်သက်ရာ နာမည် ထည့်နိုင်ပါတယ်

.........................................................................
၃။ Processor မှာ Intel Core youri ဆိုပြီး ဖြစ်နေပါတယ်။ အဲနေရာမှာ မိမိတို့ရဲ့ Processor ကို ထည့်နိုင်ပါတယ်။ ဥပမာ i3, i5, i7, ... စသည်ဖြင့်ပေါ့

ပြီးရင် ဖိုင်ကို Save ပြီဿး ပိတ်လိုက်ပါ။ မိမိတို့ရဲ့ Desktop မှာ မြင်ရတဲ့ Info တွေပါ ပြောင်းသွားတာကို မြင်ရမှာ ဖြစ်ပါတယ်။
.

အားနည်းချက်ကတော့ ပါဝါပိတ်ပြီး နောက်တစ်ကြိမ် ပြန်ဖွင့်တဲ့အခါ သူ့ကို ပော်စေချင်ရင် ပြန်ဖော်ပေးရမှာ ဖြစ်ပါတယ်။ အင်တာနက် မရှိလည်း ရပြီနော်။ အောက်ပါအတိုင်း လွယ်ကူစွာ ပြန်ဖွင့်နိုင်ပါတယ်။
root@kali:~#  cd  kmn-conky

root@kali:~/kmn-conky#  conky  -c  kmn-conky

.
System Info လေးတွေ ပြထားတာမို့ တစ်ခုခုဆို သုံးရတာ အဆင်ပြေစေမှာပါ။
.
တစ်ခုပြောဖို့ မေ့ခဲ့တယ်ဗျ။ နောက်တစ်ခု ပြင်စရာ ကျန်သေးတာက USB ပါ။ ကျွန်တော့် USB stick ကို AiO လို့ နာမည် ပေးထားတော့ setting ထဲမှာ အဲလိုပဲ ပါသွားတယ်။ မိမိတို့ Stick ရဲ့ info ပော်စေချင်ရင်
 ပြင်လိုက်ဖို့ လိုပါမယ်
အပော်မှာ ပြင်ခဲ့တဲ့ အချက် သုံးချက်လိုပါပဲ။


Thanks for visiting


Khit Minnyo

No comments