Q & A
May 11, 2018
Friday, May 11, 2018
Saturday, May 5, 2018
Hacking with Android
May 05, 2018
Android မှာ သုံးနိုင်တဲ့ နည်းလမ်းများ စုစည်းမှု
Unicode Version
(မြန်မာစာ မမှန်ပါက အောက်ဆုံးသို့ ဆက်ဆင်းကြည့်ပါ။ Zawgyi Version ပါပါသည်။)
Hacking နဲ့ ပတ်သက်ပြီး ဖုန်းမှာ လေ့လာချင်သူတွေအတွက် Linux command တွေနဲ့ ရင်းနှီးအောင် ဖုန်းမှာ Linux သုံးနည်းလေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ နည်းအများကြီး ပေးခဲ့ပေမယ့် အချို့က ရှာမကြည့်တတ်တာကြောင့် Link တွေကို ပြန်စုပေးထားခြင်းသာ ဖြစ်ပါတယ်
.
Link တွေထဲကမှ ကျွန်တော့်အနေနဲ့ သုံးစေချင်တာတွေကိုပဲ အစဉ်လိုက် ရွေးထုတ်ပေးသွားပါမယ်
ဆိုလိုတာက ပထမဆုံးတစ်ခုကို သုံးပါ
မရမှ ဒုတိယနည်းကို သုံးပေါ့။ ကဲ ကြည့်ရအောင်
.
ပထမနည်း
တင်နည်းကို ကြည့်ဖို့ ဒီစာကြောင်းကို နှိပ်ပါ
တင်ပြီးသွားတဲ့အခါ လိုတာတွေ ထပ်ဖြည့်ဖို့ ဒီစာကြောင်းကို နှိပ်ပါ
Terminal လေးကို အလှဆင်လိုပါက ဒီစာကြောင်းကို နှိပ်ကြည့်ပါ
Metasploit တင်သုံးနည်းများကို ကြည့်လိုပါက ဒီစာကြောင်းကို နှိပ်ပါ
ဒုတိယနည်း
ဒုတိယနည်းကို ကြည့်နိုင်ဖို့အတွက် ဒီ link ကို နှိပ်ပါ
တတိယနည်း
အထက်ပါနည်းလမ်းတွေနဲ့ သုံးလို့ မရဘူးဆိုမှ ဒီနည်းလမ်းကို သုံးပါ
ကြည့်နိုင်ရန် ဒီစာကြောင်းကို နှိပ်ပါ
စတုတ္ထနည်း
အထက်ပါနည်းလမ်းတွေနဲ့ သုံးလို့ မရဘူးဆိုမှ ဒီနည်းလမ်းကို သုံးပါ
ကြည့်နိုင်ရန် ဒီစာကြောင်းကို နှိပ်ပါ
ပဉ္စမနည်း
အထက်ပါနည်းလမ်းတွေနဲ့ သုံးလို့ မရဘူးဆိုမှ ဒီနည်းလမ်းကို သုံးပါ
ကြည့်နိုင်ရန် ဒီစာကြောင်းကို နှိပ်ပါ
အားလုံးပဲ အဆင်ပြေ ပျော်ရွှင်ကြပါစေဗျာ
လာရောက် လည်ပတ်ဖတ်ရှုသူအားလုံးကို အထူး ကျေးဇူးပါ
Khit Minnyo
Zawgyi Version
.
.
ပထမနည်း
ဒုတိယနည်း
တတိယနည်း
စတုတ္ထနည်း
ပဉ္စမနည်း
Khit Minnyo
Hacking with Android
May 05, 2018
Website & Blog တွေနဲ့တင် တိုင်ပတ်နေဆဲ မြန်မာ့ အင်တာနက်သုံးသူများ
Unicode Version
(မြန်မာစာ မမှန်ပါက အောက်ဆုံးသို့ ဆက်ဆင်းကြည့်ပါ။ Zawgyi Version ပါပါသည်။)
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုမှု ဘယ်လိုပင် တိုးတက်လာပါသည်ဟု စာရင်းဇယား အမျိုးမျိုး ပော်ထွက်ခဲ့ကြသော်လည်း တကယ်တမ်းမှာတော့ အင်တာနက်သုံးသည်ဟုဆိုသူများ၏ 95% လောက်က Facebook, Messenger, Viber လောက်သာ သုံးနေကြဆဲပါ
.
လူမှုကွန်ယက် အသုံးပြုခြင်းရဲ့ ကောင်းကျိုးများကို ခံစားကြရသည့်တိုင် ဆိုးကျိုးရသူများသာ ပိုများနေမယ် လို့ ကျွန်တော် ထင်ပါတယ်။
.
အင်တာနက်ကနေ ကျွန်တော်တို့ လေ့လာနိုင်တဲ့ ပညာတွေ ရှိတယ်
ကျွန်တော်တို့ဘဝအတွက် တည်ဆောက်နိုင်မယ့် အထောက်အပံ့တွေ ရှာနိုင်တယ်
ဒါပေမယ့် ကျွန်တော်တို့ အများစုရဲ့ အဓိက အားနည်းချက်က တကယ်လုပ်ရမယ်ဆို ပျင်းတာပါ
မလုပ်တတ်ဘူး မသိဘူး ဆိုတဲ့စကားကို သုံးရင် အဆင်ပြေပြီလို့ ယူဆနေကြပြီး
မလုပ်တတ်ဘူးဆိုတာကို အကြောင်းပြ မလုပ်ချင်တာကို ကာဗာယူပြီး ရှေ့ဆက်နေကြတဲ့အတွက် ကျွန်တော်တို့ သုံးလိုက်ကြတဲ့ ဖုန်းဘေ သည် အော်ပရေတာတွေကို လုပ်ကျွေးရုံထက် ပိုမလာခဲ့ပေ
.
Facebook သုံးလာကြတာ သုံးနှစ်လောက် ရှိပြီဖြစ်တဲ့သူတွေကလည်း Facebook Account ဖွင့်နည်း၊ Report တင်နည်း ဆိုပြီး လိုက်မေးနေကြပါတယ်
English Speaking သင်နေတဲ့ ဆရာ တစ်ယောက်ကလည်း Facebook ID တင်ခိုင်းတာကို မတင်တတ်လို့ ဆိုပြီး အကူညီတောင်းနေပါတယ်
.
ဒီနေရာလေးမှာ ကျွန်တော်ပြောချင်တာလေးတစ်ခု ရှိလာပါတယ်
Facebook သုံးနေတာ ဖြစ်ပါလျက် Facebook Post တိုင်း Profile တိုင်းကို Report ဘယ်လိုလုပ်ရမှန်း မသိဆိုတာထက် အဲသည် report ဆိုတာ ဘယ်နေရာကိုနှိပ်ရင် ထွက်လာတယ်ဆိုတာတောင် မသိတာကတော့ နည်းနည်းလေးတောင် နှိပ်မကြည့်ဖူးလို့ ဆိုတာ သိသာလွန်းပါတယ်
မိတ်ဆွေတို့ မသိလို့ မေးနေတဲ့သူတွေဘက်က တွေးကြည့်ပါ
သူတို့ကိုရော ဘယ်သူတွေက သင်ပေးထားကြပါသလဲ
မိမိတို့ဘာသာ လုပ်ကြည့်ရင်ရော မဖြစ်နိုင်ဘူးလား
အချို့ဆို ခုထိ link ပေးတာတောင် နှိပ်မကြည့်တတ်ကြပါ
အချို့က Android မှာ Linux နဲ့ဆိုင်တာတွေ လေ့လာချင်တယ်
ကွန်ပျူတာ မရှိလို့ပါဆိုတော့ ကျွန်တော်က link လေးတစ်ခုပေးပါတယ်
Older Post ဆိုတာကို နှိပ်ကြည့်ရင် နောက်ထပ် ပုံစံတူ Post တွေ ထွက်လာမယ် ဆိုတာ မသိကြဘူးဗျာ
ဒီတစ်ခုပဲ ရှိတယ်လို့ ထင်သွားကြပါလေရော
Zawgyi, Uni ပြသနာမှာ မပါလိုပေမယ့် Zawgyi ကို သုံးထားတိုင်း တက်လေ့ရှိတဲ့ ပြသနာပါ
အချို့ ဖုန်းတွေမှာ Browser ကနေဝင်ရင် blog တွေ google site တွေမှာ Zawgyi Font ကို အမှန် မမြင်ရပါဘူး။ အထူးသဖြင့် Xiaomi, Samsung တို့လို ဖုန်းတွေမှာ ပိုဆိ်ုးပါတယ်
Gmail app ထဲမှာတောင် မြန်မာစာ အမှန်မမြင်ရပါဘူး (root လုပ်ပြီး Font change မှသာ ရနိုင်မှာမျိုးပါ)
'ဒါတွေ အဆင်ပြေအောင် ထည့်ပေးထားပေမယ့် အချို့က လုံးဝ လုံးဝ မကြည့်ပါ
မလုပ်တတ်ဘူးလို့ ဇွတ်အော်ပြီး ကျန်ခဲ့တာပါပဲ
.
ဒါတွေမဖြစ်အောင် အချို့ site တွေ blog တွေမှာ Zawgyi Version & Unicode Version ဆိုပြီး တင်ကြတာ တွေ့ပါတယ်
Zawgyi Font နဲ့ Zawgyi Version ကို အမှန်မမြင်နိုင်တဲ့ စနစ်ကြောင့် အဲနေရာပဲ ကြည့်ပြီး ဖတ်မရဘူးဆိုပြီး ပြန်ထွက်သွားကြတာတွေလည်း အများကြီးပါ
.
အင်တာနက် သုံးလာကြတာ ဒီလောက် ကြာရှည်ပြီဖြစ်တဲ့ နိုင်ငံတစ်ခုမှာ ဒါတွေကို ခုထိ ကြုံနေသေးတယ် ဆိုတာ ပြောရင် မယုံနိုင်စရာ ထင်ကောင်းထင်ပါမယ်
Download မဆွဲတတ်လို့ ဆိုတဲ့လူကလည်း Mediafire link တိုက်ရိုက်ပေးတာတောင် မဆွဲတတ်ဘူး ပြောပါတယ်။
.
မတတ်တာ မသိတာ ကို အပြစ်မဆိုလိုပါ
တတ်အောင် သိအောင် လေ့လာချင်စိတ် မရှိတာကိုလည်း အပြစ်ဟု မမြင်မိပါ
သို့သော် ထိုသူများက နည်းပညာချစ်သူ နည်းပညာမြတ်နိုးသူ နည်းပညာ လေ့လာသူ
Hacking သင်ချင်သူ hacker ဖြစ်လိုသူ Facebook hack ချင်သူ စတာတွေပြောလာတော့
ပြုံးပဲ ပြုံးဖြစ်ပါတော့တယ်
မချိပြုံးကို နာနာကျင်ကျင်နဲ့ ပြုံးဖြစ်တာပါ
.
English စာလေး မတောက်တခေါက်တတ်တဲ့သူတိုင်း (မသိရင် Dictionary အားကိုးနဲ့) လုပ်လို့ ရတာတွေကိုတောင်မှ ကျွန်တော်တို့ အခြားသူကို အားကိုးနေကြသေးသရွေ့တော့ သေချာပါတယ် ကျွန်တော်တို့ ဖြစ်ချင်တာတွေ ဖြစ်ဖို့ ဝေးသထက် ဝေးနေဦးမှာပါ
.
Blog, web link လေးတွေကိုတောင် ဝင်ကြည့်ဖို့ ခက်နေသေးသမျှ Hacker ဆိုတဲ့ စိတ်ကူးကို ထည့်ကို မတွက်ပါနဲ့
menu လေးဖော်ကြည့် နှိပ်ကြည့်လို့ရတဲ့ report တင်နည်းမျိုး
ပေါ်လာတာဖတ်ကြည့်ပြီး တစ်ဆင့်စီ ဆက်သွားလို့ရတဲ့ Account Lock ကျတာမျိုး ID တင်တာမျိုးလောက်ကိုတောင် မိမိဘာသာ ကြိုးစားမကြည့်ချင်သမျှ Hack နည်းဆိုတာတွေ လိုက်မေးနေ လိုက်ရှာမနေကြပါနဲ့လို့
ရင်နာနာနဲ့ ရေးပါသည်
Hacking ကို လက်တွေ့ချည်း လေ့လာလိုသူတွေအတွက် Grade 3 Hacking "Hacking ဒုတိယတန်း" စာအုပ်ကို အားပေးနိုင်ပါပြီဗျ ..........
100% လိုက်လုပ်နိုင်ပြီး
90% လက်တွေ့သင်ခန်းစာများ ပါဝင်သည့်
Oယ်ယူရရှိနိုင်ပါပြီ .......................
Ph. 09 799 535 021 && 09 69 806 4912
Ph. 09 799 535 021 && 09 69 806 4912
Thanks for visiting.
Khit Minnyo
Zawgyi Version
.
.
.
.
.
.
.
.
.
ရင်နာနာနဲ့ ရေးပါသည်
Oယ်ယူရရှိနိုင်ပါပြီ .......................
Thanks for visiting.
Khit Minnyo
Kali
May 05, 2018
Linux မှာ System Information တွေဖော်ထားရအောင်
Kali linux သုံးရင်း Desktop ရဲ့ ညာဘက်ခြမ်းမှာ system information လေးတွေ ဖော်ထားချင်သူတွေအတွက်ပါ
လုပ်ဆောင်ရ လွယ်ကူပြီး ပထမအကြိမ်မှာတော့ အင်တာနက် လိုအပ်ပါမယ်
Terminal ကို ဖွင့်ပြီး အောက်ပါအတိုင်း စတင်နိုင်ပါတယ်
root@kali:~# apt install conky -y
root@kali:~# git clone https://github.com/KhitMinnyo/kmn-conky
root@kali:~# cd kmn-conky
root@kali:~/kmn-conky# conky -c kmn-conky
root@kali:~# git clone https://github.com/KhitMinnyo/kmn-conky
root@kali:~# cd kmn-conky
root@kali:~/kmn-conky# conky -c kmn-conky
ပြီးရင် Terminal ပိတ်လိုက်လို့ ရပါပြီ။ ညာဘက်အစွန်မှာ System Info တွေကို တွေ့မြင်ရပါမယ်။
System Info တွေထဲမှာ ပြောင်းစရာ အနည်းငယ် ရှိပါတယ်။
Terminal မှာ gedit kmn-conky/kmn-conky လို့ ရိုက်လိုက်ပါ။
ပွင့်လာတဲ့ဖိုင်ရဲ့ TEXT ဆိုတဲ့အပိုင်း မှာ အောက်ပါတို့ကို ပြင်ရပါမယ်။
၂။ Your Name နေရာမှာ မိမိနှစ်သက်ရာ နာမည် ထည့်နိုင်ပါတယ်
.........................................................................
၃။ Processor မှာ Intel Core youri ဆိုပြီး ဖြစ်နေပါတယ်။ အဲနေရာမှာ မိမိတို့ရဲ့ Processor ကို ထည့်နိုင်ပါတယ်။ ဥပမာ i3, i5, i7, ... စသည်ဖြင့်ပေါ့
ပြီးရင် ဖိုင်ကို Save ပြီဿး ပိတ်လိုက်ပါ။ မိမိတို့ရဲ့ Desktop မှာ မြင်ရတဲ့ Info တွေပါ ပြောင်းသွားတာကို မြင်ရမှာ ဖြစ်ပါတယ်။
.
အားနည်းချက်ကတော့ ပါဝါပိတ်ပြီး နောက်တစ်ကြိမ် ပြန်ဖွင့်တဲ့အခါ သူ့ကို ပော်စေချင်ရင် ပြန်ဖော်ပေးရမှာ ဖြစ်ပါတယ်။ အင်တာနက် မရှိလည်း ရပြီနော်။ အောက်ပါအတိုင်း လွယ်ကူစွာ ပြန်ဖွင့်နိုင်ပါတယ်။
root@kali:~# cd kmn-conky
root@kali:~/kmn-conky# conky -c kmn-conky
root@kali:~/kmn-conky# conky -c kmn-conky
.
System Info လေးတွေ ပြထားတာမို့ တစ်ခုခုဆို သုံးရတာ အဆင်ပြေစေမှာပါ။
.
တစ်ခုပြောဖို့ မေ့ခဲ့တယ်ဗျ။ နောက်တစ်ခု ပြင်စရာ ကျန်သေးတာက USB ပါ။ ကျွန်တော့် USB stick ကို AiO လို့ နာမည် ပေးထားတော့ setting ထဲမှာ အဲလိုပဲ ပါသွားတယ်။ မိမိတို့ Stick ရဲ့ info ပော်စေချင်ရင်
ပြင်လိုက်ဖို့ လိုပါမယ်
အပော်မှာ ပြင်ခဲ့တဲ့ အချက် သုံးချက်လိုပါပဲ။
Thanks for visiting
Khit Minnyo
Kali
May 05, 2018
RAM clean ဖို့ အလွယ်ဆုံး script file လေး
Unicode Version
Kali နဲ့ အခြားသော အလားတူ Linux system တွေကို ခုမှ စသုံးတဲ့သူတွေ ကြုံရများတဲ့ အဓိက အခက်အခဲက RAM usage များသွားတဲ့အခါ (မိမိကွန်ပျူတာမှာလည်း RAM နည်းရင်) စက်က လေးသွားပြီး လုပ်ဆောင်ရတာ သွက်လက်မှု မရှိတော့တာပါ။
အဲဒါတွေကို အလွယ်တကူ ဖြေရှင်းနိုင်စေဖို့ နည်းလမ်းလေးတစ်ခု ရှိပါတယ်။
Terminal ကို ဖွင့်ပါ။
အောက်ပါအတိုင်း တစ်ကြောင်းစီ ရိုက်ထည့်ရုံပါပဲ။
ပထမဆုံး အကြိမ်အတွက် အင်တာနက် လိုပါတယ်။
root@kali:~# git clone https://github.com/KhitMinnyo/clram
root@kali:~# cd clram
root@kali:~/clram# chmod +x clram.sh
root@kali:~/clram# ./clram.sh
root@kali:~# cd clram
root@kali:~/clram# chmod +x clram.sh
root@kali:~/clram# ./clram.sh
အထက်ပါအတိုင်း ရှင်းနိုင်ပါတယ်။
နောက်ထပ်အကြိမ်တွေ ထပ်မံ အသုံးပြုလိုပါက အင်တာနက် မလိုတော့ပါ။
Terminal အသစ်တစ်ခု ဖွင့်ပြီး အောက်ပါအတိုင်း သုံးနိုင်ပါပြီ။
root@kali:~# cd clram
root@kali:~/clram# ./clram.sh
root@kali:~/clram# ./clram.sh
အားလုံး အဆင်ပြေကြပါစေခင်ဗျာ ..................
Zawgyi Version
Terminal ကို ဖွင့်ပါ။
root@kali:~# cd clram
root@kali:~# cd clram
root@kali:~# cd clram
Thanks
Khit Minnyo
Tuesday, May 1, 2018
Hacking Techniques
May 01, 2018
recon-ng နှင့် အချက်အလက် ရှာဖွေရယူခြင်း အပိုင်း ၁
For our online training class, Click Here to read details.
အွန်လိုင်းသင်တန်းမှာ တက်ရောက်လိုပါက ဒီစာကြောင်းကို နှိပ်ပြီး သွားကြည့်နိုင်ပါတယ်
.
.
သင်တန်းတက်ရန် အခက်အခဲရှိပါက ကျွန်တော့်ရဲ့ ဒုတိယမြောက် စာအုပ်လေးဖြစ်တဲ့
မကြာမီ ထွက်ပါတော့မယ်ခင်ဗျာ .........
90% လက်တွေ့လေ့ကျင့်ခန်းတွေ ပါဝင်ပြီး စာအုပ်မှာ ပါဝင်တဲ့ လက်တွေ့ပိုင်းတွေအားလုံးကို တစ်ခုမကျန် လက်တွေ့ လိုက်လုပ်နိုင်မှာဖြစ်သလို Facebook Group အသစ်မှာပါ ဝင်ရောက်ဆွေးနွေးခွင့် ရမှာပါ။
စာအုပ်လေး ထွက်တဲ့အခါ သိနိုင်စေဖို့ Page ကို like ထားနိုင်သလို khitminnyo.com ကိုလည်း subscribe လုပ်ထားလို့ ရပါတယ်ခင်ဗျ
.
Technology News
May 01, 2018
Man Who Hacked Jail Systems to Release His Friend Early Gets 7-Years in Prison
Remember a young hacker who hacked jail systems in an attempt to release his prison inmate early?
Well, that hacker will now be joining his inmate behind bars.
Konrads Voits of Ypsilanti, Michigan, has been sentenced to seven years and three months in prison for attempting to hack the Washtenaw County Jail computer system and modifying prison records to get his friend released early.
Besides spending 87 months in prison, Voits has also been ordered to pay $235,488 in fine to Washtenaw County for the cost accrued in investigating and cleaning up the infiltration that resulted in the compromise of personal information of around 1,600 employees, the US Justice Department announced last week.
Between January 24th, 2017 and March 10th, 2017, Voits successfully tricked IT staff at Washtenaw County Jail into visiting a phony website at "ewashtenavv.org," which mimics the official URL, "ewashtenaw.org."
The malicious website then installed malware on the IT staff computer that eventually gave Voits complete control over the Jail's network, allowing him to steal search warrant affidavits and personal details of over 1,600 employees, including names, email addresses, and passwords.
Besides this, Voits also accessed the Washtenaw County Jail records and altered the electronic records of at least one inmate for early release.
However, things did not work as Voits wanted them to.
An IT employee cross-checked the release date of the inmate with hand-kept records and detected changes in the records. He alerted the FBI, who arrested Voits a month later.
"Thanks to the quick response of the IT employees at Washtenaw County, and to the careful review of records by employees at the Washtenaw County Jail, nobody was released early," the DoJ said last week.
"Washtenaw County spent thousands of dollars and numerous extra work hours responding to and investigating the breach, resulting in a loss of at least $235,488."
The 27-year-old Michigan man pleaded guilty to one federal charge of damaging a protected computer in December last year and has now been jailed for seven years and three months behind bars, alongside up to 3 years of supervised release.
Voits has also agreed to surrender his belongings he used during the attack, including his laptop, four mobile phones (using which he called prison staff), $385.49 worth of Bitcoin, and one "Green Integrated Circuit Component, Serial No. Y21A2123."
Source: thehackernews.com