Video Editing Software for Kali Linux (For Free)
Kali Linux အတွက် သင့်တော်တဲ့ Video Editing software လေးတွေ များစွာ ရှိပါတယ်။ ထိုထဲကမှ Free လည်း ရပြီး သုံးရတာ လွယ်ကူတဲ့ Software လေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
Mov လေးတွေကို ကိုယ်ပိုင် edit လုပ်လိုသူများအတွက်လည်း Crack ရှာစရာမလို လုံးဝ Free ရနိုင်တာမို့ အဆင်ပြေမယ်လို့ ယူဆပါတယ်ခင်ဗျ ...........................
1. Kdenlive
ရိုးရှင်းလွယ်ကူပြီး သုံးရတာ အဆင်ပြေတဲ့ Video Editing Software တစ်ခုပါ။
သူ့ကို ကျွန်တော်တို့ရဲ့ Kali Linux မှာ ထည့်သွင်းလိုပါလျင်တော့ အောက်ပါ command ကို ရိုက်ထည့်ရုံပါပဲ။
root@kmn:~# apt install kdenlive -y
......................................................
2. OpenShot
OpenShot သည်လည်း သုံးရတာ လွယ်ကူတဲ့ Video Editing Software တစ်ခု ဖြစ်ပါတယ်။
သူ့ကို ထည့်သုံးလိုပါက အောက်ပါအတိုင်း ရိုက်ထည့်ရုံပါပဲ။
root@kmn:~# apt install openshot -y
......................................................
3. FlowBlade
သုံးရလွယ်ပြီး ကောင်းမွန်တဲ့ software တစ်ခုပါပဲ။ ထည့်သွင်းလိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။
root@kmn:~# apt install flowblade -y
............................................
4. Light Works
Light Works မှာတော့ Free နဲ့ Pro ဆိုတာ ရှိပြီး Free ကို သုံးလိုပါက ဒီစာကြောင်းကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။ Kali အတွက် Debian Package ကို ဒေါင်းရမှာဖြစ်လို့ dpkg -i နဲ့ install နိုင်ပါတယ်။
......................................................
5. Blender
တော်တော့်ကို ပြည့်စုံကောင်းမွန်တဲ့ Free Program တစ်ခုပါ။ သဘောကျနှစ်သက်စရာပါပဲ။
root@kmn:~# apt install blender -y
............................................
6. Davinci Resolve
Program ကြီးမားပြီး လုပ်ဆောင်နိုင်မှု အစုံ ပါဝင်သလို ဖိုင်ဆိုဒ်လည်း ကြီးပါတယ်။ Beta နဲ့ Stable ဆိုပြီး ၂မျိုးထွက်ပါတယ်။ နှစ်မျိုးလုံး Free ပါ။ ဒီစာကြောင်းကို နှိပ်ပြီး ဖောင်ဖြည့် ဒေါင်းယူရပါမယ်။
..........................................
7. Cinelerra
ဒီတစ်ခုတော့ ကျွန်တော် မသုံးဖူးပါ။ ပြည့်စုံတဲ့ software တစ်ခုလို့တော့ review တွေ တွေ့ရပါတယ်။
ဒီစာကြောင်းကို နှိပ်ပြီး သွားရောက် လေ့လာဒေါင်းယူနိုင်ပါတယ်။
ဒီ Article လေးက Video Editing တွေကို Kali မှာ သုံးခြင်းအားဖြင့် Linux အသုံးပြုမှု နည်းနေသေးသူတွေကို ပိုပြီး သုံးဖြစ်သွားစေချင်လို့ တင်ပေးလိုက်ခြင်းပါ။
အားလုံးပဲ အဆင်ပြေ ပျော်ရွှင်ကြပါစေဗျာ
Happy Learning .........
Thanks
Khit Minnyo
No comments