Adsense

OUO Banner

Latest Posts

ကြၽန္ေတာ္ႏွင့္ ေထာ္ေလာ္ကန္႔လန္႔ Fb Hacking အေၾကာင္း




Unicode Version (ျမန္မာစာ မမွန္ပါက ေအာက္ဆံုးသို့ ဆက္ဆင္းျကည့္ပါ။ Zawgyi Version ပါပါသည္။)
ကျွန်တော်နှင့် ထော်လော်ကန့်လန့် Fb Hacking အကြောင်း
.
နေ့စဉ် ဘဝမှာ အမြဲတမ်း မမြင်ချင်ဆုံးအရာ မကြားချင်ဆုံး အရာက Fb acc hack ခံရလို့ ဆိုတဲ့ စကားပါ။
ကျွန်တော်ကိုက အမှတ်မရှိတာ။ ပြောနေကြတဲ့ လူတွေကို တွေ့တိုင်း မေးကြည့်ဖြစ်တယ်။ hack တယ်ဆိုတာ ဘာပြောတာလဲဟင် လို့။
"မင်းကလည်းကွာ ဒါလေးတောင်မသိဘူးလား။ Fb acc ကို ဝင်သုံးလို့ မရတော့အောင်လုက်တာပေါ့ကွ" တဲ့။ အားရှိလိုက်တာဆိုတာ။
.
Fb acc hack ခံရပြန်ပြီ။
ငါ့ acc hack ခံရလို့။ စသည်ဖြင့်ပေါ့။ တွေ့မိတာတွေကို စပ်စုကြည့်ဖြစ်တယ်။

Account hack ခံရတယ်လို့ ဘယ်လို သိလဲ လို့ မေးမိပြန်ရော။ ဖြေတဲ့ အဖြေတွေအရ
၁။ 99% က Acc ထဲကို ဝင်မရတော့လို့တဲ့။ hack ခံရတာလို့ ဖြေပါတယ်။
Password မေးကြည့်တော့လည်း ဝါးတားတား။ gmail နဲ့ဖွင့်တာလား ဖုန်းနံပါတ် နဲ့ ဖွင့်တာလား ဆိုတာလည်းမသိ။ 😟
Acc ဝင်မရတော့တိုင်း hacker ဆိုတဲ့ကောင်တွေ တရားခံပဲ
.
၂။ 1% လောက်ကတော့ ပြောကြပါတယ်။ Acc ကို ကိုယ်လည်း ဝင်မရ၊ သူများကလည်း ဝင်သုံးရုံတင်မဟုတ် mail နဲ့ password ပါ ပြောင်းသွားလို့ သိတာပါတဲ့။
လိုချင်တာ အဲဒါ။
ဘယ့်နှယ်ဗျာ။ hack ပါတယ်ဆိုကာမှ hack မှန်းသိအောင် လုပ်ရတယ်လို့ 😁😁
ဘာပဲဖြစ်ဖြစ် hacker ဆိုတာ တရားခံဖြစ်ပြန်ရောပဲ။
.
Hacker တစ်ယောက်အတွက် အရေးကြီးတဲ့ အဆင့်တွေ ရှိပါတယ်။ အားလုံးထဲမှာ ခြေရာဖျောက်ခြင်း ဆိုတာ ပါပါတယ်။
တည့် ပြောရရင် မိမိ ဝင်ရောက်သွားမှုကို မသိစေရ။
.
ဒီတော့ Fb Acc ကို hack မယ်ဆိုပါစို့။
နည်းလမ်းပေါင်းစုံနဲ့ ရအောင် ကြိုးစားမယ်။ ရတဲ့အခါမှာလည်း ပိုင်ရှင်မသိအောင် ဝင်နေမယ် ဝင်ကြည့်မယ်။ ဒီလိုပဲလုပ်ကြမှာပါ။
မူလ mail & password ကိုပဲ သုံးမယ် သို့မဟုတ် access ကို ယူသုံးမယ်။ မူလပိုင်ရှင်လည်း သိစရာမလို။ ဒါမှသာ သူဘာဆက်လုပ်မလဲ စောင့်ကြည့်လို့ရမှာပါ။ ဒီတော့ မူလ ပိုင်ရှင်ကလည်း Fb acc ကို တက်သုံးလို့ ရနေမယ်။ ဒီတော့ သူလုပ်ချင်တာ ဆက်လုပ်မယ်။ တစ်ဖက်ကလည်း သူဘာလုပ်လုပ် သိနိုင်မယ်။
ဒါလောက်ပါပဲ။
.
Account ကို recovery ဆွဲမယ်။ mail နေရာတွေ အစားထိုးမယ်။ လိုအပ်ရင် ID အတုလုပ်တင်မယ်။ ပိုပြီးလိုအပ်ရင် Acc ပိုင်ရှင် ခဏတာ သုံးမရနိုင်အောင် acc ကျတဲ့အထိ report လုပ်ပြီးမှ ပြန်ဆယ်မယ်။ ဒီလိုနည်းမျိုးတွေနဲ့ Acc ရယူတာကတော့ Hacking ထဲ မပါဝင်ဘူးလို့ မပြောလိုပေမယ့် မတူညီတာတော့အမှန်ပါပဲ။ အနှစ်သာရခြင်းလည်း ကွဲသလို အခြေအနေချင်းလည်း ခြားသွားပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ဒီနိုင်ငံက Fb သုံးတဲ့လူတွေကြားမှာတော့ recoverer တွေ ဘာလုပ်လုပ် hacker တွေ နာမည် ပျက်ခံရတာပါ။
အဆိုးဆုံးက Hacking ဆိုရင် မကောင်းတဲ့ပညာရပ်လို့ထင်ကြ
Hacker ဆိုရင် ထောင်ထဲရောက်မယ့်ကောင်လို့ထင်
Hacking သင်ရင် တရားမဝင် ပညာလို့ထင်
စတဲ့ အလွဲလွဲအချော်ချော concept အမှားကြီးတွေ ပါသွားတော့တာပါ။
.
နားလည်တဲ့သူတွေက အစပိုင်းမှာ ရှင်းပြကြပါတယ်။ ဒါပေမယ့် ငါထင်တာအမှန် ဆိုတဲ့ အစွဲ ကြီးစိုးတဲ့ ကျွန်တော်တို့ မြန်မာတွေရဲ့ စိတ် အတွေးကြောင့် ခံယူချက်တွေ မှန်လာတဲ့အထိ ပြင်မပေးနိုင်ခဲ့ကြပါဘူး
ဒီတော့ နောက်ပိုင်းမှာ တကယ် တတ်သိ နားလည်တဲ့သူတွေက လုံးဝ ငြိမ်သွားကြပါတော့တယ်။
အမှားတွေနဲ့ နေသားကျနေတဲ့ အများစုကတော့ ပိုများသထက်များ မှားသထက်မှားလာကြတော့တာပါပဲ
.
အစပိုင်းမှာ ပြောခဲ့သလိုပါပဲ။
Fb acc hack ခံရတယ်လို့ ပြောတိုင်း စိတ်မကောင်း ဖြစ်မိရုံမှတပါး....................




Zawgyi Version 
ကြၽန္ေတာ္ႏွင့္ ေထာ္ေလာ္ကန္႔လန္႔ Fb Hacking အေၾကာင္း
.
ေန႔စဥ္ ဘဝမွာ အျမဲတမ္း မျမင္ခ်င္ဆံုးအရာ မၾကားခ်င္ဆံုး အရာက Fb acc hack ခံရလို႔ ဆိုတဲ့ စကားပါ။
ကြၽန္ေတာ္ကိုက အမွတ္မ႐ွိတာ။ ေျပာေနၾကတဲ့ လူေတြကို ေတြ႔တိုင္း ေမးၾကည့္ျဖစ္တယ္။ hack တယ္ဆိုတာ ဘာေျပာတာလဲဟင္ လို႔။
"မင္းကလည္းကြာ ဒါေလးေတာင္မသိဘူးလား။ Fb acc ကို ဝင္သံုးလို႔ မရေတာ့ေအာင္လုက္တာေပါ့ကြ" တဲ့။ အား႐ွိလိုက္တာဆိုတာ။
.
Fb acc hack ခံရျပန္ၿပီ။
ငါ့ acc hack ခံရလို႔။ စသည္ျဖင့္ေပါ့။ ေတြ႔မိတာေတြကို စပ္စုၾကည့္ျဖစ္တယ္။

Account hack ခံရတယ္လို႔ ဘယ္လို သိလဲ လို႔ ေမးမိျပန္ေရာ။ ေျဖတဲ့ အေျဖေတြအရ
၁။ 99% က Acc ထဲကို ဝင္မရေတာ့လို႔တဲ့။ hack ခံရတာလို႔ ေျဖပါတယ္။
Password ေမးၾကည့္ေတာ့လည္း ဝါးတားတား။ gmail နဲ႔ဖြင့္တာလား ဖုန္းနံပါတ္ နဲ႔ ဖြင့္တာလား ဆိုတာလည္းမသိ။ 😟
Acc ဝင္မရေတာ့တိုင္း hacker ဆိုတဲ့ေကာင္ေတြ တရားခံပဲ
.
၂။ 1% ေလာက္ကေတာ့ ေျပာၾကပါတယ္။ Acc ကို ကိုယ္လည္း ဝင္မရ၊ သူမ်ားကလည္း ဝင္သံုးရံုတင္မဟုတ္ mail နဲ႔ password ပါ ေျပာင္းသြားလို႔ သိတာပါတဲ့။
လိုခ်င္တာ အဲဒါ။
ဘယ့္ႏွယ္ဗ်ာ။ hack ပါတယ္ဆိုကာမွ hack မွန္းသိေအာင္ လုပ္ရတယ္လို႔ 😁😁
ဘာပဲျဖစ္ျဖစ္ hacker ဆိုတာ တရားခံျဖစ္ျပန္ေရာပဲ။
.
Hacker တစ္ေယာက္အတြက္ အေရးႀကီးတဲ့ အဆင့္ေတြ ႐ွိပါတယ္။ အားလံုးထဲမွာ ေျခရာေဖ်ာက္ျခင္း ဆိုတာ ပါပါတယ္။
တည့္ ေျပာရရင္ မိမိ ဝင္ေရာက္သြားမႈကို မသိေစရ။
.
ဒီေတာ့ Fb Acc ကို hack မယ္ဆိုပါစို႔။
နည္းလမ္းေပါင္းစံုနဲ႔ ရေအာင္ ႀကိဳးစားမယ္။ ရတဲ့အခါမွာလည္း ပိုင္႐ွင္မသိေအာင္ ဝင္ေနမယ္ ဝင္ၾကည့္မယ္။ ဒီလိုပဲလုပ္ၾကမွာပါ။
မူလ mail & password ကိုပဲ သံုးမယ္ သို႔မဟုတ္ access ကို ယူသံုးမယ္။ မူလပိုင္႐ွင္လည္း သိစရာမလို။ ဒါမွသာ သူဘာဆက္လုပ္မလဲ ေစာင့္ၾကည့္လို႔ရမွာပါ။ ဒီေတာ့ မူလ ပိုင္႐ွင္ကလည္း Fb acc ကို တက္သံုးလို႔ ရေနမယ္။ ဒီေတာ့ သူလုပ္ခ်င္တာ ဆက္လုပ္မယ္။ တစ္ဖက္ကလည္း သူဘာလုပ္လုပ္ သိႏိုင္မယ္။
ဒါေလာက္ပါပဲ။
.
Account ကို recovery ဆြဲမယ္။ mail ေနရာေတြ အစားထိုးမယ္။ လိုအပ္ရင္ ID အတုလုပ္တင္မယ္။ ပိုၿပီးလိုအပ္ရင္ Acc ပိုင္႐ွင္ ခဏတာ သံုးမရႏိုင္ေအာင္ acc က်တဲ့အထိ report လုပ္ၿပီးမွ ျပန္ဆယ္မယ္။ ဒီလိုနည္းမ်ိဳးေတြနဲ႔ Acc ရယူတာကေတာ့ Hacking ထဲ မပါဝင္ဘူးလို႔ မေျပာလိုေပမယ့္ မတူညီတာေတာ့အမွန္ပါပဲ။ အႏွစ္သာရျခင္းလည္း ကြဲသလို အေျခအေနခ်င္းလည္း ျခားသြားပါတယ္။
ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီႏိုင္ငံက Fb သံုးတဲ့လူေတြၾကားမွာေတာ့ recoverer ေတြ ဘာလုပ္လုပ္ hacker ေတြ နာမည္ ပ်က္ခံရတာပါ။
အဆိုးဆံုးက Hacking ဆိုရင္ မေကာင္းတဲ့ပညာရပ္လို႔ထင္ၾက
Hacker ဆိုရင္ ေထာင္ထဲေရာက္မယ့္ေကာင္လို႔ထင္
Hacking သင္ရင္ တရားမဝင္ ပညာလို႔ထင္
စတဲ့ အလြဲလြဲအေခ်ာ္ေခ်ာ concept အမွားႀကီးေတြ ပါသြားေတာ့တာပါ။
.
နားလည္တဲ့သူေတြက အစပိုင္းမွာ ႐ွင္းျပၾကပါတယ္။ ဒါေပမယ့္ ငါထင္တာအမွန္ ဆိုတဲ့ အစြဲ ႀကီးစိုးတဲ့ ကြၽန္ေတာ္တို႔ ျမန္မာေတြရဲ႕ စိတ္ အေတြးေၾကာင့္ ခံယူခ်က္ေတြ မွန္လာတဲ့အထိ ျပင္မေပးႏိုင္ခဲ့ၾကပါဘူး
ဒီေတာ့ ေနာက္ပိုင္းမွာ တကယ္ တတ္သိ နားလည္တဲ့သူေတြက လံုးဝ ၿငိမ္သြားၾကပါေတာ့တယ္။
အမွားေတြနဲ႔ ေနသားက်ေနတဲ့ အမ်ားစုကေတာ့ ပိုမ်ားသထက္မ်ား မွားသထက္မွားလာၾကေတာ့တာပါပဲ
.
အစပိုင္းမွာ ေျပာခဲ့သလိုပါပဲ။
Fb acc hack ခံရတယ္လို႔ ေျပာတိုင္း စိတ္မေကာင္း ျဖစ္မိရံုမွတပါး....................


No comments