Adsense

OUO Banner

Latest Posts

adb commands တွေကို Kali မှာ သုံးလို့ရလား (Questions & Answers)

...............................................

Android အသုံးပြုသူ များလာတာနဲ့အမျှ Android Service ပြုလုပ်သူတွေ များလာသလို မိမိတို့ဘာသာ service လုပ်သုံးသူတွေလည်း ရှိလာကြပါတယ်။
ဒီတစ်ပတ် အသစ် ထပ်တိုးလိုက်တဲ့ Q & A (Questions & Answer) မှာတော့ adb command တွေနဲ့ ပတ်သက်ပြီး တင်ပေးလိုက်ပါတယ်ခင်ဗျာ
......................


Q. Phone Service လုပ်နေလို့ adb command တွေကို သုံးသုံးနေရပါတယ်။ ဒါကြောင့်မို့ Windows ပဲ အမြဲ ဖွင့်ထားဖြစ်ပြီး Kali ကို ဖွင့်မသုံးဖြစ်တော့ပါဘူး။ Kali မှာ သုံးလို့ ရ မရ သိပါရစေ။
Q. ကျွန်တော်က ဖုန်းကလိပါတယ်။ မကြာခဏ firmware ပြန်တင်ရတတ်ပါတယ်။ ကွန်ပျူတာက storage နည်းတာကြောင့် တစ်ခုပဲ တင်လို့ အဆင်ပြေပါတယ်။ Kali တင်လိုက်ရင် ဖုန်း ကို fastboot တွေ recovery တွေကို adb နဲ့ သုံးမရတော့မှာ ကြောက်ပါတယ်။
Q. ...........................................

မေးခွန်းတွေ အခြေအနေတွေ အမျိုးမျိုးကွဲပေမယ့် လိုချင်တဲ့ အဓိကအချက်က အတူတူပဲ ဖြစ်နေပါတယ်။
A.
ပထမဆုံးမေးသူတွေအတွက် ဖြေချင်တာကတော့ Windows ပဲ အမြဲ ဖွင့်ထားရတယ်ဆိုရင် အကောင်းဆုံးက VirtualBox မှာပဲ Kali တင်သုံးတာ ပိုကောင်းပါလိမ့်မယ်။ တင်နည်း မသိပါက ဒီစာကြောင်းကို နှိပ်ပြီး သွားကြည့်နိုင်ပါတယ်။ 

အဓိက မေးခွန်းကို ဆက်ဖြေပါမယ်။
Kali မှာ adb command တွေကို သုံးချင်တယ်။ သုံးလို့ ရပါသလား ပေါ့။
ရပါတယ်။
Kali မှာ Windows မှာလို usb driver တွေ ရှာထည့်နေရတာမျိုးတောင် မလိုဘဲ အဲထက်ပိုလွယ်ကူစွာ သုံးလို့ ရနေပြီဖြစ်ပါတယ်။
မည်သည့် Driver မှ မလိုသလို adb folder ထဲ ဝင်ပြီးမှ လုပ်ဆောင်ရတာမျိုးတောင် မရှိတော့ပါ။
Terminal ရဲ့ မည်သည့်နေရာကနေမဆို ဖွင့်ကြည့်နိုင် သုံးနိုင်နေပြီဖြစ်ပါတယ်။
အထက်ပါ ပုံမှာလည်း နမူနာအနေနဲ့ ကျွန်တော့် ဖုန်းကို twrp image flash ပြထားပါတယ်။
.
ဒါဆို ဘယ်လို သုံးရမလဲ????????????
ပထမဆုံး အနေနဲ့ (စ သုံးမယ့် တစ်ကြိမ်သာ) install ဖို့ လိုပြီး size သေးတာမို့ ဘေကုန်ကျမှု အလွန် နည်းပါတယ်။
ထည့်သုံးချင်ရင်တော့ အောက်ပါအတိုင်း install နိုင်ပါပြီ ............

root@kmn:~#  apt install android-tools-adb

root@kmn:~#  apt install android-tools-fastboot

ထို့ထက်ပိုပြီး သုံးဖို့ လိုအပ်ပါက ဘာတွေကို install ထားနိုင်သေးလဲဆိုတာ အောက်ပါ ပုံမှာ ကြည့်နိုင်ပါတယ်။

အစိမ်းရောင်နဲ့ ပြထားတဲ့ package name တွေအတိုင်း apt install နဲ့ တွဲဖက် ထည့်သုံးနိုင်ပါတယ်။

အားသာချက်ကတော့ Windows မှာ usb driver မသိတဲ့ ဖုန်းတွေကိုလည်း Linux ကနေ flash လို့ ရခြင်းပါ။

ဒီလောက်ဆို ဒီမေးခွန်းလေးကို ဖြေလို့ ပြီးပြီမို့ နောက်တစ်ပတ် အမေးအဖြေ မှာ ပြန်လည် ဆုံတွေ့ကြပါစို့


အားလုံးကို ကျေးဇူးပါခင်ဗျ




Khit Minnyo

2 comments:

  1. ေက်းဇူးပါ hehee ��

    ReplyDelete
  2. Android မှာ termux နဲ့ ​ဖောက်ရင်​ကော ရမလားဆရာ

    ReplyDelete