Monday, March 26, 2018

Android မှာ PC လို Kali တင်မယ် ( root ရှိရှိ မရှိရှိ ရပါသည်)




မင်္ဂလာပါခင်ဗျာ
ဒီနေ့အတွက်တော့ All in One Hacking Training Page မှာ တင်ခဲ့တဲ့ Post လေးထဲကအတိုင်း
ကျွန်တော်တို့ရဲ့ Android System ကို မထိခိုက်စေဘဲ Linux (မိမိနှစ်သက်ရာ Linux OS) တွေကို ကွန်ပျူတာမှာ မြင်ရသလို မြင်ရ
ကွန်ပျူတာမှာ သုံးလို့ ရသလို သုံးလို့ ရချင်တဲ့သူတွေအတွက် အဓိက ရည်ရွယ်ပြီး တင်ပေးခြင်းပါ။
.
ကျွန်တော်ကတော့ ဒီနေရာမှာ Kali Linux ကို အဓိကထား ဖော်ပြပေးသွားမှာပါ။ ဒါပေမယ့် ကျွန်တော့် မိတ်ဆွေတွေအတွက်ကတော့ မိမိတို့ နှစ်သက်ရာ Linux img တွေကို အသုံးပြု တင်နိုင်ပါတယ်ခင်ဗျာ
.
တင်နည်းကို အရင်ဆုံး မပြောမီ စကားလေး နည်းနည်း ပြောခွင့်ပြုပါ။ (စိတ်ရှည်ရှည်လေး ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်)
.
Kali ကို Termux ကနေတစ်ဆင့် မဟုတ်ဘဲ Android မှာ PC view မျိုးနဲ့ Full function အသုံးပြုနိုင်မယ့် နည်းလမ်း ရှိပါတယ်။ စိတ်ဝင်စားသူ များရင် တင်ပေးပါမယ် လို့ All in One Hacking Training ရဲ့ Facebook Page မှာ Post တင်ပြီး မေးခဲ့ပါတယ်။ နာရီပိုင်းအတွင်း စိတ်ဝင်စားသူ အများကြီး တွေ့ခဲ့ရလို့ ကျွန်တော့် ကတိ အတိုင်း ဒီအကြောင်းလေးကို ရေးဖြစ်ခဲ့တာပါ။
Faccebook Page မှာ တင်တုန်းက လာမေးတဲ့သူ အချို့ ရှိပါတယ်။ မေးများတာလေးတွေ အရင် ပြောထားပါရစေ။ တစ်ယောက်စီ လာလာမေးတာတွေ ဖြေရတာတော့ အဆင်မပြေလို့ပါခင်ဗျာ။
၁။ ကျွန်တော် ရေးခဲ့တဲ့ “လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ” စာအုပ် ထဲက အကြောင်းအရာတွေရယ်၊ member website ထဲက သင်ခန်းစာတွေရယ်ကို ဒီနည်းလမ်း သုံးပြီး တင်လိုက်မယ့် Linux နဲ့ သုံးနိုင်ပါသလား ဆိုတဲ့ မေးခွန်းပါ။ (PC မရှိသူတွေက ပိုပြီး စိတ်ဝင်စားနေမယ် ထင်ပါတယ်။)
     ဒီမေးခွန်းကို ဖြေရရင်တော့ Linux ပိုင်းဆိုင်ရာ သင်ခန်းစာတွေကို လိုက်လုပ်နိုင်မှာ အသေအချာပါပဲ။ (ရာနှုန်းပြည့် လိုက်လုပ်နိုင်ခြင်း ရှိ မရှိ ဆိုတာတော့ ကျွန်တော်တို့ သုံးမယ့် ဖုန်းရဲ့ စွမ်းဆောင်ရည်ပေါ်လည်း မူတည်ပါသေးတယ်။ ဒါကြောင့် Android ရှိတိုင်းတော့ အားလုံးလိုက်လုပ်လို့ ရမယ်လို့ ကျိန်းသေ အာမ မခံပါ။ Termux ကနေ tool တွေ ဖြည့်သွင်းပြီး လိုက်လုပ်လို့လည်း ရတာတွေ ရှိတာပါပဲ။ မြင်ကွင်း မတူတာပဲ ရှိပါတယ်။)
    စာအုပ်လေး ဝယ်ယူအားပေးလိုပါက ဒီနေရာလေးကို နှိပ်ပြီး မှာနိုင်ပါတယ်ခင်ဗျာ ;)
   စာအုပ်အကြောင်း အသေးစိတ် သိလိုပါက ဒီစာကြောင်းလေးကို နှိပ်ပြီး သွားကြည့်နိုင်ပါတယ်ခင်ဗျာ
.
၂။ ဖုန်းနဲ့ ပတ်သက်ပြီး ဘာတွေ ထိခိုက်နိုင်လဲ။ မှားလုပ်မိရင် Firmware ကျတတ်လား။
       ဒီအတွက်တော့ လုံးဝ လုံးဝ စိုးရိမ်စရာ မလိုပါဘူးခင်ဗျာ။ မှားလုပ်မိလည်း Firmware နဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့ သုံးနေကျ Facebook Application သွင်းတာ မျိုးလောက်ပါပဲ။ ထူးပြီး ထိခိုက်စရာ မရှိပါဘူးခင်ဗျာ
.
၃။  Android မှာ root လိုသလား။
     root မလိုပါဘူးခင်ဗျာ။ Root ရှိတဲ့ဖုန်းလည်း ရသလို root မရှိလည်း လိုက်လုပ်လို့ ရပါတယ်။
.
၎။ Android မှာ install မလုပ်တတ်ရင် Facebook, Viber ကနေ လာမေးလို့ ရလား။
     ဒါလေးတော့ ကျေးဇူးပြုပြီး နားလည်ပေးကြပါ။ ကျွန်တော့်အနေနဲ့ အချိန်အများကြီး ဖဲ့ပေးပြီး တစ်ဆင့်ချင်းစီကို ရှင်းလည်း ရှင်းထားသလို ပုံတွေမှာလည်း လုံးဝ သေချာအောင်၊ လိုက်မလုပ်နိုင်စရာ မရှိအောင် တစ်ဆင့်ချင်းစီ အသေးစိတ်ကအစ ပြောပြပေးထားပါတယ်ခင်ဗျာ။ ဒေါင်းယူစရာ Link တွေကိုလည်း မဒေါင်းတတ်သူ မရှိစေဖို့အတွက် မည်သည့် Ad မှ တစ်ဆင့်ခံထားခြင်း မရှိပါ။
ဒါကြောင့် လိုက်မလုပ်တတ်ဘူး ဆိုရင်
* မိမိ လုပ်ဆောင်မှု မှန် မမှန် (သေချာ ပြန်ကြည့်ပါ)။
* ကြိုတင် ရှင်းပြထားတာလေးတွေကို ဖတ်ထား (သို့မဟုတ်) မှတ်ထားပါ။
* အားလုံးကို ကြိုတင် ဖတ် မှတ် ထားပြီးမှ အားလုံး အသင့်ရှိပြီဆိုမှ စတင် ပါ ခင်ဗျာ။
...........
Preparing for Installing
    Install မပြုလုပ်မီ ကြိုတင် သိထားရမှာတွေ ရှိပါတယ်။
၁။ Android Version သည် 5.1.1 ကနေ အထက် ဖြစ်ရပါမယ်။ (Android Version 4 တွေမှာတော့ လုံးဝ ရမှာ မဟုတ်ပါ။ 5.0 တော့ မစမ်းကြည့်ဖူးပါ။ Apk တင်ကြည့်လို့ ရရင် လုပ်လို့ ရနိုင်ပါတယ်။)
၂။ မိမိတို့ Android စနစ်နဲ့ ကိုက်ညီမှု ရှိ မရှိ သိရအောင် Apk ကို အရင်ဆုံး install ကြည့်၊ ဖွင့်ကြည့်ပါ။ အဲဒါ ရပြီဆိုမှ လိုအပ်တဲ့  Linux image ဖိုင်တွေကို ဒေါင်းယူပါ။ apk စမ်းမကြည့်ဘဲ linux image တွေ ဒေါင်းပြီးမှ အဆင်မပြေရင် ဘေ သီးသန့် ကုန်နေမှာစိုးလို့ပါ
၃။ လမ်းညွှန်ချက်တွေကို သေချာဖတ်ပါ။ လိုအပ်ရင် မှတ်ထားပါ။
၎။ Linux install နေစဉ် sms ဝင်လာမျိုး၊ Facebook notification ဝင်လာတာမျိုးဆိုရင် လုံးဝ ဖွင့်မကြည့်ပါနဲ့။ Messenger တော့ Chat Head နဲ့ဆို ကြည့်လို့ ရပါတယ်။
၅။ Install လုပ်နေစဉ် ဖုန်းဝင်လာတာမျိုး မဖြစ်ရပါဘူး။ ဒါကြောင့် ဖုန်းဝင်များသူတွေအတွက် ကြိုပြီး ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် airplane mode သုံးနိုင်ပါတယ်။
၆။ Install လုပ်နေစဉ် (လုပ်ရမယ့် အဆင့်တွေ မေ့သွားလို့) ပြန်ကြည့်ချင်တယ်ဆိုရင် အခြားဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေ ကြည့်ပါ။ install နေတုန်း အဲသည်ဖုန်းမှာ messenger chat head ကလွဲရင် အခြား ဘာကိုမှ မသုံးပါနဲ့။ ဘာကြောင့်လဲဆိုတော့ အခြား app တစ်ခုခု ဖွင့်လိုက်ပြီးမှ linux install တဲ့ထဲ ပြန်ဝင်ကြည့်ရင် black screen ပဲ မြင်ရမှာဖြစ်ပြီး လက်ရှိအဆင့်ကို ပြန်ရောက်နိုင်ဖို့ အချိန်အကြာကြီး ပေးရတော့မှာဖြစ်လို့ပါပဲ။ အထူးသတိထားပါ။
၇။ Linux တင်ဖို့အတွက် အချိန် တော်တော့်ကို ကြာပါမယ်။ (ကွန်ပျူတာမှာ တင်တဲ့ ကြာချိန်ထက် ၂ဆလောက် ပိုကြာနိုင်ပါတယ်။ ဖုန်းစွမ်းရည်ပေါ် မူတည်ပြီး ထို့ထက်လည်း ပိုကြာနိုင်ပါတယ်)
Install လုပ်ချိန် ကြာမြင့်မှာဖြစ်တဲ့အတွက် အချိန်သေချာပေးနိုင် စိတ်ရှည်နိုင်ပြီ ဆိုတဲ့အချိန်မှ စ တင်ပါ ခင်ဗျာ။
.........
ဒီအထိ ရောက်လာပြီ ဆိုရင်တော့ အထက်ပါအချက်တွေကို လိုက်နာနိုင်ပြီ လို့ ယူဆပါတယ်။
တင်နည်းလေး ဆက်ကြ ပါစို့။
.................
Step 1
   Linux Install တဲ့အခါ အရေးပါတာက Keyboard ပါ။
Hacker's Keyboard ကို Play Store ကနေ ယူလိုပါက ဒီစာကြောင်းကို နှိပ်ပါ။
Play Store မရှိသူများက Hackers' Keyboard ကို ဒီစာကြောင်းကို နှိပ်ပြီး ဒေါင်းယူ install ထားပါ။
size 1.2 MB သာ။
install ပြီးရင် Input Method မှာ ထည့်သွင်းပြီး Hackers' Keyboard ကို ရွေးထားပါ။ Hackers' Keyboard ရဲ့ setting ထဲကို ဝင်ပြီး အောက်ပါ ပုံအတိုင်း Full 5-rows ကို သေချာ ရွေးထားပါ။ (အရေးကြီးပါတယ်။)

.
Step 2
     လိုအပ်တဲ့ Emulator Apk ဖိုင်ကို အောက်ပါ Link တွေကနေ ဒေါင်းယူနိုင်ပါတယ်။
မိမိဖုန်းနှင့် အဆင်ပြေဆုံး apkကို ဒေါင်းလိုပါက ဒီစာကြောင်းကို နှိပ်ပါ။
(ကျွန်တော် သုံးတဲ့ apk ကို mediafire မှာ တင်ပေးထားပါတယ်။ ဒီစာကြောင်းကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်) 9MB ရှိပါတယ်။
ဒေါင်းပြီးရင်တော့ install လိုက်နော်။ install နည်းတော့ မပြောတော့ပါ။
.........
Step 3
    ကျွန်တော်တို့အနေနဲ့ Install လို့ ရတဲ့ Linux OS တွေ အများကြီး ရှိပါတယ်။ မိမိတို့ install မယ့် Linux အမျိုးအစားကို ရွေးချယ်နိုင်စေဖို့နဲ့ ဘာက ဘယ်လိုတော့ ရှိတယ် ဆိုတာ နည်းနည်း ရှင်းပြလိုပါတယ်။ ကျွန်တော့် မိတ်ဆွေတွေ Linux မူကွဲတွေကို စိတ်ကြိုက် ရွေးလို့ ရစေချင်လို့ ပါ။ မိမိတို့ ဖုန်းနဲ့ ပိုသင့်မယ့် တစ်ခုခုကို ရွေးချယ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။

DSL Linux

Debian Linux

Debian ARM Linux

Debian PowerPC Linux

Debian Sparc Linux

Trinux

KolibriOS

FreeDOS

Other OSes

ဒါတွေက သူ့ထဲမှာ သုံးလို့ ပေါ့ပါးပြီး အဆင်ပြေတာတွေ လို့ ဆိုထားပါတယ်။ ကျန်တာတွေကိုတော့ မိမိတို့ဘာသာ ရွေးဒေါင်းနိုင်တာပေါ့။

ကျွန်တော် တင်လိုတဲ့ Kali ကတော့ အထက်ပါ list မှာ မပါတဲ့အတွက် သီးသန့်ဒေါင်းရပါမယ်။
ဒီစာကြောင်းကို နှိပ်ပြီး သွားရောက် ကြည့်ရှုနိုင်ပါတယ်။
အထက်ပါ link ကနေ သွားပြီး မိမိတို့ သုံးလိုရာကို သွားဒေါင်းယူနိုင်ပါတယ်။
Android ရဲ့ RAM ပေါ် သက်ညှာသောအားဖြင့် ကျွန်တော်ကတော့ ၃၂bit ကိုပဲ သုံးသွားပါမယ်။
Kali Light ထဲက ဒေါင်းလိုက်တာပါ
Kali တင်လိုသူများအတွက် အကောင်းဆုံး အကြံပြုလိုတာက www.kali.org/downloads မှာ အောက်ပါပုံုံုံုံုံုံထဲက iso များကိုသာ ဒေါင်းစေချင်ပါတယ်
32 bit ကို ပို အားပေးပါတယ်



. iso ဖိုင်လေးဒေါင်းပြီးပြီ ဆိုကြပါစို့ ........

.................
Step 4
စပြီး တင်ပါတော့မယ်။ Limbo x86 apk ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း မြင်ရပါမယ်။


နာမည်က ကိုယ်မှတ်မိရုံပဲ နော်။ ဒီတိုင်းပေးရမယ်လို့ မဆိုလိုဘူး


ဒီအဆင့် ပြီးရင်တော့ လွတ်တဲ့နေရာကို နှိပ်လိုက်ပါ။ ပျောက်သွားပါလိမ့်မယ်။
.........

x86 ရွေးလို့ ရပါတယ်။ ကျွန်တော်က x64  ရွေးတာပိုအဆင်ပြေလို့ ရွေးထားတာပါ။
CUP model နေရာမှာ Default အတိုင်း ထားလည်း ရပါတယ်။ 
CUP cores ကိုတော့ အချို့ Android တွေမှာ 2 ထိပဲ ရွေးလို့ ရပါတယ်။ ၄ ရွေးပြီးလို့ အလုပ်မလုပ်ရင် ပြန်လျှော့ပါ
RAM Memory မှာတော့ အချို့ဖုန်းတွေမှာ 512 ထက် ပိုရွေးရင် ပွင့်မလာတတ်ပါ။ ဒါကြောင့် ဒီနေရာတွေကို ကြိုပြောပြထားခြင်းပါ

..................................


ဖုန်းထဲမှာ Virtual အနေနဲ့ သုံးနိုင်မယ့် ပမာဏကို ပြောတာဖြစ်ပါတယ်။ 20GB ထိ ရဲရဲကြီး ရွေးလိုက်ပါ။ ချက်ချင်း 20GB ကုန်သွားမှာ မဟုတ်ပါဘူး။ limit အနေနဲ့ ထားထားပေးတဲ့သဘောပါ
..................


ဒီအဆင့်မှာတော့ အချို့ဖုန်းတွေမှာ ဒီလို မပေါ်ဘဲ File Manager တန်းပွင့်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။ စနစ်မတူတဲ့အတွက်ပါ မစိုးရိမ်ပါနဲ့
........................







High Priority ဆိုတာကိုတော့ မိမိတို့ ဖုန်းက သိပ်သွက်လွန်းတဲ့ ဖုန်းမျိုး ဆိုရင် ရွေးသင့်ပါတယ်။
သာမန်ဖုန်းတစ်လုံးအနေနဲ့တော့ မရွေးသင့်ပါ။
ရွေးလိုက်ရင် VM ဖြစ်တဲ့ Kali မှာ သွက်သွားပြီးတော့ Android ရဲ့ အခြား  Program တွေကို ပြန်ဖွင့်ရင် နည်းနည်း ပိုနှေးသွားပါမယ်။ Limbo  ကို ပိတ်လိုက်ရင်တော့ အားလုံး ပုံမှန်ဖြစ်သွားလို့ စိုးရိမ်စရာတော့ မလိုပါဘူး။ ကိုယ့်ဖုန်း ကောင်း မကောင်း သိချင်ရင်တော့ အမှန်ခြစ်လေး ထည့်ပြီး OK လိုက်ပေါ့။
Samsung Note 8, S8, S8+ နဲ့ One Plus 5T တွေမှာတော့ ဘယ်လိုမှတောင် မသိသာလိုက်ပါဘူး။
 အခြားဖုန်းတွေတော့ မစမ်းဖူးလို့ အတိအကျ မပြောနိုင်ပါခင်ဗျာ။
................


ဒီအဆင့်မှာ No bootable device နဲ့ ဆက်မတက်တော့ဘဲ ရပ်သွားရင်တော့
၁။ မိတ်ဆွေတို့ရဲ့ iso (linux iso ဒေါင်းထားတဲ့ဖိုင် ကို ပြန်စစ်ပါ။ iso မှာ error တက်နေတာ 99% ဖြစ်နိုင်ပါတယ်)
၂။ iso လည်း မှန်ကန်ရင်တော့ အပေါ်မှာ cdrom ရွေးတုန်းက iso ချိတ်မိလားဆိုတာ ပြန်စစ်ပါ။ 
.....


'ဒီနေရာကနေ စပြီး တစ်ဆင့်စီဟာ တော်တော့်ကို ကြာနိုင်ပါတယ်
...................

















တော်တော့်ကို ကြာမှာဖြစ်လို့ ဒီအဆင့်မှာ စိတ်ရှည်ရှည်ထားနိုင်ဖို့ အလိုအပ်ဆုံးပါပဲ
Limbo ပေါ်ပြီး Kali နေရာမှာ Screen မည်းသွားရင် အဲနေရာကို mouse နည်းနည်း လှုပ်ပေးပါ။
မျက်နှာ်ပြင်ကို နည်းနည်းလေး ပွတ်ဆွဲလိုက်ရုံပါပဲ
......................

တော်တော့်ကို ကြာမှာဖြစ်လို့ ဒီအဆင့်မှာ စိတ်ရှည်ရှည်ထားနိုင်ဖို့ အလိုအပ်ဆုံးပါပဲ
Limbo ပေါ်ပြီး Kali နေရာမှာ Screen မည်းသွားရင် အဲနေရာကို mouse နည်းနည်း လှုပ်ပေးပါ။
မျက်နှာ်ပြင်ကို နည်းနည်းလေး ပွတ်ဆွဲလိုက်ရုံပါပဲ
......................













ဒီအခြေအနေရောက်ပြီ ဆိုရင်တော့ noti bar လေး ဆွဲချပြီး Auto Rotate နဲ့ လှည့်လို့ ရပါပြီ
.............
Bluetooth Keyboard လေးနဲ့ Keyboard အသေးလေးတွေ ချိတ်ထားသူတွေကတော့ သုံးရတာ ပိုပြီး ကောင်းမှာပါ။


..

အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ



Thanks for visiting



Khit Minnyo

2 comments:

  1. INternetလိုလားဆရာ လုပ်နေတဲ့အချိန်မှာ

    ReplyDelete
  2. Bro. ios အတွက်ကော

    ReplyDelete