Today is Cyber Security Era.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Welcome to our Hacking Training Online Class
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Cyber Security is needed for everywhere nowadays.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Thanks For Visiting Here.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
You can hear the news about hacking and cyber crimes.
If you wish to study Cyber Security, Web Security, Ethical Hacking, Peneterating Testing, you can join with AiO, All in One Hacking Training. AiO is Online Training Class in Myanmar and teaches All subjects in One Place. You can study every time you can use internet from everywhere. Contact Phone Number: 09 799 535 021 and 09 69 806 4912
Friday, March 30, 2018
Facebook ပေါ် က Hacking အယူအဆများ နှင့် Facebook hack နည်းများ အကြောင်း
Unicode Version
(စာအမှန် မမြင်ရပါက အောက်တွင် Zawgyi Version ရှိပါသည်။ အောက်ဆွဲချပြီး ဆက်ဖတ်ကြည့်ပါ)
          Facebook တို့လို လူမှုကွန်ယက်တွေ တိုးတက်လာချိန်မှာ နည်းပညာအသစ်အဆန်းတွေကို လူတွေ ပိုစိတ်ဝင်စားလာကြပါတယ်။ နည်းလမ်းတွေ ရှာဖွေ ကြံဆ လာကြသလို နည်းပညာတွေကို ပိုပိုပြီး သိမြင်နှံ့စပ်လာကြပါတယ်။ အဲသည်လို နည်းပညာတွေထဲမှာမှ လူသိပိုများလာတဲ့ နယ်ပယ်တစ်ရပ်ကတော့ Hacking ပါပဲ။
            Hacking မှာမှ လူတွေကြား ပိုပြီး Popular ဖြစ်တာက Facebook လို လူမှုကွန်ယက် တွေနဲ့ online game တွေ ချိတ်ဆက်နိုင်သလို Facebook account တွေနဲ့ပါ ချိတ်နိုင်တဲ့ gmail ကို ပိုပြီး လူသိများလာကြပါတယ်။ Facebook hacking မှ hacking, gmail hacking မှ hacking လို့ ထင်လာကြသလို hacking လို့ ပြောလိုက်တာနဲ့တင် Facebook နဲ့ Gmail account တွေကို hack တာလို့ ပြေးမြင်ကြတဲ့အထိ Hacking ကို နယ်မြေဘောင်ခတ်ပစ်လိုက်ကြတော့တာပါ။
             Hacking နဲ့ အခြား နည်းပညာ နယ်ပယ်တွေမှာ အမြင်ကျယ်ချင်ရင်တော့ အဲသည် ခတ်ထားတဲ့ ဘောင်တွေကို ဖယ်ပစ်နိုင်ဖို့ လိုပါတယ်။ အဲသည်ဘောင်တွေကို မိမိဘာသာ ခတ်ပစ်လိုက်ကြတာကို မမေ့ပါနဲ့။
               ဥပမာလေး ပြောကြည့်ရအောင်။ အင်ဂျင်နီယာ နဲ့ ဆောက်လုပ်ရေး ကို လူတွေ တွဲ မြင်ကြလေ့ ရှိပါတယ်။ အင်ဂျင်နီယာတွေ သင်ခဲ့ရတဲ့ Engineering ဆိုတာ ပညာရပ်နယ်ပယ် (technical) နယ်ပယ်ပါ။ တိုက်ဆောက်တဲ့နေရာမှာသုံးရင် တိုက်ဆောက်ခြင်း ဖြစ်ပြီး တံတားထိုးတဲ့နေရာမှာသုံးရင် တံတားတည်ဆောက်ခြင်း ဖြစ်သွားပါတယ်။ အဲဒီ တည်ဆောက်မှုအပိုင်းတွေကကျတော့ အသုံးချနယ်ပယ် (field) ဖြစ်ပါတယ်။ Field မှာ မဆောက်ခင် Techniques (Technics) တွေ သိထား တတ်ထားဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် Field မှာ မိမိဘာသာ ဦးဆောင်မဆောက်မီ အခြားသူတွေရဲ့ ဆောက်လုပ်ရေး တွေမှာ ဝင်လေ့လာကူခြင်းဖြင့်လည်း လိုအပ်တဲ့အတွေ့အကြုံကို ရယူနိုင်ပါတယ်။
             Hacking ပိုင်းနဲ့ ပြန်ချိတ်ရအောင်ပါ။ အထက်က ဥပမာလိုပါပဲ။ Hacking ဆိုတာ Technical ပိုင်း ပါ။ Gmail hacking, Facebook hacking နဲ့ web hacking ဆိုတာတွေက အသုံးချနယ်ပယ် Field ဖြစ်ပါတယ်။ တိုက်ဆောက်မယ့် အင်ဂျင်နီယာ သည် တိုက်ဆောက်နည်း တတ်မြောက်ဖို့လိုသလို တံတားတည်ဆောက်မယ့် အင်ဂျင်နီယာ သည်လည်း တံတားဆောက်လုပ်ခြင်း techniques တွေကို တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ ထို့အတူပါပဲ Hacking field အတွက်လည်း သက်ဆိုင်ရာ Technics တွေကို သိထားတတ်ထားမှ အသုံးချလို့ ရမှာဖြစ်ပါတယ်။
               တိုက်ဆောက်နည်း technique တွေကို တိုက်ဆောက်တဲ့နေရာမှာ အသုံးပြုခြင်း အားဖြင့် တိုက်ဆောက်ခြင်း ဖြစ်လာသလို သက်ဆိုင်ရာ technics တွေကို အသုံးချပြီး Facebook, gmail, website, server, .... အစရှိတာတွေ လုပ်ဆောင်ရာမှ Facebook hacking,  gmail hacking,  website hacking, server hacking, web cam hacking, .... စတဲ့ system hacking ဆိုတဲ့ field (အသုံးချနယ်ပယ်) တွေ ဖြစ်သွားပါတော့တယ်။
                Facebook တို့ Gmail တို့ ကို hack တယ်လို့ ဆိုရာမှာတော့ အများစု မသိကြတဲ့ အပိုင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။ Account ဖွင့်သုံးနေကြတဲ့ Facebook တို့ Gmail တို့လို့ Acc တွေအပေါ် ကျွန်တော်တို့ သာမန်မြင်နေတာတွေ ခဏဖယ်ထားလိုက်ရအောင်။
                 အဆိုပါ Account တွေမှာ Level နှစ်ခု ရှိပါတယ်။ အသုံးပြု (user) က ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းရတဲ့ user level နဲ့ မူလပိုင်ရှင်ဖြစ်တဲ့ Facebook တို့ Google တို့ကနေ ထိန်းသိမ်းထားရှိတဲ့ Server level ပါ။ User level အနေနဲ့ ဖွင့်ထားတဲ့ gmail ကို hack လို့ ရ သွားရင် Account တစ်ခုသာ ရမှာဖြစ်ပါတယ်။ Server level အနေနဲ့ ဝန်ဆောင်မှုပေးထားတဲ့ gmail accounts server ကို hack လို့ ရသွားရင်တော့ သန်းနဲ့ချီတဲ့ Accounts တွေကို တစ်ပြိုင်နက်တည်း ရရှိသွားနိုင်ပါတယ်။ account server မှာက သန်းနဲ့ချီတဲ့ Account တွေကို သိမ်းထားတာကြောင့် ဖြစ်ပါတယ်။  user level နဲ့ server level ကွာတာလေးတစ်ခု ထုတ်ပြောပြတာပါ။
             Server level မှာက Facebook တို့ Google တို့ရဲ့ security team က ပညာရှင်တွေနဲ့ အချိန်ပြည့် စောင့်ကြည့်ပေးနေကြသလို bug bounty programme တွေ ပြုလုပ်ထားရှိပြီး Vulnerability ခေါ် အားနည်းချက်တွေကို ရှာဖွေတွေ့ရှိပြီး report တင်ပေးနိုင်သူတွေအတွက် ထိုက်ထိုက်တန်တန် ဆုကြေး ချီးမြင့်ပေးခြင်းအားဖြင့် လုံခြုံမှုကို ပိုမိုခိုင်မာလာအောင် ဖန်တီးပေးထားပါတယ်။
              User level မှာတော့ မိမိတို့ရဲ့ Account ကို မိမိတို့ဘာသာ ထိန်းသိမ်းကြရပါတယ်။ Phishing link တွေကနေ မဝင်မိအောင် url တွေကို သေချာစစ်ဆေးတတ်ဖို့လိုသလို encrypt ပြုလုပ်မထားတဲ့ ကွန်ယက်တွေမှာ သုံးမိတာမျိုး၊ free ပေးပြီး ထောင်ဖမ်းတဲ့ wifi ကွန်ယက်မျိုးတွေနဲ့ ချိတ်ဆက်သုံးမိပြီး login ဝင်မိတာတွေ၊ weak passwords တွေလို အလွယ်တကူခန့်မှန်းနိုင်စေတဲ့ password တွေ အသုံးပြုတာမျိုး၊ အချက်အလက် ကောင်းစွာ ဖြည့်သွင်းထားခြင်းမရှိတာမျိုး၊ security layer ထားရှိအသုံးပြုခြင်းမရှိတာမျိုး တွေကို အထူးဂရုပြုမိဖို့လိုအပ်ပါတယ်။ ဒါတွေကို ရှောင်ရှားနိုင်ဖို့အတွက်ကတော့ ထိုက်သင့်တဲ့ security knowledge တွေ ရှိဖို့ လိုအပ်ပါတယ်။
                Facebook ပေါ်မှာ acc hack ခံရပါတယ် ဆိုတာတွေထဲက အချို့က တကယ် hack ခံရခြင်းမဟုတ်ပါ။ အချို့က မိမိ acc ဖွင့်စဉ်က mail ရော password ရောကို မိမိဘာသာ မှတ်ကိုမမှတ်မိတော့လို့ ဝင်မရတော့တာမျိုးကို hack ခံရတယ်ဆိုပြီး (မသိဘဲ) ပြောကြတာ ဖြစ်ပါတယ်။ တကယ် Account ပါသွားသူတွေကလည်း အောက်ပါ အချက်တွေကြောင့် ပါသွားကြတာပါ။
 1.မိမိ acc မှာ မိမိဘာသာ hack ခံရကြောင်း တမင် ဖန်တီးလုပ်ကြံထားတာ
2. ဒီ link ကိုနှိပ်ကြည့် ဘာဖြစ်မယ်။
      သင့်အဖြေကိုသိဖို့ ဒါလေးနှိပ်ကြည့်ပါ ဆိုတဲ့ post မျိုးတွေ တွေ့မိကြမှာပါ။ အဲသည်ကနေ user ရဲ့ အရေးပါတဲ့ information တွေနဲ့ token access ကို ခိုးယူခံရတာ
3. စိတ်ချရခြင်းမရှိတဲ့ app တွေကို login with Facebook နဲ့ ဝင်ထားမိတာ
4. Information အပြည့်အစုံ ထည့်ထားခြင်းမရှိတာကြောင့် ဖြစ်စေ၊ security layer တွေ အသုံးမပြုတာကြောင့် ဖြစ်စေ recovery ဆွဲခံလိုက်ရတာ
5. သေချာ သိခြင်းမရှိပါဘဲက Free wifi တွေချိတ်ပြီး အရမ်းကာရော login ဝင် သုံးမိတာ
6. "Follower တွေ ဘယ်လောက်ရမယ်"
     "Like ဘယ်လောက်ရမယ်"
     "Comment ဘယ်လောက်ရမယ်"
     "သင့် fri ထဲက ဘယ်သူတွေရဲ့ လျှို့ဝှက် ဗီဒီယိုဖိုင်တွေ ပေါက်ကြားသွားပါတယ်။ သိချင်ရင် ဒီ link ကိုကြည့် "
     စသည်ဖြင့်ပေါ့။ user တွေကို စိတ်ဝင်စားအောင် ဆွဲဆောင်ပြီး phishing ချထားတဲ့ link ထဲ ဝင်အောင် စည်းရုံခြင်းကို မသိဘဲ ဇွတ်ဝင်ရာက account ပါသွားတာ။
7. Facebook account hacker
     Gmail hacker ဆိုတဲ့ software အတုတွေကို သူများ account ရချင်ဇောနဲ့ ကိုယ့် acc ဝင်မိရာက သူများဟာမရဘဲ ကိုယ့်ဟာ ပေးလိုက်ရတာ။
(6 နဲ့ 7 ကို Social Engineering ဟု ခေါ်သည်)
8. ကိုယ် ယုံကြည်ရသူ တစ်စုံတစ်ယောက်ရဲ့ Facebook account နဲ့ တထေရာတည်း တူအောင် အတုဖွင့်ထားပြီး အယောင်ဆောင် အယုံသွင်းလျက် account လုယူခံရတာ
(Impersonating ပေါ့)
9. ကိုယ့်ဖုန်းထဲကို စိတ်ချယုံကြည်ရခြင်းမရှိတဲ့ apk တွေ သူများထည့်သွားတာမျိုး၊ ကိုယ့်ဘာသာ ဆွဲထည့်မိရာမျိုးတွေကနေတစ်ဆင့် Plugin ပါလာတဲ့ keyloggers တွေကနေတစ်ဆင့် ကိုယ့် acc တွေ ပါသွားတာမျိုး
ကိုယ့်စက်မဟုတ်ဘဲ အခြားသူတွေရဲ့ စက်တွေ (ဖုန်း or computer) တွေမှာ ကိုယ့် acc ခဏ ဝင်သုံးမိရာကတစ်ဆင့် account ပါသွားတာမျိုး
10. Account login ဝင်တဲ့နေရာမှာ အားနည်းလွန်းတဲ့ (ခန့်မှန်းရ လွယ်ကူတဲ့) passwords တွေကို သုံးမိတာမျိုး၊ နောက်ပြီး ဘာ acc ဆိုလည်း ဖွင့်၊ ညာအကောင့်ဆိုလည်း ဖွင့်၊ passwords ကို ဘာလာလာ ဒီတစ်မျိုးပဲ လုပ်ပြီး မှတ်ထားတာမျိုး
အထက်ပါအချက်တွေကြောင့်သာ ဖြစ်လေ့ ရှိပါတယ်။
ဒါက user level နဲ့ သက်ဆိုင်ပြီး account ကို အသုံးပြုသူက သတိထားရမယ့် အပိုင်း ဖြစ်ပါတယ်။
            Facebook (or) Google တို့က သူတို့ရဲ့ အကျိုးအမြတ်အတွက် မဟုတ်ရင်တောင် ဂုဏ်သိက္ခာအတွက် server level ကနေ တတ်နိုင်သမျ တိုးမြှင့် ကာကွယ်ပေးမှုတွေ လုပ်ထားပါတယ်။
ဒါပေမယ့် server level ကနေ ဘယ်လိုပင် ကာကွယ်ပေးထားပါစေ user တွေအနေနဲ့ မိမိတို့ လုံခြုံရေးအတွက် ဆောင်ရန်ရှောင်ရန်တွေကို ဂရုစိုက်လိုက်နာဖို့တော့ လိုပါတယ်။
             Account ကာကွယ်ရေးတွေ နဲ့ ဘယ်လို ခိုးသွားတယ်ဆိုတဲ့ နည်းတွေကို ပြောနေတာနဲ့ပဲ မူလ ရည်ရွယ်ချက် ပျောက်တော့မယ်။ 😁
             အစပိုင်းမှာ ကျွန်တော် ဆွေးနွေးခဲ့သလိုပါပဲ။ Hacking ဆိုတာ technical ပိုင်းပါ။ Gmail ကို hack တယ်၊  Facebook ကို hack တယ်၊ website ကို hack တယ် ဆိုတာတွေဟာ အသုံးချမှုနယ်ပယ် field သာ ဖြစ်ပါတယ်။ ဒီတော့ Hacking technics (techniques) တွေကို ကျွမ်းကျင်လာတဲ့အခါ ဘယ်နေရာမှာ ဘာသုံးရမယ် (တိုက်ဆောက်ရင် ဘယ်လိုဆောက်မယ်၊ တံတားကျ ဘယ်လို ထိုးရမယ်) စသည်ဖြင့် ကျွမ်းဝင်လာပါတော့တယ်။
                နောက်တစ်ချက်က Facebook ပေါ်မှာ အများစု သိနေ ထင်နေကြသလို Hacker တွေဆိုတာ လူဆိုးတွေချည်းပဲ မဟုတ်ကြပါဘူး။ ဘယ်နေရာမဆို အဖြူနဲ့ အမည်း၊ အလင်းနဲ့အမှောင် ဆန့်ကျင်ဘက်တွေ ရှိကြပါတယ်။ မိမိရဲ့ လုပ်ရပ်နဲ့ ရပ်တည်မှုအပေါ် မိမိဘာသာ တာဝန်ယူကြရမှာပါ။
                 ဒါကြောင့် နည်းပညာတွေကို လူအများအတွက် ထိခိုက်နစ်နာမှုမရှိစေဘဲ တိုးတက်အောင်မြင်အောင် ကြိုးစားရင်း အမှန်တရားကို သိမြင်လက်ခံ မှန်ကန်စွာရပ်တည်ကျင့်ကြံရင်း လောကကို အလင်းပေးနိုင်သူများ ဖြစ်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါသည်ခင်ဗျာ
လာရောက် အားပေးဖတ်ရှုသူအပေါင်းကို အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
2018 ခုနှစ် April လ၊ 17 ရက်နေ့တွင် ကျရောက်မည့်
၁၃၈၀ ပြည့် နှစ်သစ်ကို ယခု ဆောင်းပါးလေးနှင့် ကြိုဆိုလိုက်ပါသည်
လေးစားစွာဖြင့်
Khit Minnyo
Zawgyi Version
     "Like ဘယ်လောက်ရမယ်"
     "Comment ဘယ်လောက်ရမယ်"
(Impersonating ပေါ့)
Hacking ကို လက်တွေ့ချည်း လေ့လာလိုသူတွေအတွက်  Grade 3 Hacking "Hacking ဒုတိယတန်း" စာအုပ်ကို အားပေးနိုင်ပါပြီဗျ ..........
100% လိုက်လုပ်နိုင်ပြီး
90% လက်တွေ့သင်ခန်းစာများ ပါဝင်သည့်
"Hacking ဒုတိယတန်း" စာအုပ်
Oယ်ယူရရှိနိုင်ပါပြီ .......................
Ph. 09 799 535 021 && 09 69 806 4912
Oယ်ယူရရှိနိုင်ပါပြီ .......................
 Thanks for visiting.
 Khit Minnyo
Wednesday, March 28, 2018
လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ (မြန်မာလို စာအုပ်)
Unicode Version
(မြန်မာစာအမှန်မမြင်ရပါက ဒီစာကြောင်းကို နှိပ်ပါ)
Hacking ကို စပြီး လေ့လာမယ့် သူတွေအတွက် မသိမဖြစ် သိရမယ့် အခြေခံသဘောတရားတွေနဲ့ အခြေခံ အကျဆုံးကနေ စတင်လိုက်တဲ့ စာအုပ်
15,000 Ks ( စာအုပ် + Member Website မှာ လေ့လာခွင့်)
စာအုပ်တန်ဖိုး = 15,000Ks
အိမ်အရောက် Delivery အတွက် 
ရန်ကုန် မန္တလေး မြို့တွင်း ပို့ခ အခမဲ့
အခြားမြို့များအတွက် ပို့ဆောင်ခ 2000Ks ကျသင့်ပါမယ်ခင်ဗျ
လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ စာအုပ်
ဝယ်ယူရရှိနိုင်သော ဆိုင်များစာရင်း
(Delivery လည်း ရှိပါသည်။ မြန်မာနိုင်ငံရှိ မြို့အနှံ့သို့ ပို့ပေးပါသည်)
.
.
ရန်ကုန်
Yangon Book Palaza 
(ဈေးဘက် ဝင်ပေါက်တွင် ဓာတ်လှေကား ရှိပါသည်)
၁၇ လမ်း၊ သံဈေး၊ ၅လွှာ
ကောင်းဆုသာ စာပေမှာ
နေ့စဉ် နံနက် 9:00AM ကနေ ညနေ ၅နာရီထိ အတွင်း ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ
.
မန္တလေး (မြို့တွင်း free delivery) 
Techno King 
Computer Training Centre & IT Books Store 
No-316, နန်းဦးလွင်ရပ်ကွက်,
နန်းရှေ့။မန္တလေး။
‌09-420786010,09-970323455
.
မကွေး
ကိုဟန်သုသော်( ကောင်းဆုသာ စာပေ)
ဆိုနာလီကာ ထွန်စက်ဆိုင်
(88) တပ်မရှေ့-( ကိုယ်ပွားသတင်းစာတိုက်အနီး) နတ်မောက်လမ်း မကွေးမြို့
09 4200 83482
မှာလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ
.
အခြားမြို့များသို့လည်း 
စာတိုက်၊ ကားဂိတ်များမှတစ်ဆင့် ပို့ဆောင်ပေးပါတယ်ခင်ဗျာ
.
အသေးစိတ် သိလိုပါက
Click this >> m.me/AllInOneHackingTraining မှ ဖြစ်စေ
Viber >> 09 976 41 3560 တို့မှ ဖြစ်စေ စုံစမ်းနိုင်ပါတယ်ခင်ဗျာ
Hacking နဲ့ ပတ်သက်ပြီး အခြေခံကနေ စတင် လေ့လာလိုပါက ကျွန်တော့်ရဲ့ “လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ” စာအုပ်လေးကို  ဝယ်ယူအားပေး ဖတ်ရှု လေ့လာနိုင်ပါတယ်ခင်ဗျာ
.
စာအုပ်မှာပါဝင်တာတွေကို သိလိုပါက ဒီ (စာကြောင်း) link ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်ဗျ
.
လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ စာအုပ်လေးအတွက် ဖွင့်ပေးထားသော member website တွင် အောက်ပါ အကြောင်းအရာများကို member တိုင်း အခမဲ့ လေ့လာနိုင်ပါတယ်ခင်ဗျာ
....................
Special Bonus အဖြစ် EC Council ရဲ့ CEH (Certified Ethical Hacking course ကိုပါ မြန်မာ + အင်္ဂလိပ် နှစ်ဘာသာဖြင့် အခမဲ့ ရရှိပါမည်)
......................
စာအုပ်နဲ့ ဆက်စပ် လေ့လာစရာတွေကတော့
CHAPTER 4 : Linux Fundamental (သင်ခန်းစာ ၁၀ခု)
CHAPTER : 8 Reconnaissance (သင်ခန်းစာ ၁ခု)
CHAPTER 9 : Scanning (သင်ခန်းစာ ၄ခု)
CHAPTER 18 : Spyware & Keyloggers (သင်ခန်းစာ ၅ခု)
CHAPTER 19 : Trojans & Backdoor (သင်ခန်းစာ ၁၀ခု)
CHAPTER 20 : Virus & Worms (သင်ခန်းစာ ၄ခု)
CHAPTER 26 : Port Forwarding (သင်ခန်းစာ ၁ခု)
စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင်
.
Hacking မလေ့လာမီ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ခြင်း (သင်ခန်းစာ ၇ ခု)
Hacking Lab (စမ်းသပ်လေ့ကျင့်ရန်) ပြုလုပ်ခြင်း (သင်ခန်းစာ ၆ခု)
အခြားသော Hacking အခြေခံသဘောတရား (သင်ခန်းစာ ၅၆ခု)
စတာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။
.....
ဒါတင်မက နောက်ဆက်တွဲအနေနဲ့ ထပ်မံလေ့လာလိုသူတွေအတွက် pdf စာအုပ်ပေါင်း သုံးရာကျော်ကိုလည်း ဖြည့်စွက် တင်ပေးထားပါသေးတယ်
.........
ဒါကြောင့် စာအုပ်ဝယ်ယူထားပြီး Member Form မဖြည့်ရသေးတဲ့ နည်းပညာချစ်သူတွေအနေနဲ့ စာမျက်နှာ ၁၁ မှာ ရှိတဲ့ Member Form ကို Contact Gmail အပါအဝင် ပြည့်စုံစွာ ဖြည့်ပြီး ကျွန်တော်တို့ရဲ့ All in One Hacking Training Facebook Page Message Box သို့ ပေးပို့ပြီး ဖြစ်စေ
Viber 09 976 41 3560 သို့ ပေးပို့ပြီးဖြစ်စေ Member အဖြစ် ဝင်ရောက်နိုင်ပါတယ်ခင်ဗျာ
.
ဒီ အခန်းလိုပဲ နောက်ထပ် ထုတ်နုတ် တင်ပေးထားတဲ့ Linux အခြေခံ အခန်း ပါဝင်တဲ့ pdf ကို ကြည့်ရှုလိုပါက ဒီစာကြောင်းကို နှိပ်ပြီး သွားကြည့်နိုင်ပါတယ်ဗျ
.
လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ စာအုပ်
ဝယ်ယူရရှိနိုင်သော ဆိုင်များစာရင်း
(Delivery လည်း ရှိပါသည်။ မြန်မာနိုင်ငံရှိ မြို့အနှံ့သို့ ပို့ပေးပါသည်)
စာအုပ်မဝယ်ရသေးသူတွေရော
အကြောင်းအမျိုးမျိုးကြောင့် ဝယ်ယူဖို့အခက်အခဲရှိနေသူတွေကိုရော ပေါ့
လေ့လာနိုင်အောင် www.khitminnyo.com မှာ Hacking နဲ့ ပတ်သက်ပြီး ဖော်ပြထားတာလေးတွေ ရှိပါတယ်
.
အခြေခံ အချက်လေးတွေကိုလည်း အောက်ပါ link လေးတွေကနေ သွားကြည့်နိုင် လေ့လာနိုင်ပါသေးတယ်
member ဟုတ်ဟုတ် မဟုတ်ဟုတ် ကြည့်ခွင့်ပေးထားတဲ့ blog ဖြစ်ပါတယ်
(စာအုပ်ဝယ်ယူသူတိုင်းအတွက် ကြည့်ခွင့်ပေးထားသော website နှင့် မတူညီပါ)
၃။ လူဆိုးအတွေး တွေးကြည့်ခြင်း https://www.khitminnyo.com/2017/09/ethical-hacking-thinking-like-bad-guys.html?m=1
၄။ ခြေရာကောက်ခြင်း (အချက်အလက်ရှာဖွေစုဆောင်းခြင်း) အပိုင်း ၁ မှ ၅ အထိ
တစ်ပိုင်းပြီးလျင် အဆုံးသတ်မှာ နောက်တစ်ပိုင်းအတွက် link ပေးထားပါတယ် https://www.khitminnyo.com/2017/10/footprinting.html?m=1
၅။ port scanning (အပိုင်းလိုက် link တွေထပ်ဆက်ပေးထားပါတယ်) https://www.khitminnyo.com/2017/10/port-scanning-1.html?m=1
၆။ CEH အင်္ဂလိပ်လို အခြေခံ တစ်ခန်းချင်းသင်ရိုးစုံ https://www.khitminnyo.com/2017/11/ceh-v8-full-course-for-free.html?m=1
၇။ အောင်မြင်သော Cyber attack တစ်ခုရဲ့ ဖြတ်သန်းရတဲ့ အဆင့်များ https://www.khitminnyo.com/2017/11/cyber-attack.html?m=1
၈။ DoS အကြောင်း အနည်းငယ် https://www.khitminnyo.com/2018/01/dos-ddos.html?m=1
၉။ Kali တင်နည်းနဲ့ပတ်သက်တဲ့ နည်းလမ်းအစုံ https://www.khitminnyo.com/2017/09/kali-linux-installation-and-preparing.html?m=1
၁၀။ Kali မသုံးဖူးသေးသူတွေအတွက် မတင်ခင် ကြိုစဉ်းစားသင့်တာလေးတွေ https://www.khitminnyo.com/2017/09/kali-linux.html?m=1
၁၁။ Hacking လေ့လာဖို့ လိုအပ်တဲ့ စမ်းသပ်ခန်း ဖန်တီးခြင်းများ https://www.khitminnyo.com/search/label/Hacking%20Lab?m=1
၁၂။ အခြားသိသင့်သိထိုက်တဲ့ hacking ဆိုင်ရာ သိမှတ်စရာများ https://www.khitminnyo.com/search/label/Hacking%20Techniques?m=1
စတာတွေအပြင် အကြောင်းအရာများစွာကို ဖြည့်စွက်ဖန်တီးဖော်ပြထားပေးတာမို့လို့ အားလုံး သွားရောက် မွှေနှောက်ကြည့်နိုင်ပါကြောင်းနဲ့
အကြောင်းအရာ ရွေးချယ်ကြည့်လိုပါက
အောက်ပါ link ကနေ ရွေးချယ်ကြည့်နိုင်ပါကြောင်းခင်ဗျာ
https://www.khitminnyo.com/p/home.html?m=1
.member website များကိုတော့ member များသာလျင် ကြည့်လို့ရမှာဖြစ်ပါကြောင်း
နှင့်
စာအုပ် ဝယ်ယူအားပေးလိုသူတွေအတွက်လည်း
စာအုပ်မှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ကြည့်လို့ပါက
https://m.facebook.com/story.php?story_fbid=1934916176768773&id=1767408603519532
အထက်ပါ link မှာ ကြည့်နိုင်ပါကြောင်း
.
လေးစားစွာဖြင့်
Zawgyi Version
.
ရန်ကုန်
Yangon Book Palaza 
၁၇ လမ်း၊ သံဈေး၊ ၅လွှာ
ကောင်းဆုသာ စာပေမှာ
.
Techno King 
နန်းရှေ့။မန္တလေး။
.
မကွေး
09 4200 83482
.
.
အသေးစိတ် သိလိုပါက
....................
......................
စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင်
.
.....
.........
.
.
နှင့်
.
လေးစားစွာဖြင့်
Monday, March 26, 2018
Android မှာ PC လို Kali တင်မယ် ( root ရှိရှိ မရှိရှိ ရပါသည်)
မင်္ဂလာပါခင်ဗျာ
ဒီနေ့အတွက်တော့ All in One Hacking Training Page မှာ တင်ခဲ့တဲ့ Post လေးထဲကအတိုင်း
ကျွန်တော်တို့ရဲ့ Android System ကို မထိခိုက်စေဘဲ Linux (မိမိနှစ်သက်ရာ Linux OS) တွေကို ကွန်ပျူတာမှာ မြင်ရသလို မြင်ရ
ကွန်ပျူတာမှာ သုံးလို့ ရသလို သုံးလို့ ရချင်တဲ့သူတွေအတွက် အဓိက ရည်ရွယ်ပြီး တင်ပေးခြင်းပါ။
.
ကျွန်တော်ကတော့ ဒီနေရာမှာ Kali Linux ကို အဓိကထား ဖော်ပြပေးသွားမှာပါ။ ဒါပေမယ့် ကျွန်တော့် မိတ်ဆွေတွေအတွက်ကတော့ မိမိတို့ နှစ်သက်ရာ Linux img တွေကို အသုံးပြု တင်နိုင်ပါတယ်ခင်ဗျာ
.
တင်နည်းကို အရင်ဆုံး မပြောမီ စကားလေး နည်းနည်း ပြောခွင့်ပြုပါ။ (စိတ်ရှည်ရှည်လေး ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်)
.
Kali ကို Termux ကနေတစ်ဆင့် မဟုတ်ဘဲ Android မှာ PC view မျိုးနဲ့ Full function အသုံးပြုနိုင်မယ့် နည်းလမ်း ရှိပါတယ်။ စိတ်ဝင်စားသူ များရင် တင်ပေးပါမယ် လို့ All in One Hacking Training ရဲ့ Facebook Page မှာ Post တင်ပြီး မေးခဲ့ပါတယ်။ နာရီပိုင်းအတွင်း စိတ်ဝင်စားသူ အများကြီး တွေ့ခဲ့ရလို့ ကျွန်တော့် ကတိ အတိုင်း ဒီအကြောင်းလေးကို ရေးဖြစ်ခဲ့တာပါ။
Faccebook Page မှာ တင်တုန်းက လာမေးတဲ့သူ အချို့ ရှိပါတယ်။ မေးများတာလေးတွေ အရင် ပြောထားပါရစေ။ တစ်ယောက်စီ လာလာမေးတာတွေ ဖြေရတာတော့ အဆင်မပြေလို့ပါခင်ဗျာ။
၁။ ကျွန်တော် ရေးခဲ့တဲ့ “လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ” စာအုပ် ထဲက အကြောင်းအရာတွေရယ်၊ member website ထဲက သင်ခန်းစာတွေရယ်ကို ဒီနည်းလမ်း သုံးပြီး တင်လိုက်မယ့် Linux နဲ့ သုံးနိုင်ပါသလား ဆိုတဲ့ မေးခွန်းပါ။ (PC မရှိသူတွေက ပိုပြီး စိတ်ဝင်စားနေမယ် ထင်ပါတယ်။)
     ဒီမေးခွန်းကို ဖြေရရင်တော့ Linux ပိုင်းဆိုင်ရာ သင်ခန်းစာတွေကို လိုက်လုပ်နိုင်မှာ အသေအချာပါပဲ။ (ရာနှုန်းပြည့် လိုက်လုပ်နိုင်ခြင်း ရှိ မရှိ ဆိုတာတော့ ကျွန်တော်တို့ သုံးမယ့် ဖုန်းရဲ့ စွမ်းဆောင်ရည်ပေါ်လည်း မူတည်ပါသေးတယ်။ ဒါကြောင့် Android ရှိတိုင်းတော့ အားလုံးလိုက်လုပ်လို့ ရမယ်လို့ ကျိန်းသေ အာမ မခံပါ။ Termux ကနေ tool တွေ ဖြည့်သွင်းပြီး လိုက်လုပ်လို့လည်း ရတာတွေ ရှိတာပါပဲ။ မြင်ကွင်း မတူတာပဲ ရှိပါတယ်။)
    စာအုပ်လေး ဝယ်ယူအားပေးလိုပါက ဒီနေရာလေးကို နှိပ်ပြီး မှာနိုင်ပါတယ်ခင်ဗျာ ;)
   စာအုပ်အကြောင်း အသေးစိတ် သိလိုပါက ဒီစာကြောင်းလေးကို နှိပ်ပြီး သွားကြည့်နိုင်ပါတယ်ခင်ဗျာ
.
၂။ ဖုန်းနဲ့ ပတ်သက်ပြီး ဘာတွေ ထိခိုက်နိုင်လဲ။ မှားလုပ်မိရင် Firmware ကျတတ်လား။
       ဒီအတွက်တော့ လုံးဝ လုံးဝ စိုးရိမ်စရာ မလိုပါဘူးခင်ဗျာ။ မှားလုပ်မိလည်း Firmware နဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့ သုံးနေကျ Facebook Application သွင်းတာ မျိုးလောက်ပါပဲ။ ထူးပြီး ထိခိုက်စရာ မရှိပါဘူးခင်ဗျာ
.
၃။  Android မှာ root လိုသလား။
     root မလိုပါဘူးခင်ဗျာ။ Root ရှိတဲ့ဖုန်းလည်း ရသလို root မရှိလည်း လိုက်လုပ်လို့ ရပါတယ်။
.
၎။ Android မှာ install မလုပ်တတ်ရင် Facebook, Viber ကနေ လာမေးလို့ ရလား။
     ဒါလေးတော့ ကျေးဇူးပြုပြီး နားလည်ပေးကြပါ။ ကျွန်တော့်အနေနဲ့ အချိန်အများကြီး ဖဲ့ပေးပြီး တစ်ဆင့်ချင်းစီကို ရှင်းလည်း ရှင်းထားသလို ပုံတွေမှာလည်း လုံးဝ သေချာအောင်၊ လိုက်မလုပ်နိုင်စရာ မရှိအောင် တစ်ဆင့်ချင်းစီ အသေးစိတ်ကအစ ပြောပြပေးထားပါတယ်ခင်ဗျာ။ ဒေါင်းယူစရာ Link တွေကိုလည်း မဒေါင်းတတ်သူ မရှိစေဖို့အတွက် မည်သည့် Ad မှ တစ်ဆင့်ခံထားခြင်း မရှိပါ။
ဒါကြောင့် လိုက်မလုပ်တတ်ဘူး ဆိုရင်
* မိမိ လုပ်ဆောင်မှု မှန် မမှန် (သေချာ ပြန်ကြည့်ပါ)။
* ကြိုတင် ရှင်းပြထားတာလေးတွေကို ဖတ်ထား (သို့မဟုတ်) မှတ်ထားပါ။
* အားလုံးကို ကြိုတင် ဖတ် မှတ် ထားပြီးမှ အားလုံး အသင့်ရှိပြီဆိုမှ စတင် ပါ ခင်ဗျာ။
...........
Preparing for Installing
    Install မပြုလုပ်မီ ကြိုတင် သိထားရမှာတွေ ရှိပါတယ်။
၁။ Android Version သည် 5.1.1 ကနေ အထက် ဖြစ်ရပါမယ်။ (Android Version 4 တွေမှာတော့ လုံးဝ ရမှာ မဟုတ်ပါ။ 5.0 တော့ မစမ်းကြည့်ဖူးပါ။ Apk တင်ကြည့်လို့ ရရင် လုပ်လို့ ရနိုင်ပါတယ်။)
၂။ မိမိတို့ Android စနစ်နဲ့ ကိုက်ညီမှု ရှိ မရှိ သိရအောင် Apk ကို အရင်ဆုံး install ကြည့်၊ ဖွင့်ကြည့်ပါ။ အဲဒါ ရပြီဆိုမှ လိုအပ်တဲ့  Linux image ဖိုင်တွေကို ဒေါင်းယူပါ။ apk စမ်းမကြည့်ဘဲ linux image တွေ ဒေါင်းပြီးမှ အဆင်မပြေရင် ဘေ သီးသန့် ကုန်နေမှာစိုးလို့ပါ
၃။ လမ်းညွှန်ချက်တွေကို သေချာဖတ်ပါ။ လိုအပ်ရင် မှတ်ထားပါ။
၎။ Linux install နေစဉ် sms ဝင်လာမျိုး၊ Facebook notification ဝင်လာတာမျိုးဆိုရင် လုံးဝ ဖွင့်မကြည့်ပါနဲ့။ Messenger တော့ Chat Head နဲ့ဆို ကြည့်လို့ ရပါတယ်။
၅။ Install လုပ်နေစဉ် ဖုန်းဝင်လာတာမျိုး မဖြစ်ရပါဘူး။ ဒါကြောင့် ဖုန်းဝင်များသူတွေအတွက် ကြိုပြီး ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် airplane mode သုံးနိုင်ပါတယ်။
၆။ Install လုပ်နေစဉ် (လုပ်ရမယ့် အဆင့်တွေ မေ့သွားလို့) ပြန်ကြည့်ချင်တယ်ဆိုရင် အခြားဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေ ကြည့်ပါ။ install နေတုန်း အဲသည်ဖုန်းမှာ messenger chat head ကလွဲရင် အခြား ဘာကိုမှ မသုံးပါနဲ့။ ဘာကြောင့်လဲဆိုတော့ အခြား app တစ်ခုခု ဖွင့်လိုက်ပြီးမှ linux install တဲ့ထဲ ပြန်ဝင်ကြည့်ရင် black screen ပဲ မြင်ရမှာဖြစ်ပြီး လက်ရှိအဆင့်ကို ပြန်ရောက်နိုင်ဖို့ အချိန်အကြာကြီး ပေးရတော့မှာဖြစ်လို့ပါပဲ။ အထူးသတိထားပါ။
၇။ Linux တင်ဖို့အတွက် အချိန် တော်တော့်ကို ကြာပါမယ်။ (ကွန်ပျူတာမှာ တင်တဲ့ ကြာချိန်ထက် ၂ဆလောက် ပိုကြာနိုင်ပါတယ်။ ဖုန်းစွမ်းရည်ပေါ် မူတည်ပြီး ထို့ထက်လည်း ပိုကြာနိုင်ပါတယ်)
Install လုပ်ချိန် ကြာမြင့်မှာဖြစ်တဲ့အတွက် အချိန်သေချာပေးနိုင် စိတ်ရှည်နိုင်ပြီ ဆိုတဲ့အချိန်မှ စ တင်ပါ ခင်ဗျာ။
.........
ဒီအထိ ရောက်လာပြီ ဆိုရင်တော့ အထက်ပါအချက်တွေကို လိုက်နာနိုင်ပြီ လို့ ယူဆပါတယ်။
တင်နည်းလေး ဆက်ကြ ပါစို့။
.................
Step 1
   Linux Install တဲ့အခါ အရေးပါတာက Keyboard ပါ။
Hacker's Keyboard ကို Play Store ကနေ ယူလိုပါက ဒီစာကြောင်းကို နှိပ်ပါ။
Play Store မရှိသူများက Hackers' Keyboard ကို ဒီစာကြောင်းကို နှိပ်ပြီး ဒေါင်းယူ install ထားပါ။
size 1.2 MB သာ။
install ပြီးရင် Input Method မှာ ထည့်သွင်းပြီး Hackers' Keyboard ကို ရွေးထားပါ။ Hackers' Keyboard ရဲ့ setting ထဲကို ဝင်ပြီး အောက်ပါ ပုံအတိုင်း Full 5-rows ကို သေချာ ရွေးထားပါ။ (အရေးကြီးပါတယ်။)
.
Step 2
     လိုအပ်တဲ့ Emulator Apk ဖိုင်ကို အောက်ပါ Link တွေကနေ ဒေါင်းယူနိုင်ပါတယ်။
မိမိဖုန်းနှင့် အဆင်ပြေဆုံး apkကို ဒေါင်းလိုပါက ဒီစာကြောင်းကို နှိပ်ပါ။
(ကျွန်တော် သုံးတဲ့ apk ကို mediafire မှာ တင်ပေးထားပါတယ်။ ဒီစာကြောင်းကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်) 9MB ရှိပါတယ်။
ဒေါင်းပြီးရင်တော့ install လိုက်နော်။ install နည်းတော့ မပြောတော့ပါ။
.........
Step 3
    ကျွန်တော်တို့အနေနဲ့ Install လို့ ရတဲ့ Linux OS တွေ အများကြီး ရှိပါတယ်။ မိမိတို့ install မယ့် Linux အမျိုးအစားကို ရွေးချယ်နိုင်စေဖို့နဲ့ ဘာက ဘယ်လိုတော့ ရှိတယ် ဆိုတာ နည်းနည်း ရှင်းပြလိုပါတယ်။ ကျွန်တော့် မိတ်ဆွေတွေ Linux မူကွဲတွေကို စိတ်ကြိုက် ရွေးလို့ ရစေချင်လို့ ပါ။ မိမိတို့ ဖုန်းနဲ့ ပိုသင့်မယ့် တစ်ခုခုကို ရွေးချယ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။
DSL Linux
Debian Linux
Debian ARM Linux
Debian PowerPC Linux
Debian Sparc Linux
Trinux
KolibriOS
FreeDOS
Other OSes
ဒါတွေက သူ့ထဲမှာ သုံးလို့ ပေါ့ပါးပြီး အဆင်ပြေတာတွေ လို့ ဆိုထားပါတယ်။ ကျန်တာတွေကိုတော့ မိမိတို့ဘာသာ ရွေးဒေါင်းနိုင်တာပေါ့။
ကျွန်တော် တင်လိုတဲ့ Kali ကတော့ အထက်ပါ list မှာ မပါတဲ့အတွက် သီးသန့်ဒေါင်းရပါမယ်။
ဒီစာကြောင်းကို နှိပ်ပြီး သွားရောက် ကြည့်ရှုနိုင်ပါတယ်။
အထက်ပါ link ကနေ သွားပြီး မိမိတို့ သုံးလိုရာကို သွားဒေါင်းယူနိုင်ပါတယ်။
Android ရဲ့ RAM ပေါ် သက်ညှာသောအားဖြင့် ကျွန်တော်ကတော့ ၃၂bit ကိုပဲ သုံးသွားပါမယ်။
Kali Light ထဲက ဒေါင်းလိုက်တာပါ
Kali တင်လိုသူများအတွက် အကောင်းဆုံး အကြံပြုလိုတာက www.kali.org/downloads မှာ အောက်ပါပုံုံုံုံုံုံထဲက iso များကိုသာ ဒေါင်းစေချင်ပါတယ်
32 bit ကို ပို အားပေးပါတယ်
. iso ဖိုင်လေးဒေါင်းပြီးပြီ ဆိုကြပါစို့ ........
.................
Step 4
စပြီး တင်ပါတော့မယ်။ Limbo x86 apk ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း မြင်ရပါမယ်။
နာမည်က ကိုယ်မှတ်မိရုံပဲ နော်။ ဒီတိုင်းပေးရမယ်လို့ မဆိုလိုဘူး
ဒီအဆင့် ပြီးရင်တော့ လွတ်တဲ့နေရာကို နှိပ်လိုက်ပါ။ ပျောက်သွားပါလိမ့်မယ်။
.........
x86 ရွေးလို့ ရပါတယ်။ ကျွန်တော်က x64  ရွေးတာပိုအဆင်ပြေလို့ ရွေးထားတာပါ။
CUP model နေရာမှာ Default အတိုင်း ထားလည်း ရပါတယ်။ 
CUP cores ကိုတော့ အချို့ Android တွေမှာ 2 ထိပဲ ရွေးလို့ ရပါတယ်။ ၄ ရွေးပြီးလို့ အလုပ်မလုပ်ရင် ပြန်လျှော့ပါ
RAM Memory မှာတော့ အချို့ဖုန်းတွေမှာ 512 ထက် ပိုရွေးရင် ပွင့်မလာတတ်ပါ။ ဒါကြောင့် ဒီနေရာတွေကို ကြိုပြောပြထားခြင်းပါ
..................................
ဖုန်းထဲမှာ Virtual အနေနဲ့ သုံးနိုင်မယ့် ပမာဏကို ပြောတာဖြစ်ပါတယ်။ 20GB ထိ ရဲရဲကြီး ရွေးလိုက်ပါ။ ချက်ချင်း 20GB ကုန်သွားမှာ မဟုတ်ပါဘူး။ limit အနေနဲ့ ထားထားပေးတဲ့သဘောပါ
..................
ဒီအဆင့်မှာတော့ အချို့ဖုန်းတွေမှာ ဒီလို မပေါ်ဘဲ File Manager တန်းပွင့်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။ စနစ်မတူတဲ့အတွက်ပါ မစိုးရိမ်ပါနဲ့
........................
High Priority ဆိုတာကိုတော့ မိမိတို့ ဖုန်းက သိပ်သွက်လွန်းတဲ့ ဖုန်းမျိုး ဆိုရင် ရွေးသင့်ပါတယ်။
သာမန်ဖုန်းတစ်လုံးအနေနဲ့တော့ မရွေးသင့်ပါ။
ရွေးလိုက်ရင် VM ဖြစ်တဲ့ Kali မှာ သွက်သွားပြီးတော့ Android ရဲ့ အခြား  Program တွေကို ပြန်ဖွင့်ရင် နည်းနည်း ပိုနှေးသွားပါမယ်။ Limbo  ကို ပိတ်လိုက်ရင်တော့ အားလုံး ပုံမှန်ဖြစ်သွားလို့ စိုးရိမ်စရာတော့ မလိုပါဘူး။ ကိုယ့်ဖုန်း ကောင်း မကောင်း သိချင်ရင်တော့ အမှန်ခြစ်လေး ထည့်ပြီး OK လိုက်ပေါ့။
Samsung Note 8, S8, S8+ နဲ့ One Plus 5T တွေမှာတော့ ဘယ်လိုမှတောင် မသိသာလိုက်ပါဘူး။
 အခြားဖုန်းတွေတော့ မစမ်းဖူးလို့ အတိအကျ မပြောနိုင်ပါခင်ဗျာ။
................
ဒီအဆင့်မှာ No bootable device နဲ့ ဆက်မတက်တော့ဘဲ ရပ်သွားရင်တော့
၁။ မိတ်ဆွေတို့ရဲ့ iso (linux iso ဒေါင်းထားတဲ့ဖိုင် ကို ပြန်စစ်ပါ။ iso မှာ error တက်နေတာ 99% ဖြစ်နိုင်ပါတယ်)
၂။ iso လည်း မှန်ကန်ရင်တော့ အပေါ်မှာ cdrom ရွေးတုန်းက iso ချိတ်မိလားဆိုတာ ပြန်စစ်ပါ။ 
.....
'ဒီနေရာကနေ စပြီး တစ်ဆင့်စီဟာ တော်တော့်ကို ကြာနိုင်ပါတယ်
...................
တော်တော့်ကို ကြာမှာဖြစ်လို့ ဒီအဆင့်မှာ စိတ်ရှည်ရှည်ထားနိုင်ဖို့ အလိုအပ်ဆုံးပါပဲ
Limbo ပေါ်ပြီး Kali နေရာမှာ Screen မည်းသွားရင် အဲနေရာကို mouse နည်းနည်း လှုပ်ပေးပါ။
မျက်နှာ်ပြင်ကို နည်းနည်းလေး ပွတ်ဆွဲလိုက်ရုံပါပဲ
......................
တော်တော့်ကို ကြာမှာဖြစ်လို့ ဒီအဆင့်မှာ စိတ်ရှည်ရှည်ထားနိုင်ဖို့ အလိုအပ်ဆုံးပါပဲ
Limbo ပေါ်ပြီး Kali နေရာမှာ Screen မည်းသွားရင် အဲနေရာကို mouse နည်းနည်း လှုပ်ပေးပါ။
မျက်နှာ်ပြင်ကို နည်းနည်းလေး ပွတ်ဆွဲလိုက်ရုံပါပဲ
......................
ဒီအခြေအနေရောက်ပြီ ဆိုရင်တော့ noti bar လေး ဆွဲချပြီး Auto Rotate နဲ့ လှည့်လို့ ရပါပြီ
.............
Bluetooth Keyboard လေးနဲ့ Keyboard အသေးလေးတွေ ချိတ်ထားသူတွေကတော့ သုံးရတာ ပိုပြီး ကောင်းမှာပါ။
..
အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ
Thanks for visiting
Khit Minnyo