Friday, February 9, 2018

Kali Only တင်နည်း နှင့် Kali Dual Boot တင်ပြီးသားမှာ ဒုတိယအကြိမ် ပြန်တင်တဲ့အခါ Partition တွေကို ပြန်သုံးနည်း



ဒီအကြောင်းကို မတင်ပေးဘူးလို့ပဲ စဉ်းစားထားတာပါ။ ဒါပေမယ့် မေးတဲ့သူတွေ များလာတဲ့အတွက် တစ်ယောက်စီ ပြန်ဖြေရတာ အဆင်မပြေတော့တာကြောင့် တင်ပေးလိုက်ပါတယ်ခင်ဗျာ။ သိပြီးသူတွေအတွက်တော့ ထူးခြားမှု မရှိတာကြောင့် ကျော်သွားနိုင်ပါတယ်ခင်ဗျာ။
............
Kali Linux တစ်ခုပဲ တင်ချင်တယ် ဆိုသူတွေအတွက်ကတော့ သိပ်မထူးဆန်းပါဘူး
Manual မရွေးဘဲ Guided အတိုင်း ရွေးလိုက်ရင် ပြီးပါတယ်။ ဒါပေမယ့် လာမေးတော့လည်း ထည့်ပြောထားပေးပါတယ်။
..................................
ဒီ Mov လေးရဲ့ အဓိက ရည်ရွယ်ချက်က Kali Linux နဲ့ Windows ကို  Dual တင်ထားပြီးသူတွေကို ရည်ရွယ် ပါတယ်။ Dual တင်တဲ့အခါ
၁။ root (100GB ခန့် ထားသင့်)
၂။ swap area (ဖြစ်နိုင်လျင် RAM ၏ နှစ်ဆ။ ဥပမာ RAM 4GB ဆိုရင် swap 8GB)
၃။ boot (2GB အတိအကျသာ ထားရန်။ ပိုထားလည်း အကျိုးမရှိ)
၎။ home (Home မဟုတ်ပါ။ H အသေးနှင့် home ။ ဒေတာတွေ သိမ်းဆည်းရန်ဖြစ်ပြီး ပြန်ပြန်တင်ရလည်း သူ့ထဲက data တွေ ကျန်နေတယ်။ မပျက်အောင် သိမ်းချင်တာတွေအတွက် နေရာ။ မိမိကွန်ပျူတာ အင်အားနဲ့ သင့်တော်မယ့် GB ထားနိုင်ပါတယ်။)
အထက်ပါအတိုင်း အပိုင်းတွေ ပိုင်းခဲ့ကြတော့ အချို့က နောက်တစ်ကြိမ် ပြန်တင်ချင်တဲ့အခါ Partition တွေကို ဖျက်လိုက် ပြန်ခွဲလိုက် လုပ်ကြတာ တွေ့မိပါတယ်။ GB ပမာဏ အတိုးအလျှော့ လုပ်လိုပါက အဲလိုလုပ်ဖို့ လိုအပ်ပေမယ့် ဒီအတိုင်းကို ပြန်တင်ဖို့ကျတော့ မလိုအပ်ပါဘူး။ ဒါကြောင့် ဒီ နည်းလမ်းလေးကို တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သိပြီးသူများ ကျော်လွှားသွားကြပါကုန်
..................



နောက်ဆုံးပိုင်းတွေ မပါလို့ မသိလို့ပါ ဆိုရင်တော့ အောက်ပါ Mov တွေကနေ နောက်ပိုင်းတွေကို ဆက်ကြည့်နိုင်ပါတယ်။ နောက်ပိုင်း ကျန်တာတွေက အတူတူပဲ မို့လို့ပါ။


ဒါကတော့ Kali နဲ့ Windows ကို Dual တွဲပြီး တင်တဲ့ နည်းပေါ့




                              ဒီ Mov ကတော့ Kali Linux ကို VirtualBox မှာ တင်တဲ့ နည်းလေးပါ

....
........................
Hacking ဝါသနာ ပါသူတွေအတွက်ကတော့
ကျွန်တော် ရေးသားထားတဲ့
လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ စာအုပ်လေးကို ဖတ်ရှုလေ့လာနိုင်သလို
စာအုပ်ရဲ့ စာမျက်နှာ ၁၁ မှာ ပါဝင်တဲ့ Member Form ကို ဖြည့်ပြီး ဓာတ်ပုံရိုက် ပေးပို့ခြင်းအားဖြင့် နောက်ဆက်တွဲ အွန်လိုင်းသင်ခန်းစာများကိုပါ အခမဲ့ ဆက်လက် လေ့လာနိုင်ပါတယ်
.
စာအုပ်မှာယူလိုပါက
ကျွန်တော့်ရဲ့ Facebook Page Message မှ ဖြစ်စေ
Viber 09 976 41 3560 တို့မှ ဖြစ်စေ ဆက်သွယ်စုံစမ်း မှာယူနိုင်ပါတယ်ခင်ဗျာ

.
ဝင်ရောက်ဖတ်ရှုအားပေးသူအပေါင်းကို အထူးကျေးဇူးပါ
.
Thanks


Khit Minnyo

1 comment:

  1. linux ကို down ထားတယ် ဗျ တင်လို့မရဘူး

    ReplyDelete