Termux terminal မှာ figlet သုံးပြီး နာမည်ထည့်ခြင်း နှင့် မလိုတာတွေ ဖယ်ခြင်း
........................................................................................................................
ကျွန်တော်တို့အနေဲ့ Termux application ကို ဖွင့်တဲ့အခါ အောက်ပါပုံအတိုင်း တွေ့ရပါမယ်
ပုံမှာ မြင်ရတဲ့ အတိုင်း ဆိုရင်တော့ Termux ကို စ ဖွင့် ဖွင့်ချင်းမှာပဲ စာတန်းတွေ အများကြီးနဲ့ တွေ့နေရမှာပါ။ အဲဒါကို အရင် ဖယ်ရအောင်
..................
Termux ကို စ တင်သုံးမယ့် သူတွေအတွက်တော့ pkg upgrade လုပ်ဖို့ လိုတယ်ဗျ
မလုပ်တတ်ရင် အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ
$ pkg upgrade
.
ဒီအဆင့် ပြီးရင်တော့ နောက်တစ်ဆင့် ဆက်နိုင်ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ Linux system မှာ လက်ရှိ ရောက်ရှိနေတဲ့ နေရာ (Directory) သည် ကျွန်တော်တို့ မလိုအပ်တဲ့ စာသားတွေကို ဖယ်ထုတ်ရမယ့်ဖိုင် ရှိနေတဲ့ နေရာကို ကျော်နေပါတယ်
(ဒီနေရာမှာ ကြားဖြတ်ပြောလိုတာက Directory ဆိုတာ Linux system တွေမှာ သုံးတဲ့ အသုံး ဖြစ်လို့ Linux နဲ့ ကျွမ်းဝင်မှု မရှိသေးတဲ့သူတွေအတွက်တော့ Folder ကို ပြောတာ လို့ အလွယ်မှတ်ထားနိုင်ပါတယ်။)
directory ကို ပြောင်းတဲ့အခါ Change Directory "cd" command ကို သုံးပါတယ်။ ခု လက်ရှိရောက်နေတဲ့ termux ရဲ့ home directory ကနေ back တစ်ဆင့် ပြန်ဆင်းနိုင်ဖို့ cd .. (cd နဲ့ အစက် နှစ်စက် ကြားမှာ space တစ်ချက် ခြားပါတယ်) နဲ့ ပြန်သွားဖို့ လိုပါတယ်။ termux မှာပဲ အောက်ပါအတိုင်း ဆက်ရိုက်လိုက်ပါ
$ cd ..
ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ Termux header text တွေကို ထားထားတဲ့ ဖိုင် ရှိရာနေရာကို ရောက်ပြီ ဖြစ်ပါတယ်။ ဖိုင်ကို ဖျက်ဖို့အတွက် rm -rf command ကို သုံးပါမယ်
ဖယ်ပစ်ရမယ့်ဖိုင်က motd ဆိုတဲ့ ဖိုင် ဖြစ်ပါတယ်။
အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ
$ rm -rf motd
.
motd ဖိုင်တော့ မရှိတော့ပါဘူး။ ဒါဆိုရင် အဲနေရာမှာ ကျွန်တော်တို့ရဲ့ နာမည် (nick name ဖြစ်စေ) ပေါ့။ အစားထိုးဖို့အတွက် figlet ကို အသုံးပြုမှာ ဖြစ်လို့ အောက်ပါအတိုင်း ထည့်သွင်းနိုင်ပါတယ်
$ apt install figlet -y
figlet ထည့်သွင်းတာ သိပ်မကြာသလို ဘေလည်း နည်းနည်းပဲ ကုန်မှာပါ။ ပြီးရင် figlet ကို အသုံးပြုလို့တော့ ရပါပြီ။ ဒါပေမယ့် အမြဲတမ်း မြင်နေရဖို့အတွက်တော့ bashrc ဆိုတဲ့ hidden file ထဲမှာ ထပ်ဖြည့်နိုင်ဖို့ လိုပါသေးတယ်။ အဲသည်အတွက်တော့ ကျွန်တော်တို့မှာ Hacker Keyboard ရှိမှ အဆင်ပြေပါမယ်
Hacker Keyboard (အပေါ်ဆုံးက ပုံထဲမှာ ပါတဲ့အတိုင်း) ကို ထည့်သွင်းဖို့ကတော့ Play Store ကနေ ရယူနိုင်ပါတယ်။ မိတ်ဆွေရဲ့ ဖုန်းမှာ Play Store မရှိဘူးဆိုရင်တော့
ဒေါင်းပြီး install ထားလိုက်ရင် ရပါပြီ
.
.
Hacker Keyboard လည်း ထည့်သွင်းပြီးပြီ ဆိုတော့ ကျွန်တော်တို့ လိုချင်တဲ့ နာမည်နဲ့ figlet အဖြစ် ဖြည့်သွင်းနိုင်ဖို့ terminal based tool တစ်ခု ဖြစ်တဲ့ nano ကို install ရပါဦးမယ်
အောက်ပါအတိုင်း ရိုက်ထည့်လို့ ရပါတယ်
$ apt install nano -y
.
nano ကိုလည်း install ပြီးပြီဆိုတော့ figlet စာသားတွေကို ဖြည့်သွင်းနိုင်ဖို့အတွက် bashrc ဖိုင် တည်ရှိရာ directory (folder) ဆီ command နဲ့ သွားရပါမယ်။
$ cd usr/etc
.
usr ထဲက etc ဆိုတဲ့ directory ထဲ ရောက်ပြီ ဖြစ်ပါတယ်။ bashrc ဆိုတဲ့ hidden file (dot bashrc) ".bashrc" ကို nano သုံးပြီး ဖွင့်ပါမယ်
.
$ nano bash.bashrc
.
nano နဲ့ ဖွင့်တဲ့အခါ command line tool ဖြစ်လို့ ဒီတိုင်း ဘာစာမှ ဆက်ရိုက်လို့ ရဦးမှာ မဟုတ်ပါ။ စာရေးလို့ ရဖို့အတွက် Control (Ctrl) နဲ့ O ကို နှိပ်ရပါမယ်။ control + o ဘယ်လို နှိပ်ရမလဲ မမေးနဲ့နော်။ အဲသည်အတွက် အပေါ်မှာ Hacker Keyboard ထည့်သွင်းရမယ်ဆိုတာ ပြောပြီးသား။ နှိပ်လိုက်ရင် အောက်ပါပုံအတိုင်း ပေါ်ပါမယ်
Enter သာ ခေါက်လိုက်ပါ။ ဒါဆိုရင် စာရေးလို့ ရသွားပြီခင်ဗျ။ Hacker Keyboard မှာ ပါတဲ့ ထက်အောက်ဘယ်ညာ ရွှေ့တဲ့ မြား ခလုတ်လေးတွေကို သုံးပြီး နောက်ဆုံး ရောက်တဲ့ထိ သွားပါ။ enter ဆင်းလိုက်ပါ။ ပြီးရင်တော့ figlet " " ဆိုတဲ့ ပုံစံ ရေးပါ။ figlet နောက်က မျက်တောင် အဖွင့်အပိတ် ထဲမှာ မိမိ ထည့်လိုရာ နာမည်ကို ထည့်။ အရမ်းတော့ စာလုံး မများစေနဲ့ခင်ဗျ။ နောက်ပြီး English လိုပဲ ဖြစ်ရပါမယ်။ ကျွန်တော် ဖြည့်ထားတဲ့ ပုံစံကို နမူနာ ပြပါမယ်။ အောက်ပါ ပုံကို ကြည့်ပါခင်ဗျာ
မိမိတို့ နှစ်သက်ရာ နာမ တစ်ခုခု ဖြည့်သွင်းပြီးပြီ ဆိုရင်တော့ ဖိုင်ကို Save ဖို့အတွက် Ctrl + x ကို နှိပ်ပါ။
ဖိုင် သိမ်းမလား မသိမ်းဘူးလား ဆိုပြီး အောက်ပါအတိုင်း မေးပါမယ်။ သိမ်းမှာ ဖြစ်လို့ Yes လို့ ဖြေဖို့ y ကို နှိပ်ပါ။ y နှိပ်ရုံပဲနော်။ yes လို့ ရိုက်စရာ မလိုဘူး။
ပြီးရင်တော့ နောက်တစ်ဆင့် ထပ်ပေါ်မယ်။ ဘာမှမပြောင်းဘဲ Enter သာ နှိပ်လိုက်။ termux ရဲ့ ပုံမှန် command line ထဲ ပြန်ရောက်သွားမယ်ဗျ။
.
လက်ရှိ termux ကနေ ပြန်ထွက်ဖို့အတွက် အောက်ပါအတိုင်း ရိုက်ထည့် enter ပါ။
$ exit
ထွက်မှာ သေချာ လား ဆိုပြီး ထပ်မေးတဲ့ စာကြောင်းပေါ်မယ်။ enter ထပ်နှိပ်ပါ။ termux ပိတ်သွားပါမယ်။
ပြန်ဖွင့်လိုက်ရင်တော့ ကျွန်တော်တို့ ပြင်ဆင်ခဲ့တဲ့အတိုင်း မြင်တွေ့ရပြီ ဖြစ်ပါတယ်။
termux ကိုမှ font အလှတွေနဲ့ သုံးချင်သေးရင်လည်း ရပါတယ်။
အောက်မှာ ဆက်ကြည့်ပါဗျ
.
...................
Advertisement
Hacking ဝါသနာ ပါသူတွေအတွက်ကတော့
ကျွန်တော် ရေးသားထားတဲ့
“လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ” စာအုပ်လေးကို ဖတ်ရှုလေ့လာနိုင်သလို
စာအုပ်ရဲ့ စာမျက်နှာ ၁၁ မှာ ပါဝင်တဲ့ Member Form ကို ဖြည့်ပြီး ဓာတ်ပုံရိုက် ပေးပို့ခြင်းအားဖြင့် နောက်ဆက်တွဲ အွန်လိုင်းသင်ခန်းစာများကိုပါ အခမဲ့ ဆက်လက် လေ့လာနိုင်ပါတယ်
ကျွန်တော် ရေးသားထားတဲ့
“လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ” စာအုပ်လေးကို ဖတ်ရှုလေ့လာနိုင်သလို
စာအုပ်ရဲ့ စာမျက်နှာ ၁၁ မှာ ပါဝင်တဲ့ Member Form ကို ဖြည့်ပြီး ဓာတ်ပုံရိုက် ပေးပို့ခြင်းအားဖြင့် နောက်ဆက်တွဲ အွန်လိုင်းသင်ခန်းစာများကိုပါ အခမဲ့ ဆက်လက် လေ့လာနိုင်ပါတယ်
စာအုပ်မှာယူလိုပါက
ကျွန်တော့်ရဲ့ Facebook Page Message မှ ဖြစ်စေ
Viber 09 976 41 3560 တို့မှ ဖြစ်စေ ဆက်သွယ်စုံစမ်း မှာယူနိုင်ပါတယ်ခင်ဗျာ
.
Termux မှာ Figlet font လှလှလေးတွေနဲ့ ဒီဇိုင်း ပြောင်းသုံးလိုသူတွေအတွက်ကတော့ အောက်ပါအတိုင်း ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
.
ပထမဆုံးအနေနဲ့ လိုအပ်တဲ့ Application တွေကို install ရပါမယ်
$ apt install nodejs -y
$ npm install figlet
$ npm install -g figlet-cli
$ npm install figlet
$ npm install -g figlet-cli
အထက်ပါ command လေးတွေကို တစ်ခုပြီး တစ်ခု ရိုက်ထည့်ပြီးပြီ ဆိုရင်တော့ Figlet မှာ font လေးတွေအများကြီးနဲ့ လန်းလို့ ရပါပြီ။
.
ဘာ Font တွေ ရနေလဲ ဆိုတာ အောက်ပါ command နဲ့ ကြည့်နိုင်ပါတယ်။
$ figlet -l
figlet -l နဲ့ font တွေကို list လုပ်ကြည့်ရင်တော့ အောက်ပါအတိုင်း တွေ့ရမှာပါ
ဒီပုံမှာ တွေ့ရတာတွေကတော့ Figlet မှာ သုံးလို့ရတဲ့ Font စတိုင်တွေပါ။ ကိုယ်ကြိုက်တဲ့ စတိုင် ဟုတ် မဟုတ် တစ်ခုစီကို စမ်းကြည့်နိုင်ပါတယ်။ ဥပမာ ကျွန်တော်က Linux ဆိုတဲ့ font ကို စမ်းကြည့်မယ် ဆိုပါစို့
သုံးရမယ့် command က figlet -f "Font Name" "Text As U want" ဆိုတဲ့ ပုံစံ ဖြစ်ပါတယ်။ Font Name နေရာမှာ အပေါ် ပုံထဲက တွေ့ရတဲ့ Font တစ်ခုစီကို ထည့်သွင်းပါ။ Text As U Want ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ ထည့်သွင်းလိုတဲ့ နာမ ကို ထည့်နိုင်ပါတယ်။ ကျွန်တော် နမူနာ လုပ်ပြထားတဲ့ ပုံလေးတွေ အောက်မှာ ကြည့်ပါ။
အဲသည်နည်းနဲ့ ကိုယ်လိုချင်တဲ့ font တွေကို ရှာကြည့်
စိတ်ကြိုက်တွေ့ရင် ခုန အပေါ်မှာ ပြောင်းခဲ့တဲ့ bashrc ဖိုင်ထဲက စာတန်းနေရာမှာ ခု command ကို အစားထိုးလိုက်ရုံပါပဲခင်ဗျာ
.
...................
Hacking ဝါသနာ ပါသူတွေအတွက်ကတော့
ကျွန်တော် ရေးသားထားတဲ့
“လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ” စာအုပ်လေးကို ဖတ်ရှုလေ့လာနိုင်သလို
စာအုပ်ရဲ့ စာမျက်နှာ ၁၁ မှာ ပါဝင်တဲ့ Member Form ကို ဖြည့်ပြီး ဓာတ်ပုံရိုက် ပေးပို့ခြင်းအားဖြင့် နောက်ဆက်တွဲ အွန်လိုင်းသင်ခန်းစာများကိုပါ အခမဲ့ ဆက်လက် လေ့လာနိုင်ပါတယ်
.
စာအုပ်မှာယူလိုပါက
ကျွန်တော့်ရဲ့ Facebook Page Message မှ ဖြစ်စေ
Viber 09 976 41 3560 တို့မှ ဖြစ်စေ ဆက်သွယ်စုံစမ်း မှာယူနိုင်ပါတယ်ခင်ဗျာ
ကျွန်တော် ရေးသားထားတဲ့
“လွယ်ကူလေ့လာ အခြေခံ Hacking နည်းပညာ” စာအုပ်လေးကို ဖတ်ရှုလေ့လာနိုင်သလို
စာအုပ်ရဲ့ စာမျက်နှာ ၁၁ မှာ ပါဝင်တဲ့ Member Form ကို ဖြည့်ပြီး ဓာတ်ပုံရိုက် ပေးပို့ခြင်းအားဖြင့် နောက်ဆက်တွဲ အွန်လိုင်းသင်ခန်းစာများကိုပါ အခမဲ့ ဆက်လက် လေ့လာနိုင်ပါတယ်
.
စာအုပ်မှာယူလိုပါက
ကျွန်တော့်ရဲ့ Facebook Page Message မှ ဖြစ်စေ
Viber 09 976 41 3560 တို့မှ ဖြစ်စေ ဆက်သွယ်စုံစမ်း မှာယူနိုင်ပါတယ်ခင်ဗျာ
အရမ်းမိုက်တယ်ဆရာ
ReplyDeleteHi sir
ReplyDelete