How to Crack Password Protected zip file
How to Crack Password Protected zip file
ဒီအပိုင်းလေး စတင်ဖို့အတွက် hackme.zip ဆိုတဲ့ ဖိုင်လေးတစ်ဖိုင် ကျွန်တော် ထည့်ပေးထားပါတယ်။
KB ပဲ ရှိတဲ့ ဖိုင်လေးကို ရယူဖို့ ဒီစာကြောင်း ကို နှိပ်ပြီး ဒေါင်းပါ
သူ့ကို ဖွင့်ကြည့်ရင် အောက်ပါ ပုံ အတိုင်း password ခံထားတဲ့ ဖိုင်လေးတစ်ဖိုင်ကို တွေ့ရမှာဖြစ်ပါတယ်။
အဲသည်ဖိုင်လေးကို Kali Linux Desktop ပေါ် တင်ထားလိုက်ပါ
Hackme.zip ကို double click နှိပ်ဖွင့်ပါ။ ပြီးရင် အထဲမှာပါတဲ့ ဖိုင်ကို ဖွင့်ကြည့်ပါမှ password တောင်းမှာဖြစ်ပါတယ်။ fcrackzip ကို သုံးပြီး ဖြည်ပါမယ်။
ကဲ ဖိုင်လေးကို ဖြည်ဖို့ လုပ်ရအောင်။ ဒီနေရာမှာ ကြားဖြတ်မှာချင်တာလေးတစ်ခုရှိတာက password တွေကို hack တယ်လို့ မသုံးပါဘူး။ crack တယ်လို့ပဲ သုံးပါတယ်။
.
အောက်ပါအတိုင်း terminal ကနေ ရိုက်ခေါ်ကြည့်ပါ။
.
root@kmn:~# fcrackzip --help
fcrackzip version 1.0, a fast/free zip password cracker
written by Marc Lehmann
http://www.goof.com/pcg/marc/
USAGE: fcrackzip
[-b|--brute-force] use brute force algorithm
[-D|--dictionary] use a dictionary
[-B|--benchmark] execute a small benchmark
[-c|--charset characterset] use characters from charset
[-h|--help] show this message
[--version] show the version of this program
[-V|--validate] sanity-check the algortihm
[-v|--verbose] be more verbose
[-p|--init-password string] use string as initial password/file
[-l|--length min-max] check password with length min to max
[-u|--use-unzip] use unzip to weed out wrong passwords
[-m|--method num] use method number "num" (see below)
[-2|--modulo r/m] only calculcate 1/m of the password
file... the zipfiles to crack
methods compiled in (* = default):
0: cpmask
1: zip1
*2: zip2, USE_MULT_TAB
root@kmn:~#
အသုံးပြုနိုင်မယ့် option တွေကို ဖော်ပြပေးထားတာ တွေ့ရပါလိမ့်မယ်။
[-b|--brute-force] use brute force algorithm
[-D|--dictionary] use a dictionary
[-B|--benchmark] execute a small benchmark
[-c|--charset characterset] use characters from charset
[-h|--help] show this message
[--version] show the version of this program
[-V|--validate] sanity-check the algortihm
[-v|--verbose] be more verbose
[-p|--init-password string] use string as initial password/file
[-l|--length min-max] check password with length min to max
[-u|--use-unzip] use unzip to weed out wrong passwords
[-m|--method num] use method number "num" (see below)
[-2|--modulo r/m] only calculcate 1/m of the password
ကျွန်တော်ကတော့ -b -c -l တွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ unzip ပါ လုပ်မှာမို့ -u ကိုလည်း သုံးရပါဦးမယ်။ ကဲ ဖြေရလွယ်ရှင်းအောင် hackme.zip ဖိုင်လေးကို Desktop ပေါ် ရွှေ့လိုက်ရအောင်
Terminal ကိုဖွင့်ပြီး အောက်ပါအတိုင်း ရိုက်လိုက်ပါါတယ်။
root@kmn:~# fcrackzip -b -c a -l 5-6 -u /root/Desktop/hackme.zip
ဒီနေရာမှာ ပြန်ရှင်းပြချင်ပါတယ်။ fcrackzip ဆိုတာကတော့ ပထမဆုံးထားခေါ်လိုက်တဲ့ ကျွန်တော်တို့ အသုံးပြုမယ့် tool ပေါ့။ ဒါတော့ရှင်းပါတယ်။ ကျန်တာတွေကို တစ်ခုချင်းစီ ဆက်ရှင်းပြပါမယ်။
[-b|--brute-force] use brute force algorithm
[-c|--charset characterset] use characters from charset
[-l|--length min-max] check password with length min to max
-l ဆိုတာ စကားလုံး အရှည် လို့ ပြောထားတယ်နော်။ min-max ဆိုတာကတော့ အနည်းဆုံး-အများဆုံး ပေါ့။ ကျွန်တော်က ရှာရလွယ်အောင် 5-6 ပေးထားတာပါ။ ဆိုလိုတာကတော့ အနည်းဆုံး ၅လုံး အများဆုံး ၆လုံးထိ အတွင်း ရှာမယ်လို့ ဆိုလိုတာပါပဲ။
[-u|--use-unzip] use unzip to weed out wrong passwords
ဖြစ်ပါတယ်။
ဒီနည်းအတိုင်း အသုံးပြုလုပ်ဆောင်ရင် Zip တိုင်းကို ဖြည်လို့ရမယ်လို့ မဆိုလိုပါဘူးနော်
ပေးထားတဲ့ password ရဲ့ အခြေအနေ (အားကောင်းမှု အားနည်းမှု/ စာလုံးရေ အနည်း အများ) ပေါ် မူတည်ပြီး ခက်ခဲမှုရှိပါမယ်။
.
ခုန command ကိုပဲ
root@kmn:~# fcrackzip -b -c a -l 5-6 /root/Desktop/hackme.zip
-u ဖယ်ပြီး ရိုက်ကြည့်လိုက်ပါ။ ဖြစ်နိုင်ချေရှိတဲ့ list တွေကို ထုတ်ပြပေးတာ တွေ့ရပါမယ်။
(ကျွန်တော်တို့မှာ wordlist ကောင်းကောင်းလေးတစ်ခုတော့ လိုပါတယ်။း)
Dictionary ကိုလည်း help option နဲ့ ဖော်ကြည့်တဲ့ထဲ ပါပြီးဖြစ်လို့ မိမိတို့ဘာသာ စမ်းသပ် လုပ်ကြည့်နိုင်မယ်လို့ ထင်ပါတယ်
ဒါလေးတော့ ကိုယ့်ဘာသာ စမ်းကြည့်ပါခင်ဗျာ
........
စိတ်ရှည်ရှည်ထားပြီး အချိန်လေးတော့ ပေးရပါမယ်ဗျ
ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ စိတ်ရှည်လက်ရှည် လေ့လာသင့်တာမို့လို့ပါ
နောက်ပြီး ဒီဖိုင်ကို ကျိန်းသေ ရဖို့ မဆိုလိုပါ။ နည်းလမ်းတစ်ခုကိုသာ ဖော်ပြပေးထားခင်းဖြစ်ပါတယ်ခင်ဗျာ
.
ဒီသင်ခန်းစာကတော့ ဒီလောက်ပါပဲ။ သဘောတရားလေး တစ်ခုကို နားလည် သိ သွားရင်ကို ဒီသင်ခန်းစာ အောင်မြင်တယ်လို့ ယူဆပါတယ်
လာရောက် လည်ပတ်သူအားလုံး Thank You ပါ
Khit Minnnyo
No comments