Adsense

OUO Banner

Latest Posts

crunch နဲ့ word list ဖန်တီးခြင်း




root@kali:~# crunch
crunch version 3.6

Crunch can create a wordlist based on criteria you specify.  The output from crunch can be sent to the screen, file, or to another program.

Usage: crunch [options]

Please refer to the man page for instructions and examples on how to use crunch.
ဒါဆိုရင် ကျွန်တော်တို့ လက်ရှိ သုံးနေတဲ့ ဗားရှင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 
Usage: crunch [options]
where min and max are numbers လို့ ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် သူ့ကို အသုံးပြုရမယ့် ပုံစံကို ခန့်မှန်းနိုင်ပါပြီ။
လက်တွေ့ စမ်းသုံးကြည့်ရအောင်ဗျာ


root@kmn:~# crunch 4 5 abcdef123456 -o /root/Desktop/word_list.txt

ကျွန်တော်က အထက်ပါအတိုင်း ရိုက်လိုက်တာပါ။ ဒီ command ကို ရှင်းပြရရင်
crunch ဆိုတာက crunch ကို အသုံးပြုတာဖြစ်ပါတယ်။ ဘယ် tool မဆို အသုံးပြုမယ်ဆိုရင် သူ့ကို ရှေ့ထား ရေးရတာမို့ အထွေအထူး မပြောတော့ပါဘူး။ သူ့ အသုံးပြုပုံမှာလည်း ပါပါတယ်နော်။
4 5 ဆိုတာက သူ့ အသုံးပြုပုံမှာ ရေးထားတဲ့အတိုင်း min max ကို သုံးလိုက်တာပါ။ ကျွန်တော်က အမြန်ပြီးအောင်လို့ 4 လုံးကနေ ၅ လုံးအထိပဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ facebook တို့ Gmail တို့လို secure ဖြစ်တဲ့ password တွေမှာတော့ အနည်းဆုံး ၈ လုံး ကနေ စ ရပါတယ်။
abcdef123456 ဆိုတာကတော့ standard form ပါ။ စာရော ကိန်းရော ၂မျိုးလုံး ရောပြီး အသုံးပြုမယ်လို့ ဆိုလိုပါတယ်။
-o ဆိုတာကတော့ Output file ထုတ်မယ်လို့ ဆိုလိုပါတယ်။
/root/Desktop/ ဆိုတာကတော့ ထွက်လာမယ့် ဖိုင်ကို Desktop ပေါ်မှာ ထားမယ်ဆိုတာကို ပြောပြတာ ( Directory ) ဖြစ်ပါတယ်။
word_list.txt ဆိုတာက ထွက်လာမယ့် ဖိုင်နာမည် ဖြစ်ပါတယ်။ သတိထားရမှာက ဖိုင်နာမည်မှာ space မခြားရပါဘူး။ နာမည်ကို ကိုယ်ကြိုက်တာပေးနိုင်ပေမယ့် နောက်က .txt တော့ ပါဖို့ လိုပါမယ်။
ခုလောက်ဆို command တွေကို နားလည်မယ်ထင်ပါတယ်။ အထက်ပါအတိုင်း ရေးပြီး enter ကြည့်လိုက်ပါ။ အောက်ပါအတိုင်း တွေ့မြင်ရမှာဖြစ်ပြီး 100% ပြီးဆုံးလို့ terminal နောက်တစ်လိုင်း ကူးသွားတာနဲ့ တပြိုင်နက် Desktop ပေါ်မှာ ခုန ကျွန်တော်တို့ ဖန်တီးလိုက်တဲ့ txt ဖိုင်လေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Double click နှိပ်ပြီး ဖွင့်ကြည့်ကြည့်ပါ။ လေးလုံးကနေ ငါးလုံးအထိ passwords တွေကို မျက်စိတညောင်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါတောင် Passwords 5  လုံးထိပဲ ရှိပါသေးတယ်။

Crunch will now generate the following amount of data: 1596672 bytes
1 MB size ကတော့ ဒီလောက်လေးမို့ အဆင်ပြေပါတယ်။
0 GB
0 TB
0 PB
Crunch will now generate the following number of lines: 269568

crunch: 100% completed generating output

....................

root@kmn:~# crunch 8 12 abcdef123456 -o /root/Desktop/word_list.txt
Crunch will now generate the following amount of data: 125561964920832 bytes
119745221 MB
116938 GB
114 TB

၈ လုံးကနေ ၁၂ လုံးအထိအတွင်း passwords တွေကို  word lists ထုတ်ရင်တော့ အထက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။ GB 116938 လိုအပ်ပြီး 2TB external HDD ပေါင်း ၅၇ လုံး လိုအပ်မှာဖြစ်ပါတယ် :)

ဒါကြောင့် words list ကို သုံးတဲ့နေရာမှာ ခန့်မှန်းပြီး လုပ်ဆောင်တဲ့ ပရိုဂရမ်တစ်ခုကို ရှေ့မှာ ဖော်ပြ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။
မဖတ်ရသေးသူများ ခန့်မှန်း wordlist အကြောင်း တင်ထားတာ ရှိပါတယ်ဗျ
ဒီစာကြောင်းလေးကို နှိပ်ပြီး သွားဖတ်နိုင်ပါတယ်ဗျ

............................
လာရောက်ဖတ်ရှုသူအပေါင်း ပျော်ရွှင်ပါစေဗျာ


Thanks


Khit Minnyo

No comments